အေထြအေထြဗဟုသုတ

သင့်လုပ်ငန်း အောင်မြင်ချင်တယ်ဆိုရင် ဒီအချက်ကိုမမေ့ပါနဲ့

တစ်ခါတုန်းက လူတစ်ယောက်ဟာ မြွေတစ်ကောင်ကို နေ့စဉ်ကျွေးမွေးပီး ပခြုပ်ထဲမှာ ထည့်ထားပါသတဲ့။ အာ့ဒီမြွေကို အစာကျွေးရာမှာ တစ်နေ့လျှင် ကြွက်တစ်ကောင်အားဖြင့် ပခြုပ်အတွင်းထည့်ပီးတော့ စားစေပါတယ်။

ဒါမယ့်မြွေကတော့ သူပခြုပ်ထဲကဘယ်လိုလွတ် မြောက်နိုင်မလဲလို့ အမြဲတွေးပီး အကြံထုတ်နေတာပေါ့။ ဒါမယ့်သူလွတ်လမ်းကိုဘယ်လိုမှရှာမတွေ့ဘူး ဖြစ်နေသတဲ့။ တစ်နေ့မြွေကစဉ်းစားမိတယ်။

“သူလည်းဒီထဲရောက်နေတာကြာပီ ဘယ်လိုမှလည်းပြန်မထွက်နိုင်ဘူး။ သူမကြာခင်သေရတော့မှာပဲ။ ဒီတော့ဒီနေ့သူစားရမယ့်ကြွက်လေးကို မစားပဲလွှတ်ပေးလိုက်တော့မယ်´´မြွေကအာ့လိုတွေးပီးတော့

သူ့အတွက် မြွေဖမ်းသမားနေ့စဉ်ထည့်ပေးနေကျကြွက်လေးတစ်ကောင်ကို ဒီခါတော့မစားဘဲ သာသာငြိမ်နေသတဲ့။ အာ့လိုလွှတ်ပေးလိုက်ရလို့သူ့စိတ်ထဲပီတိတွေ ဖြစ်နေမိတယ်။

နာရီဝက်လောက်လည်းကြာရော သူမစားဘဲဒီတိုင်းထားလိုက်တဲ့ကြွက်ကလေးကပခြုပ်ကို ကိုက်ဖြတ်လိုက်နိုင်တယ်။ အဲဒီအခါမှာ ကြွက်ထွက်တဲ့အပေါက်ကနေထွက်ပီး သူပါလွတ်သွားတော့တာပေါ့။

ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုပဲဘာလုပ်သည်ဖြစ်စေ ပိုပီးစဉ်းစားတတ်ကြပါတယ်။ တခါတလေမှာ ကိုယ့်လက်အောက်မှာ အလုပ်လုပ်နေတဲ့လူတွေကို အမြဲလိုလိုအပေါ်စီးကပဲ ဆက်ဆံနေမိတယ်။

ကိုယ်အဆင်ပြေဖို့အတွက်တခြားသူကို ချနင်းချင်ကြတာမဆန်းပါဘူး။ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ကိုယ်ကပဲ ရသမျှအကုန်ယူတာထက် လက်အောက်ငယ်သားအပေါ်မှ..ာ ညှာတာစိတ်နဲ့ သင့်မြတ်အောင်ပေးခြင်းက အလုပ်ကိုပိုတွင်ကျယ်စေသလို

မိမိအလုပ်သမားကလည်းမိမိအပေါ် လေးစားချစ်ခင်လာမှာပါ။လက်အောက်ငယ်သားအပေါ်ညှာတာမှုထားခြင်းက လုပ်ငန်းအပေါ်ပိုပီးအောင်မြင်နိုင်တဲ့အချက်တစ်ချက်ပါပဲ။မြွေလို လက်အောက်ငယ်သား

ကြွက်ကို မစားပဲ လွှတ်ပေးလိုက်လို့ ထွက်ပေါက်ရှာလွတ်မြောက်ရသလိုပဲ အလုပ်တစ်ခုမှာ မိမိလက်အောက်ငယ်သားအပေါ်

အမြတ်မထုတ်ပဲ မေတ္တာနဲ့သာ ဆက်ဆံမယ်ဆိုရင်အခက်အခဲဖြစ်ချိန်မှာတောင်လက်အောက်ငယ်သားရဲ့အကူအညီနဲ့ကြိုးစားလွတ်မြောက်နိုင်မှာပါ။

ဒါ့ကြောင့် မိမိလုပ်ငန်းအောင် မြင်ချင်တယ်ဆိုရင်တော့ လက်အောက်ငယ်သားဝန်ထမ်းတွေကို အခွင့်အရေးပေးဖို့မမေ့ပါနဲ့လို့ပဲ အကြံပြုလိုက်ပါရစေ။ ။

Credit မူရင်းရေးသားသူ

Zawgyi ဖြင့်ဖတ်ပါ

သင့်လုပ်ငန်း အောင်မြင်ချင်တယ်ဆိုရင် ဒီအချက်ကိုမမေ့ပါနဲ့

တစ်ခါတုန်းက လူတစ်ယောက်ဟာ မြွေတစ်ကောင်ကို နေ့စဉ်ကျွေးမွေးပီး ပခြုပ်ထဲမှာ ထည့်ထားပါသတဲ့။ အာ့ဒီမြွေကို အစာကျွေးရာမှာ တစ်နေ့လျှင် ကြွက်တစ်ကောင်အားဖြင့် ပခြုပ်အတွင်းထည့်ပီးတော့ စားစေပါတယ်။

ဒါမယ့်မြွေကတော့ သူပခြုပ်ထဲကဘယ်လိုလွတ် မြောက်နိုင်မလဲလို့ အမြဲတွေးပီး အကြံထုတ်နေတာပေါ့။ ဒါမယ့်သူလွတ်လမ်းကိုဘယ်လိုမှရှာမတွေ့ဘူး ဖြစ်နေသတဲ့။ တစ်နေ့မြွေကစဉ်းစားမိတယ်..။

“သူလည်းဒီထဲရောက်နေတာကြာပီ ဘယ်လိုမှလည်းပြန်မထွက်နိုင်ဘူး။ သူမကြာခင်သေရတော့မှာပဲ။ ဒီတော့ဒီနေ့သူစားရမယ့်ကြွက်လေးကို မစားပဲလွှတ်ပေးလိုက်တော့မယ်´´မြွေကအာ့လိုတွေးပီးတော့

သူ့အတွက် မြွေဖမ်းသမားနေ့စဉ်ထည့်ပေးနေကျကြွက်လေးတစ်ကောင်ကို ဒီခါတော့မစားဘဲ သာသာငြိမ်နေသတဲ့။ အာ့လိုလွှတ်ပေးလိုက်ရလို့သူ့စိတ်ထဲပီတိတွေ ဖြစ်နေမိတယ်။

နာရီဝက်လောက်လည်းကြာရော သူမစားဘဲဒီတိုင်းထားလိုက်တဲ့ကြွက်ကလေးကပခြုပ်ကို ကိုက်ဖြတ်လိုက်နိုင်တယ်။ အဲဒီအခါမှာ ကြွက်ထွက်တဲ့အပေါက်ကနေထွက်ပီး သူပါလွတ်သွားတော့တာပေါ့။

ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုပဲဘာလုပ်သည်ဖြစ်စေ ပိုပီးစဉ်းစားတတ်ကြပါတယ်။ တခါတလေမှာ ကိုယ့်လက်အောက်မှာ အလုပ်လုပ်နေတဲ့လူတွေကို အမြဲလိုလိုအပေါ်စီးကပဲ ဆက်ဆံနေမိတယ်။

ကိုယ်အဆင်ပြေဖို့အတွက်တခြားသူကို ချနင်းချင်ကြတာမဆန်းပါဘူး။ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ကိုယ်ကပဲ ရသမျှအကုန်ယူတာထက် လက်အောက်ငယ်သားအပေါ်မှာ ညှာတာစိတ်နဲ့ သင့်မြတ်အောင်ပေးခြင်းက အလုပ်ကိုပိုတွင်ကျယ်စေသလို