Social media ပေါ်မှာ မလေးရှားငွေ RM5700 လောက်တန်ဖိုးရှိတဲ့ ငါးတစ်ကောင်ကို ဝေမျှပြီးနောက် လျင်မြန်စွာပျံ့နှံ့သွားပြီး ၎င်း post ဟာ ကြီးစွာသော အပြောင်းအလဲတစ်ခုဖြစ်နိုင်ပါတယ် ။ ၎င်းငါးဟာ နောက်ဆုံးပေါ် iPhone ဈေးနှုန်းနဲ့ တူညီနေခဲ့ပါတယ် ။ ငါးက တစ်ကီလိုအတွက် RM500 နဲ့ ငါးတစ်ကောင်လုံးအတွက် RM5700 ဖြစ်ပါတယ် ။ ဒါပေမယ့် လူအများကတော့ ဘာလို့ ဒီငါးက အဲ့လောက်ဈေးကြီးလဲလို့ မေးချင်ကြမယ်ထင်ပါတယ်။
ကောင်းပြီ ဒီငါးဟာ သူ့ရဲ့ရှားပါးမှုကြောင့် ဈေးကြီးပြီး ငါးကို Ikan Empurau (သို့) wang bu liao လို့ ခေါ်ပါတယ် ။ ဒါပေမယ့်တချို့ကဒါကို Ikan Kelah လို့ခေါ်ကြပါတယ် ။ ဒီငါးတွေကို Sarawak မှာ တွေ့နိုင်ပြီး ရှာရတော်တော်ခက်တဲ့ ငါးမို့လို့ ဈေးကြီးတဲ့အပြင် ၎င်းငါးက အလွန်းကောင်းမွန်တဲ့ အရသာလည်း ရှိနေပါတယ် ။ လူတွေက ဒီငါးဈေးတံဆိပ်ကို မအံ့သြဘဲမနေနိုင်ခဲ့တာကြောင့် မှတ်ချက်များပေးရန် ထွက်လာကြပါတယ် ။ လူအများစုက ငါးကဘယ်လောက်အရသာရှိသလဲ ဆိုပြီး ပြောကြပါတယ် ။ အချို့လူက ငါးက ဈေးကြီးတယ်ဆိုပေမဲ့ ဒီလိုရှားပါးငါးကို ဖမ်းနိုင်လို့ ဂုဏ်ပါတယ်လို့ ဆိုခဲ့ပါတယ် ။
JRose (KB Chimmy One)
Reference : redchili21
Zawgyi
JRose (KB Chimmy One)