ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ မိုးစက်ကတော့ အနုပညာပိုင်းမှာ ပရိသတ်တွေရဲ့ အသိအမှတ်ပြုတာတွေကို ရရှိထားတဲ့အပြင် အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ အခုလိုကာလကြီးမှာ ဆင်းရဲနွမ်းပါးပြည်သူတွေအတွက် လိုအပ်တာတွေကို တတ်နိုင်သလောက် ဖေးမကူညီကာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီတစ်ခါမှာလည်း ပိုလီယိုရောဂါသည် သားအမိကို အိမ်ပိုင်နဲ့ နေထိုင်လို့ရအောင် မြေကွက်လေးကို ဝယ်ယူလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ သမီးလေးရဲ့ ရောဂါကို ကုသနိုင်ဖို့ အလှူငွေကောက်ခံခဲ့ပေမယ့်လည်း သိပ်မရခဲ့တာကြောင့်ရယ်၊ ကုန်ကျငွေ အမောက်ဟာ ခန့်မှန်းမရနိုင်တဲ့အတွက် လက်လျော့လိုက်ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကိုရီးယားနိုင်ငံမှ အလှူရှင်တစ်ဦးက ၅သိန်း လှူဒါန်းပေးခဲ့တာကြောင့် အိမ်နဲ့ မြေလေးကို ပိုင်ဆိုင်သွားကြတာဖြစ်ပါတယ်။
ပိုလီယိုသမီးလေးအိတုံ တို့မိသားစု မြေပိုင်လေးနဲ့ အမိုးအကာလေးအောက်မှာ သင့်တင့်စွာ ခိုနားနိုင်ခဲ့ပြီဆိုတဲ့အကြောင်းကို ” “ကျွန်မသမီးလေး ပိုလီယိုရောဂါကို ကုသဖို့
အဆင်မပြေခဲ့ပေမယ့် ကျွန်မတို့နေဖို့ မြေကွက်လေး ဝယ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်…””ရပါတယ်ဗျာ…ကျွန်တော်လဲ ကြိုးစားပေးပေမယ့်အားလုံးခက်ခဲနေချိန်မို့ အလှူငွေလဲသိပ် မရခဲ့လို့ စိတ်မကောင်းဖြစ်နေတာပါ…”
ဒေးစွန်ပါနယ်မြေကပိုလီယိုသမီးလေးအိတုံအတွက်အလှူခံပေးခဲ့တာ ၁သိန်းကျော်ဘဲ ရရှိခဲ့ပါတယ်။ဆေးကုသဖို့ မေးမြန်းတဲ့အခါမှာလဲကုန်ကျငွေ အမောက်ဟာ ခန့်မှန်းမရနိုင်တဲ့အတွက်လက်လျော့လိုက်ရပါတယ်ဗျာ…။
သူတို့မိသားစုလေးဟာ…ပဲခူးတိုင်း ဖဒိုဘက်က တောရွာလေး ကနေသူတို့သမီးလေး ကျန်းမာဖို့အတွက်လမ်းသာတဲ့ ဒေးစွန်ပါနယ်မြေကဆွေမျိုးသားချင်းနေအိမ်မှာ မှီခိုနေထိုင်ပြီးသမီးလေး အိတုံ ကျန်းမာဖို့
လမ်းစ ကို အသည်းအသန်ရှာဖွေနေကြတာပေါ့။ကံကောင်းခြင်းကတော့ ကိုရီးယားနိုင်ငံမှကိုဝင်းမျိုးကျော် မှ အလှူငွေ ၅သိန်းကျပ်ထပ်မံ မ တည် ပေးခဲ့ပါတယ်။
အခုတော့ ဓမ္မ ပါလ ကျောင်းတိုက်မှဆရာတော်ဦးကုသလ နဲ့ ကိုဗေဒါကျွန်တော့် ဦးလေး ဦးကံပွင့်တို့ကမြေပိုင်လေးနဲ့ နေနိုင်အောင် ကြိုးစားပေးခဲ့ချိန်မြေပိုင်ရှင်တစ်ဦးမှ ၅သိန်းကျပ်ထဲနဲ့ရောင်းချပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျာ။
(12.12.2021) နေ့က စရံငွေ တစ်သိန်းကျပ်လမ်းကြုံပေးခဲ့ပြီး ၊ ဒီနေ့ (18.12.2021)မှာကျွန်တော်ကိုယ်တိုင် သွားရောက်ပြီးငွေသားအကြေ ပေးချေခဲ့ပါတယ်။
တောနေတောထိုင်လေး ဖြစ်သလိုနေနေရတာမို့ကြမ်းခင်းဖို့နဲ့ စားဝတ်နေရေးအတွက်၁သိန်းကျပ် ထပ်မံပေးခဲ့ပါတယ်။အခုတော့ ပိုလီယိုသမီးလေးအိတုံ တို့မိသားစုမြေပိုင်လေးနဲ့ အမိုးအကာလေးအောက်မှာသင့်တင့်စွာ ခိုနားနိုင်ခဲ့ပါပြီ။မြေကွက်အမည်ပေါက်ကိုတော့အလွှဲသုံးစားပြုမူခြင်းမရှိစေရန်ကျွန်တော့်နာမည်နဲ့သာ ချုပ်ပေးခဲ့ပါတယ်။(သို့သော် ရာသက်ပန် သူတို့မြေပိုင်လေးပါ။)
ကျွန်တော်နဲ့အတူ အခုအလှူလေးမှာပါဝင်လှူဒါန်းကြသူများကျေးဇူးပါ ခင်ဗျာ။🙏🙏🙏” ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ မိုးစက်ရဲ့အလှူလေးကို ပရိသတ်တွေကလည်း ဝိုင်းဝန်းပြီးသာဓုခေါ်ဆိုခဲ့ကြပါတယ်။
Source : Moe Sat’s Facebook Acc