ေဗဒင္

တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

3.Nov .2022 မွ 9 .Nov 2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

#တနဂၤေႏြ

ဒီအပတ္အတြင္းရပ္ေဝးကေန သတင္းေကာင္းေတြၾကားရတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့လဲ လာဘ္႐ႊင္လာတတ္ပါတယ္။ အလႉအတန္းေတြနဲ႔ပတ္သက္ၿပီး ရပ္ေဝးကအလႉအတန္းေတြကိုလႉခြင့္ရလာတတ္ပါ တယ္။ေငြကံေကာင္းၾကေပမဲ့ သားသမီးေၾကာင့္ျဖစ္ေစ ေအာက္လက္ငယ္သားေတြေၾကာင့္ျဖစ္ေစ ေငြကုန္ရတတ္ပါ တယ္။

အသိပညာရွင္မ်ား၊ အတတ္ပညာရွင္မ်ားရဲ႕အႀကံဥာဏ္ေတြအကူအညီေတြကိုယူမယ္ဆိုရင္ေတာ့ ဒီကာလ အတြင္းယူေစခ်င္ပါတယ္။ မိမိရဲ႕စြမ္းေဆာင္ရည္ကို ထုတ္ျပၿပီးအေကာင္းဆုံးရလဒ္ေတြရေအာင္ စြမ္းေဆာင္သင့္တဲ့ ကာလပဲျဖစ္ပါတယ္။

ေအာက္လက္ငယ္သားေတြက ေတာ္လွန္တာမ်ိဳးေတြ၊ ေျခရာတိုင္းတာမ်ိဳးေတြေတာ့ဒီအပတ္ ထဲစိတ္မေကာင္းစြာႀကဳံရတတ္ပါတယ္။မိတ္ေဆြမ်ားရဲ႕အမႈကိစၥလိုက္ေပးေနရသည့္ အတြက္အိပ္ေရး ပ်က္ လူႏုန္း ေနလိမ့္မယ္။အားအင္ကုန္ခမ္းမည္။

အျခားေရာဂါသစ္ မရွိ။ အိပ္ခ်ိန္စားခ်ိန္မွန္ရင္ေတာ့က်န္းမာေရး အညံ့မရွိႏိုင္ပါ။ အိမ္ေထာင္ဖက္၏ ေရာင့္ရဲမႈကို ဝမ္းသာေနရမည္။ မရွိအတူ၊ ရွိအတူ ေက်နပ္ေနမည္။ ႏွစ္ေယာက္ တစ္မ်က္ႏွာျဖင့္ အစစ နားလည္မည္။

အခ်စ္ေရးတြင္ သူငယ္ခ်င္းအဆင့္မွ ခ်စ္သူအဆင့္အထိ ကူးေျပာင္းလာ မည္။ အခ်စ္ႏွင့္ ပတ္သက္၍ ထင္ထားတာထက္ ပိုမိုနာမည္ႀကီးမည္။ ပညာေရးကေတာ့အားကစားႏွင့္ လက္ေတြ႕ အသုံးခ်ပညာရပ္ မ်ား ကို သင္ယူျဖစ္မည္။ မိတ္ေဆြမ်ားအား တဆင့္ ျပန္လည္သင္ၾကားေပးျဖစ္မည္။

အက်ိဳးေပးဂဏန္း (၁၊ ၃၊ ၆) အထူးေဟာ ကံအေကာင္းအဆိုးမွ်ေနတတ္ပါတယ္။ယၾတာ မိမိ႐ြတ္ေနက်ဂါထာတစ္ပုဒ္ကို အဓိ႒ာန္ဝင္လိုက္ပါ။

#တနလၤာ

ဘာေၾကာင့္မွန္းမသိအရာရာက အဆင္ေျပမလိုျဖစ္လိုက္ ခက္ခဲသြားလိုက္၊ လက္ေလွ်ာ့ေတာ့မယ္ဆိုမွ ျပန္ အဆင္ေျပလိုက္ဆိုတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ အျပင္ရန္၊အတြင္းရန္ေတြရဲ႕ ညႇပ္ပိတ္ထားျခင္းကိုခံရတာ ေၾကာင့္ ဒီကာလအတြင္း မလႈပ္သာ မလူးသာ အေနအထားျဖစ္ေနတတ္ပါတယ္။

လုပ္႐ိုးလုပ္စဥ္ကိစၥေတြက အဆင္ ေျပေပမဲ့ ေဖာက္ထြက္ၿပီး၊စြန႔္စားၿပီးလုပ္မဲ့ကိစၥမွန္သမွ်အဆင္မေျပျဖစ္တတ္ပါတယ္။တတ္ႏိုင္သမွ်ေပါ့ေပါ့ပါးပါးနဲ႔ သာဒီအပတ္ကိုျဖတ္သန္းရမွာပါ။

လူငယ္ေတြဆိုရင္ေတာ့ အေပ်ာ္ၾကဴးဖို႔ကိုသာ ေခါင္းထဲထည့္ေနရင္ ေသာကေတြ မ်ားတတ္ပါတယ္။ စပ္တူအလုပ္မ်ား၊အမ်ားနဲ႔ တြဲဖက္လုပ္ကိုင္ရေသာအလုပ္မ်ား အဆင္ေျပတိုးတတ္မဲ့ကာလပါပဲ။ အခ်စ္ေရးတြင္ ၾကားလူစကားေၾကာင့္ ေျဖရွင္းေနရမည္။

ကြဲလုဆဲဆဲ အခ်စ္ေရးကို ထိန္းေနရမည္။ စိတ္လိုက္မာန္ပါ စကားကြၽံပါက ႏႈတ္မရ လမ္းခြဲျဖစ္လိမ့္မည္။ တပည့္လက္သားမ်ားရဲ႕လက္လႊတ္စပယ္လုပ္မႈေၾကာင့္ စိတ္ပန္း၊ ကိုယ္ပန္းျဖစ္မည္။က်န္းမာေရးကေတာ့အညံ့မရွိ ပါ။

ေဒါင္ေဒါင္ျမည္ေကာင္းေနတတ္ပါတယ္။ အိမ္ေထာင္ေရးတြင္ ေအးေဆးတည္ၿငိမ္ေနမည္။ သားသမီးမ်ား၏ တာဝန္မ်ားကို လုပ္ေပးေနျဖစ္မည္။ ဘဝေရွ႕ေရးအတြက္ စိတ္ကူးကိုယ္စီျဖင့္ တည္ေဆာက္ေနျဖစ္မည္။ ပညာမ်ိဳး စုံသင္ယူေနျဖစ္မည္။ အလုပ္ႏွင့္ မဆိုင္ေသာ ပညာမ်ားကို ေလ့လာျဖစ္မည္။

အက်ိဳးေပးဂဏန္း (၁၊ ၄၊ ၆)အထူးေဟာ အလုပ္အကိုင္အခြင့္အလမ္းေတြေပၚလာတတ္ပါတယ္။ယၾတာ အိမ္ေရွ႕လမ္းကိုမနက္ေစာေစာသန႔္ရွင္းေရးထလုပ္ပါ။

#အဂၤါ

ဒီအပတ္အတြင္း အစီအစဥ္တက်ဘာတစ္ခုမွမျဖစ္တဲ့ကာလမ်ိဳးပါပဲ။ အရင္ကတည္းက အခ်ိန္မျဖဳန္းဘဲ အလုပ္ေတြေပၚအာ႐ုံႏွစ္ထားသူမွသာအဆင္ေျပပါလိမ့္မယ္။

မဆိုင္တာေတြနဲ႔ အခ်ိန္ျဖဳန္းေနၾကသူေတြအထူးသတိ ထားသင့္တဲ့ေန႔ရက္ေတြျဖစ္ပါလိမ့္မယ္။ ဒီေန႔လုပ္ရမဲ့အလုပ္ေတြၿပီးလို႔ အားေနရင္ေတာင္ ေနာက္ေန႔အလုပ္ေတြကို ႀကိဳလုပ္ထားသင့္တဲ့ကာလပါပဲ။

ဘာလို႔လဲဆိုေတာ့ မထင္မွတ္ဘဲ ႀကဳံရတဲ့လူမႈေရးကိစၥေတြ၊ သာေရးနာေရးကိစၥ ေတြ၊မိတ္ေဆြလုပ္ေဖာ္ကိုင္ဖက္ေတြ ႏိုင္ငံျခား၊ရပ္ေဝးသြားမွာမို႔ ႏႈတ္ဆက္ပြဲက်င္းပတာေတြ၊ဒင္နာပြဲေတြနဲ႔ရႈပ္ေနတဲ့ ကာလျဖစ္လို႔ပါပဲ။ အေရးႀကီးတဲ့ကိစၥေတြကိုလွ်ိဳ႕ဝွက္ထားပါ။

သူမ်ားေတြကို ေျပာျပမိရာကစလို႔ ျပႆနာတတ္ရ တတ္ ပါတယ္။ အေဝးေရာက္ခ်စ္သူကို လြမ္းေနရမည္။ ဒါမွမဟုတ္ခ်စ္သူ အေဝးသို႔ခရီး သြားရန္ ျပင္ဆင္ေနမည္။ ခ်စ္သူအတြက္ လက္ေဆာင္ေပးျဖစ္မည္။ က်န္းမာေရးေကာင္းေနမည္။ ရာသီဥတု ဒဏ္ကို ခံရမည္။

ဥတုအလိုက္ ေနတတ္လွ်င္ ေရာဂါကင္းမည္။ စားသမွ် အစာေၾကေနမည္။ အိမ္ေထာင္ေရးတြင္ အဆင္မေျပမႈေတြ ႀကဳံလိမ့္မည္။ အစားအေသာက္ အေနအထိုင္မွစ၍ စကားမ်ားစရာမ်ား ေပၚလာမည္။ သူ႔အလုပ္၊ ကိုယ့္အလုပ္ ရႈပ္ေနမည္။

ပညာေရးတြင္ဆရာေကာင္း ရွာရခက္ေနမည္။ ပညာသင္လိုစိတ္ ျပင္းျပေနေသာ္လည္း သင္ျပမည့္ဆရာ မရွိ ျဖစ္ ေနမည္။ ကိုယ္ပိုင္ႀကံဆ ေလ့လာေနျဖစ္မည္။

အက်ိဳးေပးဂဏန္း (၂၊ ၅၊ ၆) အထူးေဟာ လူမႈေရးအတြက္အခ်ိန္ကုန္ရတတ္ပါတယ္။ယၾတာ သမၺဳေဒၶဂါထာကို ေန႔စဥ္ ၂၁ေခါက္႐ြတ္ပြားပါ။

#ဗုဒၶဟူး/ရာဟု

ဒီအပတ္အတြင္းကေတာ့ မိမိတို႔ရဲ႕ အမိအဘဆရာသမားေတြနဲ႔ပတ္သက္ၿပီးေတာ့စိတ္ညစ္စရာေလးေတြရွိ ေနတတ္ပါတယ္။ ကိုယ္ခ်စ္ခင္ေလးစားရတဲ့ အလုပ္ခြင္ထဲကဆရာသမားေတြ နယ္ေျပာင္းသြားတာမ်ိဳးေတြႀကဳံရ တတ္ပါတယ္။ ဖခင္နဲ႔ အတူတူေနသူမ်ား ဖခင္က်န္းမာေရးကိုဂ႐ုစိုက္ဖို႔လိုပါတယ္။

အလုပ္မ်ား၊အလုပ္ရႈပ္တဲ့ကာလ မို႔ လူမႈေရးကိစၥေတြမွာလစ္ဟင္းမႈေတြျဖစ္ရတတ္ပါတယ္။ အရင္ကတည္းကအလုပ္မ်ားတဲ့အလုပ္ခြင္မွာလုပ္ရသူ ဆို အလုပ္မွာတင္အိပ္ရသည္အထိအလုပ္မ်ားတတ္ပါတယ္။ ကိုယ္ပိုင္စီးပြားသမားမ်ား ေဖာက္သည္ေတြမ်ား၊ ဝယ္သူေတြမ်ားျပားတတ္သလို Complain ေတြလဲမ်ားတတ္ပါတယ္။

အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဘက္ အလိုက် လိုက္ပါျပဳလုပ္ေပးေနမည္။ မေက်နပ္မႈေတြ ရင္ထဲျပည့္ေနေသာ္လည္း ျပန္မေျပာခ်င္ေလာက္ေအာင္ ျဖစ္ေနမည္။ ဘာသာေရးႏွင့္ အမ်ားအက်ိဳးျပဳလုပ္ငန္းမ်ား မိမိကဦးေဆာင္လုပ္ေပးေနရတတ္ပါတယ္။

က်န္းမာေရး ကေတာ့အေရျပားေပၚတြင္ အဖုအပိန႔္မ်ား ေပၚထြက္ တတ္ သည္။ ေရနစ္တတ္၊ ေရခ်ိဳးမွားတတ္သည္။ မတည့္ေသာ ေဆးဝါးတို႔ေၾကာင့္ ေရာဂါတိုးမည္။ စကားႂကြယ္၍ လွပေသာ၊ငယ္႐ြယ္ေသာ သူမ်ား၏ ခ်စ္ျမတ္ႏိုးမႈခံရမည္။ အခ်စ္ ေရး ကံေကာင္းေနမည္။

ခ်စ္သူဘဝမွ လက္ထပ္ရန္ အျမန္ေဆာင္႐ြက္ ျဖစ္မည္။ ပညာေရးမွာေတာ့ၾကည္ႏူး လွပေသာ ပညာရပ္မ်ားကို သင္ယူျဖစ္မည္။ အလွျပင္၊အႏုပညာ၊ အထည္ခ်ဳပ္၊ ပန္းခ်ီ စသည္ျဖင့္ လိုက္ဖက္မည့္ အတတ္ပညာတစ္ခု သင္ယူျဖစ္မည္။

အက်ိဳးေပးဂဏန္း ( ၂၊ ၇၊ ဝ) အထူးေဟာ လူမိုက္ေတြႏွင့္မေပါင္းမိပါေစနဲ႔။ယၾတာ ဒိန္ခ်ဥ္ဘုရားကပ္လႉဆုေတာင္းပါ။

#ၾကာသပေတး

ဒီတစ္ပတ္အတြင္းမိမိတို႔ရဲ႕စိတ္ကိုယ္က အႀကီးႀကီးေတြမွာလုပ္ခ်င္စိတ္ေပၚေနတတ္ပါတယ္။ ဘာလုပ္လုပ္ ေသးႏုပ္တဲ့အလုပ္ေတြကိုစိတ္မပါသလိုျဖစ္ေနတတ္တဲ့ကာလပါပဲ။

တကယ္လဲ ႀကီးႀကီးက်ယ္က်ယ္ေဆာင္႐ြက္ႏိုင္ ေလအဆင္ေျပေလပါပဲ။ အမ်ားေကာင္းက်ိဳးေတြကို လုပ္ခ်င္စိတ္ေတြေပၚေနမိတတ္ပါတယ္။ ႏြမ္းပါးသူေတြကို ေပး ခ်င္၊ကမ္းခ်င္စိတ္ေတြေပၚေနတတ္ပါတယ္။

လိုခ်င္ေနတဲ့ေငြေၾကးဥစၥာဓနေတြ ဝင္လာဖို႔ အခြင့္အလမ္းေတြရလာႏိုင္ တဲ့ကာလတစ္ခုပါပဲ။ မိမိဝယ္ခ်င္ေသာ ဇိမ္ခံပစၥည္းေတြ၊ဖုန္းေတြ ဝယ္လို႔သင့္ျမတ္တဲ့ကာလပဲျဖစ္ပါတယ္။ သီလၿမဲ သူေတြ ပိုမိုကံေကာင္းတတ္သလို ဆန႔္က်င္ဘက္အေနနဲ႔ ေသာက္စားမူးယစ္ၿပီး ဆဲဆိုေနသူေတြဆိုရင္ေတာ့ကံညံ့မႈ ေတြကိုျဖစ္ေစႏိုင္ပါတယ္။

က်န္းမာေရးကေတာ့ဘယ္ဘက္ေျခသလုံး ဒဏ္ရာအနာတရျဖစ္မည္။ စက္ပစၥည္းကို အသုံးျပဳမႈ ေၾကာင့္ ျဖစ္မည္။ ေျခေခ်ာ္လဲႏိုင္သည္။ တည္ၿငိမ္ေနေသာ အိမ္ေထာင္ေရးသည္ ေဆြမ်ိဳးမ်ား၏ ပါဝင္စြတ္ဖက္မႈ ေၾကာင့္ စကားမ်ားမည္။

သားသမီးတို႔၏ ပညာေရးကို စိတ္တူကိုယ္တူ ျဖည့္ဆည္းေပးျဖစ္မည္။ ခ်စ္သူႏွစ္ေယာက္ ၿပိဳင္တူ ေတြ႕ရွိမည္။ အခ်စ္ေဟာင္း၏ ေႏွာက္ယွက္မႈ သို႔မဟုတ္ ၎၏ အပူဒုကၡကို မွ်ေဝ ခံစားရမည္။

ပညာေရး ကံကေတာ့ ဘာသာစကားပညာမ်ား ေလ့လာျဖစ္မည္။ ပညာသင္ရန္ ျပည့္စုံေသာ္လည္း မွတ္မိဖို႔ခက္ေနမည္။ အလုပ္ႏွင့္ ပညာရပ္ တျခားစီးျဖစ္ေနမည္။ မိသားစု အလိုက် သင္ေနရေသာ္လည္း ဝါသနာမပါ ျဖစ္ေနမည္။

အက်ိဳးေပးဂဏန္း ( ၂၊ ၅၊ ၆)အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။ယၾတာ ႏြမ္းပါးသူကို ဖိနပ္တစ္ရံ လႉဒါန္းလိုက္ပါ။

#ေသာၾကာ

ဒီတစ္ပတ္အတြင္း မိမိတို႔အရင္ကာလေတြက ရည္မွန္းထားတဲ့ကိစၥေတြ ျပည့္ဝလာပါလိမ့္မယ္။ အရင္က ႀကိဳးစားထားတဲ့အသီးအပြင့္ေတြကို ရရွိခံစားရမဲ့ကာလပဲျဖစ္ပါတယ္။ တစ္ခုသတိထားရမွက ၿမီးေကာင္ေပါက္ အ႐ြယ္လူငယ္ေတြပါပဲ။

မိဘေတြ ဆရာေတြရဲ႕ စည္းကမ္းေတြ ေဘာင္ေတြကို ေက်ာ္လြန္ၿပီးလက္တည့္စမ္းၾကည့္ရာ ကေနအမွားေတြႀကဳံရတတ္ပါတယ္။ လြတ္သြားတဲ့စိတ္ကိုထိန္းခ်ဳပ္ႏိုင္ဖို႔လိုပါတယ္။

ဒီလိုကာလအတြင္းမွာ ခရီးကိစၥ ေတြႀကဳံလာရင္ေတာ့ လိုတာထက္ပိုၿပီး လမ္းခရီးၾကန႔္ၾကာတတ္ပါတယ္။ အလုပ္ကံေကာင္းေပမဲ့ စပ္တူအလုပ္ေတြ ကိုေတာ့ သတိထားရမွာပါ..။ စကားေျပာညက္ေညာသူေတြ၊ စကားေျပာေကာင္းသူေတြ ကံပိုေကာင္းတတ္တဲ့ကာလ ေတြပဲျဖစ္ပါတယ္။

က်န္းမာေရးတြင္ လက္သည္း၊ ေျခသည္း လွီးျဖတ္ရာမွ အနာတရျဖစ္မည္။ ေျခစြယ္ငုတ္တာ မ်ိဳးလဲျဖစ္ရတတ္ပါတယ္။ အလုပ္ခြင္မွာ လူခ်စ္လူခင္မ်ားလာတတ္ပါတယ္။ အလွျပင္မယ္ဆိုရင္ျပင္ေနၾက ဆိုင္မွာသာ ဒီအပတ္အတြင္းျပင္ပါ။ အိမ္ေထာင္ဖက္အတြက္ ဂုဏ္တက္ေနမည္။

သာယာေသာမိသားစုကို ဖန္တီး ႏိုင္မယ့္ ကာလပါပဲ။ အခ်စ္ေရးတြင္ ဝိုင္းဝန္းကူညီေပးသူမ်ား ေပါမ်ားေနမည္။ အခ်စ္ေရးအဆင္မေျပသူမ်ား ၾကားလူက ေျဖရွင္းေပး မႈေၾကာင့္အဆင္ေျပသြားတတ္ပါတယ္။

ပညာေရးတြင္ နာမည္ႀကီးေသာ္လည္း ထင္သလို ျဖစ္မလာ၊ ေျဖႏိုင္သည္ဟု ထင္ၿပီးကာမွ အမွားမ်ားစြာ ေတြ႕ျဖစ္မည္။ဆရာ၊ မိဘ၏ ကူညီမႈရေသာ္လည္း ကိုယ္ တိုင္ကေပါ့ ေလ်ာ့ေနမည္။

အက်ိဳးေပးဂဏန္း (၃၊ ၄၊ ၅ )အထူးေဟာ လူခ်စ္လူခင္မ်ားေနမည္။ယၾတာ နာရီအေဟာင္း၊ဓာတ္ခဲအပ်က္ေတြရွိရင္ အမႈိက္ေတာင္းထဲထည့္လိုက္ပါ။

#စေန

အခ်ိန္ေတြကုန္မွန္းမသိ ကုန္သြားသည္အထိဒီကာလက အလုပ္မ်ားေနတတ္ပါတယ္။ ဘာမွမလုပ္ဘဲအိမ္မွာ ေနသူေတာင္မွာ အိမ္တြင္းအလုပ္ေတြက မ်ားျပားေနတတ္တဲ့ကာလပဲျဖစ္ပါတယ္။

ဝန္ထမ္းေတြဆိုလဲ အလုပ္ထဲမွာ စိတ္ကုန္လာသည္အထိ မတန္မဆအခိုင္းခံေနရတာမ်ိဳးႀကဳံရတတ္ပါတယ္။ သားသမီးေတြရဲ႕က်န္းမာေရးကိုစိတ္ပူ ရတတ္သလို အ႐ြယ္ေရာက္ၿပီးသားသမီးေတြရဲ႕ မေတာ္တဆထိခိုက္မႈေလးေတြေၾကာင့္ ေသာကမ်ားရတတ္တယ္။

ေကာင္းတဲ့အခ်က္က ဒီအပတ္ထဲ ဆိုင္ဖြင့္တာမ်ိဳး၊႐ုံးခန္း၊အိမ္ခန္း၊အလုပ္ေနရာေျပာင္းတာမ်ိဳးေတြေဆာင္႐ြက္မယ္ ဆို အလြန္ေကာင္းပါတယ္။အိမ္ၿခံဝယ္ျခင္း၊အိမ္ျပင္အိမ္ေဆာင္ျခင္းမ်ား ဒီကာလအတြင္းေခ်ာေမြ႕စြာအဆင္ေျပ တတ္ပါတယ္။

ငယ္႐ြယ္သူမ်ား အခ်စ္ေရး ကံေခေနမည္။ အလုပ္လုပ္ရင္း သို႔မဟုတ္ သင္တန္းတတ္ရင္း ခ်စ္သူသစ္ ရရွိမည္။ ဒါေၾကာင့္လက္ရွိခ်စ္သူနဲ႔ျပႆနာတတ္လိမ့္မယ္။ မိမိကဆင္ျခင္ေနပါ။

အိမ္ေထာင္ေရးမွာေတာ့ လင္ႏွင့္ မယား လွ်ာႏွင့္ သြားအတိုင္းပင္။ အလုပ္ကိုယ္စီ လုပ္ကိုင္ေနသူအိမ္ေထာင္ရွင္ မ်ားအတြက္ ဘာမွမျဖစ္၊ နီးလွ်င္ ေတာ့တက်က္က်က္၊ နားလည္မႈလြဲ၊ စိတ္သေဘာထားျခင္း မတိုက္ဆိုင္သည္က မ်ားေနမည္။

သားသမီးတို႔အေပၚ အားမရ စိတ္တိုင္းမက် ျဖစ္ေနမည္။ ေအးခ်မ္းစြာ ပညာသင္ယူျဖစ္မည္။ ဆရာမ်ား ၏ ခ်စ္ခင္မႈကို ရရွိမည္။ ဘြဲ႕လက္မွတ္မ်ား၊ သင္တန္းဆင္းလက္မွတ္မ်ား ရရွိမည္။

အက်ိဳးေပးဂဏန္း (၆၊ ဝ၊ ၇)အထူးေဟာ ေငြမဝင္သေလာက္ျဖစ္ေနမည္။ယၾတာ ဘုရားေစတီမွာ ေရသက္ေစ့လႉ၍ ဆုေတာင္းပါ

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)0977 5555 695 09 44 5555 695

unicode

3.Nov .2022 မှ 9 .Nov 2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီအပတ်အတွင်းရပ်ဝေးကနေ သတင်းကောင်းတွေကြားရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ လာဘ်ရွှင်လာတတ်ပါတယ်။ အလှူအတန်းတွေနဲ့ပတ်သက်ပြီး ရပ်ဝေးကအလှူအတန်းတွေကိုလှူခွင့်ရလာတတ်ပါ တယ်။ငွေကံကောင်းကြပေမဲ့ သားသမီးကြောင့်ဖြစ်စေ အောက်လက်ငယ်သားတွေကြောင့်ဖြစ်စေ ငွေကုန်ရတတ်ပါ တယ်။

အသိပညာရှင်များ၊ အတတ်ပညာရှင်များရဲ့အကြံဥာဏ်တွေအကူအညီတွေကိုယူမယ်ဆိုရင်တော့ ဒီကာလ အတွင်းယူစေချင်ပါတယ်။ မိမိရဲ့စွမ်းဆောင်ရည်ကို ထုတ်ပြပြီးအကောင်းဆုံးရလဒ်တွေရအောင် စွမ်းဆောင်သင့်တဲ့ ကာလပဲဖြစ်ပါတယ်။

အောက်လက်ငယ်သားတွေက တော်လှန်တာမျိုးတွေ၊ ခြေရာတိုင်းတာမျိုးတွေတော့ဒီအပတ် ထဲစိတ်မကောင်းစွာကြုံရတတ်ပါတယ်။မိတ်ဆွေများရဲ့အမှုကိစ္စလိုက်ပေးနေရသည့် အတွက်အိပ်ရေး ပျက် လူနုန်း နေလိမ့်မယ်။အားအင်ကုန်ခမ်းမည်။

အခြားရောဂါသစ် မရှိ။ အိပ်ချိန်စားချိန်မှန်ရင်တော့ကျန်းမာရေး အညံ့မရှိနိုင်ပါ။ အိမ်ထောင်ဖက်၏ ရောင့်ရဲမှုကို ဝမ်းသာနေရမည်။ မရှိအတူ၊ ရှိအတူ ကျေနပ်နေမည်။ နှစ်ယောက် တစ်မျက်နှာဖြင့် အစစ နားလည်မည်။

အချစ်ရေးတွင် သူငယ်ချင်းအဆင့်မှ ချစ်သူအဆင့်အထိ ကူးပြောင်းလာ မည်။ အချစ်နှင့် ပတ်သက်၍ ထင်ထားတာထက် ပိုမိုနာမည်ကြီးမည်။ ပညာရေးကတော့အားကစားနှင့် လက်တွေ့ အသုံးချပညာရပ် များ ကို သင်ယူဖြစ်မည်။ မိတ်ဆွေများအား တဆင့် ပြန်လည်သင်ကြားပေးဖြစ်မည်။

အကျိုးပေးဂဏန်း (၁၊ ၃၊ ၆) အထူးဟော ကံအကောင်းအဆိုးမျှနေတတ်ပါတယ်။ယတြာ မိမိရွတ်နေကျဂါထာတစ်ပုဒ်ကို အဓိဋ္ဌာန်ဝင်လိုက်ပါ။

#တနင်္လာ

ဘာကြောင့်မှန်းမသိအရာရာက အဆင်ပြေမလိုဖြစ်လိုက် ခက်ခဲသွားလိုက်၊ လက်လျှော့တော့မယ်ဆိုမှ ပြန် အဆင်ပြေလိုက်ဆိုတာမျိုးတွေကြုံရတတ်ပါတယ်။ အပြင်ရန်၊အတွင်းရန်တွေရဲ့ ညှပ်ပိတ်ထားခြင်းကိုခံရတာ ကြောင့် ဒီကာလအတွင်း မလှုပ်သာ မလူးသာ အနေအထားဖြစ်နေတတ်ပါတယ်။

လုပ်ရိုးလုပ်စဉ်ကိစ္စတွေက အဆင် ပြေပေမဲ့ ဖောက်ထွက်ပြီး၊စွန့်စားပြီးလုပ်မဲ့ကိစ္စမှန်သမျှအဆင်မပြေဖြစ်တတ်ပါတယ်။တတ်နိုင်သမျှပေါ့ပေါ့ပါးပါးနဲ့ သာဒီအပတ်ကိုဖြတ်သန်းရမှာပါ။

လူငယ်တွေဆိုရင်တော့ အပျော်ကြူးဖို့ကိုသာ ခေါင်းထဲထည့်နေရင် သောကတွေ များတတ်ပါတယ်။ စပ်တူအလုပ်များ၊အများနဲ့ တွဲဖက်လုပ်ကိုင်ရသောအလုပ်များ အဆင်ပြေတိုးတတ်မဲ့ကာလပါပဲ။ အချစ်ရေးတွင် ကြားလူစကားကြောင့် ဖြေရှင်းနေရမည်။

ကွဲလုဆဲဆဲ အချစ်ရေးကို ထိန်းနေရမည်။ စိတ်လိုက်မာန်ပါ စကားကျွံပါက နှုတ်မရ လမ်းခွဲဖြစ်လိမ့်မည်။ တပည့်လက်သားများရဲ့လက်လွှတ်စပယ်လုပ်မှုကြောင့် စိတ်ပန်း၊ ကိုယ်ပန်းဖြစ်မည်။ကျန်းမာရေးကတော့အညံ့မရှိ ပါ။

ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ အိမ်ထောင်ရေးတွင် အေးဆေးတည်ငြိမ်နေမည်။ သားသမီးများ၏ တာဝန်များကို လုပ်ပေးနေဖြစ်မည်။ ဘဝရှေ့ရေးအတွက် စိတ်ကူးကိုယ်စီဖြင့် တည်ဆောက်နေဖြစ်မည်။ ပညာမျိုး စုံသင်ယူနေဖြစ်မည်။ အလုပ်နှင့် မဆိုင်သော ပညာများကို လေ့လာဖြစ်မည်။

အကျိုးပေးဂဏန်း (၁၊ ၄၊ ၆)အထူးဟော အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတတ်ပါတယ်။ယတြာ အိမ်ရှေ့လမ်းကိုမနက်စောစောသန့်ရှင်းရေးထလုပ်ပါ။

#အင်္ဂါ

ဒီအပတ်အတွင်း အစီအစဉ်တကျဘာတစ်ခုမှမဖြစ်တဲ့ကာလမျိုးပါပဲ။ အရင်ကတည်းက အချိန်မဖြုန်းဘဲ အလုပ်တွေပေါ်အာရုံနှစ်ထားသူမှသာအဆင်ပြေပါလိမ့်မယ်။

မဆိုင်တာတွေနဲ့ အချိန်ဖြုန်းနေကြသူတွေအထူးသတိ ထားသင့်တဲ့နေ့ရက်တွေဖြစ်ပါလိမ့်မယ်။ ဒီနေ့လုပ်ရမဲ့အလုပ်တွေပြီးလို့ အားနေရင်တောင် နောက်နေ့အလုပ်တွေကို ကြိုလုပ်ထားသင့်တဲ့ကာလပါပဲ။

ဘာလို့လဲဆိုတော့ မထင်မှတ်ဘဲ ကြုံရတဲ့လူမှုရေးကိစ္စတွေ၊ သာရေးနာရေးကိစ္စ တွေ၊မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေ နိုင်ငံခြား၊ရပ်ဝေးသွားမှာမို့ နှုတ်ဆက်ပွဲကျင်းပတာတွေ၊ဒင်နာပွဲတွေနဲ့ရှုပ်နေတဲ့ ကာလဖြစ်လို့ပါပဲ။ အရေးကြီးတဲ့ကိစ္စတွေကိုလျှို့ဝှက်ထားပါ။

သူများတွေကို ပြောပြမိရာကစလို့ ပြဿနာတတ်ရ တတ် ပါတယ်။ အဝေးရောက်ချစ်သူကို လွမ်းနေရမည်။ ဒါမှမဟုတ်ချစ်သူ အဝေးသို့ခရီး သွားရန် ပြင်ဆင်နေမည်။ ချစ်သူအတွက် လက်ဆောင်ပေးဖြစ်မည်။ ကျန်းမာရေးကောင်းနေမည်။ ရာသီဥတု ဒဏ်ကို ခံရမည်။

ဥတုအလိုက် နေတတ်လျှင် ရောဂါကင်းမည်။ စားသမျှ အစာကြေနေမည်။ အိမ်ထောင်ရေးတွင် အဆင်မပြေမှုတွေ ကြုံလိမ့်မည်။ အစားအသောက် အနေအထိုင်မှစ၍ စကားများစရာများ ပေါ်လာမည်။ သူ့အလုပ်၊ ကိုယ့်အလုပ် ရှုပ်နေမည်။

ပညာရေးတွင်ဆရာကောင်း ရှာရခက်နေမည်။ ပညာသင်လိုစိတ် ပြင်းပြနေသော်လည်း သင်ပြမည့်ဆရာ မရှိ ဖြစ် နေမည်။ ကိုယ်ပိုင်ကြံဆ လေ့လာနေဖြစ်မည်။

အကျိုးပေးဂဏန်း (၂၊ ၅၊ ၆) အထူးဟော လူမှုရေးအတွက်အချိန်ကုန်ရတတ်ပါတယ်။ယတြာ သမ္ဗုဒ္ဓေဂါထာကို နေ့စဉ် ၂၁ခေါက်ရွတ်ပွားပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီအပတ်အတွင်းကတော့ မိမိတို့ရဲ့ အမိအဘဆရာသမားတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေရှိ နေတတ်ပါတယ်။ ကိုယ်ချစ်ခင်လေးစားရတဲ့ အလုပ်ခွင်ထဲကဆရာသမားတွေ နယ်ပြောင်းသွားတာမျိုးတွေကြုံရ တတ်ပါတယ်။ ဖခင်နဲ့ အတူတူနေသူများ ဖခင်ကျန်းမာရေးကိုဂရုစိုက်ဖို့လိုပါတယ်။

အလုပ်များ၊အလုပ်ရှုပ်တဲ့ကာလ မို့ လူမှုရေးကိစ္စတွေမှာလစ်ဟင်းမှုတွေဖြစ်ရတတ်ပါတယ်။ အရင်ကတည်းကအလုပ်များတဲ့အလုပ်ခွင်မှာလုပ်ရသူ ဆို အလုပ်မှာတင်အိပ်ရသည်အထိအလုပ်များတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားသမားများ ဖောက်သည်တွေများ၊ ဝယ်သူတွေများပြားတတ်သလို Complain တွေလဲများတတ်ပါတယ်။

အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက် အလိုကျ လိုက်ပါပြုလုပ်ပေးနေမည်။ မကျေနပ်မှုတွေ ရင်ထဲပြည့်နေသော်လည်း ပြန်မပြောချင်လောက်အောင် ဖြစ်နေမည်။ ဘာသာရေးနှင့် အများအကျိုးပြုလုပ်ငန်းများ မိမိကဦးဆောင်လုပ်ပေးနေရတတ်ပါတယ်။

ကျန်းမာရေး ကတော့အရေပြားပေါ်တွင် အဖုအပိန့်များ ပေါ်ထွက် တတ် သည်။ ရေနစ်တတ်၊ ရေချိုးမှားတတ်သည်။ မတည့်သော ဆေးဝါးတို့ကြောင့် ရောဂါတိုးမည်။ စကားကြွယ်၍ လှပသော၊ငယ်ရွယ်သော သူများ၏ ချစ်မြတ်နိုးမှုခံရမည်။ အချစ် ရေး ကံကောင်းနေမည်။

ချစ်သူဘဝမှ လက်ထပ်ရန် အမြန်ဆောင်ရွက် ဖြစ်မည်။ ပညာရေးမှာတော့ကြည်နူး လှပသော ပညာရပ်များကို သင်ယူဖြစ်မည်။ အလှပြင်၊အနုပညာ၊ အထည်ချုပ်၊ ပန်းချီ စသည်ဖြင့် လိုက်ဖက်မည့် အတတ်ပညာတစ်ခု သင်ယူဖြစ်မည်။

အကျိုးပေးဂဏန်း ( ၂၊ ၇၊ ဝ) အထူးဟော လူမိုက်တွေနှင့်မပေါင်းမိပါစေနဲ့။ယတြာ ဒိန်ချဉ်ဘုရားကပ်လှူဆုတောင်းပါ။

#ကြာသပတေး

ဒီတစ်ပတ်အတွင်းမိမိတို့ရဲ့စိတ်ကိုယ်က အကြီးကြီးတွေမှာလုပ်ချင်စိတ်ပေါ်နေတတ်ပါတယ်။ ဘာလုပ်လုပ် သေးနုပ်တဲ့အလုပ်တွေကိုစိတ်မပါသလိုဖြစ်နေတတ်တဲ့ကာလပါပဲ။

တကယ်လဲ ကြီးကြီးကျယ်ကျယ်ဆောင်ရွက်နိုင် လေအဆင်ပြေလေပါပဲ။ အများကောင်းကျိုးတွေကို လုပ်ချင်စိတ်တွေပေါ်နေမိတတ်ပါတယ်။ နွမ်းပါးသူတွေကို ပေး ချင်၊ကမ်းချင်စိတ်တွေပေါ်နေတတ်ပါတယ်။

လိုချင်နေတဲ့ငွေကြေးဥစ္စာဓနတွေ ဝင်လာဖို့ အခွင့်အလမ်းတွေရလာနိုင် တဲ့ကာလတစ်ခုပါပဲ။ မိမိဝယ်ချင်သော ဇိမ်ခံပစ္စည်းတွေ၊ဖုန်းတွေ ဝယ်လို့သင့်မြတ်တဲ့ကာလပဲဖြစ်ပါတယ်။ သီလမြဲ သူတွေ ပိုမိုကံကောင်းတတ်သလို ဆန့်ကျင်ဘက်အနေနဲ့ သောက်စားမူးယစ်ပြီး ဆဲဆိုနေသူတွေဆိုရင်တော့ကံညံ့မှု တွေကိုဖြစ်စေနိုင်ပါတယ်။

ကျန်းမာရေးကတော့ဘယ်ဘက်ခြေသလုံး ဒဏ်ရာအနာတရဖြစ်မည်။ စက်ပစ္စည်းကို အသုံးပြုမှု ကြောင့် ဖြစ်မည်။ ခြေချော်လဲနိုင်သည်။ တည်ငြိမ်နေသော အိမ်ထောင်ရေးသည် ဆွေမျိုးများ၏ ပါဝင်စွတ်ဖက်မှု ကြောင့် စကားများမည်။

သားသမီးတို့၏ ပညာရေးကို စိတ်တူကိုယ်တူ ဖြည့်ဆည်းပေးဖြစ်မည်။ ချစ်သူနှစ်ယောက် ပြိုင်တူ တွေ့ရှိမည်။ အချစ်ဟောင်း၏ နှောက်ယှက်မှု သို့မဟုတ် ၎င်း၏ အပူဒုက္ခကို မျှဝေ ခံစားရမည်။

ပညာရေး ကံကတော့ ဘာသာစကားပညာများ လေ့လာဖြစ်မည်။ ပညာသင်ရန် ပြည့်စုံသော်လည်း မှတ်မိဖို့ခက်နေမည်။ အလုပ်နှင့် ပညာရပ် တခြားစီးဖြစ်နေမည်။ မိသားစု အလိုကျ သင်နေရသော်လည်း ဝါသနာမပါ ဖြစ်နေမည်။

အကျိုးပေးဂဏန်း ( ၂၊ ၅၊ ၆)အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ယတြာ နွမ်းပါးသူကို ဖိနပ်တစ်ရံ လှူဒါန်းလိုက်ပါ။

#သောကြာ

ဒီတစ်ပတ်အတွင်း မိမိတို့အရင်ကာလတွေက ရည်မှန်းထားတဲ့ကိစ္စတွေ ပြည့်ဝလာပါလိမ့်မယ်။ အရင်က ကြိုးစားထားတဲ့အသီးအပွင့်တွေကို ရရှိခံစားရမဲ့ကာလပဲဖြစ်ပါတယ်။ တစ်ခုသတိထားရမှက မြီးကောင်ပေါက် အရွယ်လူငယ်တွေပါပဲ။

မိဘတွေ ဆရာတွေရဲ့ စည်းကမ်းတွေ ဘောင်တွေကို ကျော်လွန်ပြီးလက်တည့်စမ်းကြည့်ရာ ကနေအမှားတွေကြုံရတတ်ပါတယ်။ လွတ်သွားတဲ့စိတ်ကိုထိန်းချုပ်နိုင်ဖို့လိုပါတယ်။

ဒီလိုကာလအတွင်းမှာ ခရီးကိစ္စ တွေကြုံလာရင်တော့ လိုတာထက်ပိုပြီး လမ်းခရီးကြန့်ကြာတတ်ပါတယ်။ အလုပ်ကံကောင်းပေမဲ့ စပ်တူအလုပ်တွေ ကိုတော့ သတိထားရမှာပါ..။ စကားပြောညက်ညောသူတွေ၊ စကားပြောကောင်းသူတွေ ကံပိုကောင်းတတ်တဲ့ကာလ တွေပဲဖြစ်ပါတယ်။

ကျန်းမာရေးတွင် လက်သည်း၊ ခြေသည်း လှီးဖြတ်ရာမှ အနာတရဖြစ်မည်။ ခြေစွယ်ငုတ်တာ မျိုးလဲဖြစ်ရတတ်ပါတယ်။ အလုပ်ခွင်မှာ လူချစ်လူခင်များလာတတ်ပါတယ်။ အလှပြင်မယ်ဆိုရင်ပြင်နေကြ ဆိုင်မှာသာ ဒီအပတ်အတွင်းပြင်ပါ။ အိမ်ထောင်ဖက်အတွက် ဂုဏ်တက်နေမည်။

သာယာသောမိသားစုကို ဖန်တီး နိုင်မယ့် ကာလပါပဲ။ အချစ်ရေးတွင် ဝိုင်းဝန်းကူညီပေးသူများ ပေါများနေမည်။ အချစ်ရေးအဆင်မပြေသူများ ကြားလူက ဖြေရှင်းပေး မှုကြောင့်အဆင်ပြေသွားတတ်ပါတယ်။

ပညာရေးတွင် နာမည်ကြီးသော်လည်း ထင်သလို ဖြစ်မလာ၊ ဖြေနိုင်သည်ဟု ထင်ပြီးကာမှ အမှားများစွာ တွေ့ဖြစ်မည်။ဆရာ၊ မိဘ၏ ကူညီမှုရသော်လည်း ကိုယ် တိုင်ကပေါ့ လျော့နေမည်။

အကျိုးပေးဂဏန်း (၃၊ ၄၊ ၅ )အထူးဟော လူချစ်လူခင်များနေမည်။ယတြာ နာရီအဟောင်း၊ဓာတ်ခဲအပျက်တွေရှိရင် အမှိုက်တောင်းထဲထည့်လိုက်ပါ။

#စနေ

အချိန်တွေကုန်မှန်းမသိ ကုန်သွားသည်အထိဒီကာလက အလုပ်များနေတတ်ပါတယ်။ ဘာမှမလုပ်ဘဲအိမ်မှာ နေသူတောင်မှာ အိမ်တွင်းအလုပ်တွေက များပြားနေတတ်တဲ့ကာလပဲဖြစ်ပါတယ်။

ဝန်ထမ်းတွေဆိုလဲ အလုပ်ထဲမှာ စိတ်ကုန်လာသည်အထိ မတန်မဆအခိုင်းခံနေရတာမျိုးကြုံရတတ်ပါတယ်။ သားသမီးတွေရဲ့ကျန်းမာရေးကိုစိတ်ပူ ရတတ်သလို အရွယ်ရောက်ပြီးသားသမီးတွေရဲ့ မတော်တဆထိခိုက်မှုလေးတွေကြောင့် သောကများရတတ်တယ်။

ကောင်းတဲ့အချက်က ဒီအပတ်ထဲ ဆိုင်ဖွင့်တာမျိုး၊ရုံးခန်း၊အိမ်ခန်း၊အလုပ်နေရာပြောင်းတာမျိုးတွေဆောင်ရွက်မယ် ဆို အလွန်ကောင်းပါတယ်။အိမ်ခြံဝယ်ခြင်း၊အိမ်ပြင်အိမ်ဆောင်ခြင်းများ ဒီကာလအတွင်းချောမွေ့စွာအဆင်ပြေ တတ်ပါတယ်။

ငယ်ရွယ်သူများ အချစ်ရေး ကံခေနေမည်။ အလုပ်လုပ်ရင်း သို့မဟုတ် သင်တန်းတတ်ရင်း ချစ်သူသစ် ရရှိမည်။ ဒါကြောင့်လက်ရှိချစ်သူနဲ့ပြဿနာတတ်လိမ့်မယ်။ မိမိကဆင်ခြင်နေပါ။

အိမ်ထောင်ရေးမှာတော့ လင်နှင့် မယား လျှာနှင့် သွားအတိုင်းပင်။ အလုပ်ကိုယ်စီ လုပ်ကိုင်နေသူအိမ်ထောင်ရှင် များအတွက် ဘာမှမဖြစ်၊ နီးလျှင် တော့တကျက်ကျက်၊ နားလည်မှုလွဲ၊ စိတ်သဘောထားခြင်း မတိုက်ဆိုင်သည်က များနေမည်။

သားသမီးတို့အပေါ် အားမရ စိတ်တိုင်းမကျ ဖြစ်နေမည်။ အေးချမ်းစွာ ပညာသင်ယူဖြစ်မည်။ ဆရာများ ၏ ချစ်ခင်မှုကို ရရှိမည်။ ဘွဲ့လက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်များ ရရှိမည်။

အကျိုးပေးဂဏန်း (၆၊ ဝ၊ ၇)အထူးဟော ငွေမဝင်သလောက်ဖြစ်နေမည်။ယတြာ ဘုရားစေတီမှာ ရေသက်စေ့လှူ၍ ဆုတောင်းပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 09 44 5555 695

credit