တရုတ်နိုင်ငံ Nanning မြို့တောင်ပိုင်းရှိ အသက် ၂၈ နှစ်အရွယ် Huang အမည်ရှိအမျိုးသားတစ်ဦးဟာ ရည်းစားဟောင်းဖြစ်သူရဲ့မိုဘိုင်းငွေပေးချေမှုအကောင့်မှ တရုတ်ယွမ် ၁၅၄,၀၀၀ (ဒေါ်လာ ၂၄,၂၀၀) ခန့်ကို ခိုးယူမှုအတွက် မကြာသေးမီက ထောင်ဒဏ် ၃ နှစ်ခွဲ နှင့် ဒဏ်ငွေ ဒေါ်လာ ၃,၁၀၀ ချမှတ်ခံခဲ့ရကြောင်း Nanning Evening News က ဖော်ပြခဲ့ပါတယ်။ Huang ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ Dong အမည်ရှိရည်းစားဟောင်းဖြစ်သူထံ သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးသားချိန်းတွေ့ခဲ့စဉ်က သူချေးထားခဲ့တဲ့ငွေအချို့ကို Dong အား ပြန်ပေးလိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ထိုအချိန်မှာ Dong က နေမကောင်းဖြစ်နေပြီး Huang က သူမအတွက် အစားအသောက်နှင့် အအေးမိပျောက်ဆေးကို ပြင်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
.
သို့ပေမဲ့ Dong က ဆေးသောက်ပြီး အိပ်ပျော်သွားခဲ့ပြီးနောက် Huang က Dong ရဲ့စမတ်ဖုန်းကိုလော့ခ်ဖွင့်ရန် သူမရဲ့လက်ညှိုးကိုအသုံးပြုခဲ့တဲ့အပြင် Alipay လို့ခေါ်တဲ့ငွေပေးချေမှု App သို့ဝင်ကာ မျက်နှာအသိအမှတ်ပြုလက်မှတ်ကိုဖြတ်ရန် အိပ်ပျော်နေတဲ့ သူမရဲ့မျက်ခွံနှစ်ဖက်ကိုပါ ပင့်ပြီး ထို App ကိုဖွင့်ကာ သူမရဲ့စုဆောင်းငွေစာရင်းမှ အကြွေးဝန်ဆောင်မှုများငွေများကို ၎င်းရဲ့ကိုယ်ပိုင်အကောင့်သို့ လွှဲပြောင်းခဲ့ပါတယ်။ ထို့နောက် Huang က Dong ရဲ့ဖုန်းနှင့် အင်္ကျီတစ်ထည်ကို သူ့နေရာမှာပြန်ထားပေးခဲ့ပြီးနောက် ထိုငွေတွေကိုလည်း သူ့ နေထိုင်စရိတ်နှင့် လောင်းကစားကြွေးများအဖြစ် ကာမိစေခဲ့ပါတယ်။
.
နောက်နေ့မနက်မှာ Dong အိပ်ရာကနိုးလာပြီး သူမရဲ့ဖုန်းမှ အခြားဖုန်းသို့ ငွေလွှဲထားတဲ့မှတ်တမ်းများကို တွေ့လိုက်တဲ့အခါမှာ သူ့ရည်းစားဟောင်းကို ဆက်သွယ်ဖို့မစဉ်းစားတော့ဘဲ ဒီကိစ္စကို ရဲကိုသာ ချက်ချင်း တိုင်ကြားခဲ့ပါတယ်။ နောက်ဆုံးမှာ အခြားမြို့သို့ ထွက်ပြေးသွားတဲ့ Huang ကို ယခုနှစ် ဧပြီလမှာ ဖမ်းဆီးခဲ့ကြောင်း သတင်းများအရ သိရပါတယ်။ အဆိုပါအမှုဟာ သီတင်းပတ်အကုန်မှာ တရုတ်အင်တာနက်ပေါ်၌ ပျံ့နှံ့သွားခဲ့ပြီး လူအများက မျက်နှာမှတ်မိခြင်းဆိုင်ရာ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများရဲ့နှောင့်နှေးမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုကို လှုံ့ဆော်ခဲ့ကြပါတယ်။
.
အချို့သော ဆိုရှယ်မီဒီယာအသုံးပြုသူများကတော့ mobile banking app များအနေနဲ့ နောက်ပိုင်းမှာ လက်ဗွေနှင့် မျက်နှာပေးချေမှု လုပ်ဆောင်ချက်များကို မသုံးစေတော့ဘဲ စကားဝှက်ကိုသာ အသုံးပြုကြရန် အကြံပြုခဲ့ကြပါတယ်။ ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Alipay app ကို ရှားပါးတဲ့ခိုးယူမှုအတွက် လျော်ကြေးငွေပေးဆောင်သင့်ပြီး အသုံးပြုသူများရဲ့လုံခြုံရေးတိုးမြှင့်ရန်အတွက်လည်း စီစဉ်သင့်ကြောင်း ဖောက်သည်ဝန်ဆောင်မှုကိုယ်စားလှယ်တစ်ဦးက Yishou သတင်းသို့ ပြောကြားခဲ့ပါသေးတယ်။
Mia (KB Chimmy One)
Reference : vice