မိုးေလ၀သ

နေရာအနှံ့အပြား မိုးကြီးမည် သတိပေးချက်

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးအနည်းငယ် ပိုလာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မိုး/ဇလ

——————-

ေန႔စဥ္မိုးေလဝသသတင္း

(၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ (၁၅)ရက္ေန႔ နံနက္(၇:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို့တြင္ မုတ္သုံေလ အားအသင့္အတင့္ရွိေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တို့တြင္ မုတ္သုံေလ အားနည္းေနပါသည္။

ယေန႔ညေနအထိခန္႔မွန္းခ်က္။စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္းႏွင့္ မေကြးတိုင္းေဒသႀကီးတို့တြင္ ေနရာ ကြက္က်ား၊ မႏၲေလးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို့တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊

ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို့တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို့တြင္ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာၿပီး၊ ေနျပည္ေတာ္၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္တို့တြင္ ေနရာကြက္၍ မိုးႀကီးနိုင္ပါသည္။ ရြာရန္ရာႏွုန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ လွိုင္းအနည္းငယ္မွ အသင့္အတင့္ရွိမည္။ လွိုင္းအျမင့္မွာ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို့တြင္ (၄)ေပမွ (၇)ေပခန္႔ ရွိနိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို့တြင္ မိုးအနည္းငယ္ ပိုလာနိုင္ပါသည္။ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ထစ္ခ်ဳန္းရြာမည္။ရြာရန္ရာႏွုန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ့ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏွုန္းျပည့္ ျဖစ္ပါသည္။မႏၲေလးၿမိဳ့ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာမည္။ရြာရန္ရာႏွုန္း(၈၀) ျဖစ္ပါသည္။

မိုး/ဇလ