ဆီကို ချွေတာပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား လုပ်ဆောင်ရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က လားရှိုးမြို့တွင် ထပ်ပြော
နိုင်ငံအတွင်း စက်သုံး ဆီ နှင့် စားသုံး ဆီများကို နှစ်စဉ် ဘီလီယံဖြင့် ပြည်ပက တင်သွင်းနေရသည့်အတွက် လျှပ်စစ်အသုံးပြုပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား များကို စဉ်းစားလုပ်ဆောင်ရမည်ဟု လားရှိုးသို့ ရောက်ရှိနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ်မံပြောကြားလိုက်ပြန်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်ကနေ ပူတာအိုသို့ သွားခွင့်မရတော့ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့က ရောက်ရှိပြီးနောက် ဒေသအာဏာပိုင်များ နှင့် မြို့မိမြို့ဖများဖြင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား နှင့် မြို့ပတ်ရထားလမ်းများ ကိစ္စကို ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့က စ၍ ပြောကြားခြင်းဖြစ်ပြီး အဲ့ဒီနောက် ရောက်သည့်ဒေသတိုင်းတွင်လည်း ပြောကြားနေရာ စက်တင်ဘာလ(၁၉)ရက်နေ့အထိ လားရှိုးမြို့တွင်လည်း ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ပုံအညွန်း – ၁၉.၉.၂၀၂၁ နေ့က လားရှိုးမြို့တွင် တွေ့ဆုံစဉ်
Source – TachileikNewsAgency
——–
နိုင်ငံအတွင်း စက်သုံး ဆီ နှင့် စားသုံး ဆီမ်ားကို နှစ်စဉ် ဘီလီယံဖြင့် ပြည်ပက တင်သွင်းနေရသည့်အတွက် လျှပ်စစ်အသုံးပြုပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား မ်ားကို စဉ်းစားလုပ်ဆောင်ရမည်ဟု လားရှိုးသို့ ရောက်ရှိနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ်မံပြောကြားလိုက်ပြန်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား နှင့် မြို့ပတ်ရထားလမ်းများ ကိစ္စကို ၂၀၂၁ခုနှစ် ဩဂုတ္လ(၁၇)ရက်နေ့က စ၍ ပြောကြားခြင်းဖြစ်ပြီး အဲ့ဒီနောက် ရောက်သည့်ဒေသတိုင်းတွင်လည်း ပြောကြားနေရာ စက်တင်ဘာလ(၁၉)ရက်နေ့အထိ လားရှိုးမြို့တွင်လည်း ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။