ၾကားသိရသမွ်

မိန်းမကိုပါမချန် ခရစ်ကတ်ပွဲမှာ လောင်းကြေးထပ်ကာ ဆော့ကစားပစ်ခဲ့တဲ့ အမျိုးသား

အိန္ဒိယအမျိုးသားတစ်ဦးဖြစ်တဲ့ ရာဗင်ဒါဆင်းဂ် ဟာ ရှယ်ယာအရောင်းအဝယ်လုပ်ရင်း ရှိသမျှ ဆုံးရှုံးခဲ့ကာ ခရစ်ကတ်ပွဲမှာ ငွေတွေပြန်ရလိုစိတ်နဲ့ ဇနီးဖြစ်သူကို လောင်းကြေးထပ်ကာ လောင်းခဲ့ပါတယ် ။ ကံဆိုးချင်တော့ သူဟာ ခရစ်ကတ်ပွဲမှာလည်း ရှုံးခဲ့ရပါတယ်။

ဒီကိစ္စကို ဇနီးဖြစ်သူက သိရှိထားခြင်းမရှိပဲ လောင်းကြေးအနိုင်ရသူများက အိမ်ကိုရောက်လာမှ သိရပြီး ၊ လက်ရှိမှာတော့ သူမက ရဲကို တိုင်ကြားထားပြီး ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ ။ ရာဗင်ဒါဆင်းဂ် ဟာ ထွက်ပြေးတိမ်ရှောင်နေပြီး ရဲတပ်ဖွဲ့က သူ့ကိုရှာဖွေနေပါတယ်။

သူတို့ဇနီးမောင်နှံဟာ ၂၀၁၁ ခုနှစ်ကလက်ထပ်ခဲ့ကြတာဖြစ်ပြီး ၊ရာဗင်ဒါဆင်းဂ်တစ်ယောက်ကတော့ ရှယ်ယာအရောင်းအဝယ် ပြုလုပ်သူဖြစ်ကာ နောက်ပိုင်းမှာ ရှုံးနိမ့်မှုများစွာ ဖြစ်လာတာမို့ အိမ်တွင်းပစ္စည်းတွေကို ရောင်းချခဲ့ရပြီး ၊ နောက်ဆုံးမှာတော့ ဇနီးသည်ကိုပါ လောင်းကြေးထပ်တဲ့ထိ ဆိုးရွားခဲ့တာပါ။

Credit

Zawgyi

အိႏၵိယအမ်ိဳးသားတစ္ဦးျဖစ္တဲ့ ရာဗင္ဒါဆင္းဂ္ ဟာ ရွယ္ယာအေရာင္းအဝယ္လုပ္ရင္း ရွိသမွ် ဆုံးရႈံးခဲ့ကာ ခရစ္ကတ္ပြဲမွာ ေငြေတြျပန္ရလိုစိတ္နဲ႔ ဇနီးျဖစ္သူကို ေလာင္းေၾကးထပ္ကာ ေလာင္းခဲ့ပါတယ္ ။ ကံဆိုးခ်င္ေတာ့ သူဟာ ခရစ္ကတ္ပြဲမွာလည္း ရႈံးခဲ့ရပါတယ္။

ဒီကိစၥကို ဇနီးျဖစ္သူက သိရွိထားျခင္းမရွိပဲ ေလာင္းေၾကးအႏိုင္ရသူမ်ားက အိမ္ကိုေရာက္လာမွ သိရၿပီး ၊ လက္ရွိမွာေတာ့ သူမက ရဲကို တိုင္ၾကားထားၿပီး ရဲတပ္ဖြဲ႕ကလည္း စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါၿပီ ။ ရာဗင္ဒါဆင္းဂ္ ဟာ ထြက္ေျပးတိမ္ေရွာင္ေနၿပီး ရဲတပ္ဖြဲ႕က သူ႔ကိုရွာေဖြေနပါတယ္။

သူတို႔ဇနီးေမာင္ႏွံဟာ ၂၀၁၁ ခုႏွစ္ကလက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ၊ရာဗင္ဒါဆင္းဂ္တစ္ေယာက္ကေတာ့ ရွယ္ယာအေရာင္းအဝယ္ ျပဳလုပ္သူျဖစ္ကာ ေနာက္ပိုင္းမွာ ရႈံးနိမ့္မႈမ်ားစြာ ျဖစ္လာတာမို႔ အိမ္တြင္းပစၥည္းေတြကို ေရာင္းခ်ခဲ့ရၿပီး ၊ ေနာက္ဆုံးမွာေတာ့ ဇနီးသည္ကိုပါ ေလာင္းေၾကးထပ္တဲ့ထိ ဆိုး႐ြားခဲ့တာပါ။

Credit