ကြားသိရသမျှ

pdf က ပြည်သူတွေကို ရိုက်တယ်ဆိုပြီးဂယက်ထနေတဲ့ video ကိစ္စသတင်းမှန်လေးပြောပါရစေ….. B

ဒီ video ကိစ္စ ဂယက်ထနေလို့ သတင်းမှန်လေးပြောပါရစေ

ထို video file ဖြစ်စဉ်က ရွှေဘိုနယ် ငါးတင်းကြီးရွာမှာ လွန်ခဲ့တဲ့ တစ်လကျော် နှစ်လကျော်လောက်က ဖြစ်ခဲ့တဲ့ video မှတ်တမ်းဖိုင်ဖြစ်ပြီး၊ အကြမ်းဖက်စစ်တပ်ဘက်က meeရှို့လို့ အလုံးစုံနီးပါး ပျက်စီးသွားတဲ့ရွာဘက်ကို

အခြားရွာဘက်က နယ်ခံတွေက ဒန်အိုးပေါက်တွေ သံတိုသံစတွေ အသုံးပြုလို့ရနိုင်သေးတဲ့ အကြွင်းအကျန်တွေကို အောက်ဈေးနဲ့ဝယ်ဖို့ သွားရောက်ကြတဲ့ ရွာသူရွာသားတွေဖြစ်ပြီး၊

ထိုရွာသားတွေကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အပြစ်ပေးတဲ့သဘောနဲ့ တစ်ယောက် (၃)ချက်စီရိုက်ပြီး ပြန်လွှတ်ပေးတဲ့ ကေ့စ်ပါ။

ပြီးတော့ တချို့တေ ရေးနေ ပြေနေကြသလို ရှေးဟောင်းပစ္စည်းတွေ တူးဖော်တာကို တိုးတိုးတိတ်တိတ် မတူးဖော်ပဲ လိုင်းပေါ်တင်ပြီးဖွလို့ စခတွေ ငပျူတွေက သိရှိသွားပြီး ထိုနေရာကို မောပိုင်စီးဖို့အတွက် ပြည်သူတွေကို ရိုက်နှက်နေတာမျိုးလဲ မဟုတ်ပါ။

စခတွေဆိုရင် ပြည်သူတွေ အသက်အန္တရာယ် ထိခိုက်ပြီးနေလောက်ပြီ။ ပြသနာအမှန်က ထိုသို့ meeရှို့ခံရတဲ့ ရွာတွေဆီကို အကြမ်းဖက်စစ်ကောင်စီတပ်မှ စခတွေနောက်တစ်ကြိမ်ပြန်လာနိုင်တာမို့ နယ်မြေခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဆွဲမိုင်းတွေဆင်ထားတာမို့ အခြားရွာသူရွာသားတွေကို အဲ့ဘက်ကို မလာကြဖို့ ထုတ်ပြန်ကြေညာထားပါသေးတယ်။

ဒါကိုမသိပဲလား သိသိရက်နဲ့ပဲလားတော့မသိ အခုလိုရောက်လာကြလို့ ကြိမ်ဒဏ်နဲ့ပဲ အပြစ်ပေးပြီးပြန်လွှတ်ပေးခဲ့ခြင်းပါ။

ဆွဲမိုင်းတစ်ခုလုပ်ရတာလည်း မလွယ်သလို ကုန်ကျစရိတ်ကလည်း အရမ်းများတယ်ဆိုတာ စာဖတ်သူတို့ သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ ထိုဆွဲမိုင်းနဲ့ ထောင်ခါစမှာ စခတွေမထိပဲ ကိုယ်ပြည်သူတွေထိမှာစိုးလို့ ကိုယ်တွေရဲ့ pdf တွေက နောင်ကျဉ်သွားအောင် ပြုမူပေးတဲ့ သဘောရိုးပဲရှိပါတယ်။ အဲ့ဒါလေးလာပြောပြတာပါ။

Crd

ဂယက်ထနေတဲ့ video ကိစ္စသတင်းမှန်လေးပြောပါရစေ