ၾကားသိရသမွ်

အမျိုးသမီးရဲ့မအင်္ဂါမှာ ပူးကပ်နေတဲ့မကောင်းဆိုး ဝါး ကို နှင်ထုတ်ပေးခဲ့ပြီးနောက် အွန်လိုင်းမှာ နာမည်ကြီးသွားတဲ့ ထိုင်းမှပယောဂဆရာ

အမျိုးသမီးရဲ့မအင်္ဂါမှာ ပူးကပ်နေတဲ့မကောင်းဆိုး ဝါး ကို နှင်ထုတ်ပေးခဲ့ပြီးနောက် အွန်လိုင်းမှာ နာမည်ကြီးသွားတဲ့ ထိုင်းမှပယောဂဆရာ

လူ့ ခန္တာကိုယ်မှာပဲ မကောင်းဆိုးဝါး ပူးကပ်တာကို ကြားဖူးကြမှာပါ။ မအင်္ဂါမှာ ပူးကပ်နေတဲ့ မကောင်းဆိုးဝါး ထူးထူးဆန်းဆန်း သတင်းကို တင်ဆက်ပေးချင်ပါတယ်။ အမျိုးသမီး ၁ ယောက်က သူမရဲ့ မအင်္ဂါမှာ ၂၅ နှစ်ကြာ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးကို ပယောဂ ဆရာ ၁ ယောက်က နှင်ထုတ်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Ajahn Koongawee Seesayam အမည်ရ ပယောဂ ဆရာနဲ့ သူ့ တပည့်ဟာ မကောင်းဆိုးဝါး နှင်တဲ့ တုတ်တံကို အမျိုးသမီးရဲ့ ဝမ်းဗိုက်ပေါ်တင်ပြီး မအင်္ဂါကို ဖိကာ မကောင်းဆိုးဝါးကို နှင်ထုတ်ခဲ့ကြပါတယ်။ ပယောဂ ဆရာတွေဟာ ဂါထာ မန္တန်တွေကိုလည်း ရွတ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် မကောင်းဆိုးရွားဟာ ပေကပ်ကပ် လုပ်နေပြီး မထွက်သွားချင်တဲ့အတွက် ဆရာ ဖြစ်သူဟာ သူ့လက်ကို တပည့်ရဲ့ ခေါင်းပေါ်တင်ကာ စွမ်းအား ပိုမို ရယူခဲ့ရပါတယ်။ သူ့ တပည့်ကိုလည်း မအင်္ဂါကို ပိုအားပြင်းပြင်းနဲ့ ဖိဖို့ ညွှန်ကြားခဲ့ပါတယ်။ ၁၄ မိနစ်ကြာ တိုက်ပွဲဝင်ပြီးနောက်မှာ မကောင်းဆိုးဝါးဟာ မအင်္ဂါကနေ ထွက်ခွာသွားပါတော့တယ်။

ဒီသတင်းဟာ အွန်လိုင်းမှာ နာမည်ကြီးသွားပြီး အဲဒီ ပယောဂ ကုသနည်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားတာလို့ ‌ဝေဖန်နေကြပါတယ်။ ဒါပေမယ့် အမျိုးသမီးကတော့ ပယောဂ ဆရာကို ကျေးဇူးတင်ကြောင်း တဖွဖွပြောခဲ့တယ်လို့ သိရပါတယ်။ Ref : thethaiger / ဘန်ကောက်လမ်းညွန်ကိုစိုင်း