ၾကားသိရသမွ်

က်ပ္သိန္းေပါင္း(၅၀၀၀)ခန့္ ကုန္က်ခံၿပီး ျပည္သူေတြအတြက္ ေအာက္ဆီဂ်င္စက္႐ုံ လႉဒါန္းေပးသြားမယ့္ မအူပင္ၿမိဳ႕က မိသားစုတစ္စု

က်ပ္သိန္းေပါင္း(၅၀၀၀)ခန့္ ကုန္က်ခံၿပီး ျပည္သူေတြအတြက္ ေအာက္ဆီဂ်င္စက္႐ုံ လႉဒါန္းေပးသြားမယ့္ မအူပင္ၿမိဳ႕က မိသားစုတစ္စု

လတ္တေလာ ျဖစ္ပြားလာခဲ့တဲ့ ကိုဗစ္တတိယလွိုင္းမွာေတာ့ ေရာဂါကူးစက္သူေတြလည္း မ်ားလာသလို ေသဆုံးတဲ့အေရအတြက္ကလည္း စံခ်ိန္တင္ေလာက္ေအာင္ ျမင့္တက္လာခဲ့တာကို ေတြ႕ရပါတယ္။

အမ်ားစုကေတာ့ ေအာက္ဆီဂ်င္အလြယ္တကူ မရရွိဘဲ ေအာက္ဆီဂ်င္ျပတ္လပ္ၿပီး ေသဆုံးသြားၾကတာ ျဖစ္ပါတယ္။ ဒီလိုအခက္အခဲေတြနဲ႕ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ျပည္သူေတြအတြက္ ေငြေၾကးတတ္နိုင္ၾကတဲ့ ေစတနာရွင္ေတြက ေအာက္ဆီဂ်င္ စက္႐ုံေတြကို တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ တည္ေဆာက္ လႉဒါန္းေပးလာၾကတာေတြကို ၾကားသိရပါတယ္။

ယခုမွာလည္း ဧရာဝတီတိုင္း၊ မအူပင္ခရိုင္၊ မအူပင္ၿမိဳ႕နယ္က ေစတနာရွင္ျဖစ္တဲ့ ဦးဉာဏ္ထြန္း(ခ)ဦးဒီလစ္ + ေဒၚစန္းစန္းျမင့္တို႔ မိသားစုက ၿမိဳ႕ေနျပည္သူေတြအျပင္ အနီးအနားရွိ အျခားၿမိဳ႕နယ္ကျပည္သူေတြအတြက္ ေအာက္ဆီဂ်င္မ်ား အလြယ္တကူ ျဖည့္ေပးနိုင္ရန္အတြက္ က်ပ္သိန္းေပါင္း(၅၀၀၀)ခန့္ေလာက္ ကုန္က်မယ့္ ေအာက္ဆီဂ်င္စက္႐ုံကို မအူပင္ၿမိဳ႕နယ္ထဲမွာပဲ တစ္ဦးတည္း တည္ေဆာက္လႉဒါန္းေပးသြားမယ္လို႔ သိရပါတယ္။

အဆိုပါ စက္႐ုံကိုေတာ့ လက္ရွိမွာ တည္ေဆာက္ေနတုန္းျဖစ္ၿပီး တစ္ရက္လွ်င္ (၄၀) လီတာအိုး (၂၆၀) ခန့္ ထြက္ရွိေအာင္ ထုတ္လုပ္ေပးသြားမွာလို႔လည္း ၾကားသိရပါတယ္။

ပိုၿပီး ေလးစားစရာေကာင္းတာကေတာ့ အဆိုပါအလႉရွင္မိသားစုက ယခုကိုဗစ္တတိလွိုင္းမွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လူမႈေရးအသင္းတစ္ခုတည္ေထာင္ၿပီး ၿမိဳ႕ေနျပည္သူေတြကို ကူညီေပးတာ ျဖစ္ပါတယ္။

လက္ရွိမွာ ၿမိဳ႕ေနျပည္သူ ေအာက္ဆီဂ်င္မရတဲ့ ျပႆနာေတြကို ရင္ဆိုင္ႀကဳံေတြ႕ေနရတာေၾကာင့္ ေအာက္ဆီဂ်င္စက္႐ုံတည္ေဆာက္ဖို႔အတြက္ လႉဒါန္းလာခဲ့တာ ျဖစ္ပါတယ္။

လူမႈေရးအသင္းကိုတည္ေထာင္ၿပီး ျပည္သူေတြကို ကူညီေပးတဲ့အျပင္ ေအာက္ဆီဂ်င္စက္႐ုံပါ တည္ေဆာက္လႉဒါန္းေပးလာတဲ့ အလႉရွင္မိသားစုကို ပရိသတ္ေတြလည္း ဆုေတာင္းေမတၱာပို႔သေပးလိုက္ပါဦးေနာ္..။

Unicode

ကျပ်သိန်းပေါင်း(၅၀၀၀)ခန့် ကုန်ကျခံပြီး ပြည်သူတွေအတွက် အောက်ဆီဂျင်စက်ရုံ လှူဒါန်းပေးသွားမယ့် မအူပင်မြို့က မိသားစုတစ်စု

လတ်တလော ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ ရောဂါကူးစက်သူတွေလည်း များလာသလို သေဆုံးတဲ့အရေအတွက်ကလည်း စံချိန်တင်လောက်အောင် မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

အများစုကတော့ အောက်ဆီဂျင်အလွယ်တကူ မရရှိဘဲ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးသွားကြတာ ဖြစ်ပါတယ်။ ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ငွေကြေးတတ်နိုင်ကြတဲ့ စေတနာရှင်တွေက အောက်ဆီဂျင် စက်ရုံတွေကို တချို့မြို့နယ်တွေမှာ တည်ဆောက် လှူဒါန်းပေးလာကြတာတွေကို ကြားသိရပါတယ်။

ယခုမှာလည်း ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်က စေတနာရှင်ဖြစ်တဲ့ ဦးဉာဏ်ထွန်း(ခ)ဦးဒီလစ် + ဒေါ်စန်းစန်းမြင့်တို့ မိသားစုက မြို့နေပြည်သူတွေအပြင် အနီးအနားရှိ အခြားမြို့နယ်ကပြည်သူတွေအတွက် အောက်ဆီဂျင်များ အလွယ်တကူ ဖြည့်ပေးနိုင်ရန်အတွက် ကျပ်သိန်းပေါင်း(၅၀၀၀)ခန့်လောက် ကုန်ကျမယ့် အောက်ဆီဂျင်စက်ရုံကို မအူပင်မြို့နယ်ထဲမှာပဲ တစ်ဦးတည်း တည်ဆောက်လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံကိုတော့ လက်ရှိမှာ တည်ဆောက်နေတုန်းဖြစ်ပြီး တစ်ရက်လျှင် (၄၀) လီတာအိုး (၂၆၀) ခန့် ထွက်ရှိအောင် ထုတ်လုပ်ပေးသွားမှာလို့လည်း ကြားသိရပါတယ်။

ပိုပြီး လေးစားစရာကောင်းတာကတော့ အဆိုပါအလှူရှင်မိသားစုက ယခုကိုဗစ်တတိလှိုင်းမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လူမှုရေးအသင်းတစ်ခုတည်ထောင်ပြီး မြို့နေပြည်သူတွေကို ကူညီပေးတာ ဖြစ်ပါတယ်။

လက်ရှိမှာ မြို့နေပြည်သူ အောက်ဆီဂျင်မရတဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့အတွက် လှူဒါန်းလာခဲ့တာ ဖြစ်ပါတယ်။ လူမှုရေးအသင်းကိုတည်ထောင်ပြီး ပြည်သူတွေကို ကူညီပေးတဲ့အပြင် အောက်ဆီဂျင်စက်ရုံပါ တည်ဆောက်လှူဒါန်းပေးလာတဲ့ အလှူရှင်မိသားစုကို ပရိသတ်တွေလည်း ဆုတောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်..။