ၾကားသိရသမွ်

ေကာ္ဖီေသာက္ၿပီး လူ(၅) ဦး သတိလစ္သြား၍ အေရးေပၚ ေဆး႐ုံပို႔ေဆာင္လိုက္ရ

ေကာ္ဖီေသာက္ၿပီး လူ(၅) ဦး သတိလစ္သြား၍ အေရးေပၚ ေဆး႐ုံပို႔ေဆာင္လိုက္ရ

ေကာ္ဖီေသာက္ၿပီးေနာက္ သံဃာေတာ္ ၁ ပါးအပါအဝင္ ၅ ဦးသတိလစ္သြား၍ ေဆး႐ုံသို႔အေရးေပၚပို႔ေဆာင္ခဲ့ရမႈ တာခ်ီလိတ္တြင္ျဖစ္ပြား

ရွမ္းျပည္နယ္၊တာခ်ီလိတ္ၿမိဳ႕တြင္ ေအာက္တိုဘာ ၁၇ ရက္(ယေန႔)နံနက္ပိုင္းက ေကာ္ဖီေသာက္ၿပီးေနာက္ သံဃာေတာ္ ၁ ပါးအပါအဝင္ ၅ ဦး သတိ လစ္သြား၍

ေဆး႐ုံသို႔အေရးေပၚပို႔ေဆာင္ခဲ့ရေၾကာင္း ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္းမွ သိရသည္။

ယေန႔နံနက္ ၇ နာရီခြဲခန္႔က တာခ်ီလိတ္ၿမိဳ႕၊ေက်ာက္ေတာင္ရပ္ရွိ နတ္ေမာက္ေ႐ႊသေဌးကုန္းဘုန္းေတာ္ႀကီးေက်ာင္းတြင္

ေကာ္ဖီမ်ား ေသာက္သုံးမိ၍ ၅ ဦးမူးကာသတိလစ္လဲက်သြားခဲ့ၾကေၾကာင္း သိရသည္။

ဆရာေတာ္ ဥဴးေကလာသ သက္ေတာ္(၅၄)ႏွစ္၊ဦးၿပဳံးေမာင္(၅၃)ႏွစ္၊ကိုႏွင္းသန႔္ေအာင္(၃၂)ႏွစ္၊ကိုရဲကိုမ်ိဳး(၁၉)ႏွစ္ႏွင့္ကိုထိန္လင္းဦး(၂၇)ႏွစ္တို႔ သတိ လစ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအ သင္းမွ အေရးေပၚျပဳစုကုသမႈမ်ားျပဳလုပ္ၿပီးေနာက္ လူနာတင္ကားမ်ားျဖင့္ တာခ်ီလိတ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

“ဆရာဝန္ေတြက အဲဒီေကာ္ဖီကို ဓာတ္ခြဲခန္းမွာစစ္ၾကည့္ဖို႔ယူသြားတယ္ ေနာက္ ေကာ္ဖီေဖ်ာ္တဲ့ေရ ေႏြးကိုလည္း စစ္ၾကည့္ဖို႔ယူသြားပါတယ္”ဟု

ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးကေျပာသည္။

unicode

ကော်ဖီသောက်ပြီး လူ(၅) ဦး သတိလစ်သွား၍ အရေးပေါ် ဆေးရုံပို့ဆောင်လိုက်ရ

ကော်ဖီသောက်ပြီးနောက် သံဃာတော် ၁ ပါးအပါအဝင် ၅ ဦးသတိလစ်သွား၍ ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရမှု တာချီလိတ်တွင်ဖြစ်ပွား

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် အောက်တိုဘာ ၁၇ ရက်(ယနေ့)နံနက်ပိုင်းက ကော်ဖီသောက်ပြီးနောက် သံဃာတော် ၁ ပါးအပါအဝင် ၅ ဦး သတိ လစ်သွား၍

ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က တာချီလိတ်မြို့၊ကျောက်တောင်ရပ်ရှိ နတ်မောက်ရွှေသဌေးကုန်းဘုန်းတော်ကြီးကျောင်းတွင်

ကော်ဖီများ သောက်သုံးမိ၍ ၅ ဦးမူးကာသတိလစ်လဲကျသွားခဲ့ကြကြောင်း သိရသည်။

ဆရာတော် ဥူးကေလာသ သက်တော်(၅၄)နှစ်၊ဦးပြုံးမောင်(၅၃)နှစ်၊ကိုနှင်းသန့်အောင်(၃၂)နှစ်၊ကိုရဲကိုမျိုး(၁၉)နှစ်နှင့်ကိုထိန်လင်းဦး(၂၇)နှစ်တို့ သတိ လစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအ သင်းမှ အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပြီးနောက် လူနာတင်ကားများဖြင့် တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ဆရာဝန်တွေက အဲဒီကော်ဖီကို ဓာတ်ခွဲခန်းမှာစစ်ကြည့်ဖို့ယူသွားတယ် နောက် ကော်ဖီဖျော်တဲ့ရေ နွေးကိုလည်း စစ်ကြည့်ဖို့ယူသွားပါတယ်”ဟု

ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။