မေကြီး ပျောက်ဆုံးခဲ့စဉ်က ဖြစ်စဉ်ကိုရှင်းပြပါ့မယ်။
မေကြီးက ၂၀၂၀ ခုနှစ် ၂ လပိုင်း ၁၆ ရက်နေ့ညနေက သမိုင်းဘူတာဈေးမှဈေးဝယ်ပြီး အိမ်သို့အပြန်
နံပါတ် ၁၅ ကားပေါ်မတက်ခင်မှာ အမျိုးသမီးတစ်ဦးက ဒူးနာနေလို့ သူ့ကိုကားပေါ်တွဲတင်ပေးဖို့ အကူအညီတောင်းပါတယ်။
ကားပေါ်မှာ ဘေးချင်းကပ်နေရာရပြီး သမိုင်းလမ်းဆုံနားလောက်အရောက်မှာ မေကြီးကို “အစ်မ ခေါင်းမူးနေလား…
ဒီမှာရှူဆေး” ဆိုပြီး နှာခေါင်းနားကို လက်ကလာပြီးတို့ပါတယ်။
မေကြီးက ချိုချိုအီအီအနံ့ကြီးရလို့ ချက်ချင်းပုတ်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန် နောက်ပိုင်းကစပြီး ဘာဖြစ်တယ်ဆိုတာကို မမှတ်မိပါဘူး။
နောက်နေ့မနက်ဝေလီဝေလင်းလောက်မှာ ပျဉ်းမနားဘူတာရုံရောက်နေတယ်ဆိုပြီး အနားကသူတွေလာနှိုးမှ သတိဝင်လာပါတယ်။
ပျဉ်းမနားက ကန်ဦး မဟာစည်ဘုန်းကြီးကျောင်းမှာ တည်းခိုပြီး တပတ်အကြာမှာ အိမ်နဲ့
အဆက်အသွယ်ပြန်ရပြီး ပျဉ်းမနားကနေ ရန်ကုန်နေအိမ်ကို ပြန်ရောက်နေပါပြီ။
ဖုန်းနဲ့ ပိုက်ဆံ ၁ သိန်းခွဲနီးပါးပါသွားပါတယ်။ လူတော့ဘာထိခိုက်ဒဏ်ရာမှမရှိပါဘူး… စိတ်ပူပေးကြသူများ၊
သတင်းမေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။
ယခင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ တို့ဆေး အဖြစ်အပျက် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လက်ရှိအချိန်မှာလည်း တို့ဆေးနဲ့ ပတ်သက်တဲ့ မှုခင်းတွေ မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတာကြောင့်
အထူးဂရုစိုက် နေထိုင်ကြပါလို့ အသိပေးလိုက်ပါတယ် ခင်ဗျာ။
Credit to orginal
zawgyi,
ေမႀကီး ေပ်ာက္ဆုံးခဲ့စဥ္က ျဖစ္စဥ္ကိုရွင္းျပပါ့မယ္။
ေမႀကီးက ၂၀၂၀ ခုႏွစ္ ၂ လပိုင္း ၁၆ ရက္ေန႔ညေနက သမိုင္းဘူတာေဈးမွေဈးဝယ္ၿပီး အိမ္သို႔အျပန္
နံပါတ္ ၁၅ ကားေပၚမတက္ခင္မွာ အမ်ိဳးသမီးတစ္ဦးက ဒူးနာေနလို႔ သူ႔ကိုကားေပၚတြဲတင္ေပးဖို႔ အကူအညီေတာင္းပါတယ္။
ကားေပၚမွာ ေဘးခ်င္းကပ္ေနရာရၿပီး သမိုင္းလမ္းဆုံနားေလာက္အေရာက္မွာ ေမႀကီးကို “အစ္မ ေခါင္းမူးေနလား…
ဒီမွာရႉေဆး” ဆိုၿပီး ႏွာေခါင္းနားကို လက္ကလာၿပီးတို႔ပါတယ္။
ေမႀကီးက ခ်ိဳခ်ိဳအီအီအနံ႔ႀကီးရလို႔ ခ်က္ခ်င္းပုတ္ထုတ္လိုက္ပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္ ေနာက္ပိုင္းကစၿပီး ဘာျဖစ္တယ္ဆိုတာကို မမွတ္မိပါဘူး။
ေနာက္ေန႔မနက္ေဝလီေဝလင္းေလာက္မွာ ပ်ဥ္းမနားဘူတာ႐ုံေရာက္ေနတယ္ဆိုၿပီး အနားကသူေတြလာႏႈိးမွ သတိဝင္လာပါတယ္။
ပ်ဥ္းမနားက ကန္ဦး မဟာစည္ဘုန္းႀကီးေက်ာင္းမွာ တည္းခိုၿပီး တပတ္အၾကာမွာ အိမ္နဲ႔
အဆက္အသြယ္ျပန္ရၿပီး ပ်ဥ္းမနားကေန ရန္ကုန္ေနအိမ္ကို ျပန္ေရာက္ေနပါၿပီ။
ဖုန္းနဲ႔ ပိုက္ဆံ ၁ သိန္းခြဲနီးပါးပါသြားပါတယ္။ လူေတာ့ဘာထိခိုက္ဒဏ္ရာမွမရွိပါဘူး… စိတ္ပူေပးၾကသူမ်ား၊
သတင္းေမးၾကသူမ်ားကိုလည္း ေက်းဇူးတင္ပါတယ္။
ယခင္တုန္းက ျဖစ္ပ်က္ခဲ့တဲ့ တို႔ေဆး အျဖစ္အပ်က္ အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။
လက္ရွိအခ်ိန္မွာလည္း တို႔ေဆးနဲ႔ ပတ္သက္တဲ့ မႈခင္းေတြ ျမန္မာႏိုင္ငံတဝွမ္းမွာ ျဖစ္ပြားေနတာေၾကာင့္
အထူးဂ႐ုစိုက္ ေနထိုင္ၾကပါလို႔ အသိေပးလိုက္ပါတယ္ ခင္ဗ်ာ။
Credit to orginal