တန္ေဆာင္မုန္းလအတြင္းေမြးဖြားသူမ်ားသည္ သစၥာတရားဦးထိပ္ပန္ဆင္သူမ်ား ျဖစ္ၾကမယ္ေျဖာင့္မတ္ေသာ စိတ္ထားရွိတတ္ၾကတယ္။
စိတ္၌ ခံစားခ်က္ဒဏ္ရာမ်ားျဖင့္ ျပည့္ႏွက္ေနတတ္တယ္ကိုယ္တိုင္အပင္ပန္းခံ ႐ုန္းကန္ရျခင္းမ်ားလည္း မ်ားစြာရွိ၏
ဘဝအစတြင္ ခက္ခဲၾကမ္းတမ္းမယ္ခက္ခဲသည္ဆိုရာတြင္ေမာင္ႏွမသားခ်င္းအတူတူမွာပင္ ကိုယ္က ပိုၿပီး ခက္ခဲပင္ပန္းမယ္။အနစ္နာခံႀကိဳးစားရမယ္။ သို႔ေသာ္အဖက္ဖက္မွအခက္အခဲမ်ားကိုဇြဲႏွင့္စြဲျမဲစြာ လုပ္ကိုင္ႀကိဳးစားရင္း သာမန္ထက္ပိုေအာင္ျမင္မည္။
တန္ေဆာင္မုန္းလေမြးဖြားသူတို႔သည္ဘဝတြင္မိမိအေပၚနားလည္ေပးသူနည္းတတ္တယ္။တစ္ကိုယ္တည္းက်ိတ္ၿပီးခံစားရေသာဒဏ္ခ်က္မ်ားတို႔ကို ျပင္းထန္စြာ ခံစားရင္း အၿငိဳးအေတးစိတ္မ်ားထြက္ေပၚလာရတယ္။
မိမိအေပၚ လႊမ္းမိုးျခင္းကိုလုံးဝလက္မခံနိုင္ သို႔ေသာ္သူတို႔ဘဝတြင္အဘြားအေမ၊အစ္မ၊အေဒၚစေသာအမ်ိဳးသမီးႀကီးတို႔၏ ၾသဇာလႊမ္းမိုးမႈကို (ေကာင္းေသာသေဘာျဖင့္ျဖစ္ေစ၊ ဆိုးေသာသေဘာျဖင့္ျဖစ္ေစ)သက္ေရာက္မႈရွိေနတတ္တယ္။
စိတ္အား၊ လူအားေကာင္းတယ္ ဘဝတြင္ႀကီးျမင့္ထင္ေပၚခ်င္တတ္တယ္။ ဘဝ၏ေအာင္ျမင္မႈကို တိုက္ပြဲပမာ တိုက္ယူလိုၾကတယ္။အပင္ပန္းခံၿပီးကိုယ္စြမ္းဉာဏ္စြမ္းရွိသမၽွႀကိဳးစားယူၾကမယ္။ဘဝအစတြင္က်ပ္တည္းသေလာက္ေနာက္ဆုံးတြင္ေအာင္ျမင္ၾကမယ္။
အခ်ိန္ကိုလည္းေစာင့္ဆိုင္းလုပ္ကိုင္တတ္ၾကတယ္။ဦးေဆာင္ေနရာထိပ္ဆုံးသို႔ ရည္မွန္း၍ လုပ္တတ္တယ္။စိတ္ျမန္ေဒါသျဖစ္လြယ္တယ္။အခ်ိဳ႕ကိစၥတို႔တြင္ ငါသိငါတတ္သေဘာျဖင့္တဇြတ္ထိုးလုပ္မိတတ္ၾကတယ္။
အျငင္းလည္းသန္မယ္ကိုယ္ယုံၾကည္ရာကိုေခါင္းမာစြာကိုင္စြဲထားတတ္တယ္။အထူးသျဖင့္အမ်ိဳးသားမ်ား အမ်ိဳးသမီးႏွင့္ပတ္သက္ၿပီးပ်က္စီးနစ္နာတတ္တယ္ဂ႐ုျပဳပါ။
တန္ေဆာင္မုန္းလေမြးဖြားသူတို႔သည္ အေျပာခ်ိဳ၏။ တစ္ခါတစ္ရံမာနႀကီးတတ္၏။စိတ္ထဲမထင္လၽွင္ ဘယ္လူႀကီးလူေကာင္းကိုပင္ျဖစ္ေစ မေခၚဘဲဥေပကၡာျပဳေနနိုင္သူမ်ားပါ။ စီးပြားဥစၥာ ခ်မ္းသာတတ္တယ္။
႐ုပ္သန႔္ၿပီးလူ႔သဘာဝကိုသေဘာေပါက္ကာပရိယာယ္သေဘာမ်ားလည္း တတ္ကၽြမ္းတယ္။အေႁခြအရံမ်ားမယ္အဝတ္ေကာင္းအစားေကာင္းမ်ားဝတ္ရမည္။ မိဘႏွင့္ေဝးကြာေနရတတ္တယ္။
အခ်ိဳ႕ပညာရပ္တို႔တြင္တစ္ပိုင္းတစ္စျဖင့္ရပ္ထားရတယ္။တစ္ခါတစ္ရံ မိဘဆရာသမားအႀကီးအကဲတို႔စကားကိုနားမေထာင္ဘဲေနတတ္တယ္။အထက္လူႀကီး၊မင္းအစိုးရတို႔၏ ခ်ီးျမႇင့္မႈကိုခံရကာဘဝတြင္ႀကီးပြားေအာင္ျမင္တတ္ၾကပါတယ္။မျမင္အပ္ေသာ ျမင့္ျမတ္သည့္ နာမ္ေလာကမွပုဂၢိဳလ္ထူးတို႔၏ ပါရမီပ႒ာန္းဆက္ျဖင့္ေစာင့္ေရွာက္မႈကိုလည္း သိသာစြာခံရတတ္မည္။
တန္ေဆာင္မုန္းလေမြးဖြားသူတို႔သည္အသိရခက္အကဲခတ္ရခက္တဲ့သူေတြပါပတ္ဝန္းက်င္အျမင္အရ တစ္မ်ိဳး၊ ကိုယ့္ခံစားမႈကတစ္သြယ္ျဖစ္ေနတတ္ၾကတယ္ကိုယ္ကလည္း ကိုယ့္ခံစားခ်က္ကိုအသိရခက္ေအာင္မ်ိဳသိပ္နိုင္စြမ္းရွိတဲ့သူေတြပါသပ္ရပ္သန႔္ျပန႔္ခန႔္ည္စြာေနတတ္သျဖင့္အမ်ားႏွင့္မတူ ထင္ရွား၏။
စန္းပြင့္မ်က္ႏွာပြင့္မယ္။ဆန႔္က်င္ဘက္လိင္တို႔၏အထူးစိတ္ဝင္စားခံရတတ္တယ္ႏွလုံးသားေရးရာတြင္ခ်စ္မိၿပီဆိုကဘဝကိုပင္ပုံအပ္ရန္ဝန္မေလးသူမ်ား ျဖစ္ၾကမယ္ ။ခ်စ္သူအေပၚ အလိုလိုက္တတ္တယ္။စိတ္ေရာကိုယ္ပါ ခ်စ္ခင္တတ္မယ္။
အျပန္အလွန္ နားလည္မႈရွိမည္။တန္ေဆာင္မုန္းလေမြးဖြားသူတို႔သည္အလြန္ထူးျခားေသာဘဝပိုင္ရွင္မ်ားျဖစ္ၿပီးဘဝအေကြ႕အေျပာင္းမ်ားစြာၾကဳံရတတ္တယ္။
ေအးတိေအးစက္ႏွင့္ျပန္မေျပာနားမေထာင္ကိုယ္ထင္ရာတဇြတ္ထိုးလုပ္တတ္တဲဉာဥ္ရွိမယ္ စကားကတိကို တန္ဖိုးထားမယ္။အလုပ္တစ္ခုမလုပ္မီအျပန္ျပန္အလွန္လွန္ စဥ္းစားမယ္။ မလုပ္မီ ေနာက္တြန႔္ေနတတ္တယ္။
စလုပ္ၿပီဆိုသည္ႏွင့္ေက်ာ္လႊားနိုင္ၿပီးထိပ္ဆုံးသို႔ေရာက္တတ္တယ္။ဘာမဆို သိုသိုသိပ္သိပ္လုပ္တတ္တယ္ ။အမ်ားႏွင့္မတူေသာ ရႈေထာင့္မွေတြး၍ လုပ္တတ္မယ္။အမ်ားႏွင့္တြဲ၍ လုပ္သည္ထက္ ကိုယ္တစ္ဦးတည္းလုပ္ကပိုေအာင္ျမင္တတ္တယ္။စိတ္ကူးဉာဏ္အလြန္ေကာင္းတယ္။
အျခားသူတို႔ႏွင့္ ေျပလည္ေအာင္ ေနတတ္ၿပီး ကူညီတတ္ေသာစရိုက္ေၾကာင့္ မိတ္ေကာင္း ေဆြေကာင္းရရွိမယ္။သမားရိုးက်လမ္းေဟာင္းအတိုင္းလုပ္ျခင္းထက္ အရာရာကိုကိုယ္တိုင္လမ္းသစ္ထြင္ၿပီး လုပ္က ပိုၿပီးေအာင္ျမင္မယ္။ေရရွည္လုပ္ငန္းထက္ေပၚပင္လုပ္ငန္းမ်ားကပို၍ေကာင္းက်ိဳးေပးမယ္။ဝန္ထမ္းလုပ္ပါကစာရင္းအင္းဘက္တြင္မလုပ္သင့္ပါ။
အလုပ္လုပ္ရာတြင္အက်ိဳးအျမတ္ျဖစ္ေအာင္တြက္ခ်က္ၿပီးလုပ္တတ္ေသာ္လည္းတကယ္လုပ္ေသာအခါ စိတ္ခ်မ္းသာမႈကို ေရွ႕တန္းတင္၍စိတ္ေအးလက္ေအးလုပ္တတ္တယ္။ဘာပဲလုပ္လုပ္ ဆုံးျဖတ္ၿပီးကျမန္ျမန္လုပ္ပါ။
အခ်ိန္ဆြဲမိက အလုပ္မျဖစ္တတ္ပါ။ဆန္းသစ္မႈ၊ တီထြင္မႈ၊ စြန႔္စားမႈ၊ ဥပေဒပညာ၊ခြဲစိတ္ကုသမႈသတင္းေထာက္လွမ္းမႈ၊ စူးစမ္းမႈတို႔တြင္ ဝါသနာပါၿပီးပါရမီထူးမယ္။ ေလာကီပညာမွစ၍ ေဗဒင္၊ နကၡတ္၊ ေမွာ္ပညာ၊နတ္ပိုင္းဆိုင္ရာဓါတ္ပိုင္းဆိုင္ရာကိစၥတို႔ပါဝါသနာပါမယ္သို႔ေသာ္လူသိမခံဘဲ ေလ့လာလိုက္စားတတ္တယ္။
ဘာသာေရးတြင္လည္းထူးခၽြန္မယ္စာေရးဆရာပန္းခ်ီဆရာေထာက္လွမ္းေရးေက်ာက္မ်က္ရတနာ၊တြင္းထြက္ပစၥည္းမ်ိဳးစုံႏွင့္ လၽွပ္စစ္ပစၥည္း၊ပန္းတိမ္အလုပ္၊ ဖိနပ္လုပ္ငန္းစိုက္ပ်ိဳးေရးအလုပ္တို႔တြင္ ေကာင္းက်ိဳးေပးမည္။ဘာပဲလုပ္လုပ္ ေကာင္းမြန္ေသာအလုပ္တို႔ကိုသာလုပ္သင့္၏။ ပင္ကိုယ္ဗီဇတြင္ပင္ ႀကီးပြားေစတတ္ေသာ ပါရမီပါၿပီးဘာသာတရားကို ဦးထိပ္ပန္ဆင္ၿပီး သမၼာအာဇီဝက်က် လုပ္သြားကစီးပြားျဖစ္ထြန္းတတ္ပါသည္။
တန္ေဆာင္မုန္းလေမြးဖြားသူတို႔သည္မီးေဘးလက္နက္ေပါက္ကြဲမႈေဘးလၽွပ္စစ္မီးေရွာ့ခ္ျဖစ္ျခင္းတို႔ၾကဳံတတ္တယ္အနည္းဆုံးအပူေလာင္ျခင္းမ်ိဳးမၾကာခဏၾကဳံတတ္တယ္။ဘုရားဂုဏ္ေတာ္ (၉) ပါးကို အျမဲပြားတမ္းပြားမ်ားေနသင့္ပါသည္။
က်န္းမာေရး ေရာဂါျဖစ္ခဲတတ္တယ္ ျဖစ္ခဲ့လၽွင္လည္းအဖ်ားႀကီးေသာေရာဂါကူးစက္ေသာ ေရာဂါမ်ားျဖစ္တတ္တယ္။ထို႔အျပင္ ခႏၶာကို၏လၽွို႔ဝွက္အဂၤါအစိတ္အပိုင္းတို႔တြင္အနာေရာဂါျဖစ္ျခင္း၊ ေက်ာက္ကပ္အစာအိမ္ႏွင့္ဆီးေရာဂါတို႔ျဖစ္တတ္မည္။
သို႔ေသာ္ အႏၲရာယ္ႀကီးမားစြာ မျဖစ္တတ္ပါ။တန္ေဆာင္မုန္းလေမြးဖြားသူတို႔သည္ ထူးျခားေသာ ဘဝပိုင္ရွင္မ်ား ျဖစ္တယ္အထူးသျဖင့္ကိုယ္ကမွန္သည္ဟုဆုံးျဖတ္ထားသည့္အေပၚတြင္ ခိုင္ျမဲစြာ ရပ္တည္၍လုပ္တတ္ရာ ေကာင္းေသာ လမ္းေၾကာင္းေပၚ ရပ္တည္မိကထိပ္ဆုံးေရာက္ေအာင္ ျဖစ္ထြန္းသြားတတ္တယ္။
မေကာင္းေသာလမ္းေပၚေရာက္သြားကလည္း အဝီစိေရာက္ေအာင္မိုက္တတ္တယ္။
တန္ေဆာင္မုန္းလေမြးဖြားသူတို႔သည္ ကိုယ့္စိတ္ထဲတြင္မႀကိဳက္ပါကဘယ္လိုပုဂၢိဳလ္ႀကီးကိုမွဂ႐ုမစိုက္တတ္တဲ့ဉာဥ္ရွိတယ္။ပင္ကိုယ္သေဘာထားအလြန္ေကာင္းၿပီးသူတစ္ပါးထက္ပို၍ သည္းခံခြင့္လႊတ္တတ္မယ္။
ခြင့္လႊတ္နိုင္စြမ္းေဘာင္ေက်ာ္လာကလည္း အမ်က္ႀကီးကာရက္စက္စြာတုံ႔ျပန္တတ္တယ္။ကိုယ္ပိုင္အႀကံျဖင့္ထိပ္ဆုံးေရာက္မယ္။ သူတစ္ပါးေတြကလည္းကိုယ့္ကိုကိုယ္လိုက္ၿပီးတုပတတ္ၾက၏။အေပါင္းအသင္းမက္တတ္တယ္သို႔ေသာ္ အစြဲမထားတတ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရး အားနည္းတယ္ရႈပ္ေထြးမည္။အိမ္ေထာင္တစ္ဆက္တည္းထူေထာင္ပါကထိပ္ဆုံးေရာက္ေအာင္ႀကီးပြားတတ္တယ္ ။
တစ္ပါးသူတို႔ကလည္းကိုယ့္အေပၚ အခြင့္အေရးယူကာ ဒုကၡေပးတာခံရတတ္တယ္။ေဆြမ်ိဳးရင္းထက္ သူစိမ္းတို႔က ပိုေကာင္းတတ္မယ္။ ဘဝတြင္အေျခခံမွစၿပီးအျမင့္ဆုံးေရာက္ေအာင္ႀကိဳးစားနိုင္စြမ္းရွိမည္။အခက္အခဲရွိသူမ်ားကိုပင္ ကိုယ္က်ိဳးမငဲ့ဘဲ ကူညီေပးခ်င္တတ္သည္ ။ႏွလုံးသားကို ဦးစားေပးသျဖင့္ခံစားခ်က္ ျပင္းထန္တဲ့သူေတြပါ လူမ်ိဳးျခားဘာသာျခားကိုေရွာင္ၾကဥ္သင့္ပါတယ္။
စီးပြားေရးတြင္ အစပိုင္း၌ အမ်ိဳးမ်ိဳးေျပာင္းၿပီးလုပ္ကိုင္ၿပီးမွ မေမၽွာ္လင့္ဘဲမိတ္ေဆြေကာင္းေတြ႕ကာမထင္မွတ္ေသာအေထာက္အကူမ်ားရရွိမည္။တန္ေဆာင္မုန္းလေမြးဖြားသူတို႔သည္ အတိုက္အခံအလြန္မ်ားမည္။
ကိုယ္ကလည္းမဟုတ္မခံစိတ္ သတၱိဗ်တၱိႏွင့္အတိုက္အခံလုပ္တတ္တယ္အနက္ေရာင္ေရွာင္ပါ၊ေဆာင္ရန္ အနီေရာင္ အနီရင့္အေကာင္းဆုံးျဖစ္၏။ပတၱျမားလက္စြပ္ဝတ္ဆင္ပါအႀကံသစ္ေတြကို လက္ေတြ႕လုပ္ေဆာင္ပါ။ ရဲရဲလုပ္ပါ။မုခ်ေအာင္ျမင္ပါလိမ့္မည္။
unicode
တန်ဆောင်မုန်းလမွေးဖွားသူများအတွက် တစ်သက်တာ ဟောစာတမ်း
တန်ဆောင်မုန်းလအတွင်းမွေးဖွားသူများသည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြမယ်ဖြောင့်မတ်သော စိတ်ထားရှိတတ်ကြတယ်။
စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်တယ်ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။
ဘဝအစတွင် ခက်ခဲကြမ်းတမ်းမယ်ခက်ခဲသည်ဆိုရာတွင်မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်းမယ်။အနစ်နာခံကြိုးစားရမယ်။ သို့သော်အဖက်ဖက်မှအခက်အခဲများကိုဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်မည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်ဘဝတွင်မိမိအပေါ်နားလည်ပေးသူနည်းတတ်တယ်။တစ်ကိုယ်တည်းကျိတ်ပြီးခံစားရသောဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များထွက်ပေါ်လာရတယ်။
မိမိအပေါ် လွှမ်းမိုးခြင်းကိုလုံးဝလက်မခံနိုင် သို့သော်သူတို့ဘဝတွင်အဘွားအမေ၊အစ်မ၊အဒေါ်စသောအမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသောသဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ)သက်ရောက်မှုရှိနေတတ်တယ်။
စိတ်အား၊ လူအားကောင်းတယ် ဘဝတွင်ကြီးမြင့်ထင်ပေါ်ချင်တတ်တယ်။ ဘဝ၏အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြတယ်။အပင်ပန်းခံပြီးကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားယူကြမယ်။ဘဝအစတွင်ကျပ်တည်းသလောက်နောက်ဆုံးတွင်အောင်မြင်ကြမယ်။
အချိန်ကိုလည်းစောင့်ဆိုင်းလုပ်ကိုင်တတ်ကြတယ်။ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်တယ်။စိတ်မြန်ဒေါသဖြစ်လွယ်တယ်။အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့်တဇွတ်ထိုးလုပ်မိတတ်ကြတယ်။
အငြင်းလည်းသန်မယ်ကိုယ်ယုံကြည်ရာကိုခေါင်းမာစွာကိုင်စွဲထားတတ်တယ်။အထူးသဖြင့်အမျိုးသားများ အမျိုးသမီးနှင့်ပတ်သက်ပြီးပျက်စီးနစ်နာတတ်တယ်ဂရုပြုပါ။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည် အပြောချို၏။ တစ်ခါတစ်ရံမာနကြီးတတ်၏။စိတ်ထဲမထင်လျှင် ဘယ်လူကြီးလူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲဥပေက္ခာပြုနေနိုင်သူများပါ။ စီးပွားဥစ္စာ ချမ်းသာတတ်တယ်။
ရုပ်သန့်ပြီးလူ့သဘာဝကိုသဘောပေါက်ကာပရိယာယ်သဘောများလည်း တတ်ကျွမ်းတယ်။အခြွေအရံများမယ်အဝတ်ကောင်းအစားကောင်းများဝတ်ရမည်။ မိဘနှင့်ဝေးကွာနေရတတ်တယ်။
အချို့ပညာရပ်တို့တွင်တစ်ပိုင်းတစ်စဖြင့်ရပ်ထားရတယ်။တစ်ခါတစ်ရံ မိဘဆရာသမားအကြီးအကဲတို့စကားကိုနားမထောင်ဘဲနေတတ်တယ်။အထက်လူကြီး၊မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာဘဝတွင်ကြီးပွားအောင်မြင်တတ်ကြပါတယ်။မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့်စောင့်ရှောက်မှုကိုလည်း သိသာစွာခံရတတ်မည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အသိရခက်အကဲခတ်ရခက်တဲ့သူတွေပါပတ်ဝန်းကျင်အမြင်အရ တစ်မျိုး၊ ကိုယ့်ခံစားမှုကတစ်သွယ်ဖြစ်နေတတ်ကြတယ်ကိုယ်ကလည်း ကိုယ့်ခံစားချက်ကိုအသိရခက်အောင်မျိုသိပ်နိုင်စွမ်းရှိတဲ့သူတွေပါသပ်ရပ်သန့်ပြန့်ခန့်ည်စွာနေတတ်သဖြင့်အများနှင့်မတူ ထင်ရှား၏။
စန်းပွင့်မျက်နှာပွင့်မယ်။ဆန့်ကျင်ဘက်လိင်တို့၏အထူးစိတ်ဝင်စားခံရတတ်တယ်နှလုံးသားရေးရာတွင်ချစ်မိပြီဆိုကဘဝကိုပင်ပုံအပ်ရန်ဝန်မလေးသူများ ဖြစ်ကြမယ် ။ချစ်သူအပေါ် အလိုလိုက်တတ်တယ်။
စိတ်ရောကိုယ်ပါ ချစ်ခင်တတ်မယ်။ အပြန်အလှန် နားလည်မှုရှိမည်။တန်ဆောင်မုန်းလမွေးဖွားသူတို့သည်အလွန်ထူးခြားသောဘဝပိုင်ရှင်များဖြစ်ပြီးဘဝအကွေ့အပြောင်းများစွာကြုံရတတ်တယ်။
အေးတိအေးစက်နှင့်ပြန်မပြောနားမထောင်ကိုယ်ထင်ရာတဇွတ်ထိုးလုပ်တတ်တဲဉာဉ်ရှိမယ် စကားကတိကို တန်ဖိုးထားမယ်။အလုပ်တစ်ခုမလုပ်မီအပြန်ပြန်အလှန်လှန် စဉ်းစားမယ်။ မလုပ်မီ နောက်တွန့်နေတတ်တယ်။
စလုပ်ပြီဆိုသည်နှင့်ကျော်လွှားနိုင်ပြီးထိပ်ဆုံးသို့ရောက်တတ်တယ်။ဘာမဆို သိုသိုသိပ်သိပ်လုပ်တတ်တယ် ။အများနှင့်မတူသော ရှုထောင့်မှတွေး၍ လုပ်တတ်မယ်။အများနှင့်တွဲ၍ လုပ်သည်ထက် ကိုယ်တစ်ဦးတည်းလုပ်ကပိုအောင်မြင်တတ်တယ်။စိတ်ကူးဉာဏ်အလွန်ကောင်းတယ်။
အခြားသူတို့နှင့် ပြေလည်အောင် နေတတ်ပြီး ကူညီတတ်သောစရိုက်ကြောင့် မိတ်ကောင်း ဆွေကောင်းရရှိမယ်။သမားရိုးကျလမ်းဟောင်းအတိုင်းလုပ်ခြင်းထက် အရာရာကိုကိုယ်တိုင်လမ်းသစ်ထွင်ပြီး လုပ်က ပိုပြီးအောင်မြင်မယ်။ရေရှည်လုပ်ငန်းထက်ပေါ်ပင်လုပ်ငန်းများကပို၍ကောင်းကျိုးပေးမယ်။ဝန်ထမ်းလုပ်ပါကစာရင်းအင်းဘက်တွင်မလုပ်သင့်ပါ။
အလုပ်လုပ်ရာတွင်အကျိုးအမြတ်ဖြစ်အောင်တွက်ချက်ပြီးလုပ်တတ်သော်လည်းတကယ်လုပ်သောအခါ စိတ်ချမ်းသာမှုကို ရှေ့တန်းတင်၍စိတ်အေးလက်အေးလုပ်တတ်တယ်။ဘာပဲလုပ်လုပ် ဆုံးဖြတ်ပြီးကမြန်မြန်လုပ်ပါ။
အချိန်ဆွဲမိက အလုပ်မဖြစ်တတ်ပါ။ဆန်းသစ်မှု၊ တီထွင်မှု၊ စွန့်စားမှု၊ ဥပဒေပညာ၊ခွဲစိတ်ကုသမှုသတင်းထောက်လှမ်းမှု၊ စူးစမ်းမှုတို့တွင် ဝါသနာပါပြီးပါရမီထူးမယ်။ လောကီပညာမှစ၍ ဗေဒင်၊ နက္ခတ်၊ မှော်ပညာ၊နတ်ပိုင်းဆိုင်ရာဓါတ်ပိုင်းဆိုင်ရာကိစ္စတို့ပါဝါသနာပါမယ်သို့သော်လူသိမခံဘဲ လေ့လာလိုက်စားတတ်တယ်။
ဘာသာရေးတွင်လည်းထူးချွန်မယ်စာရေးဆရာပန်းချီဆရာထောက်လှမ်းရေးကျောက်မျက်ရတနာ၊တွင်းထွက်ပစ္စည်းမျိုးစုံနှင့် လျှပ်စစ်ပစ္စည်း၊ပန်းတိမ်အလုပ်၊ ဖိနပ်လုပ်ငန်းစိုက်ပျိုးရေးအလုပ်တို့တွင် ကောင်းကျိုးပေးမည်။
ဘာပဲလုပ်လုပ် ကောင်းမွန်သောအလုပ်တို့ကိုသာလုပ်သင့်၏။ ပင်ကိုယ်ဗီဇတွင်ပင် ကြီးပွားစေတတ်သော ပါရမီပါပြီးဘာသာတရားကို ဦးထိပ်ပန်ဆင်ပြီး သမ္မာအာဇီဝကျကျ လုပ်သွားကစီးပွားဖြစ်ထွန်းတတ်ပါသည်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည်မီးဘေးလက်နက်ပေါက်ကွဲမှုဘေးလျှပ်စစ်မီးရှော့ခ်ဖြစ်ခြင်းတို့ကြုံတတ်တယ်အနည်းဆုံးအပူလောင်ခြင်းမျိုးမကြာခဏကြုံတတ်တယ်။ဘုရားဂုဏ်တော် (၉) ပါးကို အမြဲပွားတမ်းပွားများနေသင့်ပါသည်။ကျန်းမာရေး ရောဂါဖြစ်ခဲတတ်တယ် ဖြစ်ခဲ့လျှင်လည်းအဖျားကြီးသောရောဂါကူးစက်သော ရောဂါများဖြစ်တတ်တယ်။ထို့အပြင် ခန္ဓာကို၏လျှို့ဝှက်အင်္ဂါအစိတ်အပိုင်းတို့တွင်အနာရောဂါဖြစ်ခြင်း၊ ကျောက်ကပ်အစာအိမ်နှင့်ဆီးရောဂါတို့ဖြစ်တတ်မည်။
သို့သော် အန္တရာယ်ကြီးမားစွာ မဖြစ်တတ်ပါ။တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ထူးခြားသော ဘဝပိုင်ရှင်များ ဖြစ်တယ်အထူးသဖြင့်ကိုယ်ကမှန်သည်ဟုဆုံးဖြတ်ထားသည့်အပေါ်တွင် ခိုင်မြဲစွာ ရပ်တည်၍လုပ်တတ်ရာ ကောင်းသော လမ်းကြောင်းပေါ် ရပ်တည်မိကထိပ်ဆုံးရောက်အောင် ဖြစ်ထွန်းသွားတတ်တယ်။မကောင်းသောလမ်းပေါ်ရောက်သွားကလည်း အဝီစိရောက်အောင်မိုက်တတ်တယ်။
တန်ဆောင်မုန်းလမွေးဖွားသူတို့သည် ကိုယ့်စိတ်ထဲတွင်မကြိုက်ပါကဘယ်လိုပုဂ္ဂိုလ်ကြီးကိုမှဂရုမစိုက်တတ်တဲ့ဉာဉ်ရှိတယ်။ပင်ကိုယ်သဘောထားအလွန်ကောင်းပြီးသူတစ်ပါးထက်ပို၍ သည်းခံခွင့်လွှတ်တတ်မယ်။
ခွင့်လွှတ်နိုင်စွမ်းဘောင်ကျော်လာကလည်း အမျက်ကြီးကာရက်စက်စွာတုံ့ပြန်တတ်တယ်။ကိုယ်ပိုင်အကြံဖြင့်ထိပ်ဆုံးရောက်မယ်။ သူတစ်ပါးတွေကလည်းကိုယ့်ကိုကိုယ်လိုက်ပြီးတုပတတ်ကြ၏။
အပေါင်းအသင်းမက်တတ်တယ်သို့သော် အစွဲမထားတတ်။ အချစ်ရေး၊ အိမ်ထောင်ရေး အားနည်းတယ်ရှုပ်ထွေးမည်။အိမ်ထောင်တစ်ဆက်တည်းထူထောင်ပါကထိပ်ဆုံးရောက်အောင်ကြီးပွားတတ်တယ် ။
တစ်ပါးသူတို့ကလည်းကိုယ့်အပေါ် အခွင့်အရေးယူကာ ဒုက္ခပေးတာခံရတတ်တယ်။ဆွေမျိုးရင်းထက် သူစိမ်းတို့က ပိုကောင်းတတ်မယ်။ ဘဝတွင်အခြေခံမှစပြီးအမြင့်ဆုံးရောက်အောင်ကြိုးစားနိုင်စွမ်းရှိမည်။
အခက်အခဲရှိသူများကိုပင် ကိုယ်ကျိုးမငဲ့ဘဲ ကူညီပေးချင်တတ်သည် ။နှလုံးသားကို ဦးစားပေးသဖြင့်ခံစားချက် ပြင်းထန်တဲ့သူတွေပါ လူမျိုးခြားဘာသာခြားကိုရှောင်ကြဉ်သင့်ပါတယ်။
စီးပွားရေးတွင် အစပိုင်း၌ အမျိုးမျိုးပြောင်းပြီးလုပ်ကိုင်ပြီးမှ မမျှော်လင့်ဘဲမိတ်ဆွေကောင်းတွေ့ကာမထင်မှတ်သောအထောက်အကူများရရှိမည်။တန်ဆောင်မုန်းလမွေးဖွားသူတို့သည် အတိုက်အခံအလွန်များမည်။
ကိုယ်ကလည်းမဟုတ်မခံစိတ် သတ္တိဗျတ္တိနှင့်အတိုက်အခံလုပ်တတ်တယ်အနက်ရောင်ရှောင်ပါ၊ဆောင်ရန် အနီရောင် အနီရင့်အကောင်းဆုံးဖြစ်၏။ပတ္တမြားလက်စွပ်ဝတ်ဆင်ပါအကြံသစ်တွေကို လက်တွေ့လုပ်ဆောင်ပါ။ ရဲရဲလုပ်ပါ။မုချအောင်မြင်ပါလိမ့်မည်