မိုးေလ၀သ

သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်တဲ့ဒေသများ

သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်တဲ့ဒေသများနှင့် နေ့စဉ်မိုးလေဝသ သတင်းထုတ်ပြန်ချက်များကို အများသိရှိနိုင်စေဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်။

၂၀၂၁ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်တဲ့ဒေသတွေကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်။

ရွာသွန်းမြဲမိုးရေချိန်ထက် ၃ဆ ပိုမိုရွာသွန်းနိုင်တဲ့အတွက် မေခမြစ်၊ မလိခမြစ်၊ သံလွင်မြစ်၊ ဧရာဝတီမြစ်တို့ရဲ့ စိုးရိမ်ရေမှတ်များကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် ရေကြီးရေလျှံသတိပြုကြရန်နှင့်

လာမည့် အောက်တိုဘာလတွင် လာနီညာ တစ်ကြော့ပြန်လာမှာဖြစ်တဲ့အတွက် မုတ္တမပင်လယ်ကွေ့ ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း

ရခိုင်ပြည်နယ်တွေမှာ ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်တာမို့ သီးနှံစိုက်ပျိုးတောင်သူများ ကြိုတင်ပြင်ထားကြပါ ဆိုပြီး ခန့်မှန်းလိုက်တိုင်းမှန်တဲ့ မိုးလေဝသ စုစုစံမှ ကြိုတင်ခန့်မှန်းပေးထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် နေ့စဉ်မိုးလေဝသထုတ်ပြန်ချက်အရ

ယနေ့ညနေအထိခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊

ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါတယ်လို့ မိုးဇလမှ ခန့်မှန်းပေးထားပါတယ်။

Source:စုစုစံ/ မိုးဇလ

————-

ၾသဂုတ္လ ၁၁ ရက္ေန႔မွ ၁၅ ရက္ေန႔အတြင္း ႐ြာသြန္းၿမဲထက္ ၃ ဆ ပိုမို႐ြာသြန္းႏိုင္တဲ့ေဒသမ်ား

ၾသဂုတ္လ ၁၁ ရက္ေန႔မွ ၁၅ ရက္ေန႔အတြင္း ႐ြာသြန္းၿမဲထက္ ၃ ဆ ပိုမို႐ြာသြန္းႏိုင္တဲ့ေဒသမ်ားႏွင့္ ေန႔စဥ္မိုးေလဝသ သတင္းထုတ္ျပန္ခ်က္မ်ားကို အမ်ားသိရွိႏိုင္ေစဖို႔ ျပန္လည္မွ်ေဝလိုက္ရပါတယ္။

၂၀၂၁ ၾသဂုတ္လ ၁၁ ရက္ေန႔မွ ၁၅ ရက္ေန႔အတြင္း ႐ြာသြန္းၿမဲထက္ ၃ ဆ ပိုမို႐ြာသြန္းႏိုင္တဲ့ေဒသေတြကေတာ့ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းေတြမွာ မိုးမ်ားစြာ႐ြာသြန္းႏိုင္ပါတယ္။

႐ြာသြန္းၿမဲမိုးေရခ်ိန္ထက္ ၃ဆ ပိုမို႐ြာသြန္းႏိုင္တဲ့အတြက္ ေမချမစ္၊ မလိချမစ္၊ သံလြင္ျမစ္၊ ဧရာဝတီျမစ္တို႔ရဲ႕ စိုးရိမ္ေရမွတ္မ်ားကို ၿခိမ္းေျခာက္လာႏိုင္တဲ့အတြက္ ေရႀကီးေရလွ်ံသတိျပဳၾကရန္ႏွင့္

လာမည့္ ေအာက္တိုဘာလတြင္ လာနီညာ တစ္ေၾကာ့ျပန္လာမွာျဖစ္တဲ့အတြက္ မုတၱမပင္လယ္ေကြ႕ ပဲခူးတိုင္း ရန္ကုန္တိုင္း ဧရာဝတီတိုင္း

ရခိုင္ျပည္နယ္ေတြမွာ ႐ြာသြန္းၿမဲထက္ ၂ဆပိုမို႐ြာသြန္းႏိုင္တာမို႔ သီးႏွံစိုက္ပ်ိဳးေတာင္သူမ်ား ႀကိဳတင္ျပင္ထားၾကပါ ဆိုၿပီး ခန႔္မွန္းလိုက္တိုင္းမွန္တဲ့ မိုးေလဝသ စုစုစံမွ ႀကိဳတင္ခန႔္မွန္းေပးထားပါတယ္။

၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ (၇) ရက္ေန႔ နံနက္(၇:၀၀)နာရီအခ်ိန္ ေန႔စဥ္မိုးေလဝသထုတ္ျပန္ခ်က္အရ

ယေန႔ညေနအထိခန္႔မွန္းခ်က္မွာ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊

ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊

ရခိုင္ျပည္နယ္တို႔တြင္ ေဒသအလိုက္ႏွင့္ မြန္ျပည္နယ္တို႔တြင္ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါသည္။

မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၃၀)မွ (၃၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။

လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇)ေပမွ (၁၀)ေပခန္႔ ရွိႏိုင္ပါတယ္လို႔ မိုးဇလမွ ခန႔္မွန္းေပးထားပါတယ္။

Source:စုစုစံ/ မိုးဇလ