ၾကားသိရသမွ်

ဂျပန်က လာတဲ့ ကားမှန်း လူသိအောင် ကပ်ထားတဲ့ ဂျပန်စာကို မခွာသူတွေ ဂရုစိုက်ရမယ့် အချက်

ဂျပန်က လာတဲ့ ကားမှန်း လူသိအောင် ကပ်ထားတဲ့ ဂျပန်စာကို မခွာသူတွေ ဂရုစိုက်ရမယ့် အချက်

ဂျပန်တွေ ကျိုက်ထီးရိုးလိုက်ပို့တော့ ကားလေးတွေ အပေါ်တက်လို့မရဘူး လမ်းအခြေအနေနဲ့ safety ကြောင့် ကားကြီးတွေနဲ့ တောင်ပေါ်တက်ရတာပေါ့။ အဲ့ဒါနဲ့ ကားလက်မှတ်ဖြတ်ပြီး ဂျပန်စာတန်းကြီးနဲ့ကားပေါ်တက်မယ်ပေါ့။

အဲ့မှာ ဂျပန်တွေက နိုး နိုး…ဒီကားမစီးဘူး ဒီကားမစီးဘူးဆိုပြီး ငြင်းပါလေရော။ ဟာ ဘာလို့လဲမေးလိုက်တော့ တခြားကားစီးလို့မရဘူးလားတဲ့။ ဒါနဲ့ပဲ ဧည့်သည်ဆိုတော့ တစ်ခြားကားပြပေးရတာပေါ့။

ပြီးတော့မှ ဘာလို့ ဟိုကားဘာလို့ မစီးတာလဲလို့ မေးကြည့်တော့ “အဲ့မှာ ဘေးမှာစာရေးထားတယ် ဆူနာမီ အရေးပေါ်အမှိုက်သယ်ယာဉ်တဲ့၊ အာ့ ငါတို့ဆီမှာ အမှိုက်သီးသန့်သယ်တဲ့ကားတဲ့” ဒါနဲ့ပဲ ဟိုဖက်ကားက ယာဉ်မောင်းနဲ့ စပယ်ယာကို ဂျပန်ကား ဂျပန်စာတန်းကြီးနဲ့ ဂုဏ်ယူမနေနဲ့ အာ့စာတွေ ဖျက်ထားလိုက်လို့ ခင်ဗျားတို့ကားက ဂျပန်မှာအမှိုက်ကားလုပ်ခဲ့တာလို့ ပြောခဲ့လိုက်ရပါတော့တယ်။

တချို့ကားတွေမှာ ဂျပန်စာတွေကပ်ထားတာကို ဘာတွေရေးထားမှန်း နားမလည်တာကြောင့် ဒီအတိုင်းပဲ ဆက်ကပ်ထားတဲ့သူတွေ ရှိတတ်ပါတယ်။ တစ်ခါကလည်း ဘော်ဒါတစ်ယောက် DV အမှန်သွင်းတော့ ကားပေါ်မယ် ကတ် ၂ ကတ်ပါလာတယ်။

နောက်ဖုံးက ကပ်ထားတဲ့ ဂျပန်စာကို ဂျပန်စာတတ်သူကို ဘာသာပြန်ခိုင်းတော့ “ဟျောင့် မင်းကားကြီးအမြန်ရောင်းလိုက်တော့တဲ့” ကပ်ထားတဲ့စာက အရေးပေါ်အလောင်းတင်ယာဉ်ပါ တဲ့။ ဒါကြောင့် ကိုယ့်ကားမှာ ဂျပန်စာတွေကပ်ထားတာပါလာရင် ဂူဂဲဘာသာပြန်ဆော့ဖ်ဝဲ ကိုသုံးပြီး (သို့) ဂျပန်စာနားလည်တဲ့သူကို ဘာသာပြန်ခိုင်းကြပါလို့ အကြံပြုရင်း….

Soe Ye Lin

ဂ်ပန္က လာတဲ့ ကားမွန္း လူသိေအာင္ ကပ္ထားတဲ့ ဂ်ပန္စာကို မခြာသူေတြ ဂ႐ုစိုက္ရမယ့္ အခ်က္

ဂ်ပန္ေတြ က်ိဳက္ထီးရိုးလိုက္ပို႔ေတာ့ ကားေလးေတြ အေပၚတက္လို႔မရဘူး လမ္းအေျခအေနနဲ႔ safety ေၾကာင့္ ကားႀကီးေတြနဲ႔ ေတာင္ေပၚတက္ရတာေပါ့။ အဲ့ဒါနဲ႔ ကားလက္မွတ္ျဖတ္ၿပီး ဂ်ပန္စာတန္းႀကီးနဲ႔ကားေပၚတက္မယ္ေပါ့။

အဲ့မွာ ဂ်ပန္ေတြက နိုး နိုး…ဒီကားမစီးဘူး ဒီကားမစီးဘူးဆိုၿပီး ျငင္းပါေလေရာ။ ဟာ ဘာလို႔လဲေမးလိုက္ေတာ့ တျခားကားစီးလို႔မရဘူးလားတဲ့။ ဒါနဲ႔ပဲ ဧည့္သည္ဆိုေတာ့ တစ္ျခားကားျပေပးရတာေပါ့။

ၿပီးေတာ့မွ ဘာလို႔ ဟိုကားဘာလို႔ မစီးတာလဲလို႔ ေမးၾကည့္ေတာ့ “အဲ့မွာ ေဘးမွာစာေရးထားတယ္ ဆူနာမီ အေရးေပၚအမွိုက္သယ္ယာဥ္တဲ့၊ အာ့ ငါတို႔ဆီမွာ အမွိုက္သီးသန္႔သယ္တဲ့ကားတဲ့” ဒါနဲ႔ပဲ ဟိုဖက္ကားက ယာဥ္ေမာင္းနဲ႔ စပယ္ယာကို ဂ်ပန္ကား ဂ်ပန္စာတန္းႀကီးနဲ႔ ဂုဏ္ယူမေနနဲ႔ အာ့စာေတြ ဖ်က္ထားလိုက္လို႔ ခင္ဗ်ားတို႔ကားက ဂ်ပန္မွာအမွိုက္ကားလုပ္ခဲ့တာလို႔ ေျပာခဲ့လိုက္ရပါေတာ့တယ္။

တခ်ိဳ႕ကားေတြမွာ ဂ်ပန္စာေတြကပ္ထားတာကို ဘာေတြေရးထားမွန္း နားမလည္တာေၾကာင့္ ဒီအတိုင္းပဲ ဆက္ကပ္ထားတဲ့သူေတြ ရွိတတ္ပါတယ္။ တစ္ခါကလည္း ေဘာ္ဒါတစ္ေယာက္ DV အမွန္သြင္းေတာ့ ကားေပၚမယ္ ကတ္ ၂ ကတ္ပါလာတယ္။

ေနာက္ဖုံးက ကပ္ထားတဲ့ ဂ်ပန္စာကို ဂ်ပန္စာတတ္သူကို ဘာသာျပန္ခိုင္းေတာ့ “ေဟ်ာင့္ မင္းကားႀကီးအျမန္ေရာင္းလိုက္ေတာ့တဲ့” ကပ္ထားတဲ့စာက အေရးေပၚအေလာင္းတင္ယာဥ္ပါ တဲ့။ ဒါေၾကာင့္ ကိုယ့္ကားမွာ ဂ်ပန္စာေတြကပ္ထားတာပါလာရင္ ဂူဂဲဘာသာျပန္ေဆာ့ဖ္ဝဲ ကိုသုံးၿပီး (သို႔) ဂ်ပန္စာနားလည္တဲ့သူကို ဘာသာျပန္ခိုင္းၾကပါလို႔ အႀကံျပဳရင္း….

Soe Ye Lin