လားရႈိးၿမိဳ႕နယ္ မတ္ခ်ီးႏုေက်း႐ြာအနီးမွာျဖစ္ပြားခဲ့တဲ့ လူသတ္မႈမွတရားခံအား ေဖာ္ထုတ္ႏိုင္ခဲ့…
ဇြန္(၁၉)၊လားရႈိး ၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရႈိးၿမိဳ႕နယ္ တာပုံေက်း႐ြာအုပ္စုရွိ မတ္ခ်ီးႏုေက်း႐ြာအနီးကားလမ္းေဘးခ်ဳံပုတ္အတြင္း ပုတ္ပြေသဆုံးေနေသာ အမ်ိဳးသမီး(၂)ဦးအား သတ္ခဲ့ၿပီး
အေလာင္းေဖ်ာက္ဖ်က္ခဲ့သူအား လားရႈိးၿမိဳ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ား၏ႀကိဳးစားေဖာ္ထုတ္မႈအရ ဖမ္းဆီးရမိခဲ့ၿပီျဖစ္ၿပီး တရားခံမွာလည္း၄င္းက်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံခဲ့သည္ဟုသိရသည္။
ျဖစ္စဥ္မွာ လားရႈိးၿမိဳ႕နယ္ မတ္ခ်ီးႏုေက်း႐ြာအုပ္စု မတ္ခ်ီးႏုေက်း႐ြာႏွင့္ (၅)မိုင္ခန႔္အကြာ အေရွ႕ေျမာက္ဘက္သခ်ၤ ိုင္းကုန္းသြားလမ္းဝဲဘက္ ခ်ဳံေတာထဲတြင္အမည္မသိအမ်ိဳးသမီး(၂)ဦးအား
ေျခလက္မ်ားကို ႏိုင္လြန္ႀကိဳးအျဖဴျဖင့္တုတ္လ်က္ ေသဆုံးေနသည္ကိုေတြ႕ရွီရၿပီး ၄င္းတို႔အနီးတြင္လည္း အနီေရာင္ေခါင္းအုံး(၁)လုံး၊အညိဳေရာင္ေစာင္(၁)ထည္၊အနီေရာင္ေမြ႕ယာ(၁)ခုကိုလည္းေတြ႕ရွိရသည္ဟု
၂၀၂၀ ခုႏွစ္ ဇြန္လ(၁၆)ရက္ေန႔ နံနက္ပိုင္းက ေက်း႐ြာတာဝန္ရွိသူက လားရႈိးနယ္ေျမရဲစခန္းသို႔လာေရာက္သတင္းပို႔ရာမွ စတင္ခဲ့သည္။
ေသဆုံးေနသည့္ အေလာင္းမ်ားအား လားရႈိးၿမိဳ႕မွ လူမႈကူညီေရးကားမ်ားျဖင့္လားရႈိးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔အပ္ႏွံခဲ့ၿပီး ဒုရဲအုပ္သိန္းဝင္းထြန္းမွ တရားလိုျပဳလုပ္ကာ တိုင္တန္း၍အမႈ႕ဖြင့္လွစ္ခဲ့သည္ဟုဆိုသည္။
ထို႔ေနာက္လားရႈိးၿမိဳ႕မွ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မႉး၊လားရႈိးခ႐ိုင္ရဲတပ္ဖြဲ႕မႉး ၊ လားရႈိးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး တို႔၏ အနီးကပ္လမ္းၫႊန္မႈျဖင့္ လားရႈိးနယ္ေျမရဲစခန္းမႉး ရဲအုပ္ေဇာ္လႈိင္ထြန္း ဦးစီးၿပီး
နယ္ေျမရဲစခန္းမွ ေခတၱနယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ဟိန္းဇာနည္ထြန္းအပါအဝင္ရဲတပ္ဖြဲ႕ဝင္မ်ားက မသကၤာသူမ်ားအားစုံစမ္းေထာက္လွမ္းခဲ့ၿပီး မသကၤာသူ(၄)ဦးအား ေခၚယူစစ္ေဆးခဲ့သည္ဟု
ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက Lashio News Agecny သို႔ေျပာျပသည္။ထို႔သို႔စစ္ေဆးေဆာင္႐ြက္ခဲ့ရာမွ မသကၤာတရားခံတစ္ဦးျဖစ္သူ ခ်စ္ကို(ခ)ပိုင္စိုးေအာင္ ၊အသက္(၃၂)ႏွစ္ ယာဥ္ေမာင္း ရပ္ကြက္(၉)၊
နယ္ေျမ(၉)ေနသူအား စစ္ေဆးခဲ့ရာ၄င္းသည္ လြန္ခဲ့ေသာ(၃)ႏွစ္ခန႔္ကစ၍ မန္ဆူကားဂိတ္တြင္ အဌားယာဥ္ေမာင္းအျဖစ္လုပ္ကိုင္ေနစဥ္ ေသဆုံးသူ ေဒၚ…….မွ ပဲခူးၿမိဳ႕သို႔ သြားေရာက္ရန္ကားဌားခဲ့ေၾကာင္း၊
ထို႔ေနာက္ ၄င္းတို႔(၂)ဦးအလြန္အမင္းရင္းႏွီးခဲ့ၿပီး ခ်စ္ကိုမွာ အဌားယာဥ္ေမာင္းအျဖစ္မွ ကိုယ္ပိုင္ယာဥ္ျဖင့္သာ ခရီးစဥ္မ်ားေျပးဆြဲျခင္းလုပ္ငန္းဆက္လက္လုပ္ကိုင္ခဲ့သည္ဟုသိရသည္။
ထို႔သို႔ရင္းႏွီးဆက္ဆံမႈမ်ားလာခ်ိန္တြင္ ေဒၚ……. မွ ၄င္းကိုတရားဝင္လက္ထပ္ေပါင္းသင္းရန္ ခ်စ္ကိုအား မၾကာခဏေျပာဆိုခဲ့သည္ဟုသိရသည္။ ထို႔အျပင္ ေဒၚ……မွာ ခ်စ္ကို၏ေနအိမ္အေရွ႕သို႔ မၾကာခဏေရာက္လာၿပီး
ဆူပူေအာ္ဟစ္ေျပာဆိုျခင္းမ်ားလည္းရွိခဲ့သည္ဟုဆိုသည္။အမႈျဖစ္ပြားမည့္ ရက္မေရာက္မီ ၂၀၂၀ ခုႏွစ္ ဇြန္လ(၁၀)ရက္ေန႔ နံနက္ပိုင္းက ခ်စ္ကိုသည္ ရပ္ကြက္(၉)ေနအိမ္မွတစ္ဆင့္ MDY-6E/4964 Wish
အမ်ိဳးအစားအျဖဴေရာင္ယာဥ္ျဖင့္ ေဒၚ…… ေနထိုင္ရာ ရပ္ကြက္(၁၂)၊နယ္ေျမ(၇)ဟက္ကာလမ္းရွိေနအိမ္သို႔ သြားေရာက္ကာ လက္ဘက္ရည္ေသာက္မည္ဟုေခၚေဆာင္ကာ
ကုန္စုံဆိုင္တစ္ခုမွ Blue Mountain တံဆိပ္လိေမၼာ္ရည္(၄)ဗူးႏွင့္ ေရသန႔္(၁)ဗူးအား ဝယ္ၿပီးၿပီး ေဒၚ……၏ ညီမဝမ္းကြဲျဖစ္သူေသဆုံးသူေနာက္တစ္ဦးျဖစ္သည့္ နန္းေလာင္ခမ္း အား ဖုန္းဆက္ကာ
သြားေရာက္ေခၚေဆာင္၍ ေရကန္ေတာင္ ကန္အမွတ္(၁၄)သို႔သြားေရာက္ခဲ့သည္ဟုသိရသည္။ထို႔ေနာက္ ခ်စ္ကိုမွ ေသဆုံးသူ(၂)ဦးမရွိခ်ိန္တြင္ အခ်ိဳရည္(၂)ဗူးအတြင္းသို႔ အသင့္ယူေဆာင္လာသည့္
အိပ္ေဆး(၁၀)လုံးစီအားႀကိတ္ ထည့္ကာ ေသဆုံးသူ(၂)ဦးအား တိုက္ခဲ့သည္။ထို႔ေနာက္ ကားေလေအးေပးစက္ႏွင့္ သီးခ်င္းဖြင့္ထားစဥ္ ေသဆုံးသူ(၂)ဦးအိပ္ေပ်ာ္သြားခဲ့ရာမွ ကားထဲတြင္အသင့္ယူေဆာင္လာသည့္
ႏိုင္လြန္က်စ္ႀကိဳးျဖင့္ ေသဆုံးသူ(၂)ဦးအား တုတ္ေႏွာင္ကာ ပါးစပ္မ်ားကိုလည္းတိတ္အၾကည္ျဖင့္ ပိတ္ထားခဲ့ၿပီး ကားမွန္မ်ားအလုံပိတ္၍ ကားစက္ရပ္ကာ ခ်စ္ကိုက အနီးနားတြင္လမ္းေလွ်ာက္ေနခဲ့သည္ဟု ထြက္ဆိုသည္။
ထို႔ကဲ့သို႔ျပဳလုပ္ၿပီး (၃)နာရီခန႔္ၾကာေသာအခ်ိန္တြင္ ကားတံခါးအားျပန္လည္ဖြင့္ၾကည့္စဥ္ ေဒၚ……. ႏွင့္ နန္းေလာင္ခမ္းတို႔မွာ အသက္မရႈေတာ့ပဲ ၿငိမ္သက္ေနသည္ကိုေတြ႕ရသျဖင့္ အမွန္တစ္ကယ္ေသဆုံးေနျခင္း
ရွိမရွိကို ပိတ္ထားသည့္ တိတ္အားဖြင့္လွစ္ကာ ၾကည့္ရႈ႕စဥ္ အမွန္တစ္ကယ္ေသဆုံးေနေၾကာင္းေတြ႕ရသည္ဟု တရားခံခ်စ္ကိုမွ ရဲတပ္ဖြဲ႕သို႔ထြက္ဆိုသည္။
ထို႔ေနာက္ေသဆုံးေနသူ(၂)ဦးအား စြန႔္ပစ္ရန္လူသူအေရာက္အေပါက္နည္းသည့္ မတ္ခ်ီးႏုေက်း႐ြာကားလမ္းေဘးရွိ ၿခဳံပုတ္အတြင္းသို႔ပစ္ထားခဲ့ကာ အေလာင္းေဖ်ာက္ဖ်က္ခဲ့ေၾကာင္းႏွင့္ကားေပၚတြင္ပါလာေသာ
အနီေရာင္ေခါင္းအုံး(၁)လုံး၊အညိဳေရာင္ေစာင္(၁)ထည္၊အနီေရာင္ေမြ႕ယာ(၁)ခုကိုလည္းလႊင့္ပစ္ခဲ့ေၾကာင္း၊ေသဆုံးသူအေလာင္းမ်ားေတြ႕ရွိေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာတြင္ေတြ႕ရွိခဲ့ေသာ္လည္း
ဟန္မပ်က္ေနထိုင္ခဲ့ၿပီး ဇြန္လ(၁၆)ရက္ေန႔ ညပိုင္းတြင္ ရဲတပ္ဖြဲ႕မွ ေခၚယူစစ္ေဆးခံရၿပီး ျပစ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံခဲ့ျခင္းျဖစ္သည္ဟု လားရႈိးနယ္ေျမရဲစခန္းတြင္ တရားခံ၏ထြက္ဆိုခ်က္အရသိရသည္။
အမႈမွ ျပစ္မႈက်ဴးလြန္သူတရားခံ ခ်စ္ကို(ခ)ပိုင္စိုးေအာင္အား တရားစြဲတင္ပို႔ႏိုင္ေရးအတြက္ လားရႈိးနယ္ေျမရဲစခန္းမွ ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း ကနဦးသတင္းရရွိသည္။
Credit to သတင္း- သိန္းမင္းထြန္း(လားရႈိး)/Lashio News Agency
ဓါတ္ပုံ – လားရႈိးနယ္ေျမရဲစခန္း
Unicode Version
လားရှိုးမြို့နယ် မတ်ချီးနုကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှတရားခံအား ဖော်ထုတ်နိုင်ခဲ့…
ဇွန်(၁၉)၊လားရှိုး ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် တာပုံကျေးရွာအုပ်စုရှိ မတ်ချီးနုကျေးရွာအနီးကားလမ်းဘေးချုံပုတ်အတွင်း ပုတ်ပွသေဆုံးနေသော အမျိုးသမီး(၂)ဦးအား သတ်ခဲ့ပြီး
အလောင်းဖျောက်ဖျက်ခဲ့သူအား လားရှိုးမြို့မှ ရဲတပ်ဖွဲ့ဝင်များ၏ကြိုးစားဖော်ထုတ်မှုအရ ဖမ်းဆီးရမိခဲ့ပြီဖြစ်ပြီး တရားခံမှာလည်း၄င်းကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုသိရသည်။
ဖြစ်စဉ်မှာ လားရှိုးမြို့နယ် မတ်ချီးနုကျေးရွာအုပ်စု မတ်ချီးနုကျေးရွာနှင့် (၅)မိုင်ခန့်အကွာ အရှေ့မြောက်ဘက်သချင်္ ိုင်းကုန်းသွားလမ်းဝဲဘက် ချုံတောထဲတွင်အမည်မသိအမျိုးသမီး(၂)ဦးအား
ခြေလက်များကို နိုင်လွန်ကြိုးအဖြူဖြင့်တုတ်လျက် သေဆုံးနေသည်ကိုတွေ့ရှီရပြီး ၄င်းတို့အနီးတွင်လည်း အနီရောင်ခေါင်းအုံး(၁)လုံး၊အညိုရောင်စောင်(၁)ထည်၊အနီရောင်မွေ့ယာ(၁)ခုကိုလည်းတွေ့ရှိရသည်ဟု
၂၀၂၀ ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ကျေးရွာတာဝန်ရှိသူက လားရှိုးနယ်မြေရဲစခန်းသို့လာရောက်သတင်းပို့ရာမှ စတင်ခဲ့သည်။
သေဆုံးနေသည့် အလောင်းများအား လားရှိုးမြို့မှ လူမှုကူညီရေးကားများဖြင့်လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့အပ်နှံခဲ့ပြီး ဒုရဲအုပ်သိန်းဝင်းထွန်းမှ တရားလိုပြုလုပ်ကာ တိုင်တန်း၍အမှု့ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။
ထို့နောက်လားရှိုးမြို့မှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ၊ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ်လမ်းညွှန်မှုဖြင့် လားရှိုးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လှိုင်ထွန်း ဦးစီးပြီး
နယ်မြေရဲစခန်းမှ ခေတ္တနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟိန်းဇာနည်ထွန်းအပါအဝင်ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသူများအားစုံစမ်းထောက်လှမ်းခဲ့ပြီး မသင်္ကာသူ(၄)ဦးအား ခေါ်ယူစစ်ဆေးခဲ့သည်ဟု
ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Lashio News Agecny သို့ပြောပြသည်။ထို့သို့စစ်ဆေးဆောင်ရွက်ခဲ့ရာမှ မသင်္ကာတရားခံတစ်ဦးဖြစ်သူ ချစ်ကို(ခ)ပိုင်စိုးအောင် ၊အသက်(၃၂)နှစ် ယာဉ်မောင်း ရပ်ကွက်(၉)၊
နယ်မြေ(၉)နေသူအား စစ်ဆေးခဲ့ရာ၄င်းသည် လွန်ခဲ့သော(၃)နှစ်ခန့်ကစ၍ မန်ဆူကားဂိတ်တွင် အဌားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေစဉ် သေဆုံးသူ ဒေါ်…….မှ ပဲခူးမြို့သို့ သွားရောက်ရန်ကားဌားခဲ့ကြောင်း၊
ထို့နောက် ၄င်းတို့(၂)ဦးအလွန်အမင်းရင်းနှီးခဲ့ပြီး ချစ်ကိုမှာ အဌားယာဉ်မောင်းအဖြစ်မှ ကိုယ်ပိုင်ယာဉ်ဖြင့်သာ ခရီးစဉ်များပြေးဆွဲခြင်းလုပ်ငန်းဆက်လက်လုပ်ကိုင်ခဲ့သည်ဟုသိရသည်။
ထို့သို့ရင်းနှီးဆက်ဆံမှုများလာချိန်တွင် ဒေါ်……. မှ ၄င်းကိုတရားဝင်လက်ထပ်ပေါင်းသင်းရန် ချစ်ကိုအား မကြာခဏပြောဆိုခဲ့သည်ဟုသိရသည်။ ထို့အပြင် ဒေါ်……မှာ ချစ်ကို၏နေအိမ်အရှေ့သို့ မကြာခဏရောက်လာပြီး
ဆူပူအော်ဟစ်ပြောဆိုခြင်းများလည်းရှိခဲ့သည်ဟုဆိုသည်။အမှုဖြစ်ပွားမည့် ရက်မရောက်မီ ၂၀၂၀ ခုနှစ် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ချစ်ကိုသည် ရပ်ကွက်(၉)နေအိမ်မှတစ်ဆင့် MDY-6E/4964 Wish
အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် ဒေါ်…… နေထိုင်ရာ ရပ်ကွက်(၁၂)၊နယ်မြေ(၇)ဟက်ကာလမ်းရှိနေအိမ်သို့ သွားရောက်ကာ လက်ဘက်ရည်သောက်မည်ဟုခေါ်ဆောင်ကာ
ကုန်စုံဆိုင်တစ်ခုမှ Blue Mountain တံဆိပ်လိမ္မော်ရည်(၄)ဗူးနှင့် ရေသန့်(၁)ဗူးအား ဝယ်ပြီးပြီး ဒေါ်……၏ ညီမဝမ်းကွဲဖြစ်သူသေဆုံးသူနောက်တစ်ဦးဖြစ်သည့် နန်းလောင်ခမ်း အား ဖုန်းဆက်ကာ
သွားရောက်ခေါ်ဆောင်၍ ရေကန်တောင် ကန်အမှတ်(၁၄)သို့သွားရောက်ခဲ့သည်ဟုသိရသည်။ထို့နောက် ချစ်ကိုမှ သေဆုံးသူ(၂)ဦးမရှိချိန်တွင် အချိုရည်(၂)ဗူးအတွင်းသို့ အသင့်ယူဆောင်လာသည့်
အိပ်ဆေး(၁၀)လုံးစီအားကြိတ် ထည့်ကာ သေဆုံးသူ(၂)ဦးအား တိုက်ခဲ့သည်။ထို့နောက် ကားလေအေးပေးစက်နှင့် သီးချင်းဖွင့်ထားစဉ် သေဆုံးသူ(၂)ဦးအိပ်ပျော်သွားခဲ့ရာမှ ကားထဲတွင်အသင့်ယူဆောင်လာသည့်
နိုင်လွန်ကျစ်ကြိုးဖြင့် သေဆုံးသူ(၂)ဦးအား တုတ်နှောင်ကာ ပါးစပ်များကိုလည်းတိတ်အကြည်ဖြင့် ပိတ်ထားခဲ့ပြီး ကားမှန်များအလုံပိတ်၍ ကားစက်ရပ်ကာ ချစ်ကိုက အနီးနားတွင်လမ်းလျှောက်နေခဲ့သည်ဟု ထွက်ဆိုသည်။
ထို့ကဲ့သို့ပြုလုပ်ပြီး (၃)နာရီခန့်ကြာသောအချိန်တွင် ကားတံခါးအားပြန်လည်ဖွင့်ကြည့်စဉ် ဒေါ်……. နှင့် နန်းလောင်ခမ်းတို့မှာ အသက်မရှုတော့ပဲ ငြိမ်သက်နေသည်ကိုတွေ့ရသဖြင့် အမှန်တစ်ကယ်သေဆုံးနေခြင်း
ရှိမရှိကို ပိတ်ထားသည့် တိတ်အားဖွင့်လှစ်ကာ ကြည့်ရှု့စဉ် အမှန်တစ်ကယ်သေဆုံးနေကြောင်းတွေ့ရသည်ဟု တရားခံချစ်ကိုမှ ရဲတပ်ဖွဲ့သို့ထွက်ဆိုသည်။
ထို့နောက်သေဆုံးနေသူ(၂)ဦးအား စွန့်ပစ်ရန်လူသူအရောက်အပေါက်နည်းသည့် မတ်ချီးနုကျေးရွာကားလမ်းဘေးရှိ ခြုံပုတ်အတွင်းသို့ပစ်ထားခဲ့ကာ အလောင်းဖျောက်ဖျက်ခဲ့ကြောင်းနှင့်ကားပေါ်တွင်ပါလာသော
အနီရောင်ခေါင်းအုံး(၁)လုံး၊အညိုရောင်စောင်(၁)ထည်၊အနီရောင်မွေ့ယာ(၁)ခုကိုလည်းလွှင့်ပစ်ခဲ့ကြောင်း၊သေဆုံးသူအလောင်းများတွေ့ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာတွင်တွေ့ရှိခဲ့သော်လည်း
ဟန်မပျက်နေထိုင်ခဲ့ပြီး ဇွန်လ(၁၆)ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခံရပြီး ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်ဟု လားရှိုးနယ်မြေရဲစခန်းတွင် တရားခံ၏ထွက်ဆိုချက်အရသိရသည်။
အမှုမှ ပြစ်မှုကျူးလွန်သူတရားခံ ချစ်ကို(ခ)ပိုင်စိုးအောင်အား တရားစွဲတင်ပို့နိုင်ရေးအတွက် လားရှိုးနယ်မြေရဲစခန်းမှ ဆက်လက်ဆောင်ရွက်နေကြောင်း ကနဦးသတင်းရရှိသည်။
Credit to သတင်း- သိန်းမင်းထွန်း(လားရှိုး)/Lashio News Agency
ဓါတ်ပုံ – လားရှိုးနယ်မြေရဲစခန်း