သူမ်ားေတြအျမတ္ႀကီးစားေနခ်ိန္မွာ ေအာက္ဆီဂ်င္ေတြကို အခမဲ့ ေပးေဝ႐ုံသာမက ထမင္း၊ဟင္း ႏွင့္ေဆးဝါးေတြကိုပါ ေပးေဝေနတဲ့မင္းကြန္းသားေလးအခမဲ့စင္တာလက္ရွိကာလႀကီးမွာ ျပည္သူေတြကေတာ့ တတ္နိုင္တဲ့ဘက္ကေန တတ္နိုင္သေလာက္ဝန္အားေတြနဲ႕ အခ်င္းခ်င္း အားေပးကူညီ ေဖးမလႉဒါန္းေနၾကတာ ျဖစ္ပါတယ္
ကိုဗစ္ေရာဂါေၾကာင့္ ေအာက္ဆီဂ်င္ေတြ အေရးတႀကီးလိုအပ္ၿပီး ရွားပါးေနတဲ့ ကာလႀကီးမွာ လူနာရွင္ေတြဟာ ေအာက္ဆီဂ်င္ရဖို႔အေရး တေနကုန္ တန္းစီႀကိဳးစားေနၾကရတာ ျဖစ္ပါတယ္..။
အသက္ရွင္နိုင္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားေနၾကရတဲ့အခ်ိန္မွာ စိတ္ဓာတ္ခြန္အားေတြနဲ႕ အားတင္းထားရသလို ပရဟိတလူငယ္ေတြရဲ႕ ကူညီေဖးမမႈေတြကလည္း တကယ္ကိုခြန္အားတစ္ခုအျဖစ္ ရွိေနတာ ျဖစ္ပါတယ္..။
အခုတစ္ခါမွာလည္း မင္းကြန္းသားေလးေအာက္ဆီဂ်င္အခမဲ့စင္တာက ေအာက္ဆီဂ်င္အခမဲ့ျဖည့္ေပးေနတဲ့အျပင္ ထမင္း၊ ဟင္းနဲ႕ေဆးဝါးေတြပါ ေပးေဝလႉဒါန္းခဲ့တာ ေတြ႕ရပါတယ္..။
မႏၱေလးၿမိဳ႕၊ (၃၆)လမ္း (၆၁)လမ္း၊ စိန္ဂြၽန္းလူမႈကူညီေရးအသင္း ႏွင့္ပူးေပါင္းၿပီး မင္းကြန္းသားေလး ေအာက္စီဂ်င္အခမဲ့စင္တာက ေအာက္စီဂ်င္ေတြ အခမဲ့ျဖည့္ေပးတဲ့အျပင္ ေန႕လည္စာထမင္းဟင္း၊ ငွက္သိုက္၊ Royal D ၊ ေရသန႔္ဗူးနဲ႕ ေဆးဝါးေတြပါ ေပးေဝလႉဒါန္းခဲ့တာ ျဖစ္ပါတယ္..။
အခုလို အဘက္ဘက္ကေန ျပည္သူေတြအတြက္ အင္အားျဖည့္ ေဖးမကူညီေနတာေၾကာင့္အမ်ားျပည္သူကေတာ့ ဝမ္းသာစြာနဲ႕ ခ်ီးက်ဴးသာဓုေခၚေနၾကတာလည္း ျဖစ္ပါတယ္..။
Unicode
သူများတွေအမြတ်ကြီးစားနေချိန်မှာ အောက်ဆီဂျင်တွေကို အခမဲ့ ပေးဝေရုံသာမက ထမင်း၊ဟင်း နှင့်ဆေးဝါးတွေကိုပါ ပေးဝေနေတဲ့မင်းကွန်းသားလေးအခမဲ့စင်တာလက်ရှိကာလကြီးမှာ ပြည်သူတွေကတော့ တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်ဝန်အားတွေနဲ့ အချင်းချင်း အားပေးကူညီ ဖေးမလှူဒါန်းနေကြတာ ဖြစ်ပါတယ်
ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်တွေ အရေးတကြီးလိုအပ်ပြီး ရှားပါးနေတဲ့ ကာလကြီးမှာ လူနာရှင်တွေဟာ အောက်ဆီဂျင်ရဖို့အရေး တနေကုန် တန်းစီကြိုးစားနေကြရတာ ဖြစ်ပါတယ်
အသက်ရှင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြရတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားတွေနဲ့ အားတင်းထားရသလို ပရဟိတလူငယ်တွေရဲ့ ကူညီဖေးမမှုတွေကလည်း တကယ်ကိုခွန်အားတစ်ခုအဖြစ် ရှိနေတာ ဖြစ်ပါတယ်..။
အခုတစ်ခါမှာလည်း မင်းကွန်းသားလေးအောက်ဆီဂျင်အခမဲ့စင်တာက အောက်ဆီဂျင်အခမဲ့ဖြည့်ပေးနေတဲ့အပြင် ထမင်း၊ ဟင်းနဲ့ဆေးဝါးတွေပါ ပေးဝေလှူဒါန်းခဲ့တာ တွေ့ရပါတယ်..။
မန္တလေးမြို့၊ (၃၆)လမ်း (၆၁)လမ်း၊ စိန်ဂျွန်းလူမှုကူညီရေးအသင်း နှင့်ပူးပေါင်းပြီး မင်းကွန်းသားလေး အောက်စီဂျင်အခမဲ့စင်တာက အောက်စီဂျင်တွေ အခမဲ့ဖြည့်ပေးတဲ့အပြင် နေ့လည်စာထမင်းဟင်း၊ ငှက်သိုက်၊ Royal D ၊ ရေသန့်ဗူးနဲ့ ဆေးဝါးတွေပါ ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။
အခုလို အဘက်ဘက်ကနေ ပြည်သူတွေအတွက် အင်အားဖြည့် ဖေးမကူညီနေတာကြောင့်အများပြည်သူကတော့ ဝမ်းသာစွာနဲ့ ချီးကျူးသာဓုခေါ်နေကြတာလည်း ဖြစ်ပါတယ်