ဘဝမှာ ပါဝါရိန်းဂျားအညိုကောင်ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
ဆရာလေးက အစက ဆေးတွေနဲ့ ဆန်အဓိက လှူပေးနေတာပေါ့နော်။ ဒလန်ကြောင့် ကျောင်းမှာ လာဖမ်းခံရတော့ ဆရာလေးကို
စစ်သား၂ယောက်က တစ်ဖက်စီ လက်ဖမ်းဆွဲ ဒူးအတင်းထောက်ခိုင်းတော့တာပဲ။
ကိုယ်ကတော့ ဘာမှ မလုပ်ပါဘူး၊ ဘယ်သူနဲ့မှ အဆက်အသွယ်မရှိပါဘူး ငြင်းရတာလေ။ မရပါဘူး၊ သေနတ်ဒင်နဲ့ တစ်ချက်ထုခံရပြီး သက်
န်းဆွဲချွတ်မယ် ဘာညာနဲ့ ဟောက်တာပေါ့။ နောက်ထပ်သုံးယောက်က ကျောင်းထဲဝင်မွှေနေတာ။ ဆေးတွေ ဆန်တွေနဲ့ငွေသား သိန်း၂၀မြင်
တော့ လောဘတက်ပြီး သိမ်းနေတုန်း ဘေးက စစ်သားသေနတ်က ဂျီးတတ်ကြီးမြင်လိုက်ရတော့ မကြောက်တော့ဘဲ ကိုယ့်လွတ်လမ်းကို
အသာချောင်းနေလိုက်တယ်။ ကျောင်းဘေးမှာ လျှိုတစ်ခုရှ်ိပြီး အဲ့လျှိုအတိုင်းသွားရင် လမ်းမရောက်တာသိထားတော့ ပြေးဖို့ကြံပြီး ငြိမ်နေ
လိုက်တယ်။
ခဏနေတော့ စစ်သားတစ်ကောင်က ဘယ်နားဘာဖွက်ထားသေးလဲ ဇွတ်မေးတော့တာဘဲ။ ဖုန်းလည်းတောင်းပြီး စစ်တယ်။ ကီးပက်ပဲ
ပေးလိုက်ပါတယ်။ ဖုန်းမကိုင်တတ်ပါဘူး ဒကာတို့ရယ်၊ ဆရာလေးက ဘာမှမသိသူပါ ဆိုတာလည်းမရဘူး။ PDF တွေနဲ့ အဆက်အသွယ်ရှိ
သူဆိုပြီး နောက်တစ်ချက် ထပ်ကန်တယ်။ ခေါင်းကို ဖိကန်တော့ အောက်ကကျောက်ခဲနဲ့ နှုတ်ခမ်းထိပြီး ပေါက်သွားတယ်။
သူတို့က ရှ်ိတာဝင်မွေနေတုန်း သတိကပ်ပြီး ဘေးကစစ်သားကို ရုတ်တရက်တွန်းလှဲပစ်ပြီး လျှိုထဲ ဇွတ်ဆင်းပြေးတော့တာဘဲ။ ငါလွတ်မှ ငါ
လုပ်ချင်တာ ဆက်လုပ်လို့ရမှာ၊ ပြေးဟ ပြေးတာရှက်စရာမဟုတ်ဘူးဆိုပြီး အပေါ်ကိုယ်ရုံ ရင်ဘတ်စည်းပြီး ကြုံးပြေးတာဘဲ။
နောက်ကနေ မလိုက်လာကြတာ ကံကောင်းတာပဲ။ ဘယ်လိုက်လာမလဲ သူတို့က ငွေနဲ့ဆေးတွေဆန်တွေ ဖျောင်ကြမှာကိုး။
လမ်းမထိရောက်တာနဲ့ သွေးစက်လက်နဲ့ ကယ်ရီသမားကို လွတ်ရာပို့ခိုင်းရတာပဲ။ ကိုဗစ်ကာလဆိုတော့ mask အုပ်ထားတော့ သွေးတွေက
mask မှာပေလို့။ နောက်ဆုံး လွတ်မြောက်နယ်မြေရောက်တော့မှ လူဝတ်လဲပြီး တော်လှန်ရေးဆက်လုပ်နေပါတယ်။
အသက်ရှင်နေမှ အဖမ်းမခံရမှ သူတို့ကို ပြန်လှန်နိုင်မှာမလို့ မရမက ရုန်းပြေးခဲ့တာ။
အခုတော့ ဒင်းတို့ကို လွတ်မြောက်နယ်မြေကနေ ဂတုံးပွတ်ပြီး ပြောင်ပြလျက်ပဲ။
စာကြွင်း – ဒီအမေစုပုံတက်တူးက လွတ်မြောက်ကို မရောက်ခင်ပုန်းနေရတုန်းက နာကျည်းချက်နဲ့ ထိုးထားတာ။
ဒေါ်ဝရဉာဏီ ပါဝါရိန်းဂျားအညိုကောင်#တော်လှန်ရေးဂတုံး
လေးစားလျက်ပါ ဆရာလေး
Zawgyi
ဘဝမှာ ပါဝါရိန်းဂျားအညိုကောင်ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
ဆရာလေးက အစက ဆေးတွေနဲ့ ဆန်အဓိက လှူပေးနေတာပေါ့နော်။ ဒလန်ကြောင့် ကျောင်းမှာ လာဖမ်းခံရတော့ ဆရာလေးကို စစ်သား၂ယောက်က တစ်ဖက်စီ လက်ဖမ်းဆွဲ ဒူးအတင်းထောက်ခိုင်းတော့တာပဲ။
ကိုယ်ကတော့ ဘာမှ မလုပ်ပါဘူး၊ ဘယ်သူနဲ့မှ အဆက်အသွယ်မရှိပါဘူး ငြင်းရတာလေ။ မရပါဘူး၊ သေနတ်ဒင်နဲ့ တစ်ချက်ထုခံရပြီး သက်န်းဆွဲချွတ်မယ် ဘာညာနဲ့ ဟောက်တာပေါ့။ နောက်ထပ်သုံးယောက်က ကျောင်းထဲဝင်မွှေနေတာ။
ဆေးတွေ ဆန်တွေနဲ့ငွေသား သိန်း၂၀မြင်တော့ လောဘတက်ပြီး သိမ်းနေတုန်း ဘေးက စစ်သားသေနတ်က ဂျီးတတ်ကြီးမြင်လိုက်ရတော့ မကြောက်တော့ဘဲ ကိုယ့်လွတ်လမ်းကို အသာချောင်းနေလိုက်တယ်။
ကျောင်းဘေးမှာ လျှိုတစ်ခုရှိပြီး အဲ့လျှိုအတိုင်းသွားရင် လမ်းမရောက်တာသိထားတော့ ပြေးဖို့ကြံပြီး ငြိမ်နေလိုက်တယ်။
ခဏနေတော့ စစ်သားတစ်ကောင်က ဘယ်နားဘာဖွက်ထားသေးလဲ ဇွတ်မေးတော့တာဘဲ။ ဖုန်းလည်းတောင်းပြီး စစ်တယ်။ ကီးပက်ပဲပေးလိုက်ပါတယ်။ ဖုန်းမကိုင်တတ်ပါဘူး ဒကာတို့ရယ်၊ ဆရာလေးက ဘာမှမသိသူပါ ဆိုတာလည်းမရဘူး။
PDF တွေနဲ့ အဆက်အသွယ်ရှိသူဆိုပြီး နောက်တစ်ချက် ထပ်ကန်တယ်။ ခေါင်းကို ဖိကန်တော့ အောက်ကကျောက်ခဲနဲ့ နှုတ်ခမ်းထိပြီး ပေါက်သွားတယ်။
သူတို့က ရှိတာဝင်မွေနေတုန်း သတိကပ်ပြီး ဘေးကစစ်သားကို ရုတ်တရက်တွန်းလှဲပစ်ပြီး လျှိုထဲ ဇွတ်ဆင်းပြေးတော့တာဘဲ။ ငါလွတ်မှ ငါလုပ်ချင်တာ ဆက်လုပ်လို့ရမှာ၊ ပြေးဟ ပြေးတာရှက်စရာမဟုတ်ဘူးဆိုပြီး အပေါ်ကိုယ်ရုံ ရင်ဘတ်စည်းပြီး ကြုံးပြေးတာဘဲ။
နောက်ကနေ မလိုက်လာကြတာ ကံကောင်းတာပဲ။ ဘယ်လိုက်လာမလဲ သူတို့က ငွေနဲ့ဆေးတွေဆန်တွေ ဖျောင်ကြမှာကိုး။
လမ်းမထိရောက်တာနဲ့ သွေးစက်လက်နဲ့ ကယ်ရီသမားကို လွတ်ရာပို့ခိုင်းရတာပဲ။ ကိုဗစ်ကာလဆိုတော့ mask အုပ်ထားတော့ သွေးတွေက mask မှာပေလို့။
နောက်ဆုံး လွတ်မြောက်နယ်မြေရောက်တော့မှ လူဝတ်လဲပြီး တော်လှန်ရေးဆက်လုပ်နေပါတယ်။
အသက်ရှင်နေမှ အဖမ်းမခံရမှ သူတို့ကို ပြန်လှန်နိုင်မှာမလို့ မရမက ရုန်းပြေးခဲ့တာ။
အခုတော့ ဒင်းတို့ကို လွတ်မြောက်နယ်မြေကနေ ဂတုံးပွတ်ပြီး ပြောင်ပြလျက်ပဲ။
စာကြွင်း – ဒီအမေစုပုံတက်တူးက လွတ်မြောက်ကို မရောက်ခင်ပုန်းနေရတုန်းက နာကျည်းချက်နဲ့ ထိုးထားတာ။
ဒေါ်ဝရဉာဏီ ပါဝါရိန်းဂျားအညိုကောင်#တော်လှန်ရေးဂတုံး
လေးစားလျက်ပါ ဆရာလေး