တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နှစ်က ခိုးယူရောင်းစားခံရတဲ့ ကလေးငယ်တယောက်ဟာ အခုအသက် ၂၆နှစ်အရွယ်ရောက်တဲ့အခါကြမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံစည်းခွင့်ရရှိခဲ့ပါတယ်။
မိဘနှစ်ပါးဟာပျောက်ဆုံးခဲ့တဲ့ သူတို့ရဲ့ သားငယ်လေးကို တောက်လျှောက်ရှာဖွေနေခဲ့ရာမှာ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့က မျက်ရည်စက်လက်နဲ့ ပြန်လည်ပွေ့ ဖက်ဆုံစည်း ခွင့်ရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ် Liaocheng မြို့က Guo Gangtang နဲ့ ဇနီး Zhang Wenge တို့ရဲ့ အသက် ၂နှစ်ခွဲအရွယ်သားငယ်လေးဟာ အိမ်ရှေ့မှာ ကစားနေစဉ် အမျိုးသမီးတဦး နဲ့ သူရဲ့ချစ်သူအမျိုးသားတို့ က ခိုးယူပြီး နိုင်ငံအလယ်ပိုင်းက ဇနီးမောင်နှံဆီကို ရောင်းစားခဲ့ပါတယ်။
အဲဒီနောက်ဖခင်ဖြစ်သူ Guo ဟာ သားငယ်လေးကို ပြန်လည်ရှာဖွေတွေ့ရှိဖို့အတွက် နိုင်ငံအနှံ ဆိုင်ကယ်စီးပြီး လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။သူရဲ့ သားဖြစ်သူကို ရှာဖွေတွေ့ရှိရေးမနားတမ်းကြိုးစားမှုကို မိဒီယာတွေက ဖော်ပြပေးပေးကြပါတယ်။ ဒါအပြင် သူဟာ တခြားကလေးပျောက်တဲ့သူတွေကိုလည်း ကူညီရှာဖွေပေးခဲ့ပါတယ်။
အဲဒီလိုနဲ့ နောက်ဆုံးမှာ ရဲတပ်ဖွဲ့က သူရဲ့သားကို ရှာဖွေတွေ့ရှိပြီး DNA မျိုးရိုးဗီဇတွေကိုပါ စစ်ဆေးခဲ့ရာမှာ ခိုးယူခံခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။အဲဒီနောက် ကလေးငယ်ကို ခိုးယူခဲ့သူကိုရော ဝယ်ယူမွေးစားခဲ့သူဇနီးမောင်နှံကိုရောကို ဖမ်းဆီးခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အဲဒီအချိန်က မိသားစုတစုမှာ ကလေးတဦးသာ မွေးဖွားခွင့်ရှိတဲ့အတွက် ကလေးငယ်များကို ခိုးယူခဲ့ကြတာတွေဟာ မကြာခဏဖြစ်ပွားခဲ့ကြပါတယ်။
—————-
တ႐ုတ္ႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ ႏွစ္က ခိုးယူေရာင္းစားခံရတဲ့ ကေလးငယ္တေယာက္ဟာ အခုအသက္ ၂၆ႏွစ္အရြယ္ေရာက္တဲ့အခါၾကမွ မိဘအရင္းေတြနဲ႔ ျပန္လည္ဆုံစည္းခြင့္ရရွိခဲ့ပါတယ္။
မိဘႏွစ္ပါးဟာေပ်ာက္ဆုံးခဲ့တဲ့ သူတို႔ရဲ႕ သားငယ္ေလးကို ေတာက္ေလွ်ာက္ရွာေဖြေနခဲ့ရာမွာ ေနာက္ဆုံးမွာေတာ့ ရဲတပ္ဖြဲ႔ရဲ႕ အကူအညီနဲ႔ တနဂၤေႏြေန႔က မ်က္ရည္စက္လက္နဲ႔ ျပန္လည္ေပြ႕ ဖက္ဆုံစည္း ခြင့္ရရွိခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း Shandong ျပည္နယ္ Liaocheng ၿမိဳ႕က Guo Gangtang နဲ႔ ဇနီး Zhang Wenge တို႔ရဲ႕ အသက္ ၂ႏွစ္ခြဲအရြယ္သားငယ္ေလးဟာ အိမ္ေရွ႕မွာ ကစားေနစဥ္ အမ်ဳိးသမီးတဦး နဲ႔ သူရဲ႕ခ်စ္သူအမ်ဳိးသားတို႔ က ခိုးယူၿပီး ႏိုင္ငံအလယ္ပိုင္းက ဇနီးေမာင္ႏွံဆီကို ေရာင္းစားခဲ့ပါတယ္။
အဲဒီေနာက္ဖခင္ျဖစ္သူ Guo ဟာ သားငယ္ေလးကို ျပန္လည္ရွာေဖြေတြ႕ရွိဖို႔အတြက္ ႏိုင္ငံအႏွံ ဆိုင္ကယ္စီးၿပီး လိုက္ရွာခဲ့ေပမယ့္ မေတြ႕ခဲ့ပါဘူး။သူရဲ႕ သားျဖစ္သူကို ရွာေဖြေတြ႕ရွိေရးမနားတမ္းႀကိဳးစားမႈကို မိဒီယာေတြက ေဖာ္ျပေပးေပးၾကပါတယ္။ ဒါအျပင္ သူဟာ တျခားကေလးေပ်ာက္တဲ့သူေတြကိုလည္း ကူညီရွာေဖြေပးခဲ့ပါတယ္။
အဲဒီလိုနဲ႔ ေနာက္ဆုံးမွာ ရဲတပ္ဖြဲ႔က သူရဲ႕သားကို ရွာေဖြေတြ႕ရွိၿပီး DNA မ်ဳိး႐ိုးဗီဇေတြကိုပါ စစ္ေဆးခဲ့ရာမွာ ခိုးယူခံခဲ့တာျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။အဲဒီေနာက္ ကေလးငယ္ကို ခိုးယူခဲ့သူကိုေရာ ဝယ္ယူေမြးစားခဲ့သူဇနီးေမာင္ႏွံကိုေရာကို ဖမ္းဆီးခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံမွာ အဲဒီအခ်ိန္က မိသားစုတစုမွာ ကေလးတဦးသာ ေမြးဖြားခြင့္ရွိတဲ့အတြက္ ကေလးငယ္မ်ားကို ခိုးယူခဲ့ၾကတာေတြဟာ မၾကာခဏျဖစ္ပြားခဲ့ၾကပါတယ္။