မြန်မာနိုင်ငံ အငတ်ဘေးကြုံနိုင်ကြောင်း ကုလ သတိပေး
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေဟာ အာရှတိုက်ရဲ့အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို အငတ်ဘေး ကျရောက်စေနိုင်တယ်လို့ (WFP) ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ က သတိပေးလိုက်တဲ့အကြောင်း မနေ့ကထုတ်တဲ့ Financial Times သတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ တစ်ချိန်က နိုင်ငံခြားကို ဆန်တင်ပို့ရောင်းချခဲ့ပေမယ့် အခု အချိန်မှာတော့ နိုင်ငံအနှံ့အပြားက ဆန္ဒပြမှုတွေနဲ့ မငြိမ်သက်မှုတွေကြောင့် ထောက်ပံ့ရေး လမ်းကြောင်းတွေ၊ ဈေးကွက်တွေနဲ့ ဘဏ်လုပ်ငန်းစနစ်တွေကို ရိုက်ခတ်လာနေပြီး ဓာတ်ဆီနဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းတွေလည်း
မြင့်တက်လာတယ်လို့ WFP ရဲ့ ညွှန်ကြားရေးမှူး Stephen Andersonက ပြောပါတယ်။ လက်ရှိ နိုင်ငံရေးအကျပ်အတည်းဟာ လူထုရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ဘယ်လောက် ထိခိုက်စေမလဲဆိုတာ ပြောဖို့ စောသေးပေမယ့် အခုလို မငြိမ်သက်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဆင်းရဲသားပြည်သူတွေ ငတ်မွတ် ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ credit
===============
ျမန္မာႏိုင္ငံ အငတ္ေဘးႀကဳံႏိုင္ေၾကာင္း ကုလ သတိေပး
ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ မၿငိမ္သက္မႈေတြနဲ႔ စီးပြားေရးက်ဆင္းမႈေတြဟာ အာရွတိုက္ရဲ႕အဆင္းရဲဆုံး ႏိုင္ငံတစ္ခုျဖစ္တဲ့ ျမန္မာႏိုင္ငံက ျပည္သူေတြကို အငတ္ေဘး က်ေရာက္ေစႏိုင္တယ္လို႔ (WFP) ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ က သတိေပးလိုက္တဲ့အေၾကာင္း မေန႔ကထုတ္တဲ့ Financial Times သတင္းမွာ ေဖၚျပထားပါတယ္။
ျမန္မာႏိုင္ငံဟာ တစ္ခ်ိန္က ႏိုင္ငံျခားကို ဆန္တင္ပို႔ေရာင္းခ်ခဲ့ေပမယ့္ အခု အခ်ိန္မွာေတာ့ ႏိုင္ငံအႏွံ႔အျပားက ဆႏၵျပမႈေတြနဲ႔ မၿငိမ္သက္မႈေတြေၾကာင့္ ေထာက္ပံ့ေရး လမ္းေၾကာင္းေတြ၊ ေဈးကြက္ေတြနဲ႔ ဘဏ္လုပ္ငန္းစနစ္ေတြကို ႐ိုက္ခတ္လာေနၿပီး ဓာတ္ဆီနဲ႔ ဓာတ္ေျမၾသဇာ ေဈးႏႈန္းေတြလည္း
ျမင့္တက္လာတယ္လို႔ WFP ရဲ႕ ၫႊန္ၾကားေရးမႉး Stephen Andersonက ေျပာပါတယ္။ လက္ရွိ ႏိုင္ငံေရးအက်ပ္အတည္းဟာ လူထုရဲ႕ စားနပ္ရိကၡာဖူလုံမႈကို ဘယ္ေလာက္ ထိခိုက္ေစမလဲဆိုတာ ေျပာဖို႔ ေစာေသးေပမယ့္ အခုလို မၿငိမ္သက္မႈေတြ ဆက္ျဖစ္ေနမယ္ဆိုရင္ေတာ့ ဆင္းရဲသားျပည္သူေတြ ငတ္မြတ္ ေခါင္းပါးမႈနဲ႔ ရင္ဆိုင္ရမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ credit