04/04/2022 ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်း မိုးကြီးနိုင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် သံလွင်မြစ်ဖျား လီဇူးဒေသ မိုးကြီးရေလျှံနိုင်ပါတယ် 05/04/2022 ရှမ်းပြည်နယ် သံလွင်မြစ်ရေ များစွာတိုးလာ နိုင်ပါတယ် ခန့်မှန်းချိန် 26/03/2022 at 2:35PM
ဆားထုတ်လုပ်ချိန်မပေးတဲ့မိုး⛈⛈⛈ ၂၀၂၂ မတ်လ ၃၀ရက်နေ့တွင် မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာ မိုးတွေရွာပါဦးမယ် လျှပ်စီးမိုးကြိုး အန္တရာယ်ရှိပါတယ် ခန့်မှန်းချိန် 26/03/2022at 11:57AM
မုံရွာ ရွှေဘို စစ်ကိုင်း မန္တလေး ကျောက်ဆည် ပြင်ဦးလွင် မိုးတိမ်တွေဖုံးပြီးအပူလျော့စေနိုင်ပါတယ် မိုးကုတ်ကတော့ ညနေပိုင်းမိုးအနည်းငယ်ရွာနိုင်ပါတယ် 26/03/2022 at 8:30AM
မိုးသတိ 🌾🌾🌾⛈⛈⛈⛈⛈ ၂၀၂၂ ဧပြီလ ၂ရက်နေ့ ၃ရက်နေ့တွေမှာ ကရင်ပြည်နယ် မွန်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေမှာ မိုးတွေရွာနိုင်ပါတယ်
၂၀၂၂ ဧပြီလ ၂ရက်နေ့တွင် တရုတ်မြန်မာနယ်စပ် လောက်ကိုင် ဝ မိုင်းလားဒေသများတွင် မိုးကြီးနိုင်ပါတယ် ခန့်မှန်းချိန် 26/03/2022 at 7:24AM
မေလမုန်တိုင်းက မြစ်သာမြစ် မကွေးတိုင်းအနောက်ဖက်ရှိ ဧရာဝတီမြစ်အတွင်းစီးဝင်တဲ့ မြစ်ချောင်းများ ရေကြီးရေလျှံသတိထားရပါလိမ့်မယ် အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းကာ ရက်ဝေးရက်နီးတင်ပေးနေပါမယ်နော် ခန့်မှန်းချိန် 26/03/2022
ဆီကိုရေချိုးဆေးရိုးမီးလှုံ စပါးတောင်လိုပုံ 🌾🌾🌾⛈🌧🌧🌧🌧🌧 မိုးနည်းရပ်ဝန်းဖြစ်တဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်း မန္တလေးတိုင်းကြီးတွေမှာ ဧပြီမေ မိုးဆက်ရွာမယ် မိုးကောင်းသောက် လယ်ယာမြေတွေပါ ရဲရဲစိုက်ပျိုးကြပါ
မိုးမခေါင်တဲ့အပြင် မေလ မုန်တိုင်းက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်ကြီးမှာ မိုးကြီးရေလျှံမှာတောင် စိုးရိမ်မိပါသေးတယ် နတ်မျက်စိပါလားမေးကြသူတွေအတွက်ဒီနေရာပဲဖြေပေးလိုက်ပါမယ်
ရာသီဥတုအဆင့်မြင့်နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်စွာပြည်သူတွေအားလုံးအတွက် ကိုယ်ကျိုးမဖက် မှန်ကန်စွာအသုံးချနိုင်ခြင်းသာဖြစ်ပါတယ်နော် ဘာအကျိုးမှမမက်မောဘူး ပြည်သူတွေချစ်တဲ့ပိတိလေးကိုအရမ်းတန်ဘိုးထားသူပါနော် ခန့်မှန်းချိန် 26/03/2022
၂၀၂၂ ဧပြီလမှာ မြန်မာနိုင်ငံတွင် မိုးတွေရွာနိုင်ပါတယ် မင်းဂွတ်သီးလေးချစ်တဲ့ စိုက်ပျိုးရေးသမားများတောင်သူလယ်သမားများရာသီဥတုကိုတည်မှိလုပ်ကိုင်ဆောင်ရွက်နေကြသူများ အတွက် းကြိုတင်ခန့်မှန်းပေးနေရခြင်း ဖြစ်ပါတယ်
ဆောင်းသီးနှံစိုက်ပျိုးကြသူတွေအနေနဲ့ မတ်လ အတွင်း အပြီးရိတ်သိမ်းအခြောက်လှမ်းပြီး အမိုးအကာအောက်ရောက်ရှိအောင်လုပ်ဆောင်ထားခြင်းဖြင့် ပျက်စီးမှုမရှိပဲ မွန်ပြည်နယ် တနင်္သာရီတိုင်း
ဧရာဝတဖိတိုင်းတွေမှာ ဆာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူများကတော့ ဒီနှစ်မှာ ဆားထုတ်လုပ်ချိန်နဲပါးတဲ့အတွက် မတ်လမှာ ၂ဆပိုမိုထုတ်လုပ်နိုင်ဖို့ ကြိုးစားအားစိုက်သွားကြပါလို့အကြံပြုလိုက်ပါတယ်
မိုးသတိ ⛈⛈⛈⛈⛈ ၂၀၂၂ ဧပြီလ ၁ရက်နေ့မှ ၅ရက်နေ့အတွင်း တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း ကယားပြည်နယ် ရှမ်းပြည်နယ်တွေမှာ မိုးရွာလာနိုင်ပြန်ပါတယ်
ချစ်ရတဲ့တောင်သူလယ်သမားတွေကို ဧပြီမိုးတွေရွာနိုင်ကြောင်း မတ်လအတွင်အပြီးရိတ်သိမ်းကြဖို့လည်း စိုက်ပျိုးချိန်နှင့်ရိန်သိမ်းချိန်ကိုချိန်ဆနိုင်ရန် ၂၀၂၁ ခုနှစ်ကထဲက လဝေးခန့်မှန်းပေးထားခဲ့ပြီးလည်းဖြစ်ပါတယ်
အခု အားစိုက်ပြီး မတ်လမကုန်ခင် ရင့်မှည့်ကောက်ပဲသီးနှံတွေကို အပြီးရိတ်သိမ်းကြဖို့အကြံပြုပါတယ် ဧပြီလအတွင်း မိုးတွေဆက်တိုက်ရှိသလို မေလမိုးဦးစောပါမယ် ခန့်မှန်းချိန် 26/03/2022
Negative Pacific Decadal Oscillation PDO သည် မတ်လ၂၁ရက်နေ့မှလ၂၅ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော နက်ရှိုင်းသော မုန်တိုင်းငယ် 92Bက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်
PDO သည် မြန်မာ့ အနောက်တောင်မုတ်သုံရာသီအတွက် သတင်းကောင်းဖြစ်ပါတယ်နော် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေဖိအားနည်းရပ်ဝန်းများ ပိုများလာနိုင်သဖြင့် မြန်မာ့မုတ်သုန်မိုးတွေသည် ရွာသွန်းမြဲထက်ပိုမိုရွာသွန်းနိုင်ပြီး
မိုးနည်းရပ်ဝန်းကြီး နော် စိုက်ကျပျိုးကြသီးနှံဖြစ်ထွန်းအောင်မြင်ကြပါစေ ချစ်ရတဲ့တောင်သူလယ်သမားတွေ ရာသီဥတုကိုတည်မှိလုပ်ကိုင်ဆောင်ရွက်နေကြသူတွေ သဘာဝဘေးအန္တရာယ်တွေ ကြိုတင်သိရှိနိုင်စေဖို့အတွက် ပြည်သူတွေအားလုံးအတွက် မင်းဂွတ်သီးလေးအမြဲရှိနေမယ်နော်
Crd
Unicode
Crd



