ၾကားသိရသမွ်

အမျိုးသမီးအ‌ယောင်ဆောင်ပြီး လုယက်နေတဲ့အဖွဲ့ကို ပြည်သူ‌တွေက ဝိုင်းဝန်းဖမ်းဆီး…

အမျိုးသမီးအ‌ယောင်ဆောင်ပြီး လုယက်နေတဲ့အဖွဲ့ကို ပြည်သူ‌တွေက ဝိုင်းဝန်းဖမ်းဆီး..

မဲခေါင်၊ စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းသာကေတမြို့နယ်မှာ အုပ်စုဖွဲ့လုယက်နေတဲ့ အမျိုးသမီးအယောင်ဆောင်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

လုယက်သူတွေဟာ အငှားယာဉ်မောင်းတွေကို အဓိကထားလုယက်နေတာဖြစ်တယ်လို့ ရပ်ကွက်နေကားသမားတစ်ဦးက ပြောပါတယ်။

‘သူတို့အဖွဲ့မှာ အားလုံးခြောက်ယောက်ပါတယ်။ ဖမ်းတော့၄ ယောက်မိတယ်။ နှစ်ယောက်ကတော့လွတ်သွားတယ်။

အငှားကားသမားတွေနဲ့ ရပ်ကွက်ကလူတွေဝိုင်းဖမ်းကြတာ’လို့ ၎င်းက ပြောပါတယ်။

အုပ်စုဖွဲ့လုယက်တဲ့သူတွေကို စက်တင်ဘာ၁၃ရက် ညပိုင်းက သာကေတကျောက်တိုင်မှတ်တိုင်အနီးမှာ ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

‘ကားသမားတွေက ညဘက်ဆိုတော့မိန်းကလေးထင်ပြီးတင်တာ။ သူတို့တွေကရှေ့နဲ့နောက် မျှထိုင်ပြီးလုတာ။

ဖုန်းတို့ပိုက်ဆံတို့ပါသွားတာတွေရှိတယ်။ တစ်ချို့လည်းရှက်တော့မပြောဘူး။

ခုကတော်တော်လွန်လာလို့ ပေါင်းပြီးဖမ်းကြတာ’လို့ ၎င်းက ပြောပါတယ်။

လုယက်မှုကျူးလွန်သူတွေဟာ သာကေတမြို့နယ် မင်းနန္ဒာလမ်းမပေါ်ရှိ ကျောက်တိုင်မှတ်တိုင် ရွှေပုစွန်မုန့်တိုက်နဲ့ ဒေါပုံမြို့နယ် ရန်အောင်မှတ်တိုင်ရေကန်အနီးတစ်ဝိုက်

ဗိုလ်တထောင်ကမ်းနားလမ်းနဲ့ ပုစွန်တောင်ကြက်ဘဲဈေးနားတဝိုက် မှာ ညအချိန်တွေ အုပ်စုဖွဲ့ပြီး ကျူးလွန် ကြတယ်လို့ သိရပါတယ်။

Source – MekongNews

credit

zawgyi

အမ်ိဳးသမီးအ‌ေယာင္ေဆာင္ၿပီး လုယက္ေနတဲ့အဖြဲ႕ကို ျပည္သူ‌ေတြက ဝိုင္းဝန္းဖမ္းဆီး…

မဲေခါင္၊ စက္တင္ဘာ ၁၅

ရန္ကုန္တိုင္းသာေကတၿမိဳ႕နယ္မွာ အုပ္စုဖြဲ႕လုယက္ေနတဲ့ အမ်ိဳးသမီးအေယာင္ေဆာင္အဖြဲ႕ကို ဖမ္းဆီးရမိခဲ့ပါတယ္။

လုယက္သူေတြဟာ အငွားယာဥ္ေမာင္းေတြကို အဓိကထားလုယက္ေနတာျဖစ္တယ္လို႔ ရပ္ကြက္ေနကားသမားတစ္ဦးက ေျပာပါတယ္။

‘သူတို႔အဖြဲ႕မွာ အားလုံးေျခာက္ေယာက္ပါတယ္။ ဖမ္းေတာ့၄ ေယာက္မိတယ္။ ႏွစ္ေယာက္ကေတာ့လြတ္သြားတယ္။

အငွားကားသမားေတြနဲ႔ ရပ္ကြက္ကလူေတြဝိုင္းဖမ္းၾကတာ’လို႔ ၎က ေျပာပါတယ္။

အုပ္စုဖြဲ႕လုယက္တဲ့သူေတြကို စက္တင္ဘာ၁၃ရက္ ညပိုင္းက သာေကတေက်ာက္တိုင္မွတ္တိုင္အနီးမွာ ဝိုင္းဝန္းဖမ္းဆီးခဲ့တာလို႔ အငွားယာဥ္ေမာင္းတစ္ဦးက ေျပာပါတယ္။

‘ကားသမားေတြက ညဘက္ဆိုေတာ့မိန္းကေလးထင္ၿပီးတင္တာ။ သူတို႔ေတြကေရွ႕နဲ႔ေနာက္ မွ်ထိုင္ၿပီးလုတာ။

ဖုန္းတို႔ပိုက္ဆံတို႔ပါသြားတာေတြရွိတယ္။ တစ္ခ်ိဳ႕လည္းရွက္ေတာ့မေျပာဘူး။

ခုကေတာ္ေတာ္လြန္လာလို႔ ေပါင္းၿပီးဖမ္းၾကတာ’လို႔ ၎က ေျပာပါတယ္။

လုယက္မႈက်ဴးလြန္သူေတြဟာ သာေကတၿမိဳ႕နယ္ မင္းနႏၵာလမ္းမေပၚရွိ ေက်ာက္တိုင္မွတ္တိုင္ ေ႐ႊပုစြန္မုန႔္တိုက္နဲ႔ ေဒါပုံၿမိဳ႕နယ္ ရန္ေအာင္မွတ္တိုင္ေရကန္အနီးတစ္ဝိုက္

ဗိုလ္တေထာင္ကမ္းနားလမ္းနဲ႔ ပုစြန္ေတာင္ၾကက္ဘဲေဈးနားတဝိုက္ မွာ ညအခ်ိန္ေတြ အုပ္စုဖြဲ႕ၿပီး က်ဴးလြန္ ၾကတယ္လို႔ သိရပါတယ္။

Source – MekongNews

credit