ၾကားသိရသမွ်

ထိုင်းဘုရင်၏အမိန့်ဖြင့် ပြစ်ဒါဏ်ဖြေလျော့ပေးရာတွင် အကျဉ်းကျနေသည့် ဝင်းနှင့်ဇော်တို့ ပါဝင်လာနိုင်ဖွယ်ရှိဟုဆို

ရန်ကုန်၊ သြဂုတ် ၁၅

လူငယ့်ခေတ်

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မူနှင့်ပတ်သက်၍ စွပ်စွဲအကျဥ်းချခံထားရသည့် မြန်မာနိုင်ငံသား လူငယ်နှစ်ဦးဖြစ်သော ဝင်းနှင့်ဇော်တို့မှာ ယခုလအတွင်း ထိုင်းဘုရင်၏အမိန့်ဖြင့် ပြစ်ဒါဏ်လျော့ပေါ့ခံရနိုင်ဖွယ်ရှိကြောင်း ယင်းနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူများ၏ ပြောပြချက်အရ သိရသည်။

ဇူလိုင်လ(၂၈) ရက်တွင်ကျရောက်ခဲ့သည့် ထိုင်းနိုင်ငံဘုရင်၏ နှစ် (၇၀) ပြည့်အထိမ်းအမှတ်နှင့် သြဂုတ်လ (၁၂) ရက်တွင်ကျရောက်ခဲ့သည့် ဘုရင့်မယ်တော်မွေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းသားတစ်သိန်းကျော် လွှတ် ေ ပေးခြင်း၊ ပြစ်ဒဏ်များလျော့ပေါ့ခြင်းတို့ ပေးသွားရန်ရှိရာ မြန်မာအကျဥ်းသားနှစ်ဦးမှာလည်းပါဝင်လာနိုင်သည်ဟု ၎င်းတို့က ခန့်မှန်းထားခြင်းဖြစ်သည်။

“သူတို့အတွက်ကတော့ မျှော်လင့်ချက်ရှိတာပေါ့။ အပြီးသတ်လွတ်ရင်တော့အကောင်းဆုံးပဲ”ဟု ထိုင်းရောက် မြန်မာ့အရေးလုပ်ဆောင်နေသူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

ထိုင်းအကျဥ်းထောင်များမှ ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာသူများသည် ယင်းသို့ ဖြေလျော့ပေးမှု အကျိုးခံစားခွင့်ရနိုင်ကြောင်း ဘန် ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

“မောင်ဝင်းဇော်ထွန်း နှင့်မောင်ဇော်လင်း တို့အနေဖြင့် အဆိုပါလွတ်ငြိမ်းချမ်းသာခွင့် အကျိုးခံစားခွင့် ရ/မရကို ရှင်းရှင်းလင်းမသိရသေးသော်လည်း တစ်စုံတစ်ရာလျော့ရက်များအကျိုးခံစားရလိမ့်မည်ဟု မျှော်လင့်ရပါသည်” ဟု ယင်းအလုပ်သမားနှစ်ဦးအရေး ကူညီဆောင်ရွက်ပေးခဲ့သည့် ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ ဒါရိုက်တာဦးထူးချစ်ကလည်း ၎င်း၏လူမူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုတွင် ၎င်းတို့နှစ်ဦးကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံခဲ့ရပြီး ၂၀၁၅ ခုနှစ် ကတရားရုံးမှ သေဒါဏ်ချမှတ်ခဲ့သည်။

ထို့နောက် ၂၀၂၀ ခုနှစ်တွင် သေဒါဏ်မှလျော့ပေါ့ကာ ထောင်ဒါဏ် တစ်သက် တစ်ကျွန်းချမှတ်ခဲ့ပြီး ယခုအထိ အကျဥ်းကျခံနေရခြင်းဖြစ်သည်။