ၾကားသိရသမွ်

မအူ၀ဲဂျာမနီရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တာကြောင့် အတိုင်းမသိပျော်ရွှင်ပြီးဂုဏ်ပြုပေးကြတဲ့ အနုပညာရှင်တို့ရဲ့ရင်တွင်းစကားများ

ဒါရိုက်တာ ဏကြီးရိုက်ကူးထားပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ “What Happened to the Wolf” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာ ဂျာမနီနိုင်ငံ၊ Oldenburg မြို့မှာ ကျင်းပပြုလုပ်တဲ့ “Oldenburg International Film Festival ” ပွဲမှာ ပြသဖို့ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး World Premiere အဖြစ်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

“Oldenburg International Film Festival “ရဲ့ ဆုပေးပွဲမှာတော့ Seymour Cassel Award for Best Performance ဆုအား “What Happened to the Wolf” ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ် ။

အခုလိုအကျဉ်းကျနေပေမယ့် သူမရဲ့ထိမိလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာကပါအသိအမှတ်ပြုလေးစားဂုဏ်ပြု‌ခဲ့တာဖြစ်ပါတယ်…..။

အနုပညာအသိုင်းအဝိုင်းကသူတွေနဲ့ ပရိသတ်တွေကလည်း အများအပြားဂုဏ်ပြုပေးခဲ့ကြပြီး social mediaမှာလည်း မအူဝဲကိုဂုဏ်ပြုလေးစားကြတဲ့ပို့စ်တွေနဲ့ မိသားစုနဲ့အမြန်ဆုံးဆုံတွေ့နိုင်ဖို့ ဆုတောင်ပေးနေကြတာဖြစ်ပါတယ် ။

မအူဝဲတစ်ယောင်လည်း အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး ချစ်တဲ့အနုပညာတွေကို အကောင်းဆုံးထပ်ပြီးပုံဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Myanmarload

unicode





