လွန်ခဲ့တဲ့ နာရီပိုင်းကတင် ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံ ဟယ်လိုဝင်းညက ကြောက်ဖွယ်ရာဖြစ်စဉ်(ရုပ်သံ)
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။
တိုကျို ဟယ်လိုဝင်းညမှာ ကြောက်ဖွယ်ရောဖြစ်စဉ် အစစ်တစ်ခု ဖြစ်သွားခဲ့ပါတယ်…။
ထိုဖြစ်စဉ်သည် တိုကျိုမြို့လယ်ကို သွားနေတဲ့ ရထားပေါ်တွင် ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်
ဘတ်မန်း ဇာတ်လမ်းထဲမှ ဂျိုကာပုံ ဝတ်ဆင်ထားသော ဓါးကိုင်ဆောင်ထားသော လူတစ်ယောက်က
ခရီးသွားများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်..
ထိုသူသည် ရထားတွဲထဲကို မီးရှို့ပြီး ခရီးသည်များ ဘေးလွတ်ရာကို ထွက်ပြေးရသည်အထိ လုပ်ခဲ့ပါတယ်
တိုက်ခိုက်မှုကြောင့် ၁၇ ယောက် ဒါဏ်ရာရပြီး အမျိုးသားတစ်ယောက်မှာ
ရင်ဘတ်ထိုးသွင်းဒဏ်ရာကြောင့် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်..။
တရားခံဟာ အနည်းဆုံး လူနှစ်ယောက်ကို သတ်ပြီး သေဒါဏ်ကို ရရှိချင်တယ်လို့ ထွက်ဆိုထားပါတယ်
ရဲများပြောပြချက်အရ အဆိုပါသူသည် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုး သြဂုတ်လတုန်းကလဲ ကျူးလွန်ဖူးပြီး
ရထားစီး ခရီးသည် ၁၀ ယောက် ဒါဏ်ရာရရှိခဲ့ဖူးပါတယ်…။
ဖြစ်စဉ်နှစ်ခုစလုံးတွင် ပြစ်မှုကျူးလွန်သူမှာ ဓားနှင့် မီးလောင်လွယ်သော အရည်များကို သယ်ဆောင်လာခဲ့ပါတယ်
Zawgyi