တာလီဘန္ေတြ ျပန္လည္သိမ္းယူလိုက္တဲ့ အာဖကန္နစၥကန္ႏိုင္ငံမွာေတာ့ ႏိုင္ငံအတြင္းကေန ထြက္ခြာလိုသူ အေျမာက္အျမားရွိေနတာ ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ ၾသဂုတ္လ (၁၆) ရက္ေန႔ကဆိုရင္လည္း အာဖကန္နစၥကန္ႏိုင္ငံရဲ႕ကာဘူးလ္ေလဆိပ္မွာ အာဖကန္အရပ္သားေတြ ေထာင္နဲ႔ခ်ီ စုေဝးေရာက္ရွိခဲ့ၾကတာ ျဖစ္ပါတယ္ ။
အာဖကန္အရပ္သားေတြက အေမရိကန္ကယ္ဆယ္ေရး ေလယာဥ္ေပၚကို လိုက္ပါသြားႏိုင္ဖို႔အတြက္ အလုအယက္တိုးေဝွ႔ၿပီး နည္းလမ္းမ်ိဳးစုံနဲ႔ ႀကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္ ။
ေလယာဥ္ေျပးလမ္းကေန ထြက္ခြာေတာ့မယ့္ အေမရိကန္ ကယ္ဆယ္ေရးေလယာဥ္ေပၚကို မရမက တြယ္တက္ေနၾကတဲ့ အာဖကန္အရပ္သားေတြရဲ႕ဗီဒီယိုဖိုင္ေတြကလည္း Social Media ထက္မွာ ပ်ံ႕ႏွံ႔သြားခဲ့တာ ျဖစ္ပါတယ္ ။
အခုဆိုရင္လည္း ေလယာဥ္ကိုယ္ထည္ေပၚမွာ လိုက္ပါသြားသူတစ္ဦး ႐ိုက္ကူးခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုက လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႔လာတာ ေတြ႕ရပါတယ္။ တြယ္ကပ္လိုက္ပါသြားသူတစ္ဦးလို႔ ယူဆရတဲ့ အာဖကန္အရပ္သားတစ္ဦးက ေလယာဥ္ကိုယ္ထည္ေပၚကေန ဒီဗီဒီယိုဖိုင္ကို ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္ ။
ဗီဒီယိုဖိုင္ထဲမွာေတာ့ ေလယာဥ္ကိုယ္ထည္ေပၚမွာ လိုက္ပါသြားၾကတဲ့ အာဖကန္အရပ္သားေတြက ေအာက္ကၾကည့္ေနတဲ့သူေတြကို လက္ျပႏႈတ္ဆက္သြားခဲ့တာလည္း ေတြ႕ရပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ ေလယာဥ္က ေျပးလမ္းေပၚမွာ စတင္ပ်ံတက္ေနၿပီျဖစ္တာေၾကာင့္ ေအာက္ကလူေတြက ရင္သပ္ရႈေမာစြာနဲ႔ ၾကည့္ေနၾကတာပဲ ျဖစ္ပါတယ္ ။
အခုလို လိုက္ပါသြားတဲ့သူေတြအားလုံး အသက္ရွင္လွ်က္ လြတ္ေျမာက္သြားလားဆိုတာကိုေတာ့ အတိအက်မသိရေသးတာ ျဖစ္ပါတယ္ ။ ေလယာဥ္ေဘးကေန တြယ္ကပ္လိုက္ပါသြားတဲ့ အာဖကန္အရပ္သားတစ္ဦးရဲ႕ဗီဒီယိုဖိုင္ကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
Source & Video Credit-” PAF-Pakistan Air Force”FB Page
unicode
တာလီဘန်တွေ ပြန်လည်သိမ်းယူလိုက်တဲ့ အာဖကန်နစ္စကန်နိုင်ငံမှာတော့ နိုင်ငံအတွင်းကနေ ထွက်ခွာလိုသူ အမြောက်အမြားရှိနေတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၆) ရက်နေ့ကဆိုရင်လည်း အာဖကန်နစ္စကန်နိုင်ငံရဲ့ကာဘူးလ်လေဆိပ်မှာ အာဖကန်အရပ်သားတွေ ထောင်နဲ့ချီ စုဝေးရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ် ။
အာဖကန်အရပ်သားတွေက အမေရိကန်ကယ်ဆယ်ရေး လေယာဉ်ပေါ်ကို လိုက်ပါသွားနိုင်ဖို့အတွက် အလုအယက်တိုးဝှေ့ပြီး နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ် ။
လေယာဉ်ပြေးလမ်းကနေ ထွက်ခွာတော့မယ့် အမေရိကန် ကယ်ဆယ်ရေးလေယာဉ်ပေါ်ကို မရမက တွယ်တက်နေကြတဲ့ အာဖကန်အရပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေကလည်း Social Media ထက်မှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။
အခုဆိုရင်လည်း လေယာဉ်ကိုယ်ထည်ပေါ်မှာ လိုက်ပါသွားသူတစ်ဦး ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။ တွယ်ကပ်လိုက်ပါသွားသူတစ်ဦးလို့ ယူဆရတဲ့ အာဖကန်အရပ်သားတစ်ဦးက လေယာဉ်ကိုယ်ထည်ပေါ်ကနေ ဒီဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။
ဗီဒီယိုဖိုင်ထဲမှာတော့ လေယာဉ်ကိုယ်ထည်ပေါ်မှာ လိုက်ပါသွားကြတဲ့ အာဖကန်အရပ်သားတွေက အောက်ကကြည့်နေတဲ့သူတွေကို လက်ပြနှုတ်ဆက်သွားခဲ့တာလည်း တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ လေယာဉ်က ပြေးလမ်းပေါ်မှာ စတင်ပျံတက်နေပြီဖြစ်တာကြောင့် အောက်ကလူတွေက ရင်သပ်ရှုမောစွာနဲ့ ကြည့်နေကြတာပဲ ဖြစ်ပါတယ် ။
အခုလို လိုက်ပါသွားတဲ့သူတွေအားလုံး အသက်ရှင်လျှက် လွတ်မြောက်သွားလားဆိုတာကိုတော့ အတိအကျမသိရသေးတာ ဖြစ်ပါတယ် ။ လေယာဉ်ဘေးကနေ တွယ်ကပ်လိုက်ပါသွားတဲ့ အာဖကန်အရပ်သားတစ်ဦးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Video Credit-” PAF-Pakistan Air Force”FB Page