ေဗဒင္

၂၀၂၂ခုနစ္ အဂၤါသားသမီးမ်ားအတြက္ တႏွစ္စာ ေဟာစာတမ္း

၂၀၂၂ခုနစ္ အဂၤါသားသမီးမ်ားအတြက္ တႏွစ္စာ ေဟာစာတမ္း

အဂၤါသားသမီးမ်ားတို႔သည္ မိမိ၏ အေတြ႕အႀကဳံမ်ားအေပၚ မူတည္ၿပီး လုပ္ငန္းမ်ားတြင္ အခြင့္အေရးေကာင္းမ်ားရရွိၿပိး ေအာင္ျမင္မႈမ်ား ရရွိမည္။ ကုသိုလ္ဒါန၊အလႉတန္းႀကီးမ်ား ျပဳလုပ္ရတတ္သည္။
ဘုရားဖူး ခရီးသြားရကိန္း ရွိသည္။

မေမ်ာ္လင့္ဘဲ သားသမီးမ်ားအတြက္ ရပ္ေဝး၊ နယ္ျခား ေကာင္းျခင္းခရီး သြားရကိန္းရွိသည္။ မိမိလက္ေအာက္ငယ္သား တပည့္မ်ားအား ေထာက္ပံ့ေပးရတတ္သည္။

ႏိုင္ငံရပ္ျခား ပညာေရးမ်ား ေလ့လာေဆာင္႐ြက္ရမည္။ စာေပေလ့လာၿပိး လုပ္ငန္းခြင္ စာေမးပြဲေျဖဆိုလွ်င္ အထူးခံစားခြင့္ရျခင္း၊ စက္မႈလက္မႈပညာရပ္မ်ားတြင္ အထူးေအာင္ျမင္မႈရရွိမည္။

ယခုႏွစ္တြင္ (16. 4. 2022 မွ စ၍ ( 16. 6. 2022) အထိ လုပ္ငန္းဆိုင္ရာ အက်ိဴးအျမတ္ ျဖစ္ထြန္းမည္။

သစ္သီးဝလံမ်ား ေရာင္းဝယ္ျခင္း၊ ယာဥ္ႏွင့္စက္ပစၥည္း ေရာင္းဝယ္ျခင္း၊ ေငြေၾကးကိစၥမ်ား၊ ထီ၊ ဖိနပ္၊အထည္အလိပ္ေရာင္းဝယ္ျခင္း၊ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္း၊

စားေသာက္ကုန္ပစၥည္းမ်ား ျဖန္႔ခ်ီျခင္း၊ အစုရွယ္ယာဝင္ျခင္း၊ ေရလုပ္ငန္း၊ ေမြးျမဴးေရးလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေဆာင္႐ြက္ျခင္း အထူးေကာင္း၏။

လုပ္ငန္းကိစၥတြင္ ၾကာသပေတး၊ စေန၊ ေသာၾကာသားသမီးမ်ားႏွင့္ တြဲဖက္၍ ေဆာင္႐ြက္သင့္သည္။

ရင္းႏွီးေသာသူမ်ားႏွင့္ မိမိၾကား အယူအဆ သေဘာထား မကိုက္ညီမႈမ်ား ႀကဳံရမည္။

လူငယ္လူ႐ြယ္မ်ား အခ်စ္ေရးတြင္ သေဘာထားကြဲလြဲမႈမ်ား ရွိမည္။ လူမႈေရးျပႆနာမ်ား ႐ုတ္တရက္ ရင္ဆိုင္ရတတ္သည္။ မိသားစုတြင္ စိတ္ပင္ပန္းစရာမ်ား ႀကဳံေတြ႕ရမည္။

အိမ္ေထာင္ရွင္မ်ားကေတာ့ အိမ္ေထာင္ေရးတြင္ သားသမီးရတနာထြန္းကားျခင္း၊ အိမ္ေထာင္ရွင္မ်ား သာယာေပ်ာ္႐ြင္စရာမ်ား ရရွိမည္။

က်န္းမာေရးတြင္ ဆီးပူကိုက္ျခင္း၊ အဆုတ္ေရာဂါ၊ ႏွလုံးအားနည္းျခင္း၊ ထိခိုက္ဒဏ္ရာရျခင္း၊ ေျခေထာက္ႏွင့္ ဒူးနာျခင္းမ်ား ခံစားရကိန္းရွိသည္။

အထူးအေဟာ…. စက္ပစၥည္းမ်ား ကိုင္တြယ္ရာတြင္ အထူးဂ႐ုစိုက္ေပးပါ။

အိမ္၊ ၿခံ၊ ေျမ လက္မွတ္ေရးထိုးျခင္း၊ စာခ်ဴပ္စာတမ္းမ်ား ခ်ဴပ္ဆိုရာတြင္ သတိျဖင့္ အထူးေဆာင္႐ြက္ရမည္။

လူစုလူေဝးမ်ားျပားေသာ ေနရာမ်ားတြင္ သြားလာျခင္းမ်ား အထူးေရွာင္ပါ။

အေနာက္အရပ္ ခရီးသြားလာျခင္းမ်ား ဂ႐ုစိုက္ရမည္။ မိမိလုပ္ငန္း လုပ္ေဆာင္ရာတြင္ တနဂ္ေႏြ၊ တနလာ္ သားသမီးမ်ားျဖင့္ ေဆာင္႐ြက္ျခင္းမ်ား အထူးဂ႐ုစိုက္ေပးပါ။

အက်ိဴးေပးအကၡရာ – (တ၊ ရ၊ ပ၊ မ) အက်ိဴးေပးဂဏန္း – (၄. ၇. ၁. ၉) အက်ိဴးေပးအေရာင္ – အနီ၊ နံ႔သာ၊ ႏို႔ႏွစ္ေရာင္ အက်ိဴးမေပးေနနံ – (တနဂ္ေႏြ၊ တနလာ္) အက်ိဴးမေပးအရပ္ – အေနာက္အရပ္

ယၾတာ- ဤႏွစ္လ အပတ္တိုင္ တစ္ႏွစ္လုံး မိမိေနနံ ၿဂိဳဟ္ဘုရား အဂၚေနနံေန႔ မိမိေမြးေန႔မွ မာလာကာၫြန္႔ (၅)၊ ႐ြက္လွၫြန္႔ (၄)၊ အျဖဴေရာင္ ႏွင္းဆီပန္း (၃) ပြင့္တို႔ စုေပါင္းၿပိး စတီးအိုးျဖင့္ ပူေဇာ္ေပးပါ။

ဆရာႀကီးမင္းသူရ အစီအမံယၾတာ 09- 751089826(Viber) 09- 767817917 09 792756450

၂၀၂၂ခုနစ် အင်္ဂါသားသမီးများအတွက် တနှစ်စာ ဟောစာတမ်း

အင်္ဂါသားသမီးများတို့သည် မိမိ၏ အတွေ့အကြုံများအပေါ် မူတည်ပြီး လုပ်ငန်းများတွင် အခွင့်အရေးကောင်းများရရှိပြိး အောင်မြင်မှုများ ရရှိမည်။ ကုသိုလ်ဒါန၊အလှူတန်းကြီးများ ပြုလုပ်ရတတ်သည်။
ဘုရားဖူး ခရီးသွားရကိန်း ရှိသည်။

မမျော်လင့်ဘဲ သားသမီးများအတွက် ရပ်ဝေး၊ နယ်ခြား ကောင်းခြင်းခရီး သွားရကိန်းရှိသည်။ မိမိလက်အောက်ငယ်သား တပည့်များအား ထောက်ပံ့ပေးရတတ်သည်။

နိုင်ငံရပ်ခြား ပညာရေးများ လေ့လာဆောင်ရွက်ရမည်။ စာပေလေ့လာပြိး လုပ်ငန်းခွင် စာမေးပွဲဖြေဆိုလျှင် အထူးခံစားခွင့်ရခြင်း၊ စက်မှုလက်မှုပညာရပ်များတွင် အထူးအောင်မြင်မှုရရှိမည်။

ယခုနှစ်တွင် (16. 4. 2022 မှ စ၍ ( 16. 6. 2022) အထိ လုပ်ငန်းဆိုင်ရာ အကျိူးအမြတ် ဖြစ်ထွန်းမည်။

သစ်သီးဝလံများ ရောင်းဝယ်ခြင်း၊ ယာဉ်နှင့်စက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ငွေကြေးကိစ္စများ၊ ထီ၊ ဖိနပ်၊အထည်အလိပ်ရောင်းဝယ်ခြင်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊

စားသောက်ကုန်ပစ္စည်းများ ဖြန့်ချီခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ ရေလုပ်ငန်း၊ မွေးမြူးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်း အထူးကောင်း၏။

လုပ်ငန်းကိစ္စတွင် ကြာသပတေး၊ စနေ၊ သောကြာသားသမီးများနှင့် တွဲဖက်၍ ဆောင်ရွက်သင့်သည်။

ရင်းနှီးသောသူများနှင့် မိမိကြား အယူအဆ သဘောထား မကိုက်ညီမှုများ ကြုံရမည်။

လူငယ်လူရွယ်များ အချစ်ရေးတွင် သဘောထားကွဲလွဲမှုများ ရှိမည်။ လူမှုရေးပြဿနာများ ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ မိသားစုတွင် စိတ်ပင်ပန်းစရာများ ကြုံတွေ့ရမည်။

အိမ်ထောင်ရှင်များကတော့ အိမ်ထောင်ရေးတွင် သားသမီးရတနာထွန်းကားခြင်း၊ အိမ်ထောင်ရှင်များ သာယာပျော်ရွင်စရာများ ရရှိမည်။

ကျန်းမာရေးတွင် ဆီးပူကိုက်ခြင်း၊ အဆုတ်ရောဂါ၊ နှလုံးအားနည်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ခြေထောက်နှင့် ဒူးနာခြင်းများ ခံစားရကိန်းရှိသည်။

အထူးအဟော…. စက်ပစ္စည်းများ ကိုင်တွယ်ရာတွင် အထူးဂရုစိုက်ပေးပါ။

အိမ်၊ ခြံ၊ မြေ လက်မှတ်ရေးထိုးခြင်း၊ စာချူပ်စာတမ်းများ ချူပ်ဆိုရာတွင် သတိဖြင့် အထူးဆောင်ရွက်ရမည်။

လူစုလူဝေးများပြားသော နေရာများတွင် သွားလာခြင်းများ အထူးရှောင်ပါ။

အနောက်အရပ် ခရီးသွားလာခြင်းများ ဂရုစိုက်ရမည်။ မိမိလုပ်ငန်း လုပ်ဆောင်ရာတွင် တနဂ်နွေ၊ တနလာ် သားသမီးများဖြင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။

အကျိူးပေးအက္ခရာ – (တ၊ ရ၊ ပ၊ မ) အကျိူးပေးဂဏန်း – (၄. ၇. ၁. ၉) အကျိူးပေးအရောင် – အနီ၊ နံ့သာ၊ နို့နှစ်ရောင် အကျိူးမပေးနေနံ – (တနဂ်နွေ၊ တနလာ်) အကျိူးမပေးအရပ် – အနောက်အရပ်

ယတြာ- ဤနှစ်လ အပတ်တိုင် တစ်နှစ်လုံး မိမိနေနံ ဂြိုဟ်ဘုရား အဂါ်နေနံနေ့ မိမိမွေးနေ့မှ မာလာကာညွန့် (၅)၊ ရွက်လှညွန့် (၄)၊ အဖြူရောင် နှင်းဆီပန်း (၃) ပွင့်တို့ စုပေါင်းပြိး စတီးအိုးဖြင့် ပူဇော်ပေးပါ။

ဆရာကြီးမင်းသူရ အစီအမံယတြာ 09- 751089826(Viber) 09- 767817917 09 792756450