ၾကားသိရသမွ်

ဖုန်းကိုင်ခွင့်မရှိ အပြင်ထွက်ခွင့်မရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး သီလရှင် စာသင်တိုက်

စစ္ကိုင္း သက် ဓီတာ(ဗုဒၶသမီးေတာ္မ်ား)စာသင္တိုက္ျဖစ္ပါတယ္၊ စည္းကမ္းအရမ္းႀကီးတယ္လို့ နာမည္ႀကီးပါတယ္။

စာသင္သူသီလရွင္(သိကၡာရွင္)ေပါင္း အပါး ( ၂၅၀) ေက်ာ္ရွိတယ္။ ဖုန္းကိုင္ခြင့္မရွိဘူး။ အျပင္ထြက္ခြင့္ မရွိဘူး…။

တိုက္ထဲမွာ ဓမၼာစရိယ ဘြဲ႕ရေတြ အမ်ားႀကီးပါပဲ။ ဝိနယဝိဒူ ေတြလည္းရွိတယ္ ပါဠိပါရဂူနဲ႔ လကၤာရေတြလည္း ရွိတယ္။ ေအာက္ပါ ပုံမ်ားကေတာ့ စာခ်ဆရာႀကီးမွ
ပါဠိသဒၵါ ပို့ခ်ေနပုံပါ။

မိန္းကေလးေတြလည္း ရဟန္းေတာ္ေတြလို ခက္ခဲနက္နဲတဲ့ဗုဒၶစာေပေတြကို သင္ေနၾကတာ အမ်ားႀကီး ရွိေသးပါလားလို့ အံ့ၾသ မိပါတယ္။

(ေအာက္က ကဗ်ာေလးဖတ္ၿပီး မ်က္ရည္ဝဲမိပါတယ္)

***************

“မိန္းကေလးပဲေလ…..”

မိန္းကေလးပဲေလ…လွခ်င္ရက္ စက္စက္ယို၊

ကပိုကရို ကႏြဲ႕ကလ်ေနခ်င္ေပမယ့္၊ရခဲတဲ့ဘဝကို အလွနဲ႔မတည္ေဆာက္၊

ဓမၼနဲ႔ ေလၽွာက္ခဲ့ၾကသူေတြေပါ့။

မိန္းကေလးပဲေလ…ေပ်ာ္ေပ်ာ္ပါးပါး ေက်ာ့ေက်ာ့ေမာ့ေမာ့၊ၿဖီးလိမ္းပန္းပန္

ေခတ္ပ်ိဳေမေတြလိုလန္းခ်င္ေပမယ့္၊

စိန္နားကပ္ႀကီး နားမွာပန္၊ေရႊေငြကားအၿခံအရံေတြနဲ႔ မေမာ္ဘဲ၊

ဣ‌ေျႏၵတရားနဲ႔ ေပ်ာ္ခဲ့ၾကသူေတြေပါ့။

မိန္းကေလးပဲေလ…ခ်စ္သူရင္ခြင္ ခိုဝင္ယုယ၊အၾကင္နာေဝငွ သမုဒယနဲ႔ေနခ်င္ေပမယ့္၊

အႏုသယ နီဝရဏတရားေတြကိုပယ္၊ေဗာဇၩင္ပြား မဂၢသစၥာနဲ႔ ဘုရားတည္ၾကသူေတြေပါ့။

မိန္းမျမတ္တို့ရဲ့ သိကၡာတရား၊

ဆံေကသာနဲ႔ သနပ္ခါးကို ပယ္၊လမ္းတကာအလယ္ ဆြမ္းဆန္ရပ္၊

လူတကာရဲ့ပါးစပ္က ကဲ့ရဲ့သံေတြျဖတ္ရင္း

ျမတ္ဗုဒၶ သာသနာ့လမ္းစဥ္ကို ရွု၊က်င့္ႀကံအားထုတ္ရင္း

သာသနာျပဳၾကသူေတြေပါ့။ရဟန္းေတာ္ သာမေဏေတြနဲ႔မျခား၊

မိန္းမျမတ္တို့ရဲ့ စံျပႏွလုံးသားမွာ၊

ပရိယတၱိ ပဋိပတၱိ ပဋိေဝဓ ပရဟိတ၊စြမ္းနိုင္သမၽွ သာသနာျပဳဂုဏ္ေဆာင္ၾကေပါ့။

သူတို့သူတို့ သူတို့သၫ္၊

သာသနာ့အႏြယ္ေတာ္ဝင္ သီလရွင္တဲ့၊ဘုရားရွင္ခ်မွတ္ခဲ့တဲ့ သူေတာ္စင္လမ္း၊

အေပ်ာ္ေတြစြန္႔ၿပီး ထမ္းရြက္ခဲ့ၾက၊ဘယ္အခ်ိန္ၾကည့္ၾကည့္ မႏြမ္းလ်တယ္၊

“မဟာေတာ္ဝင္ ပန္းအလွ” ေတြပဲေပါ့။

သက်ဓီတာသီလရွင္ စာသင္တိုက္၊နန္းဦးၿမိဳ့သစ္၊ စစ္ကိုင္းၿမိဳ့

သုခိန္(ဗုဒၶတကၠသိုလ္)

—————-

စစ်ကိုင်း သကျ ဓီတာ(ဗုဒ္ဓသမီးတော်များ)စာသင်တိုက်ဖြစ်ပါတယ်၊ စည်းကမ်းအရမ်းကြီးတယ်လို့ နာမည်ကြီးပါတယ်။

စာသင်သူသီလရှင်(သိက္ခာရှင်)ပေါင်း အပါး ( ၂၅၀) ကျော်ရှိတယ်။ ဖုန်းကိုင်ခွင့်မရှိဘူး။ အပြင်ထွက်ခွင့် မရှိဘူး…။

တိုက်ထဲမှာ ဓမ္မာစရိယ ဘွဲ့ရတွေ အများကြီးပါပဲ။ ဝိနယဝိဒူ တွေလည်းရှိတယ် ပါဠိပါရဂူနဲ့ လင်္ကာရတွေလည်း ရှိတယ်။ အောက်ပါ ပုံများကတော့ စာချဆရာကြီးမှ
ပါဠိသဒ္ဒါ ပို့ချနေပုံပါ။

မိန်းကလေးတွေလည်း ရဟန်းတော်တွေလို ခက်ခဲနက်နဲတဲ့ဗုဒ္ဓစာပေတွေကို သင်နေကြတာ အများကြီး ရှိသေးပါလားလို့ အံ့သြ မိပါတယ်။

(အောက်က ကဗျာလေးဖတ်ပြီး မျက်ရည်ဝဲမိပါတယ်)

***************

“မိန်းကလေးပဲလေ…..”

မိန်းကလေးပဲလေ…လှချင်ရက် စက်စက်ယို၊

ကပိုကရို ကနွဲ့ကလျနေချင်ပေမယ့်၊ရခဲတဲ့ဘဝကို အလှနဲ့မတည်ဆောက်၊

ဓမ္မနဲ့ လျှောက်ခဲ့ကြသူတွေပေါ့။

မိန်းကလေးပဲလေ…ပျော်ပျော်ပါးပါး ကျော့ကျော့မော့မော့၊ဖြီးလိမ်းပန်းပန်

ခေတ်ပျိုမေတွေလိုလန်းချင်ပေမယ့်၊

စိန်နားကပ်ကြီး နားမှာပန်၊ရွှေငွေကားအခြံအရံတွေနဲ့ မမော်ဘဲ၊

ဣ‌န္ဒြေတရားနဲ့ ပျော်ခဲ့ကြသူတွေပေါ့။

မိန်းကလေးပဲလေ…ချစ်သူရင်ခွင် ခိုဝင်ယုယ၊အကြင်နာဝေငှ သမုဒယနဲ့နေချင်ပေမယ့်၊

အနုသယ နီဝရဏတရားတွေကိုပယ်၊ဗောဇ္ဈင်ပွား မဂ္ဂသစ္စာနဲ့ ဘုရားတည်ကြသူတွေပေါ့။

မိန်းမမြတ်တို့ရဲ့ သိက္ခာတရား၊

ဆံကေသာနဲ့ သနပ်ခါးကို ပယ်၊လမ်းတကာအလယ် ဆွမ်းဆန်ရပ်၊

လူတကာရဲ့ပါးစပ်က ကဲ့ရဲ့သံတွေဖြတ်ရင်း၊

မြတ်ဗုဒ္ဓ သာသနာ့လမ်းစဉ်ကို ရှု၊ကျင့်ကြံအားထုတ်ရင်း

သာသနာပြုကြသူတွေပေါ့။ရဟန်းတော် သာမဏေတွေနဲ့မခြား၊

မိန်းမမြတ်တို့ရဲ့ စံပြနှလုံးသားမှာ၊

ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ပရဟိတ၊စွမ်းနိုင်သမျှ သာသနာပြုဂုဏ်ဆောင်ကြပေါ့။

သူတို့သူတို့ သူတို့သည်၊

သာသနာ့အနွယ်တော်ဝင် သီလရှင်တဲ့၊ဘုရားရှင်ချမှတ်ခဲ့တဲ့ သူတော်စင်လမ်း၊

အပျော်တွေစွန့်ပြီး ထမ်းရွက်ခဲ့ကြ၊ဘယ်အချိန်ကြည့်ကြည့် မနွမ်းလျတယ်၊

“မဟာတော်ဝင် ပန်းအလှ” တွေပဲပေါ့။

သကျဓီတာသီလရှင် စာသင်တိုက်၊နန်းဦးမြို့သစ်၊ စစ်ကိုင်းမြို့

သုခိန်(ဗုဒ္ဓတက္ကသိုလ်)