ေဗဒင္

၂၀၂၂ ခုႏွစ္ ၊ ႏွစ္သစ္ကူး အထူးယၾတာ

လာမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ဟာ စနေနေ့မှာ ကျရောက်တဲ့အတွက် နေ့နံအလိုက် နှစ်သစ်အကြို အထူးယတြာအစီအရင်ကို လုပ်ဆောင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီယတြာကို နှစ်သစ်အစ ဇန်နဝါရီ (၁) ရက်မှာ စီရင်နိုင်ခဲ့ရင် တစ်နှစ်လုံး ဘေးကင်းရန်ကွာပြီး လိုရာပြည့်စေဖို့ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။

တနင်္ဂနွေသားသမီးများ

ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၉ နာရီ ၂၅ မိနစ်နဲ့ ၁၀ နာရီ ၁၅ မိနစ်အတွင်း တနင်္ဂနွေသားသမီးတွေဟာ အိမ်ကဘုရားမှာ ကြေးဖလားနဲ့ သောက်တော်၊ သုံးတော်ရေ ကပ်လှူပါ။ “အရဟံ” ဂုဏ်တော်ကို သက်စေ့ထက် တစ်ခေါက်ပိုပြီး ရွတ်ဖတ်ပူဇော်ပါ။ ဒီနေ့မှာ နေမဝင်ခင်အထိ အဝစားထားသင့်ပြီး နေဝင်ပြီးရင် အစားအစာကို ရှောင်ကျဉ်သင့်ပါတယ်။ ညပိုင်းမှာတော့ စေတီတစ်ဆူမှာ ညလုံးပေါက် မီးအလှူရှင်အဖြစ် လှူဒါန်းရပါမယ်။

တနင်္လာသားသမီးများ

ဇန်နဝါရီ (၁) ရက် စနေနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နဲ့ ၁ နာရီ ၅ မိနစ်အတွင်း တနင်္လာသားသမီးတွေဟာ မိခင်၊ အဘွား (သို့) အမျိုးသမီးအကြီးအကဲတစ်ဦးကို နွားနို့တစ်ခွက် ဖန်ခွက်အကြည်နဲ့ ထည့်ပြီး တိုက်ပါ။ သူတို့ ပို့သတဲ့ မေတ္တာနဲ့ ဆုတောင်းစကားကို အလေးအနက် ခံယူပါ။ တစ်နေ့တာအတွင်း “သရဏဂုံ” ကို သက်စေ့ ရွတ်ဖတ်ပူဇော်ပါ။ ဒီနေ့မှာ အဖြူရောင်ဝတ်ပြီး အသက်လွတ်စားပေးပါ။ အအေးနဲ့အချိုရည်တွေ ရှောင်ကျဉ်ပါ။

အင်္ဂါသားသမီးများ

ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၈ နာရီ ၃၅ မိနစ်နဲ့ ၉ နာရီ ၂၀ မိနစ်အတွင်း အင်္ဂါသားသမီးတွေက အိမ်က ဘုရားမှာ ထန်းလျက် ၁၀ ခဲနဲ့ ဆွမ်းကပ်လှူပေးပါ။ “နမောတဿ” အစချီဂါထာတော်ကို သက်စေ့ ရွတ်ဖတ်ပါ။ ပြီးရင် ထန်းလျက် ၁၀ ခဲကို ဘုရားဆွမ်းတော် ပြန်စွန့်ပြီး ဘုရားဆေးအဖြစ် အာရုံပြု စားသုံးရပါမယ်။ နှစ်သစ် ပထမဆုံးရက်မှာ ဖြစ်နိုင်ရင် သွေးလှူပေးပါ။ (သို့) သွေးမကြာခဏ လှူတဲ့သူကို အစာ၊ အာဟာရ ဒါနပြုပေးပါ။

ဗုဒ္ဓဟူးသားသမီးများ

ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၁၁ နာရီ ၁၅ မိနစ်နဲ့ ၁၂ နာရီအတွင်း အိမ်ကဘုရားမှာ အသီးအရွက်ကြော် (အသက်လွတ်) တစ်ပွဲ ကပ်လှူပြီးတော့ “ဗုဒ္ဓေါ” ဂုဏ်တော်ကို သက်စေ့ထက် တစ်ခေါက်ပို ရွတ်ဖတ်ပူဇော်ပါ။ ဒီနေ့ မနက်လင်းတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းပြီး အဝတ်အစားအသစ် (အစိမ်းရောင်) တစ်ထည်ကို ကျကျနန ဝတ်ဆင်ပါ။ ကိုယ့်အိမ်၊ ဆိုင်ခန်း၊ အလုပ်စားပွဲ စတဲ့နေရာတွေကိုလည်း သန့်ရှင်းတောက်ပအောင် လုပ်ပေးပါ။

ကြာသပတေးသားသမီးများ

ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၇ နာရီ ၃၅ မိနစ်နဲ့ ၈ နာရီ ၃၀ မိနစ်အတွင်း အိမ်ကဘုရားမှာ အဆီအဆိမ့် များတဲ့ (ထောပတ်လည်း ပါတဲ့) ဆွမ်းတစ်ပွဲကို ကပ်လှူပေးပါ။ “မေတ္တာသုတ်” ကို ငါးခေါက် ရွတ်ဖတ်ပူဇော်ပါ။ အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေကို ကိတ်မုန့် ဝေပေးပါ။ ဘုန်းကြီးကျောင်း (သို့) စေတီမှာ ဘုရားကပ်ဖို့ ပန်းအဝါ (မည်သည့်ပန်းမျိုးမဆို) လှူဒါန်းပေးပါ။ တစ်နေ့တာလုံးမှာ အဝါရောင်ဖျော့ဖျော့ အဝတ်အစားကို ဝတ်ဆင်ပါ။

သောကြာသားသမီးများ

ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၁၀ နာရီ ၂၀ မိနစ်နဲ့ ၁၁ နာရီ ၁၅ မိနစ်အတွင်း အိမ်ကဘုရားမှာ အမွှေးတိုင် ၆ တိုင်နဲ့ နို့ဆန်ပြုတ်တစ်ပွဲကို လှူဒါန်းပေးပါ။ “ဒိဝါတပတိ” အစချီ ဂါထာတော်ကို သက်စေ့ ရွတ်ဖတ်ပူဇော်ပါ။ တစ်နေ့လုံးမှာ ပန်းရောင် (သို့) အဖြူတောက်တောက်ကို ဝတ်ဆင်ပြီး လှုပ်ရှားသွားလာပါ။ ဆံပင်၊ မုတ်ဆိတ် စတာတွေကို သပ်ရပ်အောင် ရှင်းထားပါ။ နွမ်းပါးသူတွေကို ဒိန်ချဉ် ဝယ်တိုက်ပြီး လိုရာဆန္ဒ အာရုံပြုပေးပါ။

စနေသားသမီးများ

ဇန်နဝါရီ (၁) ရက် စနေနေ့ မနက် ၆ နာရီ ၃၅ မိနစ်နဲ့ ၇ နာရီ ၃၀ မိနစ်အတွင်း အိမ်ကဘုရားမှာ နှမ်းပျစ် (သို့) နှမ်းကပ်မုန့် ၈ ခုကို ကပ်လှူပေးပါ။ “ပဋ္ဌာန်း” အကျဉ်းကို သက်စေ့ရွတ်ဖတ်ပူဇော်ပါ။ အိမ်၊ ဆိုင်ခန်း၊ အလုပ် စတဲ့ကိုယ့်နေရာမှန်သမျှ အလင်းရောင် အားကောင်းကောင်းနဲ့ဝင်လာအောင် ဖွင့်လှစ် ပြင်ဆင်ထားရပါမယ်။ ဒီနေ့မှာ တောင်းရမ်းစားသောက်သူ၊ ဒုက္ခသည် စတဲ့သူတွေကို မိမိတတ်အားသရွေ့ လှူဒါန်းကုသိုလ်ယူပေးပါ။

မှတ်ချက် – ဖော်ပြပါ ယတြာနည်းလမ်းတွေကို တစ်နေ့တာအတွင်းမှာ ဆောင်ရွက်ရမှာ ဖြစ်ပြီး နောက်တစ်နေ့ ကူးသွားလို့ မရတဲ့အတွက် အချိန်တစ်ခု ယူပြီး လုပ်ဆောင်သင့်ပါတယ်။ သတ်မှတ်အချိန်နာရီဟာ ဘုရားမှာ ကုသိုလ်ပြု လှူဒါန်းရမယ့်အချိန်သာ ဖြစ်ပြီး ကျန်တဲ့ကိစ္စတွေကိုတော့ အားရင်အားသလို လုပ်နိုင်ပါတယ်။

မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေ

ဧက (ဗေဒင်သုတ)

Zawgyi

လာမယ့္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္ေန႔ဟာ စေနေန႔မွာ က်ေရာက္တဲ့အတြက္ ေန႔နံအလိုက္ ႏွစ္သစ္အႀကိဳ အထူးယၾတာအစီအရင္ကို လုပ္ေဆာင္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။ ဒီယၾတာကို ႏွစ္သစ္အစ ဇန္နဝါရီ (၁) ရက္မွာ စီရင္ႏိုင္ခဲ့ရင္ တစ္ႏွစ္လုံး ေဘးကင္းရန္ကြာၿပီး လိုရာျပည့္ေစဖို႔ အေထာက္အကူ ျပဳႏိုင္ပါလိမ့္မယ္။

တနဂၤေႏြသားသမီးမ်ား

ဇန္နဝါရီ (၁) ရက္ စေနေန႔ မနက္ ၉ နာရီ ၂၅ မိနစ္နဲ႔ ၁၀ နာရီ ၁၅ မိနစ္အတြင္း တနဂၤေႏြသားသမီးေတြဟာ အိမ္ကဘုရားမွာ ေၾကးဖလားနဲ႔ ေသာက္ေတာ္၊ သုံးေတာ္ေရ ကပ္လႉပါ။ “အရဟံ” ဂုဏ္ေတာ္ကို သက္ေစ့ထက္ တစ္ေခါက္ပိုၿပီး ႐ြတ္ဖတ္ပူေဇာ္ပါ။ ဒီေန႔မွာ ေနမဝင္ခင္အထိ အဝစားထားသင့္ၿပီး ေနဝင္ၿပီးရင္ အစားအစာကို ေရွာင္က်ဥ္သင့္ပါတယ္။ ညပိုင္းမွာေတာ့ ေစတီတစ္ဆူမွာ ညလုံးေပါက္ မီးအလႉရွင္အျဖစ္ လႉဒါန္းရပါမယ္။

တနလၤာသားသမီးမ်ား

ဇန္နဝါရီ (၁) ရက္ စေနေန႔ ေန႔လယ္ ၁၂ နာရီ ၁၀ မိနစ္နဲ႔ ၁ နာရီ ၅ မိနစ္အတြင္း တနလၤာသားသမီးေတြဟာ မိခင္၊ အဘြား (သို႔) အမ်ိဳးသမီးအႀကီးအကဲတစ္ဦးကို ႏြားႏို႔တစ္ခြက္ ဖန္ခြက္အၾကည္နဲ႔ ထည့္ၿပီး တိုက္ပါ။ သူတို႔ ပို႔သတဲ့ ေမတၱာနဲ႔ ဆုေတာင္းစကားကို အေလးအနက္ ခံယူပါ။ တစ္ေန႔တာအတြင္း “သရဏဂုံ” ကို သက္ေစ့ ႐ြတ္ဖတ္ပူေဇာ္ပါ။ ဒီေန႔မွာ အျဖဴေရာင္ဝတ္ၿပီး အသက္လြတ္စားေပးပါ။ အေအးနဲ႔အခ်ိဳရည္ေတြ ေရွာင္က်ဥ္ပါ။

အဂၤါသားသမီးမ်ား

ဇန္နဝါရီ (၁) ရက္ စေနေန႔ မနက္ ၈ နာရီ ၃၅ မိနစ္နဲ႔ ၉ နာရီ ၂၀ မိနစ္အတြင္း အဂၤါသားသမီးေတြက အိမ္က ဘုရားမွာ ထန္းလ်က္ ၁၀ ခဲနဲ႔ ဆြမ္းကပ္လႉေပးပါ။ “နေမာတႆ” အစခ်ီဂါထာေတာ္ကို သက္ေစ့ ႐ြတ္ဖတ္ပါ။ ၿပီးရင္ ထန္းလ်က္ ၁၀ ခဲကို ဘုရားဆြမ္းေတာ္ ျပန္စြန႔္ၿပီး ဘုရားေဆးအျဖစ္ အာ႐ုံျပဳ စားသုံးရပါမယ္။ ႏွစ္သစ္ ပထမဆုံးရက္မွာ ျဖစ္ႏိုင္ရင္ ေသြးလႉေပးပါ။ (သို႔) ေသြးမၾကာခဏ လႉတဲ့သူကို အစာ၊ အာဟာရ ဒါနျပဳေပးပါ။

ဗုဒၶဟူးသားသမီးမ်ား

ဇန္နဝါရီ (၁) ရက္ စေနေန႔ မနက္ ၁၁ နာရီ ၁၅ မိနစ္နဲ႔ ၁၂ နာရီအတြင္း အိမ္ကဘုရားမွာ အသီးအ႐ြက္ေၾကာ္ (အသက္လြတ္) တစ္ပြဲ ကပ္လႉၿပီးေတာ့ “ဗုေဒၶါ” ဂုဏ္ေတာ္ကို သက္ေစ့ထက္ တစ္ေခါက္ပို ႐ြတ္ဖတ္ပူေဇာ္ပါ။ ဒီေန႔ မနက္လင္းတာနဲ႔ တစ္ကိုယ္ေရသန႔္ရွင္းၿပီး အဝတ္အစားအသစ္ (အစိမ္းေရာင္) တစ္ထည္ကို က်က်နန ဝတ္ဆင္ပါ။ ကိုယ့္အိမ္၊ ဆိုင္ခန္း၊ အလုပ္စားပြဲ စတဲ့ေနရာေတြကိုလည္း သန႔္ရွင္းေတာက္ပေအာင္ လုပ္ေပးပါ။

ၾကာသပေတးသားသမီးမ်ား

ဇန္နဝါရီ (၁) ရက္ စေနေန႔ မနက္ ၇ နာရီ ၃၅ မိနစ္နဲ႔ ၈ နာရီ ၃၀ မိနစ္အတြင္း အိမ္ကဘုရားမွာ အဆီအဆိမ့္ မ်ားတဲ့ (ေထာပတ္လည္း ပါတဲ့) ဆြမ္းတစ္ပြဲကို ကပ္လႉေပးပါ။ “ေမတၱာသုတ္” ကို ငါးေခါက္ ႐ြတ္ဖတ္ပူေဇာ္ပါ။ အိမ္နီးခ်င္းေတြ၊ မိတ္ေဆြေတြကို ကိတ္မုန႔္ ေဝေပးပါ။ ဘုန္းႀကီးေက်ာင္း (သို႔) ေစတီမွာ ဘုရားကပ္ဖို႔ ပန္းအဝါ (မည္သည့္ပန္းမ်ိဳးမဆို) လႉဒါန္းေပးပါ။ တစ္ေန႔တာလုံးမွာ အဝါေရာင္ေဖ်ာ့ေဖ်ာ့ အဝတ္အစားကို ဝတ္ဆင္ပါ။

ေသာၾကာသားသမီးမ်ား

ဇန္နဝါရီ (၁) ရက္ စေနေန႔ မနက္ ၁၀ နာရီ ၂၀ မိနစ္နဲ႔ ၁၁ နာရီ ၁၅ မိနစ္အတြင္း အိမ္ကဘုရားမွာ အေမႊးတိုင္ ၆ တိုင္နဲ႔ ႏို႔ဆန္ျပဳတ္တစ္ပြဲကို လႉဒါန္းေပးပါ။ “ဒိဝါတပတိ” အစခ်ီ ဂါထာေတာ္ကို သက္ေစ့ ႐ြတ္ဖတ္ပူေဇာ္ပါ။ တစ္ေန႔လုံးမွာ ပန္းေရာင္ (သို႔) အျဖဴေတာက္ေတာက္ကို ဝတ္ဆင္ၿပီး လႈပ္ရွားသြားလာပါ။ ဆံပင္၊ မုတ္ဆိတ္ စတာေတြကို သပ္ရပ္ေအာင္ ရွင္းထားပါ။ ႏြမ္းပါးသူေတြကို ဒိန္ခ်ဥ္ ဝယ္တိုက္ၿပီး လိုရာဆႏၵ အာ႐ုံျပဳေပးပါ။

စေနသားသမီးမ်ား

ဇန္နဝါရီ (၁) ရက္ စေနေန႔ မနက္ ၆ နာရီ ၃၅ မိနစ္နဲ႔ ၇ နာရီ ၃၀ မိနစ္အတြင္း အိမ္ကဘုရားမွာ ႏွမ္းပ်စ္ (သို႔) ႏွမ္းကပ္မုန႔္ ၈ ခုကို ကပ္လႉေပးပါ။ “ပ႒ာန္း” အက်ဥ္းကို သက္ေစ့႐ြတ္ဖတ္ပူေဇာ္ပါ။ အိမ္၊ ဆိုင္ခန္း၊ အလုပ္ စတဲ့ကိုယ့္ေနရာမွန္သမွ် အလင္းေရာင္ အားေကာင္းေကာင္းနဲ႔ဝင္လာေအာင္ ဖြင့္လွစ္ ျပင္ဆင္ထားရပါမယ္။ ဒီေန႔မွာ ေတာင္းရမ္းစားေသာက္သူ၊ ဒုကၡသည္ စတဲ့သူေတြကို မိမိတတ္အားသေ႐ြ႕ လႉဒါန္းကုသိုလ္ယူေပးပါ။

မွတ္ခ်က္ – ေဖာ္ျပပါ ယၾတာနည္းလမ္းေတြကို တစ္ေန႔တာအတြင္းမွာ ေဆာင္႐ြက္ရမွာ ျဖစ္ၿပီး ေနာက္တစ္ေန႔ ကူးသြားလို႔ မရတဲ့အတြက္ အခ်ိန္တစ္ခု ယူၿပီး လုပ္ေဆာင္သင့္ပါတယ္။ သတ္မွတ္အခ်ိန္နာရီဟာ ဘုရားမွာ ကုသိုလ္ျပဳ လႉဒါန္းရမယ့္အခ်ိန္သာ ျဖစ္ၿပီး က်န္တဲ့ကိစၥေတြကိုေတာ့ အားရင္အားသလို လုပ္ႏိုင္ပါတယ္။

မဂၤလာရွိေသာႏွစ္သစ္ ျဖစ္ပါေစ

ဧက (ေဗဒင္သုတ)