#တနင်္ဂနွေ
ဒီအပတ်အတွင်းအဆိုးတွေထဲကနေ အကောင်းတွေကြုံလာရတော့မဲ့ကာလဖြစ်ပါတယ်။ ငွေရှာရလွယ်ပေမဲ့ အကုန်အကျလဲများနေနိုင်ပါတယ်။ မည်သည့်နယ်ပယ်ကသူမဆို ဦးဆောင်ဦးရွက်ပြုရခြင်း၊ခေါင်းဆောင်ရခြင်းများ အထူးကြုံရတတ်ပါတယ်။ လခစားဝန်ထမ်းများမသာမာနည်းနဲ့ငွေရှာခြင်းဖြင့်ဒုက္ခကြုံရတတ်ပါတယ်။ဒီအပတ် အတွင်း ငါးပါးသီလလုံအောင်နေခြင်း၊ သားသတ်လွတ်စားခြင်းဖြင့်ထူးခြားတဲ့အဆင်ပြေကံကောင်းမှုတွေကိုရလာ နိုင်ပါတယ်။
တတ်နိုင်သ၍ ဒီကာလအတွင်းမိဘများ၊အထက်လူကြီးများ၊ ဆရာသမားများကိုဖွင့်ပြောတိုင်ပင်စရာ ကိစ္စများ ပြေဆိုလို့ အဆင်ပြေတတ်ပါတယ်။ ဒီအပတ်ထဲမှာ ထီကံ၊ ကံစမ်းမဲကံတွေလဲကောင်းနေတတ်ပါတယ်။ ဝါသနာပါသူများ ၁ဂဏန်းများများပါသော ထီလက်မှတ်ကိုကံစမ်းပါ။ လူမျိုးခြားတစိမ်းတရံတွေရဲ့ ထောက်ပံခြင်း မျိုး ကြုံရမည်။ ကိုယ်ပိုင်လုပ်ငန်းများ မိတ်ဆွေသစ် ၊ဖောက်သည်အသစ်တွေ တိုးပွားလာနိုင်ဖွယ်ရှိပါတယ်။
ရပ်ဝေး ရောက်နေသော မိတ်ဆွေများနဲ့ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ လုပ်ငန်းသစ် ၊ဆိုင်အသစ်ဖွင့်မဲ့ သူများ ဒီကာလ ဟာ အရမ်းကောင်းတဲ့အချိန်ပါ။ စိတ်သွားတိုင်းကိုယ်ပါနေတတ်တဲ့ အချိန်ပါပဲ။ အချစ်ရေးကံ ကောင်းနေမှာ ပါ။ ပညာရေးကတော့ ဝီရိယ ရှေ့ထားကြိုးစားနိုင်မှ တော်ကာကျပါလိမ့်မယ်။အကျိုးပေးဂဏန်း ၁/၅/၄အထူးဟော ကံမြင့်နေသည်၊ယတြာ ကြာသပတေးထောင့်မှာ တစ်ယောက်ထိုင်ဖျာတစ်ချပ် လှူဒါန်းပေးပါ။
#တနင်္လာ
ဒီအပတ်ထဲကောင်းသောကံထက်စိတ်ချမ်းသာရမှုကပိုပါတယ်။ ပျော်ရွှင်ရခြင်း၊စိတ်ချမ်းသာရခြင်များအထူး ကြုံရတတ်ပါတယ်။ကြန့်ကြာနေတဲ့ငွေကြေးများ လက်ခံရရှိတတ်ပါတယ်။ ခရီးတို၊ခရီးရှည်များကြုံလာရဖွယ်ရှိတဲ့ ကာလပါပဲ။အလှူခရီးများ မင်္ဂလာခရီးများသွားရတတ်ပါတယ်။ အလုပ်ပိုတွေများပေမဲ့ကူညီမဲ့သူတွေ၊စောင့်ရှောက်မဲ့ သူတွေများပါတယ်။ စေ့စပ်ခြင်း၊နားဖောက်ခြင်းများ ဆောင်ရွက်ထားနိုင်တဲ့ကာလပါပဲ။
ကျန်းမာရေးကတော့ အစား မှားတတ်ပါတယ်။ ကောက်ညှင်းတို့လို မျှစ်တို့လို အစာကြေဖို့ခက်ခဲတဲ့ အစားအသောက်တွေကိုအထူးရှောင်စေချင် ပါတယ်။ ဗိုက်အောက် ဗိုက်နာတာတွေ အလွန်ဖြစ်တတ်ပါတယ်။ ကုန်ပစ္စည်းလှောင်ခြင်းများဆောင်ရွက်လို့ကောင်း ပါတယ်။ လုပ်သမျှ အဆင်ပြေချောမွေ့နေ တတ်တဲ့အချိန်ပါ။ ဒါပေမဲ့ သီလရှိအောင်တော့ နေမှအဆင်ပြေမဲ့ကာလ ပါပဲ။
အနာဂတ်အတွက် ကြိုတင်စဉ်းစားထားသည်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ပါ လိမ့်မယ်။ လူကြီး သူမတွေရဲ့အကူအညီအထောက်အပံ့တွေလဲ အများကြီးရနိုင်တဲ့အချိန်ပါ။အချစ်ရေးကံကောင်းပါတယ်။ ဇာတိမတူ လူမျိုးမတူသူနဲ့ ဒီကာလအတွင်းဆုံဆည်းရတတ်ပါတယ်။ ပညာရေနယ်ပယ်ကျယ်ပြန့်စွာ အောင်မြင်ပါလိမ့်မယ်။အကျိုးပေးဂဏန်း -၅/၁/၂အထူးဟော – စိတ်ကြိုက်ဖန်တီးခွင့်တွေရလာပါ လိမ့်မယ်။ယတြာ ပေါင်မုန့်ထောပတ်သုတ် ဘုရားကပ်ပါ
#အင်္ဂါ
အနည်းငယ်တော့စိတ်အလိုမကျတာလေးတွေကြုံရတတ်ပါတယ်။သူတစ်ပါးတွေထက်ပိုမိုပြီးလူ၊စိတ်ပင်ပန်း ရတတ်ပါတယ်။ငွေကံအားကောင်းနေတတ်ပါတယ်။စီးပွားရေးသမားများ ဟိုဟာလုပ်ရနိုး၊ဒီဟာလုပ်ရနိုး ဝေခွဲရခက် ခဲနေတတ်ပါတယ်။အောက်လက်ငယ်သားကြောင့် ဖြစ်စေ၊ သားသမီးကြောင့်ဖြစ်စေ စိတ်ပူစိတ်ညစ်ရတတ်ပါ တယ်။ ကျန်းမာရေးအတွက် မိမိနေထိုင်မှုပုံစံပြောင်းလိုက်မှပဲ အဆင်ပြေပါလိမ့်မယ်။
အထိုင်များလို့ ခါးနာတာတွေ ၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေ၊ အလေးအပင်မလို့ ထိမိခိုက်မိတာတွေဒီအပတ်ထဲဖြစ်လွယ်နေတတ်ပါတယ်။ တတ်နိုင်သမျှ ဒီအပတ်ထဲ စွန့်စားလုပ်ကိုင်ခြင်းမျိုးကိုတော့ အားမပေးပါဘူး။ ဘုရင့်နောင်ဖောင်ဖျက်လုပ်ကိုင်တာ မျိုးတွေက နောက်ဆက်တွဲအဆိုးရလဒ်တွေပဲထွက်လာပါလိမ့်မယ်။ ကိုယ်ပိုင် အလုပ်ဆိုလဲ မိမိအလုပ်အတွက် လိုအပ်တာဝယ်ရခြမ်းရနဲ့ အချိန်ကုန်လူပန်းရပါလိမ့်မယ်။ မိမိနဲ့မသိသော တစိမ်းတရံတွေနဲ့ အဆင်မပြေဖြစ်ရ တတ်ပါတယ်။
ညဉ့်နက်သည်အထိ အပြင်ထွက်တာမျိုးမလုပ်ပါနဲ့။ မိမိအနေနဲ့ အနားယူချိန် အလုပ်လုပ်ချိန်တွေကို သေချာပိုင်းခြားထားပါ။အိပ်ရေးပျက်ပြီး ကျန်းမာရေးအားနည်း သွားတတ်တဲ့ကာလမို့ပါ။ အချစ်ရေးအနေနဲ့ အကောင်း ဘက်မှာရှိနေပါတယ်။ ချစ်သူအချင်းချင်း မအားလပ်ဘဲမတွေ့နိုင်တာမျိုး ကြုံနေရတတ်တယ်။ ပညာရေး ကိစ္စတွေမှာ ကျက်စာထက် တွက်စာတွေကြောင့် သောကရောက်ရမှာပါ။အကျိုးပေးဂဏန်း ၃/၄/၈အထူးဟော အလုပ်တွေမအားလပ်ဖြစ်နေတတ်သည် ယတြာ ဘုရားရှင်အား ရွှေသင်္ကန်းကပ်လှူပါ
#ဗုဒ္ဓဟူး/ရာဟု
မိမိကိုယ်တိုင် နည်းမှန်လမ်းမှန်ဆောင်ရွက်တတ်မှုတွေကြောင့် အခက်အခဲတွေကြားကနေ အောင်မြင်မှုတွေ ရလာနိုင်ပါတယ်။ တစ်ဆင့်ထက်တဆင့် မြင့်တတ်သွားနိုင်တာကြောင့်မိမိကိုယ်တိုင်က ဥာဏ်ထည့်လုပ်ရင်ပိုမို အဆင်ပြေတတ်ပါတယ်။အလှအပကြောင့် ငွေကုန်ရတတ်တာလဲ တွေ့ရပါတယ်။ ကံကောင်းတာက လက်ဆောင် ပစ္စည်းတွေရလာတတ်ပါတယ်။ဒီအပတ်ထဲ အချိန်ဆွဲလို့ရရသေးရင် စက်ပစ္စည်းတွေမဝယ်ပါနဲ့။
ဒီအပတ်ထဲ ဝယ်လိုက်တဲ့ပစ္စည်းက အားနည်းချက်တစ်စုံတရာပါလာနိုင်တယ်လို့မြင်လို့ပါ။ ကျန်းမာရေးအတွက် စိတ်ပူလို့မလို ပေမဲ့ လျှပ်စစ်ကိုင်တွယ်တာတွေသတိရှိပါ။ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်များ PPEပြည့်စုံစွာဝတ်ပြီးမှလုပ်ကိုင်သင့်တဲ့ ကာလပဲဖြစ်ပါတယ်။ ဒီကာလမှာ ရွှေငွေလက်ဝတ်ရတနာများ ထွက်ရတတ်ပါတယ်။ နယ်သွားချင်သူများ လက်ရှိ နေရာ မှာမပျော်ရွင်သူများ အတွက် ဒီအချိန်ဟာ မိမိတို့ ဆန္ဒပြည့်ဝမဲ့ အချိန် ပါပဲ။
ပြဿ နာ တိုင်းကို မိမိခေါင်း ပေါ် မတင် ထားပါနဲ့။ မိသားစုအရေးကိစ္စ တွေက မိမိတစ်ယောက်ထဲပူပန်နေလို့ ငြိမ်းအေးမည်မဟုတ်ပါ။ ဘာသာရေးနဲ့ သက်ဆိုင်သောပစ္စည်းများ လက်ဆောင်ရပါလိမ့်မယ်။ ဘာသာရေးကိစ္စများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကံတွေ မြင့် လာ ဖွယ်ရှိပါတယ်။ အချစ်ရေးကိစ္စတွေမှာ အကောင်းအဆိုးတလှည့်ဆီဖြစ်နေမဲ့အချိန်ပါ။ ပညာရေးကံအထူး ညံ့ပါလိမ့်မယ်။ အကျိုးပေးဂဏန်း ၅/၉/၁အထူးဟော စက်ပစ္စည်းများပျက်လွယ်မည်။ယတြာ ရွက်လှ ၄ညွှန့်+ သစ္စာပန်း ၆ညွှန့် ဘုရားလှူပါ
#ကြာသပတေး
ကောင်းသောအကူအညီတွေအဘက်ဘက်ကရလာလိမ့်မယ်။ အထူးသဖြင့်လူကြီးမိဘတွေ၊အထက်လူကြီး တွေရဲ့ ချစ်ခင်မှုထောက်ပံ့မှုတွေရလာတတ်ပါတယ်။ ငွေကြေးကိစ္စတော်တော်များများအဆင်ပြေလိမ့်မယ်။ငွေအဝင် ကောင်းပြီး အထွက်နည်းတာတွေ့ရပါတယ်။ကျန်းမာရေးကတော့ ရလဒ်ကောင်းပါတယ်။ ကျန်းမာရေးဆိုးနေတာ ညံ့နေတာမျိုးတွေသိပ်မတွေ့ရဘူး။ကျန်းမာရေးအားကောင်းနေတဲ့ကာလပဲဖြစ်ပါတယ်။
အညံ့ရှာပြီးပြောရရင်တော့ ဆီးကျင်တာ၊ဆီးအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။အလုပ်စီးပွားနဲ့ဆိုင်သော အခြားနယ်ပယ်ကလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးခွင့်ရတတ်ပါတယ်။ အလုပ်အဝင်ပြတာမို့ အလုပ်ရှာနေသူများ အလုပ် ရတတ်ပါတယ်။ အလုပ်အကိုင် အထူး အဆင်ပြေခြင်း ၊ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုး ကြုံရပါလိမ့်မယ်။ အတွင်းအုပ်စု ရန်သဘောဆောင် နေခြင်းကြောင့် အတူနေသူများ မိသားစုဝင်များနဲ့ စကားများ စိတ်ဝမ်းကွဲတာမျိုးတော့ရှိပါတယ်။
အိမ်ထောင်သည် များ အိမ်ထောင်ရေး ရှုပ်ထွေးမှုများကြုံလာနိုင်၍ အနေအထိုင်တော့ ဆင်ခြင်ပါ။ ရွှေတော့ဝင်တတ်ပါတယ်။ အလှ ကုန်ပစ္စည်းများလဲလက်ဆောင်ရတတ်ပါတယ်။ လူငယ်များ မိမိအနေအထိုင်မတတ်သောကြောင့် ချစ်သူက အခြား သူ တစ်ဦးနဲ့ အထင်လွဲစွပ်စွဲခြင်းခံရတတ်ပါတယ်။ ပညာရေးကံ အကောင်းဘက်မှာရှိနေချိန်ပါ။အကျိုးပေးဂဏန်း ၁/၀/၇အထူးဟော တစိမ်းလိင်မတူသူတွေနဲ့ အနေအထိုင်ဆင်ခြင်ပါယတြာ . သပြေပန်း လက်တစ်ဆုပ်ခန့် သောကြာထောင့်မှာ လှူဒါန်းလိုက်ပါ
#သောကြာ
တွေးခေါ်မြော်မြင်မှုတွေအားနည်းနေတတ်ပါသည်။ အတွေးချော်နေတတ်တဲ့အတွက် ဆုံးဖြတ်ချက်ချမယ်ဆို လောဘ ဒေါသ မောဟနည်းတဲ့အချိန် ဆုံးဖြတ်ပါ။ အရမ်းရင်းနှီးတဲ့သူတွေနဲ့ စိတ်ဝမ်းကွဲစကားများရတတ်တယ်။ အထူးသဖြင့် မိမိကိုမနာလို၍ပြဿ နာရှာတာမျိုးလဲဖြစ်နိုင်ပါတယ်။ ခရီးသွားဖို့ စီစဉ်ထားခြင်းများ ရက်ရွေ့ရတတ်ပါ တယ်။ ဇိမ်ခံပစ္စည်းများ ဝယ်ယူခြင်းမျိုး မပြုသင့်သေးတဲ့အချိန်ပါ။ အလှူအတန်းကိစ္စများ မင်္ဂလာကိစ္စများကြုံတွေ့ရ တတ်ပါတယ်။
မိမိနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ မိတ်ဆွေဟောင်းနဲ့ပြန်ဆုံရတတ်ပါတယ်။ အလုပ်သစ် စီးပွား သစ်မကောင်းသေးပါ။ ယာဉ်ကားနဲ့ ပတ်သက်သောလုပ်ငန်းများ အရှုံးပေါ်ရတတ်ပါတယ်။ အပျော်အပါးအတွက် ငွေကုန်မခံပါနဲ့။မလုံခြုံတဲ့နေရာဒေသတွေသွားတာမျိုးဆင်ခြင်သင့်တဲ့ကာလပါပဲ။ သူခိုးခိုးခံရတာမျိုး၊ အလုခံရတာ မျိုးတွေ အချို့မူလဇာတာပါညံ့နေတဲ့သောကြာသားသမီးတွေမှာကြုံရနိုင်လို့ပါ။
အိမ်ပြင် အိမ်ဆောက်ခြင်းမလုပ် မိပါစေနဲ့။ အချစ်ရေးကိစ္စအနေနဲ့ ချစ်သူနဲ့ ဖုန်းပြောဖို့တောင် အချိန်လု နေရတတ်ပါတယ်။ စိတ်ပင်ပန်းရတတ်သလို ကာယအားလဲ စိုက်ထုတ်ရမဲ့ကာလပါပဲ။ ပညာရေးမှာ လမ်းလွှဲလိုက်မိတတ်ပါတယ်။ အကျိုးပေးဂဏန်း ၃/၁/၇အထူးဟော စိတ်သက်သာရာ ရှာနေပါ။ယတြာ ဘုရားမှာ ရွှေသင်္ကန်းကပ်လှူပါ
#စနေ
ဒီကာလဟာ စနေသားသမီး အနေနဲ့ ငြိမ်နေရတာမျိုး မရှိဘဲ လှုပ်လှုပ်ရှားရှားနဲ့ပင်ပန်းရမဲ့ကာလပါပဲ။ အလုပ် ကိစ္စ တွေ တစ်မျိုးပြီးတစ်မျိုး တာဝန်ပေးခြင်းခံရပါလိမ့်မယ်။ အခြားအချင်းအရာထက် ကျန်းမာရေးကို အထူး ဂရုစိုက်စေ ချင်ပါတယ်။ အကောင်းကြီးကနေ ရုတ်တရက်ကျန်းမာရေးအားနည်းသွားတတ်ပါတယ်။ ငွေကြေးအပေး အယူ သတိ ရှိပါ။ ငွေယူခြင်း ကြွေးတောင်းခြင်းမလုပ်ပါနဲ့ ။ မိသားစုအရေးကိစ္စတွေအပြင် အလုပ်ကိစ္စတွေကြောင့် ပါ
မနားမနေ အလုပ်များနေရတတ်ပါတယ်။ လူငယ်များ စိတ်လေပြီး အိမ်မကပ်ချင်တာမျိုးဖြစ်နေရတတ်ပါတယ်။ သားသမီးတွေနဲ့ပတ်သက်ပြီးငွေကုန်ကြေးကျများရတတ်ပါတယ်။ ထူးခြားတာကမထင်မှတ်ဘဲ အလှူအတန်းတစ်ခု မှတ်မှတ်ရရလှူခွင့်ရလာတတ်ပါတယ်။ရန်သူဟောင်းတွေရှိနေသူများကိုယ်တိုင်ကသတိနဲ့နေဖို့တိုက်တွန်းအပ်ပါ တယ်။
အချစ်ရေး ကိစ္စ တွေမှာ အသဲကွဲရတာ ချစ်သူရဲ့ဥပေက္ခာပြုခြင်းခံရတာမျိုးတွေကြုံရလိမ့်မယ်။ စိတ်ကူးထား တာ ရည်မှန်းထား တာတွေ ဖြေးဖြေးမှန်မှန်အကျိုးပေးပါလိမ့်မယ်။ အိမ်ထောင်ရေးမှာသားသမီးအကြောင်းပြုပြီး လင်မယားချင်းစကားများရတတ်ပါတယ်။ပညာရေးမှာ စာမလိုက်နိုင်တာမျိုးတွေ ကြုံရ တတ်ပါ တယ်။ စာမေးပွဲ အတွက်စိုးရိမ်ကြောင့်ကြနေရတတ်ပါတယ်။အကျိုးပေးဂဏန်း ၃/၆/၉အထူးဟော စိတ်များ အလုပ်များနေရတတ်သည်။ယတြာ ဘုရားရင်ပြင်တွေ တန်ဆောင်းတွေမှာ တံမြက်စည်းလှဲပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
Zawgyi
29.Sep.2022 မွ 5.Oct.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
#တနဂၤေႏြ
ဒီအပတ္အတြင္းအဆိုးေတြထဲကေန အေကာင္းေတြႀကဳံလာရေတာ့မဲ့ကာလျဖစ္ပါတယ္။ ေငြရွာရလြယ္ေပမဲ့ အကုန္အက်လဲမ်ားေနႏိုင္ပါတယ္။ မည္သည့္နယ္ပယ္ကသူမဆို ဦးေဆာင္ဦး႐ြက္ျပဳရျခင္း၊ေခါင္းေဆာင္ရျခင္းမ်ား အထူးႀကဳံရတတ္ပါတယ္။ လခစားဝန္ထမ္းမ်ားမသာမာနည္းနဲ႔ေငြရွာျခင္းျဖင့္ဒုကၡႀကဳံရတတ္ပါတယ္။ဒီအပတ္ အတြင္း ငါးပါးသီလလုံေအာင္ေနျခင္း၊ သားသတ္လြတ္စားျခင္းျဖင့္ထူးျခားတဲ့အဆင္ေျပကံေကာင္းမႈေတြကိုရလာ ႏိုင္ပါတယ္။
တတ္ႏိုင္သ၍ ဒီကာလအတြင္းမိဘမ်ား၊အထက္လူႀကီးမ်ား၊ ဆရာသမားမ်ားကိုဖြင့္ေျပာတိုင္ပင္စရာ ကိစၥမ်ား ေျပဆိုလို႔ အဆင္ေျပတတ္ပါတယ္။ ဒီအပတ္ထဲမွာ ထီကံ၊ ကံစမ္းမဲကံေတြလဲေကာင္းေနတတ္ပါတယ္။ ဝါသနာပါသူမ်ား ၁ဂဏန္းမ်ားမ်ားပါေသာ ထီလက္မွတ္ကိုကံစမ္းပါ။ လူမ်ိဳးျခားတစိမ္းတရံေတြရဲ႕ ေထာက္ပံျခင္း မ်ိဳး ႀကဳံရမည္။ ကိုယ္ပိုင္လုပ္ငန္းမ်ား မိတ္ေဆြသစ္ ၊ေဖာက္သည္အသစ္ေတြ တိုးပြားလာႏိုင္ဖြယ္ရွိပါတယ္။
ရပ္ေဝး ေရာက္ေနေသာ မိတ္ေဆြမ်ားနဲ႔ ျပန္လည္ဆုံဆည္းရတတ္ပါတယ္။ လုပ္ငန္းသစ္ ၊ဆိုင္အသစ္ဖြင့္မဲ့ သူမ်ား ဒီကာလ ဟာ အရမ္းေကာင္းတဲ့အခ်ိန္ပါ။ စိတ္သြားတိုင္းကိုယ္ပါေနတတ္တဲ့ အခ်ိန္ပါပဲ။ အခ်စ္ေရးကံ ေကာင္းေနမွာ ပါ။ ပညာေရးကေတာ့ ဝီရိယ ေရွ႕ထားႀကိဳးစားႏိုင္မွ ေတာ္ကာက်ပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၁/၅/၄အထူးေဟာ ကံျမင့္ေနသည္၊ယၾတာ ၾကာသပေတးေထာင့္မွာ တစ္ေယာက္ထိုင္ဖ်ာတစ္ခ်ပ္ လႉဒါန္းေပးပါ။
#တနလၤာ
ဒီအပတ္ထဲေကာင္းေသာကံထက္စိတ္ခ်မ္းသာရမႈကပိုပါတယ္။ ေပ်ာ္႐ႊင္ရျခင္း၊စိတ္ခ်မ္းသာရျခင္မ်ားအထူး ႀကဳံရတတ္ပါတယ္။ၾကန႔္ၾကာေနတဲ့ေငြေၾကးမ်ား လက္ခံရရွိတတ္ပါတယ္။ ခရီးတို၊ခရီးရွည္မ်ားႀကဳံလာရဖြယ္ရွိတဲ့ ကာလပါပဲ။အလႉခရီးမ်ား မဂၤလာခရီးမ်ားသြားရတတ္ပါတယ္။ အလုပ္ပိုေတြမ်ားေပမဲ့ကူညီမဲ့သူေတြ၊ေစာင့္ေရွာက္မဲ့ သူေတြမ်ားပါတယ္။ ေစ့စပ္ျခင္း၊နားေဖာက္ျခင္းမ်ား ေဆာင္႐ြက္ထားႏိုင္တဲ့ကာလပါပဲ။
က်န္းမာေရးကေတာ့ အစား မွားတတ္ပါတယ္။ ေကာက္ညႇင္းတို႔လို မွ်စ္တို႔လို အစာေၾကဖို႔ခက္ခဲတဲ့ အစားအေသာက္ေတြကိုအထူးေရွာင္ေစခ်င္ ပါတယ္။ ဗိုက္ေအာက္ ဗိုက္နာတာေတြ အလြန္ျဖစ္တတ္ပါတယ္။ ကုန္ပစၥည္းေလွာင္ျခင္းမ်ားေဆာင္႐ြက္လို႔ေကာင္း ပါတယ္။ လုပ္သမွ် အဆင္ေျပေခ်ာေမြ႕ေန တတ္တဲ့အခ်ိန္ပါ။ ဒါေပမဲ့ သီလရွိေအာင္ေတာ့ ေနမွအဆင္ေျပမဲ့ကာလ ပါပဲ။
အနာဂတ္အတြက္ ႀကိဳတင္စဥ္းစားထားသည္မ်ား လက္ေတြ႕ အေကာင္အထည္ေဖာ္ႏိုင္ပါ လိမ့္မယ္။ လူႀကီး သူမေတြရဲ႕အကူအညီအေထာက္အပံ့ေတြလဲ အမ်ားႀကီးရႏိုင္တဲ့အခ်ိန္ပါ။အခ်စ္ေရးကံေကာင္းပါတယ္။ ဇာတိမတူ လူမ်ိဳးမတူသူနဲ႔ ဒီကာလအတြင္းဆုံဆည္းရတတ္ပါတယ္။ ပညာေရနယ္ပယ္က်ယ္ျပန႔္စြာ ေအာင္ျမင္ပါလိမ့္မယ္။အက်ိဳးေပးဂဏန္း -၅/၁/၂အထူးေဟာ – စိတ္ႀကိဳက္ဖန္တီးခြင့္ေတြရလာပါ လိမ့္မယ္။ယၾတာ ေပါင္မုန႔္ေထာပတ္သုတ္ ဘုရားကပ္ပါ
#အဂၤါ
အနည္းငယ္ေတာ့စိတ္အလိုမက်တာေလးေတြႀကဳံရတတ္ပါတယ္။သူတစ္ပါးေတြထက္ပိုမိုၿပီးလူ၊စိတ္ပင္ပန္း ရတတ္ပါတယ္။ေငြကံအားေကာင္းေနတတ္ပါတယ္။စီးပြားေရးသမားမ်ား ဟိုဟာလုပ္ရႏိုး၊ဒီဟာလုပ္ရႏိုး ေဝခြဲရခက္ ခဲေနတတ္ပါတယ္။ေအာက္လက္ငယ္သားေၾကာင့္ ျဖစ္ေစ၊ သားသမီးေၾကာင့္ျဖစ္ေစ စိတ္ပူစိတ္ညစ္ရတတ္ပါ တယ္။ က်န္းမာေရးအတြက္ မိမိေနထိုင္မႈပုံစံေျပာင္းလိုက္မွပဲ အဆင္ေျပပါလိမ့္မယ္။
အထိုင္မ်ားလို႔ ခါးနာတာေတြ ၊ ကိုယ္လက္မအီမသာျဖစ္တာမ်ိဳးေတြ၊ အေလးအပင္မလို႔ ထိမိခိုက္မိတာေတြဒီအပတ္ထဲျဖစ္လြယ္ေနတတ္ပါတယ္။ တတ္ႏိုင္သမွ် ဒီအပတ္ထဲ စြန႔္စားလုပ္ကိုင္ျခင္းမ်ိဳးကိုေတာ့ အားမေပးပါဘူး။ ဘုရင့္ေနာင္ေဖာင္ဖ်က္လုပ္ကိုင္တာ မ်ိဳးေတြက ေနာက္ဆက္တြဲအဆိုးရလဒ္ေတြပဲထြက္လာပါလိမ့္မယ္။ ကိုယ္ပိုင္ အလုပ္ဆိုလဲ မိမိအလုပ္အတြက္ လိုအပ္တာဝယ္ရျခမ္းရနဲ႔ အခ်ိန္ကုန္လူပန္းရပါလိမ့္မယ္။ မိမိနဲ႔မသိေသာ တစိမ္းတရံေတြနဲ႔ အဆင္မေျပျဖစ္ရ တတ္ပါတယ္။
ညဥ့္နက္သည္အထိ အျပင္ထြက္တာမ်ိဳးမလုပ္ပါနဲ႔။ မိမိအေနနဲ႔ အနားယူခ်ိန္ အလုပ္လုပ္ခ်ိန္ေတြကို ေသခ်ာပိုင္းျခားထားပါ။အိပ္ေရးပ်က္ၿပီး က်န္းမာေရးအားနည္း သြားတတ္တဲ့ကာလမို႔ပါ။ အခ်စ္ေရးအေနနဲ႔ အေကာင္း ဘက္မွာရွိေနပါတယ္။ ခ်စ္သူအခ်င္းခ်င္း မအားလပ္ဘဲမေတြ႕ႏိုင္တာမ်ိဳး ႀကဳံေနရတတ္တယ္။ ပညာေရး ကိစၥေတြမွာ က်က္စာထက္ တြက္စာေတြေၾကာင့္ ေသာကေရာက္ရမွာပါ။အက်ိဳးေပးဂဏန္း ၃/၄/၈အထူးေဟာ အလုပ္ေတြမအားလပ္ျဖစ္ေနတတ္သည္ ယၾတာ ဘုရားရွင္အား ေ႐ႊသကၤန္းကပ္လႉပါ
#ဗုဒၶဟူး/ရာဟု
မိမိကိုယ္တိုင္ နည္းမွန္လမ္းမွန္ေဆာင္႐ြက္တတ္မႈေတြေၾကာင့္ အခက္အခဲေတြၾကားကေန ေအာင္ျမင္မႈေတြ ရလာႏိုင္ပါတယ္။ တစ္ဆင့္ထက္တဆင့္ ျမင့္တတ္သြားႏိုင္တာေၾကာင့္မိမိကိုယ္တိုင္က ဥာဏ္ထည့္လုပ္ရင္ပိုမို အဆင္ေျပတတ္ပါတယ္။အလွအပေၾကာင့္ ေငြကုန္ရတတ္တာလဲ ေတြ႕ရပါတယ္။ ကံေကာင္းတာက လက္ေဆာင္ ပစၥည္းေတြရလာတတ္ပါတယ္။ဒီအပတ္ထဲ အခ်ိန္ဆြဲလို႔ရရေသးရင္ စက္ပစၥည္းေတြမဝယ္ပါနဲ႔။
ဒီအပတ္ထဲ ဝယ္လိုက္တဲ့ပစၥည္းက အားနည္းခ်က္တစ္စုံတရာပါလာႏိုင္တယ္လို႔ျမင္လို႔ပါ။ က်န္းမာေရးအတြက္ စိတ္ပူလို႔မလို ေပမဲ့ လွ်ပ္စစ္ကိုင္တြယ္တာေတြသတိရွိပါ။ အႏၲရာယ္ရွိတဲ့လုပ္ငန္းခြင္မ်ား PPEျပည့္စုံစြာဝတ္ၿပီးမွလုပ္ကိုင္သင့္တဲ့ ကာလပဲျဖစ္ပါတယ္။ ဒီကာလမွာ ေ႐ႊေငြလက္ဝတ္ရတနာမ်ား ထြက္ရတတ္ပါတယ္။ နယ္သြားခ်င္သူမ်ား လက္ရွိ ေနရာ မွာမေပ်ာ္႐ြင္သူမ်ား အတြက္ ဒီအခ်ိန္ဟာ မိမိတို႔ ဆႏၵျပည့္ဝမဲ့ အခ်ိန္ ပါပဲ။
ျပႆ နာ တိုင္းကို မိမိေခါင္း ေပၚ မတင္ ထားပါနဲ႔။ မိသားစုအေရးကိစၥ ေတြက မိမိတစ္ေယာက္ထဲပူပန္ေနလို႔ ၿငိမ္းေအးမည္မဟုတ္ပါ။ ဘာသာေရးနဲ႔ သက္ဆိုင္ေသာပစၥည္းမ်ား လက္ေဆာင္ရပါလိမ့္မယ္။ ဘာသာေရးကိစၥမ်ား လုပ္ကိုင္ေဆာင္႐ြက္ျခင္းျဖင့္ ကံေတြ ျမင့္ လာ ဖြယ္ရွိပါတယ္။ အခ်စ္ေရးကိစၥေတြမွာ အေကာင္းအဆိုးတလွည့္ဆီျဖစ္ေနမဲ့အခ်ိန္ပါ။ ပညာေရးကံအထူး ညံ့ပါလိမ့္မယ္။ အက်ိဳးေပးဂဏန္း ၅/၉/၁အထူးေဟာ စက္ပစၥည္းမ်ားပ်က္လြယ္မည္။ယၾတာ ႐ြက္လွ ၄ၫႊန႔္+ သစၥာပန္း ၆ၫႊန႔္ ဘုရားလႉပါ
#ၾကာသပေတး
ေကာင္းေသာအကူအညီေတြအဘက္ဘက္ကရလာလိမ့္မယ္။ အထူးသျဖင့္လူႀကီးမိဘေတြ၊အထက္လူႀကီး ေတြရဲ႕ ခ်စ္ခင္မႈေထာက္ပံ့မႈေတြရလာတတ္ပါတယ္။ ေငြေၾကးကိစၥေတာ္ေတာ္မ်ားမ်ားအဆင္ေျပလိမ့္မယ္။ေငြအဝင္ ေကာင္းၿပီး အထြက္နည္းတာေတြ႕ရပါတယ္။က်န္းမာေရးကေတာ့ ရလဒ္ေကာင္းပါတယ္။ က်န္းမာေရးဆိုးေနတာ ညံ့ေနတာမ်ိဳးေတြသိပ္မေတြ႕ရဘူး။က်န္းမာေရးအားေကာင္းေနတဲ့ကာလပဲျဖစ္ပါတယ္။
အညံ့ရွာၿပီးေျပာရရင္ေတာ့ ဆီးက်င္တာ၊ဆီးေအာင့္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။အလုပ္စီးပြားနဲ႔ဆိုင္ေသာ အျခားနယ္ပယ္ကလုပ္ငန္းရွင္ေတြနဲ႔ ေဆြးေႏြးခြင့္ရတတ္ပါတယ္။ အလုပ္အဝင္ျပတာမို႔ အလုပ္ရွာေနသူမ်ား အလုပ္ ရတတ္ပါတယ္။ အလုပ္အကိုင္ အထူး အဆင္ေျပျခင္း ၊ရာထူးတိုးျခင္း ၊ေနရာေကာင္းရျခင္းမ်ိဳး ႀကဳံရပါလိမ့္မယ္။ အတြင္းအုပ္စု ရန္သေဘာေဆာင္ ေနျခင္းေၾကာင့္ အတူေနသူမ်ား မိသားစုဝင္မ်ားနဲ႔ စကားမ်ား စိတ္ဝမ္းကြဲတာမ်ိဳးေတာ့ရွိပါတယ္။
အိမ္ေထာင္သည္ မ်ား အိမ္ေထာင္ေရး ရႈပ္ေထြးမႈမ်ားႀကဳံလာႏိုင္၍ အေနအထိုင္ေတာ့ ဆင္ျခင္ပါ။ ေ႐ႊေတာ့ဝင္တတ္ပါတယ္။ အလွ ကုန္ပစၥည္းမ်ားလဲလက္ေဆာင္ရတတ္ပါတယ္။ လူငယ္မ်ား မိမိအေနအထိုင္မတတ္ေသာေၾကာင့္ ခ်စ္သူက အျခား သူ တစ္ဦးနဲ႔ အထင္လြဲစြပ္စြဲျခင္းခံရတတ္ပါတယ္။ ပညာေရးကံ အေကာင္းဘက္မွာရွိေနခ်ိန္ပါ။အက်ိဳးေပးဂဏန္း ၁/၀/၇အထူးေဟာ တစိမ္းလိင္မတူသူေတြနဲ႔ အေနအထိုင္ဆင္ျခင္ပါယၾတာ . သေျပပန္း လက္တစ္ဆုပ္ခန႔္ ေသာၾကာေထာင့္မွာ လႉဒါန္းလိုက္ပါ
#ေသာၾကာ
ေတြးေခၚေျမာ္ျမင္မႈေတြအားနည္းေနတတ္ပါသည္။ အေတြးေခ်ာ္ေနတတ္တဲ့အတြက္ ဆုံးျဖတ္ခ်က္ခ်မယ္ဆို ေလာဘ ေဒါသ ေမာဟနည္းတဲ့အခ်ိန္ ဆုံးျဖတ္ပါ။ အရမ္းရင္းႏွီးတဲ့သူေတြနဲ႔ စိတ္ဝမ္းကြဲစကားမ်ားရတတ္တယ္။ အထူးသျဖင့္ မိမိကိုမနာလို၍ျပႆ နာရွာတာမ်ိဳးလဲျဖစ္ႏိုင္ပါတယ္။ ခရီးသြားဖို႔ စီစဥ္ထားျခင္းမ်ား ရက္ေ႐ြ႕ရတတ္ပါ တယ္။ ဇိမ္ခံပစၥည္းမ်ား ဝယ္ယူျခင္းမ်ိဳး မျပဳသင့္ေသးတဲ့အခ်ိန္ပါ။ အလႉအတန္းကိစၥမ်ား မဂၤလာကိစၥမ်ားႀကဳံေတြ႕ရ တတ္ပါတယ္။
မိမိနဲ႔ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ မိတ္ေဆြေဟာင္းနဲ႔ျပန္ဆုံရတတ္ပါတယ္။ အလုပ္သစ္ စီးပြား သစ္မေကာင္းေသးပါ။ ယာဥ္ကားနဲ႔ ပတ္သက္ေသာလုပ္ငန္းမ်ား အရႈံးေပၚရတတ္ပါတယ္။ အေပ်ာ္အပါးအတြက္ ေငြကုန္မခံပါနဲ႔။မလုံၿခဳံတဲ့ေနရာေဒသေတြသြားတာမ်ိဳးဆင္ျခင္သင့္တဲ့ကာလပါပဲ။ သူခိုးခိုးခံရတာမ်ိဳး၊ အလုခံရတာ မ်ိဳးေတြ အခ်ိဳ႕မူလဇာတာပါညံ့ေနတဲ့ေသာၾကာသားသမီးေတြမွာႀကဳံရႏိုင္လို႔ပါ။
အိမ္ျပင္ အိမ္ေဆာက္ျခင္းမလုပ္ မိပါေစနဲ႔။ အခ်စ္ေရးကိစၥအေနနဲ႔ ခ်စ္သူနဲ႔ ဖုန္းေျပာဖို႔ေတာင္ အခ်ိန္လု ေနရတတ္ပါတယ္။ စိတ္ပင္ပန္းရတတ္သလို ကာယအားလဲ စိုက္ထုတ္ရမဲ့ကာလပါပဲ။ ပညာေရးမွာ လမ္းလႊဲလိုက္မိတတ္ပါတယ္။ အက်ိဳးေပးဂဏန္း ၃/၁/၇အထူးေဟာ စိတ္သက္သာရာ ရွာေနပါ။ယၾတာ ဘုရားမွာ ေ႐ႊသကၤန္းကပ္လႉပါ
#စေန
ဒီကာလဟာ စေနသားသမီး အေနနဲ႔ ၿငိမ္ေနရတာမ်ိဳး မရွိဘဲ လႈပ္လႈပ္ရွားရွားနဲ႔ပင္ပန္းရမဲ့ကာလပါပဲ။ အလုပ္ ကိစၥ ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး တာဝန္ေပးျခင္းခံရပါလိမ့္မယ္။ အျခားအခ်င္းအရာထက္ က်န္းမာေရးကို အထူး ဂ႐ုစိုက္ေစ ခ်င္ပါတယ္။ အေကာင္းႀကီးကေန ႐ုတ္တရက္က်န္းမာေရးအားနည္းသြားတတ္ပါတယ္။ ေငြေၾကးအေပး အယူ သတိ ရွိပါ။ ေငြယူျခင္း ေႂကြးေတာင္းျခင္းမလုပ္ပါနဲ႔ ။ မိသားစုအေရးကိစၥေတြအျပင္ အလုပ္ကိစၥေတြေၾကာင့္ ပါ
မနားမေန အလုပ္မ်ားေနရတတ္ပါတယ္။ လူငယ္မ်ား စိတ္ေလၿပီး အိမ္မကပ္ခ်င္တာမ်ိဳးျဖစ္ေနရတတ္ပါတယ္။ သားသမီးေတြနဲ႔ပတ္သက္ၿပီးေငြကုန္ေၾကးက်မ်ားရတတ္ပါတယ္။ ထူးျခားတာကမထင္မွတ္ဘဲ အလႉအတန္းတစ္ခု မွတ္မွတ္ရရလႉခြင့္ရလာတတ္ပါတယ္။ရန္သူေဟာင္းေတြရွိေနသူမ်ားကိုယ္တိုင္ကသတိနဲ႔ေနဖို႔တိုက္တြန္းအပ္ပါ တယ္။
အခ်စ္ေရး ကိစၥ ေတြမွာ အသဲကြဲရတာ ခ်စ္သူရဲ႕ဥေပကၡာျပဳျခင္းခံရတာမ်ိဳးေတြႀကဳံရလိမ့္မယ္။ စိတ္ကူးထား တာ ရည္မွန္းထား တာေတြ ေျဖးေျဖးမွန္မွန္အက်ိဳးေပးပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာသားသမီးအေၾကာင္းျပဳၿပီး လင္မယားခ်င္းစကားမ်ားရတတ္ပါတယ္။ပညာေရးမွာ စာမလိုက္ႏိုင္တာမ်ိဳးေတြ ႀကဳံရ တတ္ပါ တယ္။ စာေမးပြဲ အတြက္စိုးရိမ္ေၾကာင့္ၾကေနရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၃/၆/၉အထူးေဟာ စိတ္မ်ား အလုပ္မ်ားေနရတတ္သည္။ယၾတာ ဘုရားရင္ျပင္ေတြ တန္ေဆာင္းေတြမွာ တံျမက္စည္းလွဲပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695