တော်လှန်ရေးအတွက် ငွေလှုတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အသက် ၁၉နှစ်အရွယ် အမျိုးသမီးကို ထောင်ဒဏ် ၁၀နှစ် အမိန့်ချမှတ်
တနင်္သာရီတိုင်းမ် ၊ မတ် ၂၉
တော်လှန်ရေးအင်အားစုတွေကို KBZ payကတဆင့်ငွေလှုတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အသက် ၁၉နှစ်အရွယ်
မဆောင်းနှင်းဖြူကို ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ ထားဝယ်နိုင်ကျဥ်းများကွန်ရက်ကထုတ်ပြန်ပါတယ်။
ဒီပြစ်ဒဏ်ဟာ ထားဝယ်မြို့က အမျိုးသမီးနိုင်ငံရေးအကျဥ်းသူတွေထဲမှာ အမြင့်ဆုံးချတဲ့ ထောင်ဒဏ် ဖြစ်ပါတယ်။ အရင်က အမြင့်ဆုံးအနေနဲ့ ချထားတဲ့ ပြစ်ဒဏ်က ၉ နှစ်ပါ။
” သူကတဦးတည်းသောသမီးလေ။ ဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်ဖို့စောင့်နေတာပေါ့။ သူ့မိဘတွေတော့ ရူးမတက်ခံစားနေရမှာပါပဲ” လို့ မဆောင်းနှင်းဖြူနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
မဆောင်းနှင်းဖြူကို ယခင်နှစ်၊ သြဂုတ်လ ၂၂ရက်နေ့ က ကလိန်အောင်မြို့မှာ ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက်မှာ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀(ည) ၊ ၅၂(က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာဖြစ်ပြီး၊ မနေ့က မတ်လ ၂၈ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
Credit
Unicode
တောလွှနရွေးအတှကွ ငှလှေုတယဆွိုတဲ့စှပစွှဲခကှနွဲ့ အသကွ ၁၉နှဈအရှယွ အမှိုးသမီးကို ထောငဒွဏွ ၁၀နှဈ အမိနွ့ခမှှတွ
Credit