အိမ္ကမိန္းမကုိ သည္းမခံႏုိင္လုိ႔ ကြာရွင္းဖုိ႔ တရားသူၾကီးထံ သြားခဲ့တဲ့ အမ်ဳိးသားအျဖစ္
“မင္းမိန္းမနဲ႔ ဘာလို႔ကြာရွင္းခ်င္တာလဲ”တရားသူႀကီးက ေမးတယ္…
“က်ေနာ့ကို ေန႔စဥ္ ၾကက္သြန္ျဖဴခြာခိုင္းတယ္ၾကက္သြန္နီလွီးခိုင္းတယ္ပန္းကန္ ေဆးခိုင္းတယ္ အဲဒါေၾကာင့္”
” အဲဒါ ဘာမ်ား အပန္းႀကီးလဲ…လြယ္လြယ္ေလးဟာကို….
ၾကက္သြန္ျဖဴမခြာခင္ မီးအပူေလး ေပးလိုက္…အခြံခြာရတာ လြယ္သြားမယ္…
ၾကက္သြန္နီလွီးခိုင္းရင္ လွီးမဲ့ၾကက္သြန္ကို ေရခဲေသတၱာအထဲ ခဏထား..ေနာက္လွီးၾကည့္… မ်က္စိမစပ္ေတာ့ဘူးေပါ့…
ဒီလိုပဲေလ..ပန္းကန္လည္း မေဆးခင္ ေရထဲ ဆယ္မိနစ္ေလာက္စိမ္ထား ေဆးရတာ လြယ္လြယ္ေလး…
ဒါေပမဲ့..မင္းကိုအဝတ္ေတာ့ မေလၽွာ္ခိုင္းေသးဘူး မဟုတ္လား…ေနာက္ အဝတ္ေလၽွာ္ခိုင္းရင္ ဒီလိုလုပ္ကြေသခ်ာမွတ္ထား….
အဝတ္မေလၽွာ္ခင္ ဆပ္ျပာရည္အထဲ မွာအဝတ္ကို ဆယ့္ငါးမိနစ္ေလာက္ စိမ္ထား…ဂ်ီးေတြ သူ႔အလိုလို ထြက္လာမယ္…ေလၽွာ္တဲ့အခ်ိန္ အားသုံးစရာ မလိုေတာ့ဘူးေပါ့..
ၿပီးေတာ့…သနပ္ခါး..ေသြး…”
“ရပါၿပီ ခင္ဗ်…က်ေနာ့ ေလၽွာက္လႊာ ျပန္႐ုပ္သိမ္းခြင့္ျပဳပါ..တရားသူႀကီးမင္း ခင္ဗ်ား”
“မင္း.. ငါေျပာတာ နားလည္သြားလို႔ေပါ့ ဟတ္လား”
“အမွန္ေတာ့ က်ေနာ္ဟာ တရားသူႀကီး ထက္စာရင္ အမ်ားႀကီး သက္သာပါေသးတယ္ဆိုတာ သိသြားလို႔ပါ..”😂😂
©®….ဒီလိုကာလႀကီးမွာ ခဏတာေလးျဖစ္ျဖစ္ရယ္ေမာေပ်ာ္ရႊင္နိုင္ၾကပါေစ…
#crd
Unicode
အိမ်ကမိန်းမကို သည်းမခံနိုင်လို့ ကွာရှင်းဖို့ တရားသူကြီးထံ သွားခဲ့တဲ့ အမျိုးသားအဖြစ်
“မင်းမိန်းမနဲ့ ဘာလို့ကွာရှင်းချင်တာလဲ”တရားသူကြီးက မေးတယ်…
“ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူခွာခိုင်းတယ်ကြက်သွန်နီလှီးခိုင်းတယ်ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့်”
” အဲဒါ ဘာများ အပန်းကြီးလဲ…လွယ်လွယ်လေးဟာကို….
ကြက်သွန်ဖြူမခွာခင် မီးအပူလေး ပေးလိုက်…အခွံခွာရတာ လွယ်သွားမယ်…
ကြက်သွန်နီလှီးခိုင်းရင် လှီးမဲ့ကြက်သွန်ကို ရေခဲသေတ္တာအထဲ ခဏထား..နောက်လှီးကြည့်… မျက်စိမစပ်တော့ဘူးပေါ့…
ဒီလိုပဲလေ..ပန်းကန်လည်း မဆေးခင် ရေထဲ ဆယ်မိနစ်လောက်စိမ်ထား ဆေးရတာ လွယ်လွယ်လေး…
ဒါပေမဲ့..မင်းကိုအဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား…နောက် အဝတ်လျှော်ခိုင်းရင် ဒီလိုလုပ်ကွသေချာမှတ်ထား….
အဝတ်မလျှော်ခင် ဆပ်ပြာရည်အထဲ မှာအဝတ်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထား…ဂျီးတွေ သူ့အလိုလို ထွက်လာမယ်…လျှော်တဲ့အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့..
ပြီးတော့…သနပ်ခါး..သွေး…”
“ရပါပြီ ခင်ဗျ…ကျနော့ လျှောက်လွှာ ပြန်ရုပ်သိမ်းခွင့်ပြုပါ..တရားသူကြီးမင်း ခင်ဗျား”
“မင်း.. ငါပြောတာ နားလည်သွားလို့ပေါ့ ဟတ်လား”
“အမှန်တော့ ကျနော်ဟာ တရားသူကြီး ထက်စာရင် အများကြီး သက်သာပါသေးတယ်ဆိုတာ သိသွားလို့ပါ..”😂😂
©®…ဒီလိုကာလကြီးမှာ ခဏတာလေးဖြစ်ဖြစ်ရယ်မောပျော်ရွှင်နိုင်ကြပါစေ…
#crd