ၾကားသိရသမွ်

၄၄လမ္း အမႈတြဲျဖစ္စဥ္မွာ ဖမ္းဆီးခံရတဲ့ ကိုယ္ဝန္ေဆာင္မပိုးေက်ာ့ေက်ာ့ခန႔္ မီးဖြားခဲ့

မတ္ ၁၂၊ ၂၀၂၂

၄၄ လမ္းျဖစ္စဥ္မွာ ဖမ္းဆီးခံ ခဲ့ရတဲ့ မပိုးေက်ာ့ေက်ာ့ခန႔္ဟာ မတ္လ ၁၁ ရက္ မနက္ ၁၁ နာရီ ပတ္ဝန္းက်င္က သမီးေလး ကိုေခ်ာေခ်ာေမာေမာ ဖြားျမင္ ႏိုင္ ခဲ့တယ္လို႔ အမျဖစ္သူ ကေျပာပါတ

ေျမာက္ဥကၠလာက ေမဓာဝီေဆး႐ုံမွာ ေသာၾကာေန႔ မနက္ ၁၁ နာရီကေမြးခဲ့တယ္၊ ကေလးေရာအေမေရာ က်န္းမာပါတယ္

ရဲေမ ၂ ေယာက္ ကေတာ့ ေတာက္ေလ်ာက္ေစာင့္ေနတာ ေပါ့ေနာ္။ ေဆး႐ုံမွာ ၂၄ နာရီပဲ ထားၿပီး အခုေတာ့ အင္းစိန္ ကိုျပန္သြားၿပီ၊

ဒီေန႔က ပိတ္ရက္ဆိုေတာ့ ကေလးကိုေတာ့ ေခၚထားလို႔မရေသးဘူး၊ ဖြင့္ရက္မွ ကေလးကိုအျပင္ထုတ္ဖို႔ လုပ္ရမယ္ လို႔ မပိုးေက်ာ့ေက်ာ့ခန႔္ရဲ႕ အမက ေျပာပါတယ္

၂၀၂၁၊ ၉ လပိုင္း ၁၀ ရက္ေန႔က ၄၄ လမ္းကေနအိမ္တစ္အိမ္ကို စကစတပ္ဖြဲ႕ေတြဝင္ေရာက္စီးနင္း စဥ္မွာ ကိုယ္ဝန္ရွိေနတဲ့ မပိုးေက်ာ့ေက်ာ့ခန႔္

အပါအဝင္ လူငယ္ ၃ ဦးကို ဖမ္းဆီးမိၿပီး က်န္လူငယ္ ၅ ဦးက တိုက္ေပၚက ခုန္ခ်တဲ့အတြက္ ၂ ဦးေသဆုံးၿပီး ၃ ဦးကို တပ္မေတာ္ ကုတင္ ၁၀၀ စစ္ေဆး႐ုံ ကို

ပို႔ေဆာင္ေဆး ကုသေပးကာ အင္းစိန္ေထာင္မွာ ဖမ္းဆီးခဲ့တာလည္းျဖစ္ပါတယ္။ ၄၄ လမ္းအမႈတြဲ ကို အခုအခ်ိန္အထိ တရားစြဲဆို ထားဆဲျဖစ္ ပါတယ္

Unicode

၄၄လမ်း အမှုတွဲဖြစ်စဉ်မှာ ဖမ်းဆီးခံရတဲ့ ကိုယ်ဝန်ဆောင်မပိုးကျော့ကျော့ခန့် မီးဖွားခဲ့

မတ် ၁၂၊ ၂၀၂၂

၄၄ လမ်းဖြစ်စဉ်မှာ ဖမ်းဆီးခံ ခဲ့ရတဲ့ မပိုးကျော့ကျော့ခန့်ဟာ မတ်လ ၁၁ ရက် မနက် ၁၁ နာရီ ပတ်ဝန်းကျင်က သမီးလေး ကိုချောချောမောမော ဖွားမြင် နိုင် ခဲ့တယ်လို့ အမဖြစ်သူ ကပြောပါတယ်

မြောက်ဥက္ကလာက မေဓာဝီဆေးရုံမှာ သောကြာနေ့ မနက် ၁၁ နာရီကမွေးခဲ့တယ်၊ ကလေးရောအမေရော ကျန်းမာပါတယ်

ရဲမေ ၂ ယောက် ကတော့ တောက်လျောက်စောင့်နေတာ ပေါ့နော်။ ဆေးရုံမှာ ၂၄ နာရီပဲ ထားပြီး အခုတော့ အင်းစိန် ကိုပြန်သွားပြီ၊

ဒီနေ့က ပိတ်ရက်ဆိုတော့ ကလေးကိုတော့ ခေါ်ထားလို့မရသေးဘူး၊ ဖွင့်ရက်မှ ကလေးကိုအပြင်ထုတ်ဖို့ လုပ်ရမယ် လို့ မပိုးကျော့ကျော့ခန့်ရဲ့ အမက ပြောပါတယ်

၂၀၂၁၊ ၉ လပိုင်း ၁၀ ရက်နေ့က ၄၄ လမ်းကနေအိမ်တစ်အိမ်ကို စကစတပ်ဖွဲ့တွေဝင်ရောက်စီးနင်း စဉ်မှာ ကိုယ်ဝန်ရှိနေတဲ့ မပိုးကျော့ကျော့ခန့်

အပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးမိပြီး ကျန်လူငယ် ၅ ဦးက တိုက်ပေါ်က ခုန်ချတဲ့အတွက် ၂ ဦးသေဆုံးပြီး ၃ ဦးကို တပ်မတော် ကုတင် ၁၀၀ စစ်ဆေးရုံ ကို

ပို့ဆောင်ဆေး ကုသပေးကာ အင်းစိန်ထောင်မှာ ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ ၄၄ လမ်းအမှုတွဲ ကို အခုအချိန်အထိ တရားစွဲဆို ထားဆဲဖြစ် ပါတယ်