ၾကားသိရသမွ်

မွေးကတည်းကအငယ်ဆုံးလေးဆိုတဲ့အသိနဲ့ချစ်တတ်လွန်းတဲ့မေမေရေ…ရင်ကွဲလွမ်းနာကျရပြီမေမေ..

ရင်ကွဲလွမ်းနာကျရပြီမေမေ

မေမေ မွေးကတည်းကအငယ်ဆုံးလေးဆိုတဲ့အသိနဲ့ချစ်တတ်လွန်းတဲ့မေမေ ခုတော့မေမေ့ကိုမမြင်တဲ့အပြင် မေ့မေ့ကိုပြန်ချစ်ပြီးဝေယျာဝစ္စတွေပြန်လုပ်ပေးဖို့ဘုရားပေးထားတဲ့ ခြေထောက် တစ်ဖက်ဘယ်နားမှသိမ်းထားပေးတာလဲ မေမေ

သမီးမွေးလာတော့ ငါ့သမီးလေးပညာတတ်ကြီးဖြစ်လာရင် ဘွဲ့တွေရလာရင် ငါ့သမီးလေးအတွက်ပျော်ရွှင်တဲ့ မျက်နှာနဲ့ အပြူံးလေးတွေ အနမ်းလေးတွေပေးမယ်ဆိုတဲ့ခံစားချက်အမြဲထား တဲ့မေမေရေ

မေမေ့ကိုမမြင်ရသည့်အပြင် သမီးကျောင်းသွားဖို့ ခြေထောက်တစ်ဖက်က ဘုရားသခင်ကခဏ သိမ်းပေးသွားတာလား မေမေ
မေ့မေ့အပြူံးတွေကို အကုန်ပေးခဲ့ လောကမှာရှိတဲ့နတ်ကညာတွေထက် အပြူံးကလှ လူလေးက တစ်လောက လုံးကိုနွေးစေအောင် ကြင်နာတတ်တဲ့

စိတ်ဓာတ်အပြည့်ရှိအောင် မေမေသမီးကိုပေးခဲ့တယ်လေ ခုတော့ မေမေ့ကိုမတွေ့ရတဲ့အပြင် သမီးအပြူံးချိုချိုနဲ့သူငယ်ချင်းတွေဆက်လက် ကစားနိုင်ဖို့ ခြေထောက်တစ်ဖက်က ဟိုနေ့ကတောင်ရှိသေးတယ်လေဘယ်ရောက်သွားတာလဲ မေမေ

မေမေရေ…..မေမေရေ…ခေါ်တာထူးပါအုံး…

မေမေ ခွက်ကျွေးတဲ့ ထမင်းတစ်လုတ် ဟင်းတစ်မယ်ကို သောက်စားပြီး မေမေ့ဆီကျီကျ ချင်ပါသေးတယ်…မေမေရေ ကြားလား ဟင်

စစ်ဘီလူး အာဏာရူးတွေကြောင့်အိမ်တွေ စွန့်ပြီးခြေပလာနဲ့ ပြေးခဲ့ရတဲ့ချိန် မေမေ သမီး ကို ပိုးခဲ့ပြီးမငိုနဲ့ဆိုပြီး ရင်ခွင်ထဲထားခဲ့တယ်လေ……..

မေမေ….မေမေရေ….ပြန်လာပါတော့ သမီးအငိုလဲတိတ်နေပါပြီ

မေမေ့ဆီက သမီးရေ သမီးရေ ဆိုတဲ့ခေါ်သံပြန်ကြား ရရင်ရပြီ မေမေမေမေ့ကိုခေါ်တာမေမေမထူးပေးရင်သမီး ဒဏ်ရာကပိုနာကျင်လို့ပါ မေမေ….

စစ်ဘေးရှောင်ရင်း စစ်ဘေးရှောင်စခန်းမှာမေမေ သမီး ဝရင်ရပြီဆိုပြီး အမေမစား ဘဲသမီးကိုပေးခဲ့ အမဲသားတစ် တုံး မေမေစားနေကြ ထမင်းပုကန်လေးကိုသတိယနေပါပြီ မေမေ….

စစ်ဘေးရှောင်တာ ၇လကြာတော့ မေမေ ပျော်ပျော်နဲ့ပဲ သမီးကို အိမ်ပြန်ခေါ်သွားတယ်နော်…

ပျော်ပျော်နဲ့ပဲပြန်ခဲ့ကြတယ်မေမေ က သမီး ရေ မငိုနဲ့နော်သမီး ငိုရင် စစ်သားတွေလာကြလိမ့်မယ်လို့မေမေ ပြောလို့ သမီး တို့ ကလေးတွေရဲ့ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ မဆော့ရတဲ့အပြင် သမီးစစ်သား တွေလာမှာ ကြောက်ပြီး မငို ကျွေးခဲ့ဘူးလေ……..💔

မေမေရေ…..သမီးကိုလာကြည့်ပါအုံးအတိုးချပြီးငိုနေရတယ်..

မေမေရေသမီး နဲ့တောင်ယာက အပြန်တောင် မေမေပုံပြင်လေး တစ်ပုဒ် ပြောပြသေးတယ်လေ…..

ပုံပြင်ကဘာတဲ့ မေမေ… ..အပြူံးချို သူတို့ ရင်ကွဲနာကျခြင်း….အပြူံးချိုသူတို့ရဲ့ ပေးဆပ်ခြင်း.. အပြူံးချိုသူတို့ရဲ့ နောက်ဆုံးတွေ့ဆုံခြင်းတဲ့လာ

မေမေမေမေရေ….သမီးရင်ကွဲနာကျပြီမေမေသမီးရဲ့ပါးဖောင်းဖောင်းလေးကို အာဘွား လါပေးပါအုံး,. …..

မေမေရေ………သမီးရင်ကွဲနာကျပြီမေမေသမီးကိုတွဲပြီး ​ခြောက်၂ဖက်လုံးနဲ့လမ်းလာလျှောက်ခိုင်းပါအုံး…….

သူများတွေပြောပြောနေတဲ့ရင်ကွဲနာကျတယ်ဆိုတာအဲလို ဘဝ လား မေမေရေ…..

မေမေ့ကို သမီးသိပ်ချစ်တယ်မေမေ..လောက ဒဏ်ကို ကြံ့ခံပြီး ဘဝကိုရုန်းကန်ရအောင်ထားခဲ့လို့ မေမေ့ကို အရမ်းချစ်တယ်မေမေရေ…..

ငါးရက်ဆယ့်နှစ်လနှစ်ထောင့်နှစ်ဆယ့်တစ်ကိုမှတ်ထားတယ် မေမေရေ…..

ဇလပ်သွေး(Mindat)