ၾကားသိရသမွ်

ဘယ်ဆေးရုံမှမသွားပဲ ကိုဗစ်လူနာ၃၈ဦးလုံး ပြန်လည် နေကောင်းကျန်းမာ လာခဲ့တဲ့ ရွှေဆံပင်ကျောင်း

” ရွှေဆံပင်ကျောင်းမှ ကိုဗစ်လူနာအားလုံး နေကောင်းကျန်းမာသွားကြပြီဖြစ်ကြောင်း သိရ”

ရွှေဆံပင်ကျောင်းမှ ကိုဗစ်လူနာအားလုံးနေကောင်းကျန်းမာသွားကြပြီလို့ သိရပါတယ်။ ကိုဗစ်လူနာ၃၈ဦးလုံး

ဘယ်ဆေးရုံမှမသွားပဲဆရာ၀န်များအတွေ့ ‌ကြုံရှိသူများ၏

အကြံပေးမှုကိုအခြေခံပြီးဆရာတော်နဲ့ဝေယျာ၀စ္စအဖွဲ့၏အနီးကပ်ကြည့်ကြပ်စောင့်ရှောက်မှုရွှေဆံပင်ဒကာဒကာမများ၏ဝိုင်း၀န်းပံ့ပိုးမှု တို့ကြောင့်အားလုံးအဆင်ပြေခဲ့တာပါ။

ကိုဗစ်တိုက်ပွဲအတွေ့ကြုံလေးကို စိတ်၀င်စားသူများအတွက် ပြန်လည်မျှဝေပေးထားတာကို ဖော်ပြပေးလိုက်ရပါတယ်။

နေထိုင်မှုစနစ်ကိုဗစ်စတွေ့ပြီဆိုတာနဲ့ ပိုးတွေ့သူသံသယရှိသူ နေကောင်းသူများကိုသုံးအုပ်စုခွဲလိုက်ပြီးကျောင်းဆောင်၁၀ ဆောင်လောက်မှာခပ်ကျဲကျဲနေစေပြီး ကုဋီတွေကစ ခွဲနိုင်သမျှ ခွဲပြီးနေထိုင်လိုက်ကြပါတယ်။Maskတပ်ခြင်း လက်ဆေးခြင်းများတောက်လျောက်လုပ်ခိုင်းပါတယ်။

ဆေးဝါးကိုဗစ်တွေ့ပြီလို့ကြားတာနဲ့ရန်ကုန်က ဆွေတော်မျိုးတော်များကလိုလေးသေးမရှိပို့လှူပေးကြသော ဆေးဝါးများ ရောက်ရှိလာပြီးပိုးတွေ့သူများကိုVITAMIN C 500နှစ်ပြားနှင့် အားဆေး တလုံးကျန်သူများကို အားဆေးနှင့် V C500တပြား ‌ကျွေးပေးလိုက်ပါတယ်။

နှာစေးချောင်းဆိုးဖျားလျင် LOCKOနှစ်ကြိမ်ကိုက်ခဲလျင်paragesic လေးနာရီခြားတိုက်ပေးခဲ့ပါတယ်။လည်ချောင်းနာရင်ZINCငုံခိုင်းထားလိုက်ပါတယ်။

နှာစေးချောင်းဆိုးနှစ်ယောက်လောက်နဲ့လည်ချောင်းနာကိုက်ခဲသုံးယောက်လောက်ပဲဖြစ်ပြီးသုံးရက်အတွင်း အား‌လုံးပျောက်ခဲ့ပါတယ်။

တိုင်းရင်းဆေးနဲ့ဓာတ်စာဖြစ်တဲ့နေ့ကစပြီး ကွမ်းရွက်ရှောက်ရွက်ဂျင်းထန်းလျက်ကြိုပြီးကိုဗစ်ရှိသူတွေ ဓာတ်ဗူးတလုံးစီကျန်သူတွေမတ်ခွက်တလုံးစီသောက်ခိုင်းပြီးနာနတ်သီးသရက်သီးနဲ့ရှောက်သီးသုပ်တလှည့်စီကျွေးပြီး (နာနတ်သီးအများဆုံးကျွေးဖြစ်)တကျောင်းလုံးကြက်ဥပြုတ်နှစ်လုံးစီနဲ့ နွားနို့သို့မဟုတ်ကွေကာအုပ်နဲ့ ဓာတ်ဆားများတိုက်ပါတယ်။

ထမင်းစားပျက်တဲ့သူလည်းတစ်ယောက်မျှ မရှိပါ။

ကြက်သွန်နီစားဖြစ်အောင်ထမင်းစားတဲ့နေရာအနီးတွေမှာတောင်းလိုက်ချပေးထားပါတယ်။လင်းလွန်းတစ်ထောင်ဆရာတော်ကြီးရဲ့သစ္စာမေတ္တာ ကိုဗစ်ကာကွယ်ဆေးများလည်းတိုက်ပေးထားပါတယ်။

စိတ်ဓာတ်မြင့်တင်ရေးနှင့်ကိုယ်လက်လှုပ်ရှားမှုကျောင်းစည်းကမ်းအရ ဖုန်းကိုင်ခွင့်မရှိပေမယ့် ဒီရက်ပိုင်း ဖုန်းကိုင်ခွင့်ပေးထားပြီးအိမ်နဲ့လည်းပြောခိုင်းဆရာတော်ကိုယ်တိုင်လည်း ဖုန်းဆက်ပြီးကိုဗစ်ကကြောက်စရာမဟုတ်ကြောင်းခဏနဲ့ပျောက်မယ့်အကြောင်းစားချင်တာလိုအပ်တာပြောခိုင်းပြီးတယောက်ချင်းစီ ဖုန်းနဲ့စကားလိုက်ပြောကာ စာကြည့်တိုက်က ဖတ်ချင်တဲ့စာအုပ်တွေ ထုတ်ပေးထားပြီးပန်းချီဆွဲဖို့လည်းစီစဉ်ပေးပါတယ်။

အားကစားလှုပ်ရှားမှုလုပ်ရန် ကြက်တောင်နဲ့ ခြင်းလုံးများ ပေးထားလိုက်ပါတယ်။သင်ပေးထားတဲ့အကများလည်းအဆင်ပြေသလိုကခိုင်းထားပါတယ်။

ဖုန်းလေးပြောလိုက် တခုပြီးတခုစားလိုက်ကစားလိုက် ဘုရားရှိခိုးပရိတ်ရွတ်လိုက်အိပ်လိုက်နဲ့ပျင်းချိန်စိတ်ညစ်ချိန်တောင်မရှိတော့ပါဘူး။(အိပ်ချိန်မအိတ်ဘဲဖုန်းသုံးရင်ဖုန်းသိမ်းမှာပြောထားတာ)

ဘာသာတရားအများစုကဗုဒ္ဓဘာသာတွေမို့ဘာသာတရားကလည်း မလုပ်လို့မရပါဘူး။

မနက် ၈နာရီမှ ၉နာရီထိနေ့လည် ၃နာရီမှ ၄နာရီထိည၈နာရီမှ ၉နာရီထိကိုယ့်နေရာကနဲ့ကိုယ် ဘုရားရှိခိုးပြီးရတနသုတ်မေတ္တသုတ်ဗောဇ္ဈင်သုတ်တစ်ကြိမ်ကိုသုံးခေါက်စီ၄၅မိနစ်ရွတ်ပြီး၁၅မိနစ် အာနာပါန ၀ငလေထွက်လေလုပ်ပြီး ကုသိုလ်လည်းရ အဆုတ်လေ့ကျင့်ခန်းလည်းပြုပြီးသားရအောင် နေ့စဉ်လုပ်နိုင်ခဲ့ပါတယ်။

တပတ်လောက်ကတည်းကအနံ့ပျောက်သူတွေပြန်ရလာကာအားလုံးကောင်းနေပြီးနှစ်ပတ်ပြည့်နေပြီမို့စိတ်ချလက်ချကောင်းနေကြပါပြီ။

ဖျားနာတဲ့အဆင့်လည်းမရောက်ကြဘဲအသက်ရှူကြပ်တဲ့အဆင့်လည်းဘယ်သူမှမဖြစ်လို့ကိုဗစ်ကလည်း ဘာမှဟုတ်ပါဘူးလို့ပြောနေပြီး ခပ်ပေါ့ပေါ့လုပ်နေကြလွန်းလို့သူတို့ကြောက်အောင်ခြောက်လိုက် ငေါက်လိုက်ပြန်လုပ်ပေးနေရပါတယ်။ပိုပြီး စိတ်ချရအောင်နောက်တပတ်အထိတော့ ဒီအတိုင်းဆက်နေသွားပါဦးမယ်။

အခုဆိုရင် ကိုယ့်ကျောင်းမှာကိုဗစ်ကင်းစင်စိတ်ချရပြီး

အပြင်မှာစိတ်မချရလို့လော့ဒေါင်းချထားပြီးအပြင်ကရိက္ခာပစ္စည်းများသွင်းရင်တောင်ဆေးဖြန်းပြီးမှ အသွင်းခံပါတယ်။တခြားသူတွေကို ပြန်လည်ကူညီပေးဖို့လည်း ပြင်နေပါပြီ။