ၾကားသိရသမွ်

အငြိမ်းစားမြန်မာစာကထိက ဆရာမကြီးတဦး နေအိမ်အတွင်း လက်နှစ်ဖက်ကို ဖုန်းအားသွင်းကြိုးနဲ့… See more

အငြိမ်းစားမြန်မာစာကထိက ဆရာမကြီးတဦး နေအိမ်အတွင်း လက်နှစ်ဖက်ကို ဖုန်းအားသွင်းကြိုးနဲ့… See more

ရန်ကုန် ၊မရမ်းကုန်းမြို့နယ် ၊၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာနေထိုင်တဲ့ အငြိမ်းစားဆရာမကြီးတဦး နေအိမ်အတွင်း လက်ကို ကြိုးတုပ်ကာ အသတ်ခံခဲ့ရမှု မနေ့ ဇွန် ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ ဆရာမကြီးဟာ ရန်ကင်းပညာရေးကောလိပ်၊ မြန်မာစာ(ကတိက-ငြိမ်း) ဒေါ်ညွှန့်ညွှန့်စိန် အသက် ၆၅ နှစ်ဖြစ်ပြီး နေအိမ် အိပ်ခန်း ခုတင်ဘေးကြမ်းခင်းပေါ်မှာ ဘေးတစ်စောင်း

ဒူးကွေးလျက်အနေအထားနဲ့ လက်နှစ်ဖက်ကို ဖုန်းအားသွင်းကြိုးနဲ့ ချည်တုပ်ထားကြောင်း၊ မျက်လုံး နှစ်ဖက်လုံး ဖူးရောင်ဒဏ်ရာ၊ ဘယ်ဘက် မျက်ခုံးအောက် ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

” သူ့တူပြောပုံအရတော့ လက်ပ်တော့နဲ့ ဖုန်းမရှိတော့ဘူးပြောတယ်။နေအိမ်မှာပဲ ဝင်လုပ်သွားတာ၊ဆရာမကြီးကတစ်ယောက်ထဲနေတာ။လောလောဆယ်သိရတာတော့လက်ပ်တော့နဲ့ဖုန်းပဲပေါ့။ ဆရာမကြီးကလည်း တစ်ယောက်ထဲနေတာဆိုတော့ ဘာပစ္စည်းတွေပါသွားလည်းမသိရဘူး။လက်ကိုကြိုးတုပ်ထားတယ်

ဦးခေါင်းကိုရိုက်ခံထားရတယ်။မနေ့ကတော့ ဆေးရုံကိုပို့ထားတယ်။ “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတသမားတစ်ဦးကပြောပါတယ်။အငြိမ်းစားဆရာမကြီး ဒေါ်ညွန့်ညွန်စိန်ဟာ နေအိမ်မှာ တစ်ယောက်ထဲနေထိုင်သူဖြစ်ကြောင်း ၊ လက်ရှိမှာတော့ ဆရာမကြီးရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

“ဆရာမကြီးကတိုက်အမှတ်(၃၀၁/ခ)၊ ပထမလွှာ၊ အခန်းအမှတ် (ခ/၁၂)မှာ တစ်ယောက်ထဲနေတာ။အမြဲတွေ့နေရတယ် သူကတစ်ယောက်ထဲဆိုတော့ သတိတော့ရှိတယ်၊လူရင်းပဲဝင်လို့ရတယ်၊

ဆရာမကြီးကို လက်ပြန်ကြိုးပါတုပ်ပြီးသတ်သွားတာ ရင်ထဲနင့်နေအောင်ခံစားရတယ်။ပစ္စည်းယူရုံတင် အားမရဘူး လူကိုပါသတ်သွားတယ် “လို့ ဆရာမကြီးရဲ့တပည့်တယောက်ကပြောပါတယ်။

ဆရာမကြီး အသတ်ခံရပြီးနောက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး တရားခံ ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

ရန်ကုန်မှာ နေအိမ်အတွင်းဝင်ရောက်လုယက်တာတွေ၊ နေထိုင်သူအိမ်ရှင်တွေကို အန္တရာယ်ပေးတာတွေ၊လူသတ်တာတွေ၊လမ်းမပေါ်မှာ ရိုက်နှက်ပြီးပစ္စည်းလုယက်တာတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

#voiceofmyanmar