ငွေလဲနှုန်း အကျပ်အတည်းကို ကိုင်တွယ်နေပြီး ဈေးတွေက ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲ ထိန်းချုပ်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ စစ်ကောင်စီခန့် ဗဟိုဘဏ် အကြီးတန်းအရာရှိကြီးတဦးက ပြောပါတယ်။
ဒါပေမဲ့ မြန်မာကျပ်ငွေရဲ့တန်ဖိုးက ၆၀ % ကျော် လျော့နည်းသွားခဲ့တဲ့အတွက် အစားအသောက်နဲ့ ဓာတ်ဆီ၊ ဒီဆယ်ဆီဈေးတွေက ထိုးတက်သွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စီးပွါးရေးကျဆင်းလာခဲ့တာဟာ ပမာဏအားဖြင့် ၁၈ % နည်းသွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ် နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့က ပြောခဲ့ကြပါတယ်။
ပို့ကုန်ကရရှိခဲ့တဲ့ နိုင်ငံခြားငွေတွေကို လက်ခံရရှိပြီး ရက် ၃၀ အတွင်း ပြန်ရောင်းရမယ်လို့ ဗဟိုဘဏ် က ပြဌာန်းသတ်မှတ်ခဲ့တာကြောင့် ဈေးကွက်မှာ နိုင်ငံခြားငွေ
ပြန်များလာပြီး ငွေလဲနှုန်းကို ပြန်ချပေးလိမ့်မယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောပါတယ်။ “ပုံမှန် ဖြစ်သင့်တဲ့နှုန်းကို ပြန်ကျ လာနေတယ်” လို့ ရိုက်တာ သတင်းဌာနကို ဖုန်းနဲ့ ပြောခဲ့တာပါ။
စီးပွါးရေး ပြဿနာတွေ ဖြစ်ရတာဟာ ပြည်ပအကြောင်းအချက်နဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်တယ် လို့ စစ်ကောင်စီက ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။
ဈေးကွက်ရဲ့ ဒေါ်လာငွေ လိုအပ်ချက်ကို ဗဟိုဘဏ်က ဖြည့်ဆည်း မပေးနိုင်ဘူးလို့ ပြေရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပြီး နိုဝင်ဘာ ဒီဇင်ဘာမှာ ပို့ကုန် ပြန်တက်လာတာက ငွေလဲနှုန်းကျဖို့ အထောက်အကူ ဖြစ်မယ်လို့ ဦးဝင်းသော်က ဆိုပါတယ်။
အာဏာမသိမ်းမီက တဒေါ်လာ ၁,၃၉၅ ကျပ် ငွေလဲနှုန်းဟာ ဒီနှစ် စက်တင်ဘာ ၂၈ ရက်နေ့ မှာ ၂,၇၀၀ အထိ ဖြစ်ခဲ့ပါတယ်။
နိုင်ငံခြား အရံငွေ ဘယ်လောက်ရှိတယ်ဆိုတာကို ဗဟိုဘဏ်က မထုတ်ပြန်ပါဘူး။၂၀၂၀ နှစ်ကုန်အထိတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရံငွေက ၇.၆၇ ဘီလီယံ ရှိခဲ့တယ်လို့ ကမ္ဘာ့စာရင်းများက ပြပါတယ်။
————
ေငြလဲႏႈန္း အက်ပ္အတည္းကို ကိုင္တြယ္ေနၿပီး ေဈးေတြက ဗဟိုဘဏ္ရဲ႕ စီမံခန႔္ခြဲ ထိန္းခ်ဳပ္ႏိုင္မယ့္ လမ္းေၾကာင္းေပၚ ေရာက္ေနၿပီလို႔ စစ္ေကာင္စီခန႔္ ဗဟိုဘဏ္ အႀကီးတန္းအရာရွိႀကီးတဦးက ေျပာပါတယ္။
ဒါေပမဲ့ ျမန္မာက်ပ္ေငြရဲ႕တန္ဖိုးက ၆၀ % ေက်ာ္ ေလ်ာ့နည္းသြားခဲ့တဲ့အတြက္ အစားအေသာက္နဲ႔ ဓာတ္ဆီ၊ ဒီဆယ္ဆီေဈးေတြက ထိုးတက္သြားခဲ့ပါတယ္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီးကတည္းက စီးပြါးေရးက်ဆင္းလာခဲ့တာဟာ ပမာဏအားျဖင့္ ၁၈ % နည္းသြားခဲ့တယ္လို႔ ကမာၻ႔ဘဏ္ နဲ႔ အာရွ ဖြံ႕ၿဖိဳးေရးဘဏ္တို႔က ေျပာခဲ့ၾကပါတယ္။
ပို႔ကုန္ကရရွိခဲ့တဲ့ ႏိုင္ငံျခားေငြေတြကို လက္ခံရရွိၿပီး ရက္ ၃၀ အတြင္း ျပန္ေရာင္းရမယ္လို႔ ဗဟိုဘဏ္ က ျပဌာန္းသတ္မွတ္ခဲ့တာေၾကာင့္ ေဈးကြက္မွာ ႏိုင္ငံျခားေငြ
ျပန္မ်ားလာၿပီး ေငြလဲႏႈန္းကို ျပန္ခ်ေပးလိမ့္မယ္လို႔ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဝင္းေသာ္က ေျပာပါတယ္။ “ပုံမွန္ ျဖစ္သင့္တဲ့ႏႈန္းကို ျပန္က် လာေနတယ္” လို႔ ႐ိုက္တာ သတင္းဌာနကို ဖုန္းနဲ႔ ေျပာခဲ့တာပါ။
စီးပြါးေရး ျပႆနာေတြ ျဖစ္ရတာဟာ ျပည္ပအေၾကာင္းအခ်က္နဲ႔ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျဖစ္တယ္ လို႔ စစ္ေကာင္စီက ၿပီးခဲ့တဲ့အပတ္က ေျပာခဲ့ပါတယ္။
ေဈးကြက္ရဲ႕ ေဒၚလာေငြ လိုအပ္ခ်က္ကို ဗဟိုဘဏ္က ျဖည့္ဆည္း မေပးႏိုင္ဘူးလို႔ ေျပေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့ၿပီး ႏိုဝင္ဘာ ဒီဇင္ဘာမွာ ပို႔ကုန္ ျပန္တက္လာတာက ေငြလဲႏႈန္းက်ဖို႔ အေထာက္အကူ ျဖစ္မယ္လို႔ ဦးဝင္းေသာ္က ဆိုပါတယ္။
အာဏာမသိမ္းမီက တေဒၚလာ ၁,၃၉၅ က်ပ္ ေငြလဲႏႈန္းဟာ ဒီႏွစ္ စက္တင္ဘာ ၂၈ ရက္ေန႔ မွာ ၂,၇၀၀ အထိ ျဖစ္ခဲ့ပါတယ္။
ႏိုင္ငံျခား အရံေငြ ဘယ္ေလာက္ရွိတယ္ဆိုတာကို ဗဟိုဘဏ္က မထုတ္ျပန္ပါဘူး။၂၀၂၀ ႏွစ္ကုန္အထိေတာ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံျခား အရံေငြက ၇.၆၇ ဘီလီယံ ရွိခဲ့တယ္လို႔ ကမာၻ႔စာရင္းမ်ားက ျပပါတယ္။