ေဗဒင္

ဇြန္လ 14 .2022 မွ ဇြန္လ 20 ..2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

ဇွန်လ 14 .2022 မှ ဇွန်လ 20 ..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဘာမှာထွေထွေထူးထူး ညံ့မနေပေမဲ့ ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အခက်အခဲတွေများနေတတ်ပါ တယ်။အတွေးအခေါ်အယူအဆတွေအစွန်းရောက်နေတတ်ပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် ဒီအပတ်ထဲမှာသူ့ဘက် ကိုယ့်ဘက်မျှတအောင်ကြည့်ဖို့လိုပါတယ်။ အရာရာကိုရှုထောင့်ပေါင်းစုံကကြည့်ပြီးမှဆုံးဖြတ်ဆောင်ရွက်ပါ။ မိတ် ဆွေရင်းတွေကျန်းမာရေးညံ့တာမို့ ငွေအားလူအားနဲ့ကူညီပေးရတတ်ပါတယ်။

ဒီနေ့မှာစိတ်နဲ့လူနဲ့မကပ်ဘဲ ပြောတခြား၊ နားကြားတခြား အလွဲလွဲအချော်ချော်ဖြစ်မည်။ အရေးကြီးတဲ့ စာချုပ်စာတမ်း တွေအသိမ်းလွန်ပြီး ပျောက်ရှမည်။ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေမည်။

လုပ်သမျှ အလုပ်လူသိများသော် လည်း ရလဒ်ကောင်း ထွက်မလာသေးပေ။ လူအင်အား၊ ငွေအင်အား စိုက်ထုတ်လုပ်ဖြစ်မည်။ အလုပ်လျှောက်လျှင် ရလွယ်သည်။

လက်ကားစီးပွားများငွေရသော်လည်း အရင်းထဲပြန်ပါသွား မည်။ အိမ်ထောင်ရေးတွင် မပေါက်ကွဲအောင် သတိဖြင့်နေ နေရမည်။

ကိုယ့်ဘက်က အမှားတွေရှိခဲ့၍ ဆင်ခြင်နေရမည်။ ဆရာ၊ မိဘများနှင့် အဆင်မပြေဖြစ်မည်။ လက်ရှိချစ်သူထက် ပိုမိုချစ်ရမည့်သူ အားကိုးရမည့်သူတွေ့ဖြစ်မည်။
ဒါကြောင့်ပဲလက်ရှိချစ်သူအပေါ်စိတ်မပါ သလိုဖြစ်နေမည်။ စကားများ ရန်ဖြစ်ရင်း ကွဲရတတ်သည်။ ကျန်းမာရေးတွင် စိတ်မငြိမ်၊

အစားအသောက် မမှန်ဖြစ်မည်။ အကျိုးပေးဂဏန်း ( ၁၊ ၃၊ ၀ ) အထူးဟော ကံအင်အားနည်းနေမည်။
ယတြာ တရားဟောဓမ္မကထိကဆရာတော်များအား ဆေးဝါးလှူ၍ ဆုတောင်းပါ။

တနင်္လာ

သွားစရာကိစ္စတွေ၊ခရီးအစီအစဉ်တွေ ရက်ရွှေ့ရတတ်ပါတယ်။ချေးငှားထားတဲ့ငွေကြေးကိစ္စတွေအတွက် စကားအခြေအတင်များရတတ်ပါတယ်။စန်းအားကောင်းနေတတ်ပြီး လူချစ်လူခင်များနေတတ်ပါတယ်။

အိမ်မွေး တိရစ္ဆာန်လေးအတွက်ပူပန်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး နှစ်မျိုးနှစ်ခွကိစ္စတွေကြုံရတတ်ပါတယ်။ငွေကံ အားကောင်းပေမဲ့ ဝင်လိုက်၊ပြန်ထွက်သွားလိုက်နဲ့အဖတ်မတင်ဖြစ်ရလိမ့်မယ်။

စာရင်းဇယားများ အကြိမ်ကြိမ် ထပ်ပြင်နေရမည်။ ခရီးသွား၊ ဘုရားဖူး၊ ဟော်တယ်၊ ယာဉ်လုပ်ငန်းများ အောင်မြင်မည်။

ရေမသန့်မှုကြောင့် ဝမ်းပျက်မှု ကြုံမည်။ ညအိပ်မပျော် ဖြစ်မည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးအလုပ်များ အဆင်ပြေမှုတွေ ဆက်တိုက်ဖြစ်မည်။ အချစ်ရေးမှာနုပျိုငယ်ရွယ်သူများ၏ ချစ်မြတ်နိုးမှုကို ရမည်။

ဒါပေမယ့် နှလုံးသားက ချစ်ချင်သော်လည်း အလုပ်ကို ပိုမိုဦးစားပေးနေဖြစ်မည်။အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်၏ အနားမကပ်နိုင်အောင် အလုပ်ကိစ္စ၊လူမှုရေး၊ ဘာသာရေးများနှင့်ရှုပ်နေမည်။

နေအိမ်ရှိ အတူနေသူများအပေါ် စိတ်တိုင်းမကျဖြစ်မည်။ အိမ်ထောင်ဖက်အတွက် အောင်မြင် မှုတစ်ခု ရယူပေးဖြစ်လိမ့်မည်။ ပညာသင်ယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။ အခွင့်အရေးများ ရရှိမည်။

သို့သော် ကိုယ့် အလုပ်နှင့် ကိုယ်ရှုပ်နေမည်။ အလုပ်နှင့်ဆိုင်သော ပညာရပ်များ လေ့လာဖြစ်မည်။အကျိုးပေးဂဏန်း ( ၃၊ ၇၊ ၀ )အထူးဟော ကံအကောင်းအဆိုးမျှနေမည်။ယတြာ ဘုရားရှင်အား အဖြူရောင်ပန်းများ လှူ၍ ဆုတောင်းပါ။

အင်္ဂါ
မိသားစုကိုယ်စီတိုင်း အလုပ်ကိုယ်စီရှိသူများ ဝင်ငွေကောင်းပေမယ့်အဖတ်မတင်ဖြစ်တတ်သည်။ မသိနားလည်သူတို့၏ အတွင်းရေး အရှုပ်ထုပ်များ ဖြေရှင်းပေးနေရမည်။

လုပ်ငန်းသစ်စခြင်း၊ ပြောင်းရွှေ့ရခြင်းများ မပြုလုပ်သင့်ပါ။ သတိနှင့် အေးဆေး သီးသန့်နေသင့်သော အချိန်ဖြစ်သည်။ မိတ်ဆွေတို့၏ အားပေးမှုကို ရမည်။

ကျန်းမာရေးကတော့အပူရှပ်၊ နှာစေးပြီး ကိုက်ခဲ နာကျင်မည်။ မိတ်ကောင်းဆွေကောင်းတွေရဲ့ ကောင်းသောအကူ အညီ တွေ ရလာတတ်ပါတယ်။

မိမိကိုပိုကောင်းတဲ့ လမ်း ကြောင်းကိုပြသပေးနိုင်မဲ့သူတွေနဲ့ကြုံရလိမ့်မယ်။ အလုပ်စီးပွားတွေကောင်းလာလိမ့်မယ်။ ငွေအစုလိုက်ဝင်လာနိုင်မဲ့ လမ်းကြောင်းတွေစတင်ပွင့်ပါလိမ့်မယ်။

သားသမီး အောက်လက်ငယ်သားတွေအတွက် စိတ်ချမ်းသာရမယ်။ ခရီးတို လေးတွေ သွားရတတ်ပါတယ်။

ချစ်သူ ရှိပြီးသူများအပြော မတတ်မှုကြောင့် စိတ်ကောက်သွားတတ်သည်။ အိမ်ထောင်ရေးကတော့အိမ်ထောင်ဖက်၏ အလုပ်အောင်မြင်မှု ဂုဏ်သတင်း ရရှိမည်။

မိမိထက် အစစသာနေမည်။ အိမ်ထောင်ဖက်ကြောင့် ဂုဏ်တတ်မည်။ စားကောင်းသောက်ဖွယ်များကို လက်ဆုံ စားဖြစ်မည်။ သာယာသော အိမ်ထောင်ရေးကောင်း ဖြစ်သည်။

ပညာရေး မှာတော့သင်ယူလိုစိတ်အားနည်းနေမည်။ပညာရေး အထောက်အကူပစ္စည်းများ ပျောက်ဆုံးမည်။ ပညာရေးအတွက် အချိန်များ ရပေမယ့်မိမိကလိုက်မလုပ်ချင်ဖြစ်မည်။

အကျိုးပေးဂဏန်း (၅၊ ဝ၊ ၇ ) အထူးဟော ငွေကိုအသုံးနဲ့ အဖြုန်းနားလည်ပါ။ယတြာ အမဲသား စားသုံးမှုရှောင်ကြဉ်ခြင်းက ဒီအပတ်အတွက်ယတြာပါ။

ဗုဒ္ဓဟူး/ရာဟု

အနည်းငယ်သတိထားစရာများတဲ့ကာလပါပဲ။ အဘက်ဘက်ကနေ သိက္ခာကျစရာကြုံနေတတ်ပါတယ်။ လုပ်ငန်းခွင်မှာတော့ မိမိမသိတဲ့ကိစ္စကို မသိဘူးပြောပါ။ တက်ယောင်ကားမလုပ်ပါနဲ့။

လုပ်မိပါက အပြစ်တွေမိမိ ပေါ်ပုံချခြင်းခံနေရနိုင်ပါတယ်။သားသမီးငယ်တွေရှိရင် ရေကစားခြင်းကို သတိပြုပါ။

မိမိတို့အနားမှာရှိမှသာ ရေကူးတာမျိုး၊ရေကန်နားသွားတာမျိုးကိုခွင့်ပြုပါ။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့လဲ ပုံမှန်လေးပဲ လည်ပတ်နေပါ လိမ့်မယ်။

အိပ်ရေးဝဝအိပ်ပါ။ ဗိုက်နာ၊ဗိုက်အောက်မည်။ ပတ်ဝန်းကျင်ဆူညံသံများကြောင့် စိတ်ညစ်ရမည်။ မိသားစုလုပ်ငန်းများ ငွေဝင်မည်။ မြေယာ၊အဆောက်အအုံ၊ယာဉ်များကောင်းကျိုးပေးမည်။

စာရင်းမှား၍ ငွေစိုက်ရမည်။မရှန်းပါနဲ့။အလုပ်အပေါ်စိတ်နှစ်ထားပါ။ အကျိုးဆောင်နှင့် စပ်တူလုပ်ငန်းများ အကျိုးမပေး ပြဿနာပေါ်မည်။ ဆက်သွယ်ရေးဆိုင်ရာ ခက်ခဲမှုများ ကြုံမည်။ ချစ်သူနှင့် ခဏတာ ခွဲနေရမည်။

လက်ထပ်ရန်ဝေးနေမည်။ လက်ထပ်ဖို့စီစဉ်ပြီးသူများ အခက်အခဲအနည်းငယ်ကြုံမည်။ အိမ်ထောင်ရေးမှာတော့သာယာသော အိမ်ထောင်ရေးဖြစ်မည်။

ဒါပေမယ့်အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည် သို့မဟုတ် ခရီးဝေး ထွက်ခွာရလိမ့် မည်။ အိမ်တွင်းရေး သာယာမည်။ သင်တန်းတွေစုံအောင် လိုက်တတ် နေသော်လည်း လိုက်မမီနိုင်၊ သိလွယ်၊ မေ့လွယ်ဖြစ်မည်။

အကျိုးပေးဂဏန်း (၃၊ ၅၊ ဝ) အထူးဟော အလုပ်များ၊ကိစ္စများနေတတ်သည်။ယတြာ ဘုရားဖူးခရီးထွက်သူများအား အလှူငွေပေးပြီး အဆင်ပြေရာလှူခိုင်းလိုက်ပါ။

ကြာသပတေး

ဒီကာလမျာအရှုပ်ထုပ်များ ရှင်းနေရမည်။ ရန်ပြုခံရမည်။ ခရီးဝေးထွက်ဖြစ်မည်။ သူတစ်ပါး၏ သိမ်းသွင်းမှု ခံရမည်။ ဖခင်ရဲ့လုပ်ငန်းတွေကိုကူညီလုပ်ပေးရင်းကနေမိမိလုပ်ငန်းများလဲ ငွေဝင်မည်။

လက်ဝတ်ရတနာများ ပျောက် ကွယ်၊ ပျက်စီးလွယ်မည်။ သားသမီးတို့၏ အကျိုးကျေးဇူး ခံစားရမည်။ ကျန်းမာရေးကတော့အစာမကြေ၊ ဗိုက်နာ၊ လေပွမည်။ မျက်စိနာမည်။ ဝမ်းချုပ်မည်။

ရေသောက် နည်းမှုကြောင့် ဆိုင်ရာ ရောဂါရလွယ်မည်။ အထူးသဖြင့် အပျော်လွန်တဲ့စိတ်ကိုဖျောက်ပစ်ဖို့လိုပါတယ်။ ငွေကြေးအသုံးအစွဲများနေပြီး မလိုအပ်တာ တွေဝယ်နေမိတတ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အလုပ်များနေလို့ ကျန်းမာရေးကို လျစ်လျူရှုမိရာ ကနေ ရောဂါတွေဝင်လာတတ်ပါတယ်။ အိမ်ပြောင်း နေရာပြောင်း အလုပ်ပြောင်းတွေလဲ ကြုံလွယ်တဲ့ကာလဖြစ်ပါ တယ်။

မထင်မှတ်ဘဲ ရပ်ဝေးခရီးတွေလဲ ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးတွင် တိတ်ဆိတ် ငြိမ်သက်နေမည်။ အိမ်ထောင်ရေးအညံ့အဆိုး မရှိပါ။အိမ်ထောင်ဖက်၏ ကျန်းမာရေးညံ့တတ်သည်။

အချစ်ရေးတွင် လိုက်တမ်းပြေးတမ်း ကစားနေရသလို ဉာဏ်ကို လွှာသုံးနေရမည်။ မိမိဖြစ်ချင်တာတွေပဲဇွတ်ပြောနေလို့မရပါ။ ပညာရေးတွင် လေ့လာရေး ခရီးများ ထွက်ဖြစ်မည်။

အားကစားများသင်ရန်အခွင့်အရေးပေါ်မည်။အကျိုးပေးဂဏန်း ( ၂၊ ၅၊ ၆) အထူးဟော ကျန်းမာရေးဂရုစိုက်သင့်တဲ့နေ့ရက်တွေပါ။ယတြာ သက်ကြီးရွယ်အိုများအား ဆေးဝါးလှူ၍ ဆုတောင်းပါ။

သောကြာ

ကောင်းသောကံတွေပေါ်ထွန်းနေလိမ့်မယ်။ အဘက်ဘက်က အဆင်ပြေမှုတွေကြုံနေရတတ်ပါတယ်။ အလုပ်ကောင်း၊နေရာကောင်းရလာတတ်ပါတယ်။

ငွေကံကောင်းသလို ဝင်သမျှငွေလဲ အထွက်နည်းနေပါလိမ့်မယ်။ အလှူအတန်းကိစ္စတွေကြုံရမယ်။ အလှအပနဲ့ဆိုင်သောအလုပ်များ အားကောင်းလာတတ်ပါတယ်။

အကြွေးတွေပြန် ရလာနိုင်သလို ပေးစရာရှိလဲ ပေးလာနိုင်ပါလိမ့်မယ်။ ဘာသာရေး၊ကုသိုလ်ရေး အလုပ်များအချိန်ပေးလုပ်ဖြစ်နေမည်

။ရောင်းအား၊ ဝယ်အား ကောင်းနေချိန်ဖြစ်သည်။ မြေယာ၊ ဆောက်လုပ်ရေး၊ စက်မှုဆိုင်ရာများ အကျိုးပေးမည်။

အလုပ်သမား အခက်အခဲဖြစ်မည်။အထက်လူကြီး၊ဆရာသမားတွေဆီကအကူအညီရ လွယ်နေမည်။ ကျန်းမာရေးကတော့ဆေးစားမှားမည်။ ကျော်ဘက်အခြမ်း နာကျင်ကိုက်ခဲမည်။ အိပ်မပျော်ဖြစ်မည်။

အိမ်ထောင်ရေးတွင် ရန်ဖြစ်သော်လည်း မယ်နှင့်မောင် တူညီလိုက်ဖက်စွာ အလုပ်လုပ်ဖြစ်မည်။ နှစ်ယောက်လုံးမှ ဝင်ငွေရနေမည်။ မာနချင်းပြိုင်၊ စကားနိုင်လု၊ ငြင်းခုန်ရသော်လည်း အတွဲညီသော အိမ်ထောင်ရေးကာလဖြစ်မည်။

ပညာရေးကြိုးစားချင်စိတ်ရှိနေမည်။ အလုပ်လုပ်ရင်း အွန်လိုင်းကနေပညာသင်ဖြစ်မည်။ အချစ်ရေးမှာတော့စိတ်လေရသော အချစ်ဖြစ်မည်။ အချစ်နှင့်ပတ်သက်၍ သိက္ခာကျခံရမည်။

ကိုယ်ကစချစ်သော်လည်း သူကကိုယ့်ကိုဥပေက္ခာ ပြုထားတတ်ပါတယ်။အကျိုးပေးဂဏန်း ( ၁၊ ၂၊ ၄ ) အထူးဟော ကံမြင့်မားနေမည်။ယတြာ ပရိတ်ပဋ္ဌာန်းတွေမပြတ်ရွတ်ခြင်းဖြင့် ပိုမိုကံကောင်းစေပါလိမ့်မယ်။

စနေ
စပ်တူအကျိုးဆောင် လုပ်ငန်းများ လုပ်ဖြစ်မည်။ ခရီးသွား၊ ဟိုတယ်၊ အနုပညာလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်း မည်။ သားသမီးနှင့် အသိပညာရှိမှု၊မိဘအပေါ် သိတတ်မှုများကြောင့

စိတ်ချမ်းသာရတတ်ပါသည်။လူချစ် လူခင်များတဲ့ကာလဖြစ်တာကြောင့် ကူညီမဲ့သူပေါများနေတတ် သည်။ စုတ်အားကောင်းနေတာမို့ အိမ်ထောင် သည်ဆို ထိန်းသိမ်းဖို့လိုပါတယ်။

အလုပ်ပိုတွေများနေပြီး အကူအညီ လာတောင်းသူတွေများနေတတ်ပါတယ်။ ကျန်းမာရေးကတော့နုပျိုလန်းဆန်း သော အချိန်ဖြစ်သည်။ အိပ်ပျော် အစားအသောက်ကောင်း နေမည်။

များသောအားဖြင့် ကျန်းမာရေးကောင်းနေမည်။ အမျိုး သမီးများ အလှကုန်ပစ္စည်းအသစ်များစတင်မသုံးသင့်တဲ့ကာ လဖြစ်ပါတယ်။ ဒီကာလအတွင်းခရီးတွေဆက်နေမည်။

ခရီးမများပါကရပ်ဝေးကဧည့်သည်များ ရောက်လာမည်။ အိမ်ထောင်ရေးတွင် မျက်နှာချင်းဆိုင်တိုင်း စကားများ ရန်ဖြစ်ရမည်။

နှစ်ယောက်စလုံး မာနချင်းပြိုင် ငြင်းဖြစ်မည်။ အချစ်ရေးတွင် ငယ်ရွယ်နုပျိုသူကိုမှ ချစ်နေမိမည်။ ပြန်ချစ်ခံရမည်။

မိမိ တပည့်လက်သားကို ပညာသင် ပေးရာမှ ချစ်စိတ်ဝင်လာလိမ့်မည်။ ပညာရေးမှာတော့ပညာသင်ကြားရန် အကောင်းဆုံး အခွင့်အရေး ရလာမည်။ သင်္ချာအားနည်းမည်။

လက်တွေ့ ဆိုင်ရာ ဘာသာရပ်များ ထူးချွန်မည်။အကျိုးပေးဂဏန်း ( ၃၊ ၆၊ ဝ) အထူးဟော စိတ်ချမ်းသာပျော်ရွှင်ရတတ်သည်။ ယတြာ မွေးနံထောင့်မှ ဘုရားအား ရေသပ္ပာယ်၍ ဆုတောင်းပါ။

ရရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာအောင်သိုက်
Categories

ဇြန္လ 14 .2022 မွ ဇြန္လ 20 ..2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဘာမွာေထြေထြထူးထူး ညံ့မေနေပမဲ့ ပညာေရးနဲ႔ပတ္သက္တဲ့ကိစၥေတြမွာ အခက္အခဲေတြမ်ားေနတတ္ပါ တယ္။အေတြးအေခၚအယူအဆေတြအစြန္းေရာက္ေနတတ္ပါတယ္။

ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ဒီအပတ္ထဲမွာသူ႔ဘက္ ကိုယ့္ဘက္မွ်တေအာင္ၾကည့္ဖို႔လိုပါတယ္။ အရာရာကိုရႈေထာင့္ေပါင္းစုံကၾကည့္ၿပီးမွဆုံးျဖတ္ေဆာင္႐ြက္ပါ။ မိတ္ ေဆြရင္းေတြက်န္းမာေရးညံ့တာမို႔ ေငြအားလူအားနဲ႔ကူညီေပးရတတ္ပါတယ္။

ဒီေန႔မွာစိတ္နဲ႔လူနဲ႔မကပ္ဘဲ ေျပာတျခား၊ နားၾကားတျခား အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္မည္။ အေရးႀကီးတဲ့ စာခ်ဳပ္စာတမ္း ေတြအသိမ္းလြန္ၿပီး ေပ်ာက္ရွမည္။ ကိုယ့္ကိုကိုယ္ အထင္ႀကီးလြန္းေနမည္။

လုပ္သမွ် အလုပ္လူသိမ်ားေသာ္ လည္း ရလဒ္ေကာင္း ထြက္မလာေသးေပ။ လူအင္အား၊ ေငြအင္အား စိုက္ထုတ္လုပ္ျဖစ္မည္။ အလုပ္ေလွ်ာက္လွ်င္ ရလြယ္သည္။

လက္ကားစီးပြားမ်ားေငြရေသာ္လည္း အရင္းထဲျပန္ပါသြား မည္။ အိမ္ေထာင္ေရးတြင္ မေပါက္ကြဲေအာင္ သတိျဖင့္ေန ေနရမည္။

ကိုယ့္ဘက္က အမွားေတြရွိခဲ့၍ ဆင္ျခင္ေနရမည္။ ဆရာ၊ မိဘမ်ားႏွင့္ အဆင္မေျပျဖစ္မည္။ လက္ရွိခ်စ္သူထက္ ပိုမိုခ်စ္ရမည့္သူ အားကိုးရမည့္သူေတြ႕ျဖစ္မည္။
ဒါေၾကာင့္ပဲလက္ရွိခ်စ္သူအေပၚစိတ္မပါ သလိုျဖစ္ေနမည္။ စကားမ်ား ရန္ျဖစ္ရင္း ကြဲရတတ္သည္။ က်န္းမာေရးတြင္ စိတ္မၿငိမ္၊

အစားအေသာက္ မမွန္ျဖစ္မည္။ အက်ိဳးေပးဂဏန္း ( ၁၊ ၃၊ ၀ ) အထူးေဟာ ကံအင္အားနည္းေနမည္။
ယၾတာ တရားေဟာဓမၼကထိကဆရာေတာ္မ်ားအား ေဆးဝါးလႉ၍ ဆုေတာင္းပါ။

တနလၤာ

သြားစရာကိစၥေတြ၊ခရီးအစီအစဥ္ေတြ ရက္ေ႐ႊ႕ရတတ္ပါတယ္။ေခ်းငွားထားတဲ့ေငြေၾကးကိစၥေတြအတြက္ စကားအေျခအတင္မ်ားရတတ္ပါတယ္။စန္းအားေကာင္းေနတတ္ၿပီး လူခ်စ္လူခင္မ်ားေနတတ္ပါတယ္။

အိမ္ေမြး တိရစာၦန္ေလးအတြက္ပူပန္ရတတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္ၿပီး ႏွစ္မ်ိဳးႏွစ္ခြကိစၥေတြႀကဳံရတတ္ပါတယ္။ေငြကံ အားေကာင္းေပမဲ့ ဝင္လိုက္၊ျပန္ထြက္သြားလိုက္နဲ႔အဖတ္မတင္ျဖစ္ရလိမ့္မယ္။

စာရင္းဇယားမ်ား အႀကိမ္ႀကိမ္ ထပ္ျပင္ေနရမည္။ ခရီးသြား၊ ဘုရားဖူး၊ ေဟာ္တယ္၊ ယာဥ္လုပ္ငန္းမ်ား ေအာင္ျမင္မည္။

ေရမသန႔္မႈေၾကာင့္ ဝမ္းပ်က္မႈ ႀကဳံမည္။ ညအိပ္မေပ်ာ္ ျဖစ္မည္။ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးအလုပ္မ်ား အဆင္ေျပမႈေတြ ဆက္တိုက္ျဖစ္မည္။ အခ်စ္ေရးမွာႏုပ်ိဳငယ္႐ြယ္သူမ်ား၏ ခ်စ္ျမတ္ႏိုးမႈကို ရမည္။

ဒါေပမယ့္ ႏွလုံးသားက ခ်စ္ခ်င္ေသာ္လည္း အလုပ္ကို ပိုမိုဦးစားေပးေနျဖစ္မည္။အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဖက္၏ အနားမကပ္ႏိုင္ေအာင္ အလုပ္ကိစၥ၊လူမႈေရး၊ ဘာသာေရးမ်ားႏွင့္ရႈပ္ေနမည္။

ေနအိမ္ရွိ အတူေနသူမ်ားအေပၚ စိတ္တိုင္းမက်ျဖစ္မည္။ အိမ္ေထာင္ဖက္အတြက္ ေအာင္ျမင္ မႈတစ္ခု ရယူေပးျဖစ္လိမ့္မည္။ ပညာသင္ယူရန္ အေကာင္းဆုံးအခ်ိန္ျဖစ္သည္။ အခြင့္အေရးမ်ား ရရွိမည္။

သို႔ေသာ္ ကိုယ့္ အလုပ္ႏွင့္ ကိုယ္ရႈပ္ေနမည္။ အလုပ္ႏွင့္ဆိုင္ေသာ ပညာရပ္မ်ား ေလ့လာျဖစ္မည္။အက်ိဳးေပးဂဏန္း ( ၃၊ ၇၊ ၀ )အထူးေဟာ ကံအေကာင္းအဆိုးမွ်ေနမည္။ယၾတာ ဘုရားရွင္အား အျဖဴေရာင္ပန္းမ်ား လႉ၍ ဆုေတာင္းပါ။

အဂၤါ
မိသားစုကိုယ္စီတိုင္း အလုပ္ကိုယ္စီရွိသူမ်ား ဝင္ေငြေကာင္းေပမယ့္အဖတ္မတင္ျဖစ္တတ္သည္။ မသိနားလည္သူတို႔၏ အတြင္းေရး အရႈပ္ထုပ္မ်ား ေျဖရွင္းေပးေနရမည္။

လုပ္ငန္းသစ္စျခင္း၊ ေျပာင္းေ႐ႊ႕ရျခင္းမ်ား မျပဳလုပ္သင့္ပါ။ သတိႏွင့္ ေအးေဆး သီးသန႔္ေနသင့္ေသာ အခ်ိန္ျဖစ္သည္။ မိတ္ေဆြတို႔၏ အားေပးမႈကို ရမည္။

က်န္းမာေရးကေတာ့အပူရွပ္၊ ႏွာေစးၿပီး ကိုက္ခဲ နာက်င္မည္။ မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ ေကာင္းေသာအကူ အညီ ေတြ ရလာတတ္ပါတယ္။

မိမိကိုပိုေကာင္းတဲ့ လမ္း ေၾကာင္းကိုျပသေပးႏိုင္မဲ့သူေတြနဲ႔ႀကဳံရလိမ့္မယ္။ အလုပ္စီးပြားေတြေကာင္းလာလိမ့္မယ္။ ေငြအစုလိုက္ဝင္လာႏိုင္မဲ့ လမ္းေၾကာင္းေတြစတင္ပြင့္ပါလိမ့္မယ္။

သားသမီး ေအာက္လက္ငယ္သားေတြအတြက္ စိတ္ခ်မ္းသာရမယ္။ ခရီးတို ေလးေတြ သြားရတတ္ပါတယ္။

ခ်စ္သူ ရွိၿပီးသူမ်ားအေျပာ မတတ္မႈေၾကာင့္ စိတ္ေကာက္သြားတတ္သည္။ အိမ္ေထာင္ေရးကေတာ့အိမ္ေထာင္ဖက္၏ အလုပ္ေအာင္ျမင္မႈ ဂုဏ္သတင္း ရရွိမည္။

မိမိထက္ အစစသာေနမည္။ အိမ္ေထာင္ဖက္ေၾကာင့္ ဂုဏ္တတ္မည္။ စားေကာင္းေသာက္ဖြယ္မ်ားကို လက္ဆုံ စားျဖစ္မည္။ သာယာေသာ အိမ္ေထာင္ေရးေကာင္း ျဖစ္သည္။

ပညာေရး မွာေတာ့သင္ယူလိုစိတ္အားနည္းေနမည္။ပညာေရး အေထာက္အကူပစၥည္းမ်ား ေပ်ာက္ဆုံးမည္။ ပညာေရးအတြက္ အခ်ိန္မ်ား ရေပမယ့္မိမိကလိုက္မလုပ္ခ်င္ျဖစ္မည္။

အက်ိဳးေပးဂဏန္း (၅၊ ဝ၊ ၇ ) အထူးေဟာ ေငြကိုအသုံးနဲ႔ အျဖဳန္းနားလည္ပါ။ယၾတာ အမဲသား စားသုံးမႈေရွာင္ၾကဥ္ျခင္းက ဒီအပတ္အတြက္ယၾတာပါ။

ဗုဒၶဟူး/ရာဟု

အနည္းငယ္သတိထားစရာမ်ားတဲ့ကာလပါပဲ။ အဘက္ဘက္ကေန သိကၡာက်စရာႀကဳံေနတတ္ပါတယ္။ လုပ္ငန္းခြင္မွာေတာ့ မိမိမသိတဲ့ကိစၥကို မသိဘူးေျပာပါ။ တက္ေယာင္ကားမလုပ္ပါနဲ႔။

လုပ္မိပါက အျပစ္ေတြမိမိ ေပၚပုံခ်ျခင္းခံေနရႏိုင္ပါတယ္။သားသမီးငယ္ေတြရွိရင္ ေရကစားျခင္းကို သတိျပဳပါ။

မိမိတို႔အနားမွာရွိမွသာ ေရကူးတာမ်ိဳး၊ေရကန္နားသြားတာမ်ိဳးကိုခြင့္ျပဳပါ။ စီးပြားေရးနဲ႔ပတ္သက္ၿပီးေတာ့လဲ ပုံမွန္ေလးပဲ လည္ပတ္ေနပါ လိမ့္မယ္။

အိပ္ေရးဝဝအိပ္ပါ။ ဗိုက္နာ၊ဗိုက္ေအာက္မည္။ ပတ္ဝန္းက်င္ဆူညံသံမ်ားေၾကာင့္ စိတ္ညစ္ရမည္။ မိသားစုလုပ္ငန္းမ်ား ေငြဝင္မည္။ ေျမယာ၊အေဆာက္အအုံ၊ယာဥ္မ်ားေကာင္းက်ိဳးေပးမည္။

စာရင္းမွား၍ ေငြစိုက္ရမည္။မရွန္းပါနဲ႔။အလုပ္အေပၚစိတ္ႏွစ္ထားပါ။ အက်ိဳးေဆာင္ႏွင့္ စပ္တူလုပ္ငန္းမ်ား အက်ိဳးမေပး ျပႆနာေပၚမည္။ ဆက္သြယ္ေရးဆိုင္ရာ ခက္ခဲမႈမ်ား ႀကဳံမည္။ ခ်စ္သူႏွင့္ ခဏတာ ခြဲေနရမည္။

လက္ထပ္ရန္ေဝးေနမည္။ လက္ထပ္ဖို႔စီစဥ္ၿပီးသူမ်ား အခက္အခဲအနည္းငယ္ႀကဳံမည္။ အိမ္ေထာင္ေရးမွာေတာ့သာယာေသာ အိမ္ေထာင္ေရးျဖစ္မည္။

ဒါေပမယ့္အိမ္ေထာင္ဖက္ က်န္းမာေရးညံ့မည္ သို႔မဟုတ္ ခရီးေဝး ထြက္ခြာရလိမ့္ မည္။ အိမ္တြင္းေရး သာယာမည္။ သင္တန္းေတြစုံေအာင္ လိုက္တတ္ ေနေသာ္လည္း လိုက္မမီႏိုင္၊ သိလြယ္၊ ေမ့လြယ္ျဖစ္မည္။

အက်ိဳးေပးဂဏန္း (၃၊ ၅၊ ဝ) အထူးေဟာ အလုပ္မ်ား၊ကိစၥမ်ားေနတတ္သည္။ယၾတာ ဘုရားဖူးခရီးထြက္သူမ်ားအား အလႉေငြေပးၿပီး အဆင္ေျပရာလႉခိုင္းလိုက္ပါ။

ၾကာသပေတး

ဒီကာလမ်ာအရႈပ္ထုပ္မ်ား ရွင္းေနရမည္။ ရန္ျပဳခံရမည္။ ခရီးေဝးထြက္ျဖစ္မည္။ သူတစ္ပါး၏ သိမ္းသြင္းမႈ ခံရမည္။ ဖခင္ရဲ႕လုပ္ငန္းေတြကိုကူညီလုပ္ေပးရင္းကေနမိမိလုပ္ငန္းမ်ားလဲ ေငြဝင္မည္။

လက္ဝတ္ရတနာမ်ား ေပ်ာက္ ကြယ္၊ ပ်က္စီးလြယ္မည္။ သားသမီးတို႔၏ အက်ိဳးေက်းဇူး ခံစားရမည္။ က်န္းမာေရးကေတာ့အစာမေၾက၊ ဗိုက္နာ၊ ေလပြမည္။ မ်က္စိနာမည္။ ဝမ္းခ်ဳပ္မည္။

ေရေသာက္ နည္းမႈေၾကာင့္ ဆိုင္ရာ ေရာဂါရလြယ္မည္။ အထူးသျဖင့္ အေပ်ာ္လြန္တဲ့စိတ္ကိုေဖ်ာက္ပစ္ဖို႔လိုပါတယ္။ ေငြေၾကးအသုံးအစြဲမ်ားေနၿပီး မလိုအပ္တာ ေတြဝယ္ေနမိတတ္ပါတယ္။

က်န္းမာေရးနဲ႔ပတ္သက္ၿပီးေတာ့လဲ အလုပ္မ်ားေနလို႔ က်န္းမာေရးကို လ်စ္လ်ဴရႈမိရာ ကေန ေရာဂါေတြဝင္လာတတ္ပါတယ္။ အိမ္ေျပာင္း ေနရာေျပာင္း အလုပ္ေျပာင္းေတြလဲ ႀကဳံလြယ္တဲ့ကာလျဖစ္ပါ တယ္။

မထင္မွတ္ဘဲ ရပ္ေဝးခရီးေတြလဲ ႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရးတြင္ တိတ္ဆိတ္ ၿငိမ္သက္ေနမည္။ အိမ္ေထာင္ေရးအညံ့အဆိုး မရွိပါ။အိမ္ေထာင္ဖက္၏ က်န္းမာေရးညံ့တတ္သည္။

အခ်စ္ေရးတြင္ လိုက္တမ္းေျပးတမ္း ကစားေနရသလို ဉာဏ္ကို လႊာသုံးေနရမည္။ မိမိျဖစ္ခ်င္တာေတြပဲဇြတ္ေျပာေနလို႔မရပါ။ ပညာေရးတြင္ ေလ့လာေရး ခရီးမ်ား ထြက္ျဖစ္မည္။

အားကစားမ်ားသင္ရန္အခြင့္အေရးေပၚမည္။အက်ိဳးေပးဂဏန္း ( ၂၊ ၅၊ ၆) အထူးေဟာ က်န္းမာေရးဂ႐ုစိုက္သင့္တဲ့ေန႔ရက္ေတြပါ။ယၾတာ သက္ႀကီး႐ြယ္အိုမ်ားအား ေဆးဝါးလႉ၍ ဆုေတာင္းပါ။

ေသာၾကာ

ေကာင္းေသာကံေတြေပၚထြန္းေနလိမ့္မယ္။ အဘက္ဘက္က အဆင္ေျပမႈေတြႀကဳံေနရတတ္ပါတယ္။ အလုပ္ေကာင္း၊ေနရာေကာင္းရလာတတ္ပါတယ္။

ေငြကံေကာင္းသလို ဝင္သမွ်ေငြလဲ အထြက္နည္းေနပါလိမ့္မယ္။ အလႉအတန္းကိစၥေတြႀကဳံရမယ္။ အလွအပနဲ႔ဆိုင္ေသာအလုပ္မ်ား အားေကာင္းလာတတ္ပါတယ္။

အေႂကြးေတြျပန္ ရလာႏိုင္သလို ေပးစရာရွိလဲ ေပးလာႏိုင္ပါလိမ့္မယ္။ ဘာသာေရး၊ကုသိုလ္ေရး အလုပ္မ်ားအခ်ိန္ေပးလုပ္ျဖစ္ေနမည္

။ေရာင္းအား၊ ဝယ္အား ေကာင္းေနခ်ိန္ျဖစ္သည္။ ေျမယာ၊ ေဆာက္လုပ္ေရး၊ စက္မႈဆိုင္ရာမ်ား အက်ိဳးေပးမည္။

အလုပ္သမား အခက္အခဲျဖစ္မည္။အထက္လူႀကီး၊ဆရာသမားေတြဆီကအကူအညီရ လြယ္ေနမည္။ က်န္းမာေရးကေတာ့ေဆးစားမွားမည္။ ေက်ာ္ဘက္အျခမ္း နာက်င္ကိုက္ခဲမည္။ အိပ္မေပ်ာ္ျဖစ္မည္။

အိမ္ေထာင္ေရးတြင္ ရန္ျဖစ္ေသာ္လည္း မယ္ႏွင့္ေမာင္ တူညီလိုက္ဖက္စြာ အလုပ္လုပ္ျဖစ္မည္။ ႏွစ္ေယာက္လုံးမွ ဝင္ေငြရေနမည္။ မာနခ်င္းၿပိဳင္၊ စကားႏိုင္လု၊ ျငင္းခုန္ရေသာ္လည္း အတြဲညီေသာ အိမ္ေထာင္ေရးကာလျဖစ္မည္။

ပညာေရးႀကိဳးစားခ်င္စိတ္ရွိေနမည္။ အလုပ္လုပ္ရင္း အြန္လိုင္းကေနပညာသင္ျဖစ္မည္။ အခ်စ္ေရးမွာေတာ့စိတ္ေလရေသာ အခ်စ္ျဖစ္မည္။ အခ်စ္ႏွင့္ပတ္သက္၍ သိကၡာက်ခံရမည္။

ကိုယ္ကစခ်စ္ေသာ္လည္း သူကကိုယ့္ကိုဥေပကၡာ ျပဳထားတတ္ပါတယ္။အက်ိဳးေပးဂဏန္း ( ၁၊ ၂၊ ၄ ) အထူးေဟာ ကံျမင့္မားေနမည္။ယၾတာ ပရိတ္ပ႒ာန္းေတြမျပတ္႐ြတ္ျခင္းျဖင့္ ပိုမိုကံေကာင္းေစပါလိမ့္မယ္။

စေန
စပ္တူအက်ိဳးေဆာင္ လုပ္ငန္းမ်ား လုပ္ျဖစ္မည္။ ခရီးသြား၊ ဟိုတယ္၊ အႏုပညာလုပ္ငန္းမ်ား ေအာင္ျမင္ ျဖစ္ထြန္း မည္။ သားသမီးႏွင့္ အသိပညာရွိမႈ၊မိဘအေပၚ သိတတ္မႈမ်ားေၾကာင့

စိတ္ခ်မ္းသာရတတ္ပါသည္။လူခ်စ္ လူခင္မ်ားတဲ့ကာလျဖစ္တာေၾကာင့္ ကူညီမဲ့သူေပါမ်ားေနတတ္ သည္။ စုတ္အားေကာင္းေနတာမို႔ အိမ္ေထာင္ သည္ဆို ထိန္းသိမ္းဖို႔လိုပါတယ္။

အလုပ္ပိုေတြမ်ားေနၿပီး အကူအညီ လာေတာင္းသူေတြမ်ားေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ႏုပ်ိဳလန္းဆန္း ေသာ အခ်ိန္ျဖစ္သည္။ အိပ္ေပ်ာ္ အစားအေသာက္ေကာင္း ေနမည္။

မ်ားေသာအားျဖင့္ က်န္းမာေရးေကာင္းေနမည္။ အမ်ိဳး သမီးမ်ား အလွကုန္ပစၥည္းအသစ္မ်ားစတင္မသုံးသင့္တဲ့ကာ လျဖစ္ပါတယ္။ ဒီကာလအတြင္းခရီးေတြဆက္ေနမည္။

ခရီးမမ်ားပါကရပ္ေဝးကဧည့္သည္မ်ား ေရာက္လာမည္။ အိမ္ေထာင္ေရးတြင္ မ်က္ႏွာခ်င္းဆိုင္တိုင္း စကားမ်ား ရန္ျဖစ္ရမည္။

ႏွစ္ေယာက္စလုံး မာနခ်င္းၿပိဳင္ ျငင္းျဖစ္မည္။ အခ်စ္ေရးတြင္ ငယ္႐ြယ္ႏုပ်ိဳသူကိုမွ ခ်စ္ေနမိမည္။ ျပန္ခ်စ္ခံရမည္။

မိမိ တပည့္လက္သားကို ပညာသင္ ေပးရာမွ ခ်စ္စိတ္ဝင္လာလိမ့္မည္။ ပညာေရးမွာေတာ့ပညာသင္ၾကားရန္ အေကာင္းဆုံး အခြင့္အေရး ရလာမည္။ သခ်ၤာအားနည္းမည္။

လက္ေတြ႕ ဆိုင္ရာ ဘာသာရပ္မ်ား ထူးခြၽန္မည္။အက်ိဳးေပးဂဏန္း ( ၃၊ ၆၊ ဝ) အထူးေဟာ စိတ္ခ်မ္းသာေပ်ာ္႐ႊင္ရတတ္သည္။ ယၾတာ ေမြးနံေထာင့္မွ ဘုရားအား ေရသပၸာယ္၍ ဆုေတာင္းပါ။

ရရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာေအာင္သိုက္
Categories