ၾကားသိရသမွ်

🩸ကြောက်စရာကောင်းပြီး ရက်စက်ယုတ်မာတဲ့ တရုတ်သွေးဓားပြဂိုဏ်း

🩸ကြောက်စရာကောင်းပြီး ရက်စက်ယုတ်မာတဲ့ တရုတ်သွေးဓားပြဂိုဏ်း

စာ၏အောက်ဆုံး၌ ဗွီဒီယိုရုပ်သံ ပါရှိသည်

အသက် ၃၁ နှစ်ရှိ မစ္စတာလီ ဆိုသူဟာ တစ်လကို သွေး 800 ml ပုံမှန်ဖောက်ထုတ် ခံနေရတယ်။

​လက်တစ်ခုလုံး အပ်ရာတွေနဲ့ ပွထပြီးရောင်ရမ်းနေကာ သွေးမလောက်တဲ့အတွက် သူ့ခေါင်းတဝိုက်ကနေ ဖောက်ထုတ် ယူနေကြပြီ။

အခု သူ့ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနေပြီး ကမ်ဘောဒီးယား ဆေးရုံမှာ ဒုက္ခ ရောက်နေပါတယ်။

အရင်က သူက ဒေါင်ဒေါင်မြည်ကျန်းမာရေး ကောင်းတယ်။ တရုတ်ပြည်မှာ လုံခြုံရေး အစောင့် လုပ်တယ်။

အဲ့ဒီမှာ အွန်လိုင်းကနေပြီး သူလိုချင်တဲ့ လစာရလို့ ဝမ်းသာအားရ Guangxi Zhuang ဒေသကို သွားတယ်။

အဲ့ဒီမှာ သူ့ကို ပြန်ပြေးဆွဲပြီး ဗီယက်နမ်နိုင်ငံကို တရုတ်နယ်စက်ကနေ ခေါ်သွားတယ်။

အဲ့ဒီကနေ မြေအောက်ဂိုဏ်း ကွန်ယက်နဲ့ ကမ်ဘောဒီးယား Sihanoukville ကို ခေါ်သွားတယ်။

သူ့ကို $18,500 (သိန်း ၃၃၀ ကျော်နဲ့) ရောင်းစားခဲ့တယ်။ သူ့ကို သွေးလာစစ်ပြီး အိုကေတယ်လို့ ပြောတယ်။

၂၀၂၁ ဩဂတ်စ်လက စပြီး သူ့သွေးကို ပုံမှန် ဖောက်ထုတ်ပြီး ပြန်ရောင်းစားကြတယ်။ သူ့လို “Blood slave” တွေ အများကြီး ရှိတယ်။

သဘောမတူရင် ကိုယ်တွင်းအင်္ဂါတွေမှာ ထုတ်ရောင်းမယ်လို့ ပြောတယ်။

အခုလည်း သွေးထုတ်ယူခံရတာ များလွန်းလို့ ကိုယ်တွင်းအင်္ဂါတွေဆီ သွေးရောက်တာ နည်းပြီး အကုန်ပျက်စီးလုလု ဖြစ်နေပြီ။

လူတစ်ယောက်ဟာ သွေးသွားလှူရင် ၁၆ အောင်စ (470 ml) ပဲ ဖောက်ယူရတာ။ အဲ့သွေးပမာဏဟာ ပုံမှန်လူတစ်ယောက်ရဲ့ ၈ ရာနှုန်း ရှိတယ်။

အဲ့ဒီ သွေး ၈ ရာနှုန်း ပြန်ပြည့်ဖို့ ၂၄ နာရီကနေ ၄၈ နာရီ ကြာတယ်။ ဒါပေမယ့် သွေးနီဥဆဲလ်တွေ ပြန်ပြည့်ဖို့က ၁၀ ပတ်ကနေ ၁၂ ပတ် ကြာတယ်။

ဒါ့ကြောင့် အမေရိကန် ကြက်ခြေနီအဖွဲ့က လူတစ်ယောက်ဟာ အနည်းဆုံး ၈ ပတ် (၅၆ ရက်) ပြည့်ပြီးမှ နောက်တစ်ကြိမ် သွေးလှူဖို့ အကြံပေးထားတယ်။

အခု တရုတ်သွေး ဓားပြဂိုဏ်းကတော့ တစ်လ တစ်ကြိမ် အနည်းဆုံး ၂၇ အောင်စ (800 ml) အထိတောင် ဖောက်ထုတ်နေတယ်။

နောက်ဆုံး ဂိုဏ်းထဲက တစ်ယောက်အကူအညီနဲ့ သူဟာ လွတ်မြောက်သွားပေမယ့် ကိုယ်အင်္ဂါတွေ ပျက်စီးပြီး ဆေးရုံ ရောက်နေတယ်။

ကမ်ဘောဒီးယားရှိ တရုတ်သံရုံးက သူ့ကို သွားတွေ့မယ်လို့ ဆိုတယ်။

ကမ်ဘောဒီးယားမှာ တရုတ်ဂိုဏ်းတွေ ပွထနေလို့ ကျနော်တို့တောင် သွားမလည်ဖို့ ရှောင်တယ်။

ဘယ်လောက် ဆိုးသလဲဆိုရင် ကျားခြင်္သေ့က အစ တရုတ် သူဌေးတွေက တရားမဝင် မွေးထားတာကို ရဲကဖမ်းမိတာ ရဲက ပြန်ပေးရတယ်။

အဲ့ဒီလောက် တရုတ်လူဆိုးဂိုဏ်းတွေက ဘယ်သူမှ ဂရုမစိုက်၊ ရဲလောက်ကို လုံးဝ အဖက်မလုပ်ပဲ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်။

ဒါတင်မက တရုတ်လူဆိုးဂိုဏ်းတွေဟာ ဗီယက်နမ်၊ ကမ်ဘောဒီးယား၊ ထိုင်း၊ လာအိုနဲ့ မြန်မာပြည်အထိရောက်နေတယ်။

သူတို့ဟာ အွန်လိုင်း ဘောလုံးဂိမ်းတွေ၊ လောင်းကစားဂိမ်းတွေက စပြီး လူပြန်ပြေးဆွဲပြီး မိန်းကလေးလှရင် လိင်ကျွန်လုပ်တာ၊ ယောက်ျားလေးဆိုရင် သွေးနဲ့ ကိုယ်တွင်းအင်္ဂါတွေဖောက်ထုတ် ရောင်းစားထားအထိအကုန် လုပ်တယ်။

မြန်မာပြည်မှာ အဲ့ဒီအန္တရာယ်ကို မသိပဲ လူမိုက်အားပေး ကိုယ့်ပြည်သူပြည်သားတွေ ပြန်ဒုက္ခရောက်အောင် လုပ်နေတာ ရှိတယ်။

အခုလို တိုင်းပြည် ပြဿနာ တက်နေချိန်မှာ အွန်လိုင်း လောင်းကစားတွေ၊ အွန်လိုင်း ဘောပွဲတွေကို ဝိုင်းကြေညာ ပေးကြတယ်။

ဝိုင်းပို့ပေးကြတဲ့ မြန်မာ Cele တွေလည်း အများကြီး ပါတယ် (Admin ဖြည့်စွက်ချက်သာ)

မကြာခင်မှာ အလုပ်လိုချင်တဲ့သူတွေ အလုပ်ရမယ် ဆိုပြီး လာမယ်။ သွားမိရင် မိန်းကလေးဆိုရင် အပျော်မယ်အဖြစ် ဖျက်ဆီးခံရမယ်။ ယောက်ျားလေးဆိုရင် ဂိုဏ်းထဲ ဆွဲသွင်းတာ၊ ကလီစာနဲ့ သွေးဖောက်ထုတ်ရောင်းစားတာ ခံရမယ်။

တခါတည်း ပြောမယ်။ အဲ့ဒီအွန်လိုင်းဂိုဏ်းတွေကို အန္တရာယ် မရှိဘူး ထင်နေရင် တိုင်းပြည်ထဲမှာ ကြွက်သိုက်လို အသိုက် ပိုကြီးလာလိမ့်မယ်။

Richard Myo Thant ရေးသားပါသည် 🙏
21-February -2022
ကိုယ့်တဘို့ပဲ ကြည့်ပြီး အွန်လိုင်းလောင်းကစား ဂိမ်းတွေကို ကြော်ငြာပေးနေတာ ရပ်ကြပါတော့ဗျာ … 🙏
#online #လောင်းကစား #တရုတ်