(Zawgyi)
အများစုလာမေးကြတာ
Source: ကျော်ကြီး (MDY)
(Unicode)
လူတိုင်းသိချင်နေကြတဲ့ ရွှေက ဝယ်သင့်သေးလား ရွှေဈေးက တက်အုံးမှာလားဆိုတာ
လူတိုင်းသိချင်နေကြတဲ့ ရွှေက ဝယ်သင့်သေးလား ရွှေဈေးက တက်အုံးမှာလားဆိုတာ
လက်ရှိအခြေအနေတွေအရ လူတိုင်းသိချင်နေကြတဲ့ ရွှေက ဝယ်သင့်သေးလား ရွှေဈေးက တက်အုံးမှာလားဆိုတာနဲ့ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးပေးနေကြတာဖြစ်ပါတယ်။
ရွှေက ဝယ်သင့်သေးလား ရွှေဈေးက တက်အုံးမှာလားဆိုတာနဲ့ပတ်သက်ပြီး ကျော်ကြီး (MDY) ရဲ့ ထင်မြင်ယူဆချက်အား ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်ရဲ့အမြင့်ကရော ဘယ်လိုရှိမလဲဆိုတာ ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအုံးနော်။
ရွှေက ဝယ်သင့်သေးလား ရွှေဈေးက တက်အုံးမှာလား
အများစုလာမေးကြတာ
အတိုချုပ်ပြောရရင် နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ရိုက်ခက်မှုဆိုတော့ ပြောရခက်ပါတယ်။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။
ဒီလောက်အခြေအနေတွေထိ ဖြစ်လာမယ်ဆိုတာတောင် ဘယ်သူမှ မျှော်လင့်ခဲ့တာမှမဟုတ်တာ ခန့်မှန်းခဲ့တာတွေလည်း အများစုလွဲတာပဲ။
လက်ရှိဖြစ်နေရတဲ့ အဓိက အချက်ပြောရရင်
လူတွေရဲ့ယုံကြည်မှုပျောက်တာ
တစ်ရက်ထက် တစ်ရက်မထိန်းနိုင်ပိုဆိုးလာတဲ့အခြေအနေပေါ်ယုံကြည်မှု ပိုပိုနည်းလာတယ်။အဲ့တော့ ရွှေနဲ့ဒေါ်လာပဲတွန်းဝယ်စုကြတော့ဈေးတက်တယ်။ ဒီနေ့ဝယ် မနက်ဖြန်မြတ်ပီဆိုတော့ပိုဝယ်ကြကုန်ရော။
ဒေါ်လာကို ဈေးသတ်မှတ်ထိန်းချုပ်မှု
Export သမားတွေကမကိုက်တော့မပို့ဘူး။ မပို့တော့ပြည်ပငွေမဝင်ဘူး။ပိုဆိုးတာက Exportသမားတွေကလုပ်မရတော့ရှိသမျှငွေ ရွှေ၊ ဒေါ်လာဘက်လှည့်ဝယ်စုကြတော့နှစ်ထပ်ကွမ်းပိုဆိုးရော။
ရွှေဈေးကို ထိန်းချုပ်မှု
ဘယ်ဆိုင်မှဈေးမတင်ရဲတော့ပဲ မှောင်ခိုလိုကြိုက်ရောင်းကြိုက်ဝယ်ထင်သလိုလုပ်နေကြတော့ အခြေအနေပိုဆိုးကုန်ရော။အဲ့တော့ ရွှေဈေးက သိန်း ၃၀ ထိဖြစ်လာနိုင်သလိုကျော်လည်းသွားနိုင်တာပဲ။
ပြန်လည်းထိုးကျသွားနိုင်တာပဲ။ရွှေတွေ ဒေါ်လာတွေတွန်းဝယ်နေသမျှဈေးကတက်နေအုံးမှာပဲ။
ပြည်သူတွေကို မဝယ်ကြပါနဲ့ဘယ်လိုလုပ်ကြပါလို့ ပြောလို့ရတာမှမဟုတ်တာ။အားလုံးကငါ့အတွက်ငါပဲရှိတာဆိုပီးကိုယ့်အကျိုးအတွက် ကိုယ်လွတ်မြောက်ရေးအတွက်ပဲရုန်းကြတော့တာပဲ။
ဘယ်လိုပဲဖြစ်လာဖြစ်လာ နောက်ဆုံးခံရမှာကတော့ပြည်သူတွေပါပဲ။ဘာလို့လဲဆိုတော့ ကျုပ်တို့ပြည်သူတွေက အ တယ် တုံးတယ်လေ။ဘယ်အစိုးရ ဘယ်သူဌေးမှမခံရဘူး။
ဘာပဲဖြစ်ဖြစ် မနက်မိုးလင်းလို့ပဲပြုတ်နဲ့ အကြော်ဝယ်ရင်တော့ မြန်မာငွေနဲ့ပဲဝယ်နေရအုံးမှာပါ။အားလုံးက ဖြစ်ပီးရင်ပျက်မှာပဲ။
ဒီနေ့ပီး မနက်ဖန်ကသေချာပေါက်ရောက်လာမှာပဲ။ လောဘ ဒေါသတွေလျော့လိုက်ရင် အေးချမ်းသွားမယ်။ ကျော်ကြီး(MDY)” ဆိုပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် သုံးသပ်ပြောပေးထားတာဖြစ်ပါတယ်။
တစ်ယောက်ချင်းစီရဲ့ အမြင်ရော ဘယ်လိုရှိမလဲဆိုတာ ပြောပေးခဲ့ကြပါအုံးနော်။
Source: ကျော်ကြီး (MDY)