၂၀၂၂ခုနစ္ ဗုဒၶဟူးသားသမီးမ်ားအတြက္ တႏွစ္စာ ေဟာစာတမ္း
ဗုဒၶဟူးသားသမီးမ်ားတို႔သည္ ႏွစ္ကူးစ စိတ္သစ္ကိုယ္သစ္ႏွင့္ စိတ္ကူးသစ္ျဖင့္၊ အလုပ္မ်ား ေဆာင္႐ြက္ရမည္။ ႏိုင္ငံျခားခရီး သြားလာျခင္းမ်ား ႀကဳံလာတတ္သည္။ မိမိခန္႔အပ္ထားေသာ အတြင္းလူမ်ားႏွင့္ ဆက္ဆံေရးတြင္ ျပႆနာ ေပၚေပါက္လာတတ္သည္။
ေငြေၾကးႏွင့္ အဖိုးတန္ပစၥည္းမ်ား က်ေပ်ာက္တတ္သည္။ ယခုႏွစ္တြင္ (16. 1. 2022 မွ စ၍ ( 16. 4. 2022) အထိ မိမိလုပ္ငန္းခြင္မ်ား ေအာင္ျမင္မႈမ်ား ရရွိလိမ့္မည္။
အိမ္ၿခံေျမေရာင္းဝယ္ျခင္း၊ ယာဥ္ႏွင့္ဆက္ပစြည္းေရာင္းဝယ္ျခင္း၊ စားေသာက္ကုန္ေရာင္းခ်ျခင္း၊ အုတ္၊ အိမ္ေဆာက္ပစၥည္းလုပ္ငန္း၊ အုန္းဆီ၊ အုန္းသီးလုပ္ငန္း၊ အိမ္အလွဆင္လုပ္ငန္း၊ အိမ္ငွားလုပ္ငန္းမ်ား ပိုမိုျဖစ္ထြန္းမည္။
လုပ္ငန္းကိစၥအတြက္ အဂ္ါ၊ တနဂ္ေႏြသားသမီးမ်ားႏွင့္ တြဲဖက္ ေဆာင္႐ြက္ရမည္။ ပညာေရးတြင္ မိမိရည္မွန္းခ်က္ အထူးထားၿပိး ေအာင္ျမင္ေအာင္ ဆြတ္ခူးႏိုင္မည္။ ႏိုင္ငံရပ္ျခားသို႔ ပညာသင္ယူရန္ အခြင့္အေရးမ်ား ဝင္လာတတ္သည္။
မၾကာခဏ စိတ္ရႈပ္ေထြးမႈမ်ား၊ ေငြေၾကးအခက္အခဲမ်ားႏွင့္ သူတစ္ပါးေၾကာင့္ျဖစ္ေသာ ျပႆနားမ်ားကို ဝင္ေရာက္ ေျဖရွင္းေပးျခင္းမ်ား ႀကဳံေတြ႕လာတတ္၏။ သို႔ေသာ္ ႏွစ္ဖက္မိဘေဆြမ်ိဴးသားခ်င္းႏွင့္ မိတ္ေကာင္း၊ မိတ္သဂ္ဟမ်ား မိမိကို အကူအညီမ်ား ေပးမည္။
ပ်ိဴ႐ြယ္သူမ်ား ခ်စ္သူတစ္ေယာက္ၿပိး တစ္ေယာက္ ခဏခဏ ေျပာင္းလဲျခင္းမ်ား ျဖစ္ေနတတ္သည္။
သို႔ေသာ္ မိမိဆုံးျဖတ္ခ်က္တစ္ခု ခ်မွတ္ၿပိးမွ လက္ခံသင့္သည္။ အခ်စ္ေရး ထင္သေလာက္ ခရီးေပါက္ႏိုင္ပါ။
အိမ္ေထာင္ရွင္မ်ား၊ သားသမီးရတနာ ထြန္းကားၿပီး စီးပြားေရး တိုးတတ္လာမည္။ အိမ္ေထာင္ေရးတြင္ သူတစ္ပါးေၾကာင့္ျဖစ္ေသာ ျပႆနာမ်ားကို ဝင္ေရာက္ ေျဖရွင္းေပးရမည္။ အိမ္တြင္းေရးျပႆနာမ်ား ေျဖရွင္းေပးရတတ္သည္။
ဤႏွစ္တြင္ ေရာဂါဘယ အမ်ိဴးမ်ိဴး ႏွိပ္စက္ျခင္းခံရမည္။ က်န္းမာေရးတြင္ ဆီးခ်ိဴ၊ အဖ်ားအနာ၊ အပူနာေရာဂါမ်ား၊ အ႐ိုးအေၾကာ၊ အက်ိတ္နာ၊ ေလးဘက္နာ၊ ကိုယ္ခႏၶာကိုက္ခဲျခင္း၊ အေၾကာတတ္၊ ဗိုက္ေအာင္ျခင္း ေရာဂါေဝဒနာမ်ား ခံစားရတတ္သည္။
အထူးေဟာ… အေနာက္ေျမာက္အရပ္ ခရီးသြားျခင္း၊ လူမႈေရးကိစၥ ေဆာင္႐ြက္ျခင္းမ်ား ေရွာင္က်ဥ္ေပးပါ။ မိမိလုပ္ငန္း လုပ္ေဆာင္ရာတြင္ စေန၊ ဗုဒၶဟူးသားသမီးမ်ားျဖင့္ ေဆာင္႐ြက္ျခင္းမ်ား အထူးဂ႐ုစိုက္ေပးပါ။ ေငြေၾကးကိစၥ၊ စာခ်ဴပ္စာတမ္းမ်ား၊ အာမခံလက္မွတ္ထိုးျခင္း ေရွာင္ၾကဥ္ပါ။
အက်ိဴးေပးအကၡရာ – (က၊ လ၊ ထ၊ အ) အက်ိဴးေပးဂဏန္း – (၂. ၇. ၈. ၃) အက်ိဴးေပးအေရာင္ – အစိမ္းေရာင္၊ ပန္းေရာင္၊ ၾကည္ျပာေရာင္၊ ဆင္စြယ္ေရာင္ အက်ိဴးမေပးေနနံ – (စေန၊ ဗုဒၶဟူး) အက်ိဴးမေပးအရပ္ – အေနာက္ေျမာက္
ယၾတာ- ဤႏွစ္လ အပတ္တိုင္ တစ္ႏွစ္လုံး မိမိေနနံ ၿဂိဳဟ္ဘုရား ဗုဒၶဟူးေနနံေန႔ မိမိေမြးေန႔မွ ခေရၫြန္႔၊ ၾသဇာၫြန္႔၊ သေျပၫြန္႔ (၉) ၫြန္႔စီ အစိမ္းေရာင္ ပန္းအိုးျဖင့္ ဘုရားပူေဇာ္ၿပိး ေ႐ႊထီး၊ ေငြထီး၊ တံခြန္ကုကၠား၊ ယပ္ေတာင္ (၇) ေခ်ာင္းႏွင့္ ေ႐ႊဆိုင္းကပ္လႉေပးပါ။ အဓိဌာန္ဝင္ျခင္း၊ ပုတီးစိပ္ျခင္းမ်ား ေဆာင္႐ြက္ေပးပါ။
၂၀၂၂ခုနစ် ဗုဒ္ဓဟူးသားသမီးများအတွက် တနှစ်စာ ဟောစာတမ်း
ဗုဒ္ဓဟူးသားသမီးများတို့သည် နှစ်ကူးစ စိတ်သစ်ကိုယ်သစ်နှင့် စိတ်ကူးသစ်ဖြင့်၊ အလုပ်များ ဆောင်ရွက်ရမည်။ နိုင်ငံခြားခရီး သွားလာခြင်းများ ကြုံလာတတ်သည်။ မိမိခန့်အပ်ထားသော အတွင်းလူများနှင့် ဆက်ဆံရေးတွင် ပြဿနာ ပေါ်ပေါက်လာတတ်သည်။
ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ ကျပျောက်တတ်သည်။ ယခုနှစ်တွင် (16. 1. 2022 မှ စ၍ ( 16. 4. 2022) အထိ မိမိလုပ်ငန်းခွင်များ အောင်မြင်မှုများ ရရှိလိမ့်မည်။
အိမ်ခြံမြေရောင်းဝယ်ခြင်း၊ ယာဉ်နှင့်ဆက်ပစွည်းရောင်းဝယ်ခြင်း၊ စားသောက်ကုန်ရောင်းချခြင်း၊ အုတ်၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ အုန်းဆီ၊ အုန်းသီးလုပ်ငန်း၊ အိမ်အလှဆင်လုပ်ငန်း၊ အိမ်ငှားလုပ်ငန်းများ ပိုမိုဖြစ်ထွန်းမည်။
လုပ်ငန်းကိစ္စအတွက် အဂ်ါ၊ တနဂ်နွေသားသမီးများနှင့် တွဲဖက် ဆောင်ရွက်ရမည်။ ပညာရေးတွင် မိမိရည်မှန်းချက် အထူးထားပြိး အောင်မြင်အောင် ဆွတ်ခူးနိုင်မည်။ နိုင်ငံရပ်ခြားသို့ ပညာသင်ယူရန် အခွင့်အရေးများ ဝင်လာတတ်သည်။
မကြာခဏ စိတ်ရှုပ်ထွေးမှုများ၊ ငွေကြေးအခက်အခဲများနှင့် သူတစ်ပါးကြောင့်ဖြစ်သော ပြဿနားများကို ဝင်ရောက် ဖြေရှင်းပေးခြင်းများ ကြုံတွေ့လာတတ်၏။ သို့သော် နှစ်ဖက်မိဘဆွေမျိူးသားချင်းနှင့် မိတ်ကောင်း၊ မိတ်သဂ်ဟများ မိမိကို အကူအညီများ ပေးမည်။
ပျိူရွယ်သူများ ချစ်သူတစ်ယောက်ပြိး တစ်ယောက် ခဏခဏ ပြောင်းလဲခြင်းများ ဖြစ်နေတတ်သည်။
သို့သော် မိမိဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြိးမှ လက်ခံသင့်သည်။ အချစ်ရေး ထင်သလောက် ခရီးပေါက်နိုင်ပါ။
အိမ်ထောင်ရှင်များ၊ သားသမီးရတနာ ထွန်းကားပြီး စီးပွားရေး တိုးတတ်လာမည်။ အိမ်ထောင်ရေးတွင် သူတစ်ပါးကြောင့်ဖြစ်သော ပြဿနာများကို ဝင်ရောက် ဖြေရှင်းပေးရမည်။ အိမ်တွင်းရေးပြဿနာများ ဖြေရှင်းပေးရတတ်သည်။
ဤနှစ်တွင် ရောဂါဘယ အမျိူးမျိူး နှိပ်စက်ခြင်းခံရမည်။ ကျန်းမာရေးတွင် ဆီးချိူ၊ အဖျားအနာ၊ အပူနာရောဂါများ၊ အရိုးအကြော၊ အကျိတ်နာ၊ လေးဘက်နာ၊ ကိုယ်ခန္ဓာကိုက်ခဲခြင်း၊ အကြောတတ်၊ ဗိုက်အောင်ခြင်း ရောဂါဝေဒနာများ ခံစားရတတ်သည်။
အထူးဟော… အနောက်မြောက်အရပ် ခရီးသွားခြင်း၊ လူမှုရေးကိစ္စ ဆောင်ရွက်ခြင်းများ ရှောင်ကျဉ်ပေးပါ။ မိမိလုပ်ငန်း လုပ်ဆောင်ရာတွင် စနေ၊ ဗုဒ္ဓဟူးသားသမီးများဖြင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။ ငွေကြေးကိစ္စ၊ စာချူပ်စာတမ်းများ၊ အာမခံလက်မှတ်ထိုးခြင်း ရှောင်ကြဉ်ပါ။
အကျိူးပေးအက္ခရာ – (က၊ လ၊ ထ၊ အ) အကျိူးပေးဂဏန်း – (၂. ၇. ၈. ၃) အကျိူးပေးအရောင် – အစိမ်းရောင်၊ ပန်းရောင်၊ ကြည်ပြာရောင်၊ ဆင်စွယ်ရောင် အကျိူးမပေးနေနံ – (စနေ၊ ဗုဒ္ဓဟူး) အကျိူးမပေးအရပ် – အနောက်မြောက်
ယတြာ- ဤနှစ်လ အပတ်တိုင် တစ်နှစ်လုံး မိမိနေနံ ဂြိုဟ်ဘုရား ဗုဒ္ဓဟူးနေနံနေ့ မိမိမွေးနေ့မှ ခရေညွန့်၊ သြဇာညွန့်၊ သပြေညွန့် (၉) ညွန့်စီ အစိမ်းရောင် ပန်းအိုးဖြင့် ဘုရားပူဇော်ပြိး ရွှေထီး၊ ငွေထီး၊ တံခွန်ကုက္ကား၊ ယပ်တောင် (၇) ချောင်းနှင့် ရွှေဆိုင်းကပ်လှူပေးပါ။ အဓိဌာန်ဝင်ခြင်း၊ ပုတီးစိပ်ခြင်းများ ဆောင်ရွက်ပေးပါ။