ၾကားသိရသမွ်

မြေပြင်ရောက်နေတဲ့ PDF တွေကို ထောက်ပို့ကူညီနေတဲ့အကြောင်း သက်သေဗီဒီယိုဖိုင်တွေနဲ့တကွ ပြသလာတဲ့ ပန်ဆယ်လို

ပရိသတ်အားပေးလက်ခံမှုတွေကို ရရှိထားတဲ့ ဆယ်လီတစ်ယောက်ဖြစ်တဲ့ပန်ဆယ်လိုကတော့ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ပနိုင်ငံကို ရောက်ရှိနေတဲ့ သူမကတော့ မြေပြင်ရှိတော်လှန်ရေးရဲဘော်တွေအတွက် ကူညီထောက်ပံ့မှုတွေ အတတ်နိုင်ဆုံး ပြုလုပ်ပေးနေတာလည်း တွေ့ရပါတယ်။

ချစ်ခင်သူတွေရှိသလို မလိုလားသူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကြုံတွေ့နေရတဲ့ ပန်ဆယ်လိုကတော့ မြေပြင်ရောက်နေတဲ့ PDF တွေကို ထောက်ပို့ကူညီနေတဲ့အကြောင်း သက်သေဗီဒီယိုဖိုင်တွေနဲ့တကွ ပြသလာပါတယ်။

ဒီပဲရင်း PDF တွေအတွက် ကူညီငွေ သိန်း(၅၀)ကို ပေးပို့ထောက်ပံ့ခဲ့တာဖြစ်ပြီး လက်ခံရရှိအောင်ပြောထားတဲ့ ရဲဘော်တွေရဲ့ဗီဒီယိုဖိုင်လေးကိုလည်း သက်သေပြမျှဝေထားပါသေးတယ်။

သူမနာမည်နဲ့တကွ လက်ခံရရှိကြောင်း ပြောပေးကြရတဲ့အတွက် မြေပြင်ကလူတွေကို အားနာရပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေကို မလိုချင်ပေမယ့် သက်သေတောင်းကြတဲ့ လူတွေကြောင့်သာ ဖော်ပြရခြင်းဖြစ်တာကိုလည်း ပန်ဆယ်လိုက ပြောပြထားပါသေးတယ်။

အခက်အခဲ အတိုက်အခိုက်တွေကြားက ပန်းတိုင်ကို ရောက်အောင်လျှောက်လှမ်းကြရမှာဖြစ်တဲ့အကြောင်းတွေကိုလည်း သတိပေးဝေမျှရင်း ဗီဒီယိုဖိုင်လေးငို တင်ပေးလာတာ ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: ပန် ဆယ် လို Fb Acc

unicode






