ၾကားသိရသမွ်

ချမ်းအေးလှတဲ့ရာသီဥတုမှာ အမိုးအကာမဲ့ မြေကြီးပေါ်ကျောခင်းအိပ်ခဲ့ကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဘဝ….

ချမ်းအေးလှတဲ့ရာသီဥတုမှာ အမိုးအကာမဲ့ မြေကြီးပေါ်ကျောခင်းအိပ်ခဲ့ကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဘဝ…. 😥😥😥

မအလ အာဏာရူးတဲ့ ဒဏ်ကို ပြည်သူတွေ ခံစားနေရပြီ

ချမ်းအေးလှတဲ့ရာသီဥတုမှာ အမိုးအကာမဲ့ မြေကြီးပေါ်ကျောခင်းအိပ်ခဲ့ကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဘဝ…. 😥😥

ချမ်းအေးလှတဲ့ရာသီဥတုမှာ အမိုးအကာမဲ့ မြေကြီးပေါ်ကျောခင်းအိပ်​ေနရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဘဝ 😞

ခင်ဗျားတို့ကကိုယ်အိမ်ကိုနေပီးနွေးနွေးအိပ်ရ

အဲ့ဒါကို…စီးပွားရေးကအဆင်မပြေလို့…ပိုက်ဆံကမရှိလို့….ခင်ဗျားတို့ကညည်းနေရင်….အဲ့စစ်ဘေးရှောင်တွေကြည့်ပါအုံး…

ကိုယ်ချင်းစာတက်ကြပါ…😔😔

PhotoPWS

နယ်စပ်ဖြတ်ကျော် စစ်ဘေးရှောင်တွေကို ထိုင်းအစိုးရက ဆေးဝါးနဲ့ရိက္ခာတွေ ထောက်ပံ့ကူညီနေ

ကရင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက NCAစာချုပ်ပါ စည်းကမ်းချက်တွေ ဖောက်ဖျက်ပြီး စတင်ခဲ့တဲ့ စစ်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှေက်မှာရှိတဲ့ ပြည်သူတွေ ထောင်နဲ့ချီကာ နယ်စပ်ဖြတ်ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းအစိုးရ၊ ACCနဲ့ မဟာမိတ်အဖွဲ့အစည်းတွေက ကူညီနေရာချထားပေးနေပြီး ဆေးဝါးကုသမှုနဲ့ စားနပ်ရိက္ခာတွေလည်း ထောက်ပံ့ကူညီနေတယ်လို့ သိရပါတယ်။

“ညကလည်း ညနေစာလာပို့တယ်၊ အဓိကလိုနေတာက အရမ်းအေးနေချိန်မို့ စောင်နဲ့ အနွေးထည်တွေပါ ထိုင်းက ဆေးဝါးတွေပါ ပံ့ပိုးထားတယ် ဆရာဝန်နည်းနေတယ် မြန်မာဆရာဝန်က အခုကျွန်တော်ရောက်နေတဲ့ စခန်းမှာ တစ်ယောက်ပဲရှိတယ် နောင်ရက်တော့ အဆင်ပြေမယ်ထင်တယ်၊ ကလေးတွေအတွက်ကို မနက်စာ ပဲနို့စီစဉ်ပေးတယ်၊

မဲတောင်ကျောင်းမှာ ညကစေင်တွေ ဝေပေးတယ် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေတော့ ဝေငှပေးတာအခုထိတော့ မရှိသေးဘူး အချို့က လိုအပ်နေတယ်လို့ ပြောကြတယ်၊ ထိုင်းစစ်တပ်က စစ်ဘေးရှောင်တွေကို ကားနဲ့ပါ ကူညီပြီးတော့ သယ်ပေးနေတယ်”လို့ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာနိုင်ငံဘက်အတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး စစ်အုပ်စုက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံအတွင်းကိုပါ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ- Delta News Agency