ၾကားသိရသမွ်

မင်္ဂလာဆောင်စရိတ် ယွမ်၆၆၀၀၀၀တောင်းတာကို မတတ်နိုင်လို့ဆိုပြီး See More…..

တရုတ်နိုင်ငံမှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲတစ်ခုတွင် ရည်းစားဟောင်းမိန်းကလေးရဲ့ လုပ်ရပ်တစ်ခုကြောင့် ပွဲတက်သူဧည့်သည်များမှာ အံ့အားသင့်စရာနှင့် ကြုံခဲ့ရပြီး ဝေဖန်ခြင်းများစွာ ခံခဲ့ရသည်။

ရည်းစားဟောင်းမိန်းကလေးသည် လက်ရှိသတို့သားနှင့် လက်ထပ်မည့်ဆဲဆဲတွင် မိန်းကလေးရှင်ရဲ့ မိခင်ဖြစ်သူမှ ယွမ် ၆၆၀၀၀၀ပေးနိုင်မှ သူတို့ရဲ့သမီးနဲ့ ပေးစားနိုင်မည်ဟု ဆိုခဲ့သည့်အတွက် သတို့သားခမျာ မတတ်နိုင်တာကြောင့် ထိုမိန်းကလေးနှင့် လမ်းခွဲပြတ်စဲခဲ့သည်။

ထိုအချိန်တွင် ရည်းစားဟောင်းမိန်းကလေးသည် သူမရဲ့ မိဘကို မဆန့်ကျင်ရဲသည့်အတွက်ကြောင့် ကောင်လေးဖက်ကနေ ဝင်မပြောကူခဲ့ပဲ နေခဲ့ရာ ကောင်လေးလည်း စိတ်နာပြီး အခြားတစ်ယောက်နှင့် လက်ထပ်ရန် စီစဥ်ခဲ့သည်။

ထိုစဥ် မင်္ဂလာပွဲတွင် ရည်းစားဟောင်းမိန်းကလေးမှ ရောက်လာပြီး သတို့သားဖြစ်သူကို ဒူးထောက်တောင်းပန်ပြီး မိခင်ဖြစ်သူမှ ခန်းဝင်ပစ္စည်းအတွက်ကို ယွမ်၁၈၀၀၀၀ထိ လျှော့ပေးလိုက်ကြောင်း သူမနဲ့ပဲပြန်လက်ထပ်ရန် ငိုယိုပြီး တောင်းဆိုခဲ့သည်။

သို့သော်လည်း သတို့သားဖြစ်သူသည် ရည်းစားဟောင်းမိန်းကလေးကို ငြင်းဆန်ကာ တွန်းထုတ်လိုက်ပြီး သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့သည်။

Hlaing (Love Feeling)

Zawgyi

မင်္ဂလာဆောင်စရိတ် ယွမ်၆၆၀၀၀၀တောင်းတာကို မတတ်နိုင်လို့ဆိုပြီး အခြားတစ်ယောက်နဲ့ လက်ထပ်သွားသည့် ချစ်သူဟောင်းကောင်လေးကို ဒူးထောက်ပြီးပြန်လိုက်တောင်းပန်နေသည့် မိန်းကလေး






credit.