၄၈ နာရီအတွင်း မိုးကြီးပြီး အအေးပိုမယ့် မြန်မာနိုင်ငံရဲ့ ဒေသတချို့
မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေကို အနောက်ဘက်ကနေ ရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် (၄၈)နာရီအတွင်း အဆိုပါဒေသအချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဆောင်းတွင်းကာလမှာ အဆိုပါဒေသတွေအနေနဲ့ ပုံမှန်ထက်အအေး ပိုနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်မှာ မိုးရွာနိုင်ကြောင်း၊ လေဖိအားနည်း ရပ်ဝန်း အရှိန်ကြောင့် အချိန်အခါ မဟုတ် မိုးရွာနိုင်ကြောင်း၊ တချို့ဒေသတွေမှာ အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ယခုနှစ် ဆောင်းရာသီကာလမှာ ဆိုရင်လည်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာဆိုရင် ယခု လတ်တလောပုံမှန်ထက် အအေးပိုလျက်ရှိတယ်လို့ သိရပါတယ်။
လေအေးရပ်ဝန်းအားကောင်းတဲ့ဒေသတွေမှာသာ အအေးဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး အိန္ဒိယနဲ့ တရုတ်ဘက်က လေအေးရပ်ဝန်းတွေ တပြိုင်နက်တည်း မြန်မာနိုင်ငံထဲဝင်ရောက်လာရင်တော့ တစ်နိုင်ငံလုံး အေးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။
Credit
၄၈ နာရီအတြင္း မိုးႀကီးၿပီး အေအးပိုမယ့္ ျမန္မာနိုင္ငံရဲ့ ေဒသတခ်ိဳ႕
ျမန္မာနိုင္ငံ အလယ္ပိုင္းနဲ႔အထက္ပိုင္းေဒသေတြကို အေနာက္ဘက္ကေန ေရြ႕လ်ားလာတဲ့ ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ (၄၈)နာရီအတြင္း အဆိုပါေဒသအခ်ိဳ႕မွာ မိုးရြာသြန္းနိုင္တယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနမွ သိရပါတယ္။
အခ်ိန္အခါမဟုတ္မိုးရြာသြန္းမႈေၾကာင့္ ေဆာင္းတြင္းကာလမွာ အဆိုပါေဒသေတြအေနနဲ႔ ပုံမွန္ထက္အေအး ပိုနိုင္တယ္လို႔ ဆိုပါတယ္။ စစ္ကိုင္းတိုင္း၊ တနသၤာရီတိုင္းနဲ႔ ကခ်င္ျပည္နယ္မွာ မိုးရြာနိုင္ေၾကာင္း၊ ေလဖိအားနည္း ရပ္ဝန္း အရွိန္ေၾကာင့္ အခ်ိန္အခါ မဟုတ္ မိုးရြာနိုင္ေၾကာင္း၊ တခ်ိဳ႕ေဒသေတြမွာ အေအးပိုလာနိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနမွ တာဝန္ရွိသူတဦးက ေျပာပါတယ္။
ယခုႏွစ္ ေဆာင္းရာသီကာလမွာ ဆိုရင္လည္း ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္တို႔မွာဆိုရင္ ယခု လတ္တေလာပုံမွန္ထက္ အေအးပိုလ်က္ရွိတယ္လို႔ သိရပါတယ္။
ေလေအးရပ္ဝန္းအားေကာင္းတဲ့ေဒသေတြမွာသာ အေအးဒဏ္ကို ခံစားေနရဆဲျဖစ္ၿပီး အိႏၵိယနဲ႔ တ႐ုတ္ဘက္က ေလေအးရပ္ဝန္းေတြ တၿပိဳင္နက္တည္း ျမန္မာနိုင္ငံထဲဝင္ေရာက္လာရင္ေတာ့ တစ္နိုင္ငံလုံး ေအးနိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနမွ တာဝန္ရွိသူက ေျပာပါတယ္။
Credit