ဆန္ျပတ္ေတာ့မွာလား၊ ေလွာင္ထားရမလား ဆိုတဲ့ေမးခြန္းအေပၚ ဆန္ေလာကသားတဦးရဲ႕ အေျဖမ်ား

Zawgyi)

ဆန္ျပတ္ေတာ့မွာလား၊ ေလွာင္ထားရမလား ဆိုတဲ့ေမးခြန္းအေပၚ ဆန္ေလာကသားတဦးရဲ႕ အေျဖမ်ား

ဆန္ ေအာ္ဒါေတြ တက္တာ ျမင္မေကာင္းဘူး ဆန္မျပတ္ပါဘူး။ ေစ်းပဲတက္မွာ၊ ေ႐ႊဘိုေစ်းတက္ရင္ ေ႐ႊဘိုမစားနဲ႔။ ေ႐ႊဘိုစားမွ ထမင္းျဖစ္တာေတာ့ မဟုတ္ဘူး။ ဧရာေ႐ႊဘို ၊ ၾကားပ်ံ ၊ ဧရာေပၚဆန္းစား ဆန္သား အာမခံတယ္။ ေစ်းသက္သာတယ္။

ေ႐ႊဘိုအတင္းစြတ္ဝယ္ေတာ့ ေ႐ႊဘိုတက္တဲ့ေနာက္ ဧရာဝတီေပၚဆန္းေတြလဲ လိုက္တက္ကုန္ေရာ။ စားသုံးသူေတြက လုဝယ္၊ ဒိုင္ေတြ က လုသိမ္း၊ ေစ်းေတြ က စြတ္တက္၊ ပစၥည္း က မထြက္၊ လုံးလည္ခ်ာလည္လိုက္ေနတာပဲ။

ဒိုင္ေတြ က တက္မွာသိေတာ့ ႀကိဳဝယ္ၿပီး ေလွာင္တာေပါ့။ အဲ့ဒီမွာတင္ ပစၥည္းကျပတ္၊ အိမ္စားေတြ အမ်ားႀကီး ဝယ္ၿပီး သိမ္းထားရင္ေတာ့ ပိုးတက္ၿပီး ပစ္ရတာပဲျဖစ္မယ္၊ အတင္းစြတ္ဝယ္ေတာ့ ဒိုင္ေတြ က အႀကိဳက္ေတြ႕ၿပီး ေစ်းေတြ ေအာ္ပ်ံကုန္ေရာ။

ဆန္ မျပတ္ဘူး။ အတင္းစြတ္ဝယ္ရင္ တက္ရမယ့္ ေစ်းထက္ပိုတက္လိမ့္မယ္။ ဆန္ က တစ္ႏိုင္ငံလုံးစိုက္တယ္။ ျပည္ဖက္ တစ္ေက်ာ က ေကာက္ႀကီးစိုက္တယ္။ ေကာက္ႀကီးစားတယ္။ ရွမ္းျပည္ က ရွမ္းဆန္စားတယ္။ မြန္ဖက္မွာလဲ စိုက္တာပဲ။ မႏၲေလး က ေ႐ႊဘိုမ်ားတယ္။ ေအာက္ျပည္ က ဆန္ေတာင္ အထက္သိပ္မတက္ဘူး။ အထက္ကေ႐ႊဘိုသာ ေအာက္ဆင္းတာ။

ဧရာဝတီက ဆန္ေတြပဲ အဓိက ရန္ကုန္ေစ်းကြက္တက္တာ။ ေဆာင္းက်ရင္ ဧရာဝတီမွာ ဆန္သစ္ေပၚအုံးမယ္။ ဒါေၾကာင့္ ဆန္မျပတ္ဘူးလို႔ေျပာတာ၊ စားေသာက္ကုန္ေစ်းေတြ စြတ္တက္ေနလို႔ ကိုယ္သိတဲ့ အပိုင္း ကို စိတ္မပူရေအာင္ေျပာေပးတာ။ ဆန္ေတြ အမ်ားႀကီးဝယ္မေလွာင္ထားနဲ႔ ၃-၆လ စာပဲဝယ္။ အေကာင္းဆုံးက (၃) လပဲ။

ဆန္ေတြ ဘယ္ေရာက္သြားလဲဆိုေတာ့ ေလွာင္ထားတဲ့ ဒိုင္ေတြ ဆီေရာက္သြားမွာ။ သူတို႔ လဲ အမ်ားဆုံးေလွာင္ႏိုင္ ၃ လ ကေန ၆ လ ပါပဲ ပိုးထိုးလာရင္ အတင္းထိုးေရာင္းရမယ္။ တစ္ႏိုင္ငံလုံး ထိေနတဲ့ ကိစၥ ကိုယ္တစ္ေယာက္တည္း ကြက္ထိေနတာမွမဟုတ္ပဲ။ လုပ္ငန္းႀကီးေလ ပိုထိေလပဲ၊

စိတ္ေအးေအးထား၊ ေလဝဝ႐ူ၊ ေရမ်ားမ်ားေသာက္ တရားေလးနာေန ကုသိုလ္စိတ္နဲ႔ေနရင္ ကုသိုလ္ရတယ္။ ေသြးတက္မေနနဲ႔၊ ၿပီးရင္ျဖစ္ေပၚေနတဲ့ အေျခအေနမွာ ကိုယ္တတ္ႏိုင္သေလာက္ အေကာင္းဆုံးေဆာင္႐ြက္ဖို႔ႀကိဳးစား၊ ဘဝ က ဒါ နဲ႔ ၿပီးမသြားေသးဘူး။ မေသမခ်င္း လုပ္စရာေတြအမ်ားႀကီးရယ္ (Jack Chen)

(Unicode)

ဆန်ပြတ်တော့မှာလား၊ လှောင်ထားရမလား ဆိုတဲ့မေးခွန်းအပေါ် ဆန်လောကသားတဦးရဲ့ အဖြေများ

ဆန် အော်ဒါတွေ တက်တာ မြင်မကောင်းဘူး ဆန်မပြတ်ပါဘူး။ ဈေးပဲတက်မှာ၊ ရွှေဘိုဈေးတက်ရင် ရွှေဘိုမစားနဲ့။ ရွှေဘိုစားမှ ထမင်းဖြစ်တာတော့ မဟုတ်ဘူး။ ဧရာရွှေဘို ၊ ကြားပျံ ၊ ဧရာပေါ်ဆန်းစား ဆန်သား အာမခံတယ်။ ဈေးသက်သာတယ်။

ရွှေဘိုအတင်းစွတ်ဝယ်တော့ ရွှေဘိုတက်တဲ့နောက် ဧရာဝတီပေါ်ဆန်းတွေလဲ လိုက်တက်ကုန်ရော။ စားသုံးသူတွေက လုဝယ်၊ ဒိုင်တွေ က လုသိမ်း၊ ဈေးတွေ က စွတ်တက်၊ ပစ္စည်း က မထွက်၊ လုံးလည်ချာလည်လိုက်နေတာပဲ။

ဒိုင်တွေ က တက်မှာသိတော့ ကြိုဝယ်ပြီး လှောင်တာပေါ့။ အဲ့ဒီမှာတင် ပစ္စည်းကပြတ်၊ အိမ်စားတွေ အများကြီး ဝယ်ပြီး သိမ်းထားရင်တော့ ပိုးတက်ပြီး ပစ်ရတာပဲဖြစ်မယ်၊ အတင်းစွတ်ဝယ်တော့ ဒိုင်တွေ က အကြိုက်တွေ့ပြီး ဈေးတွေ အော်ပျံကုန်ရော။

ဆန် မပြတ်ဘူး။ အတင်းစွတ်ဝယ်ရင် တက်ရမယ့် ဈေးထက်ပိုတက်လိမ့်မယ်။ ဆန် က တစ်နိုင်ငံလုံးစိုက်တယ်။ ပြည်ဖက် တစ်ကျော က ကောက်ကြီးစိုက်တယ်။ ကောက်ကြီးစားတယ်။ ရှမ်းပြည် က ရှမ်းဆန်စားတယ်။ မွန်ဖက်မှာလဲ စိုက်တာပဲ။ မန္တလေး က ရွှေဘိုများတယ်။ အောက်ပြည် က ဆန်တောင် အထက်သိပ်မတက်ဘူး။ အထက်ကရွှေဘိုသာ အောက်ဆင်းတာ။

ဧရာဝတီက ဆန်တွေပဲ အဓိက ရန်ကုန်ဈေးကွက်တက်တာ။ ဆောင်းကျရင် ဧရာဝတီမှာ ဆန်သစ်ပေါ်အုံးမယ်။ ဒါကြောင့် ဆန်မပြတ်ဘူးလို့ပြောတာ၊ စားသောက်ကုန်ဈေးတွေ စွတ်တက်နေလို့ ကိုယ်သိတဲ့ အပိုင်း ကို စိတ်မပူရအောင်ပြောပေးတာ။ ဆန်တွေ အများကြီးဝယ်မလှောင်ထားနဲ့ ၃-၆လ စာပဲဝယ်။ အကောင်းဆုံးက (၃) လပဲ။

ဆန်တွေ ဘယ်ရောက်သွားလဲဆိုတော့ လှောင်ထားတဲ့ ဒိုင်တွေ ဆီရောက်သွားမှာ။ သူတို့ လဲ အများဆုံးလှောင်နိုင် ၃ လ ကနေ ၆ လ ပါပဲ ပိုးထိုးလာရင် အတင်းထိုးရောင်းရမယ်။ တစ်နိုင်ငံလုံး ထိနေတဲ့ ကိစ္စ ကိုယ်တစ်ယောက်တည်း ကွက်ထိနေတာမှမဟုတ်ပဲ။ လုပ်ငန်းကြီးလေ ပိုထိလေပဲ၊

စိတ်အေးအေးထား၊ လေဝဝရူ၊ ရေများများသောက် တရားလေးနာနေ ကုသိုလ်စိတ်နဲ့နေရင် ကုသိုလ်ရတယ်။ သွေးတက်မနေနဲ့၊ ပြီးရင်ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဆောင်ရွက်ဖို့ကြိုးစား၊ ဘဝ က ဒါ နဲ့ ပြီးမသွားသေးဘူး။ မသေမချင်း လုပ်စရာတွေအများကြီးရယ် (Jack Chen)