ကြားသိရသမျှ

ငရုတ်ဆီပုလင်းပေါင်း၁၂၅၀ထည့်ထားတဲ့ကန်ထဲမှာ ရေချိုးပြတဲ့သူ

Cemre Candar လို့ အမည်ရတဲ့ YouTube ဗွီဒီယိုစတားတစ်ယောက်တော့ ငရုတ်ဆီဆော့ပုလင်းပေါင်း 1250 ပုလင်းထဲမှာပါတဲ့ ဆော့တွေကို ရေချိုးကန်ထဲထည့်ပြီး ချိုးပြခဲ့ပါတယ်။ ဒီကိစ္စဟာ အခြားသူတွေအတွက်တော့ ရူးကြောင်မူးကြောင် အလုပ်ဖြစ်ပေမယ့် သူ့အတွက်တော့ လိုအပ်တဲ့ ပုဂ္ဂိုလ်ရေး အောင်မြင်မှု ရခဲ့ပါတယ်။

သူဟာ ပူပြင်းလှတဲ့ ငရုတ်ဆီကန်ထဲမှာ မိနစ်တော်တော်ကြာ စိမ်ပြခဲ့ပြီး ခေါင်းကိုတောင် ၎င်းငရုတ်ဆီ ရေထဲမှာ စိမ်ပြခဲ့ပါသေးတယ်။ Bathing in 1250 Bottles of Hot Sauce လို့ အမည်ပေးထားတဲ့ အဲဒီဗွီဒီယိုဖိုင်ဟာ အချိန်အားဖြင့် ငါးမိနစ်ခန့် ကြာခဲ့ပြီး ဝင်ရောက်ကြည့်ရှုသူ 2,523,157 ယောက်အထိ ရှိခဲ့ပါတယ်။

ဒီဗွီဒီယိုဖိုင်ကို ရိုက်ကူးပေးနေတဲ့ သူ့သူငယ်ချင်းက ရေကန်ထဲကနေ မထခိုင်းသေးဘဲ ဆက်နေဖို့ ဖိအားပေးခဲ့ပေမယ့် Cemre Candar က ” ငါ လုပ်ပြပြီးပြီ … တော်ပါတော့ … ငါ့ကို ခေါ်ထုတ်ပေးစမ်းပါ “ဆိုပြီး အော်ပြောခဲ့ပါသေးတယ်။ ဒီလုပ်ရပ်ပြီးလို့ တစ်နာရီခန့် ကြာတဲ့အခါမှာ Cemre Candar က သူရဲ့ အတွေ့အကြုံကို ပြန်ရှင်းပြခဲ့ပါတယ်။

Cemre Candar က ” ကျွန်တော်ကတော့ ငရဲလမ်းကနေ ပြန်လာခဲ့ရတယ်လို့ တွေးမိပါတယ် … ခန္ဓာကိုယ်တစ်ခုလုံး ထူပူ နာကျင်နေပါတယ် … အခုအချိန်ထိပေါ့ … ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော် ဒေါက်တာဆီ သွားဖို့လိုပါတယ် … နှာ
ခေါင်းနဲ့ နားထဲမှာ ပူလောင်နေပါတယ် … ဒါက ကျွန်တော့်ရဲ့ အကြီးမားဆုံး ကြံစည်မှုတစ်ခုပါဘဲ “လို့ ပြောခဲ့ပါတယ်။