ဗဟုသုတ

သံသရာကိုမေၾကာက္ တစ္ဘဝစာ ခံစားစံစားဖို႔သာ ႀကိဳးစားခဲ့တဲ့ ရာဇဝင္ထဲက အညစ္ပတ္ဆုံးဘုရင္

မြန်မာ့ရာဇဝင်သမိုင်းထဲမှာ စိတ်ဓာတ်ရော၊ လူရော အညစ်ပတ်ဆုံးလို့ သတ်မှတ်နိုင်တဲ့ ဘုရင်ဟာ ပုဂံခေတ်က နရသူမင်းပါ။ ကုလားတွေလက်ချက်နဲ့ သေခဲ့ရလို့ သေပြီးတဲ့အခါ ကုလားကျမင်းလို့လဲ ထင်ရှားပါတယ်

နရသူမင်းဟာ အလောင်းစည်သူဘုရင် (ကျန်စစ်သားမင်း၏ မြေးတော်) ရဲ့ သားတော်အငယ်ပါ။ အလောင်းစည်သူ နန်းတက်နေစဉ်မှာ

သားတော်အကြီးဖြစ်တဲ့ မင်းရှင်စောဟာ ဖခမည်းတော်နဲ့ မတည့်လို့ မန္တလေးနယ်ဘက်သွားပြီး ဒေသတိုးတက် ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်နေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မန္တလေးရယ်လို့ မရှိသေးတဲ့အချိန်ပါ။ အောင်ပင်လယ်ကန်၊ နန္ဒာကန်၊ ကုလားမတောင်ဆည်၊ ကြူဝန်းနဲ့ ကျွန်းလှဆည်တွေဟာ သူ့ရဲ့အားထုတ်မှုတွေပါပဲ။

မင်းရှင်စော နန်းတော်နဲ့ ဝေးကွာနေချိန်မှာ အလောင်းစည်သူမင်းကြီး နာမကျန်းဖြစ်ပါတော့တယ်။ အဲဒီမှာ သားတော်အငယ်ဖြစ်တဲ့နရသူက

အလိမ္မာနဲ့ ဖခင်ဖြစ်သူအလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ထားတဲ့ ရွှေဂူကြီးဘုရားထဲကို ပြောင်းရွှေ့စံစေပါတယ်။

အခါအခွင့်သင့်တဲ့အခါ နရသူက ဖခင်အလောင်းစည်သူမင်းကြီးကို ခေါင်းအုံးနဲ့ဖိသတ်လို့ နတ်ရွာစံပါတော့တယ်။ (အလောင်းစည်သူမင်းကြီး ကွယ်လွန်ပြီးတဲ့အခါ မင်းစည်သူနတ် ဖြစ်လာပါတယ်။)

ဒီသတင်းကို ကြားတဲ့အခါ မင်းရှင်စောဟာ ထီးနန်းသိမ်းရအောင် ကြည်းကြောင်း၊ ရေကြောင်းနဲ့ ပုဂံကို အပြင်းချီလာပါတယ်။

ဒါကို နရသူကြားတော့ သူက နောင်တော်ကို ခံတိုက်လောက်အောင် အရည်အချင်း မရှိမှန်း သူ့ကိုယ်သူ သိထားပါတယ်။ ဒီတော့ အကောက်ကြံပါတော့တယ်။ သူက သာသနာပိုင်ဖြစ်တဲ့ ပံ့သကူမဟာထေရ်ကို ချဉ်းကပ်ပြီး အကူအညီ တောင်းတာပါ။

အနော်ရထာမင်းက ထေရဝါဒ ဗုဒ္ဓသာသနာကို ပုဂံမှာ ပြန့်ပွားဖို့ ကြိုးစားတဲ့အခါ ရှင်အရဟံကို အဓိက အားထားခဲ့ရတာပါ။ ရှင်အရဟံကို သာသနာပိုင်အဖြစ် အပ်နှင်းပြီး ကိုးကွယ်လာတာ အလောင်းစည်သူမင်း လက်ထက်အထိတိုင်အောင်ပါပဲ။

အလောင်းစည်သူမင်းလက်ထက်မှာ ရှင်အရဟံဟာ သက်တော် ၈၁ နှစ်နဲ့ ပရိနိဗ္ဗာန် စံတော်မူပါတယ်။ ဒီတော့ ပံ့သကူမဟာထေရ်ကို သာသနာပိုင်အဖြစ် ခန့်အပ်တော်မူပါတယ်။

ပံ့သကူမဟာထေရ်ကို ရာဇဝင်ကျမ်း၊ သာသနာဝင်ကျမ်း အချို့မှာ နာမည်အမျိုးမျိုး ခေါ်တာ တွေ့ရပါတယ်။ ငစွယ်ရှင်မဟာထေရ်၊ စိမ့်ညက်မင်းသားတော်မဟာထေရ် စသဖြင့် ခေါ်ဝေါ်ကြတယ်။

နရသူက လက်ရှိသာသနာပိုင်ဖြစ်တဲ့ ပံသကူမဟာထေရ်ဆီကို ချဉ်းကပ်ပြီး ဒီလိုလျှောက်ထားပါတယ်။ “ဆရာတော်ဘုရား၊ နောင်တော်ကြီး

မင်းရှင်စောဟာ ဖခမည်းတော် လွန်ပြီဆိုတာသိလို့ ကြည်းကြောင်း၊ ရေကြောင်းနဲ့ ပုဂံကို အပြင်းချီလာပါတယ်ဘုရား။ တပည့်တော် နန်းလုမှာစိုးလို့ ထင်ပါရဲ့ဘုရား။

တိုင်းပြည်မှာ တစ်ရက်တစ်နေ့တောင် မင်းမရှိလို့ မတင့်တယ်တဲ့အတွက်ကြောင့် နောင်တော်ကြီးကို မြင်းတစ်စီး၊ ဓားတစ်လက်နဲ့ အလျင်ဦးအောင် ကြွလာပြီး နန်းတက်တော်မူမည့်အကြောင်း ခေါ်တော်မူပေးပါရန် လျှောက်ထားပါသည် ဘုရား။ စစ်တပ်နှင့် အတူဆိုလျှင် ကြန့်ကြာနေပါမည် ဘုရား။

” ဒီတော့ ပံ့သကူမဟာထေရ်ကလည်း စဉ်းစားတယ်။ သူသွားပြီး အကြောင်းကြားရင် မင်းရှင်စောကလည်း ဂရုဂါရဝနဲ့ ဆရာတော်ရင်းမို့ လိုက်လာပေမှာပဲ။ ဒီရောက်မှ နရသူရက ကတိပျက်ရင် ခက်ချေရဲ့လို့ တွေးတယ်။

ဒီတော့ မင်းရှင်စော ပုဂံကို ပြန်ရောက်လာရင် နန်းတင်ရမယ်လို့ နရသူရကို သစ္စာဆိုခိုင်းတယ်။ နရသူရကလည်း နောင်တော်ကြီးကို

ဓားထမ်းပြီး နန်းတင်ပါ့မယ်လို့ သစ္စာဆိုလိုက်တယ်။ ဒီတော့မှ ပံ့သကူမဟာထေရ်ဟာ ရွှေလှော်ကားတစ်စင်းနဲ့ မင်းရှင်စောကို သွားကြိုပါတော့တယ်။

ပုဂံရောက်တော့ နရသူရကလည်း သူ့ကတိအတိုင်း နောင်တော်မင်းရှင်စောကို သူကိုယ်တိုင် သန်လျက်ထမ်းပြီး နန်းတင်လိုက်တယ်။

ဒါပေမယ့် အဲဒီညမှာပဲ အစာထဲ အဆိပ်ခတ်ပြီး လုပ်ကြံလိုက်တာ မင်းရှင်စော နတ်ရွာစံရတယ်။ မကြာခင်မှာပဲ နရသူရ ထီးနန်းဆက်ခံတယ်။

မင်းရှင်စော နတ်ရွာစံတာ နရသူရဲ့လက်ချက်ပဲဆိုတာ သိတော့ ပံ့သကူမဟာထေရ်ဟာ နရသူရဆီကြွပြီး ခပ်ပြင်းပြင်း ဝေဖန်လိုက်တယ်။

“ဟယ် မင်းဆိုးမင်းညစ်၊ မင်းဟာ သံသရာမှာ ခံရဦးမယ့် မကောင်းမှုကိုမှ မကြောက်၊ ဒီစည်းစိမ်တွေရရင်ကော မင်းခန္ဓာကြီးက မအို၊ မနာ၊ မသေတော့ဘူးများ မှတ်နေလား။ လောကမှာ မင်းလောက်ပျက်တဲ့မင်း မရှိတော့ဘူး။

” နရသူရကလည်း မျက်နှာပြောင်တယ်။ မဟာထေရ်ကို ဒီလို ပြန်လျှောက်တယ်။ “တပည့်တော်ရဲ့ ကတိအတိုင်း နောင်တော်ရဲ့ဓားကိုထမ်းပြီး ကိုယ်တိုင်နန်းတင်ပေးခဲ့တာပဲလေ” တဲ့။

အဲဒီနောက် သာသနာပိုင်နဲ့ မင်း အစေးမကပ်တော့ဘူး။ ပံ့သကူမဟာထေရ်ဟာ မင်းရှင်စော သေရတာ သူ့ပယောဂ မကင်းဘူးလို့ ခံစားရတာရော၊ ကတိမတည်တဲ့ မင်းဆိုးမင်းညစ်ဆီမှာ မနေချင်တာရောကြောင့် သီဟိုဠ်ကို ကြွတော်မူတယ်။

သာသနာပိုင်ဟာ သီဟိုဠ်ကို ကြွသွားတော့ မြို့ရွာတွေမှာ သံဃာထုဟာ မငြိမ်မသက်ဖြစ်လာတယ်။ ပြည်သူလူထုကလည်း

ရဟန်းတွေဘက်ကပါတော့ အင်အားက တော်တော်ကြီးတယ်။ ဒီတော့ နရသူရဲ့ ထီးရေးနန်းရာအတွက်က အန္တရာယ်ကြီးတခုလို ဖြစ်လာတော့ နနရသူက စဉ်းစားတယ်။

“မတော်တစ်နေ့ ရဟန်းသံဃာတွေ ငါ့ကို ပုန်ကန်ရင် ဘယ်လိုလုပ်မလဲ” တဲ့။ သေချာတာက လူထုကလည်း ရဟန်းတွေဘက်က ပါကြမှာ။ ဒီတော့ နရသူရက လက်ဦးမှုရအောင် ကြံရတော့တယ်။

ဒီတော့ ဘုန်းကြီးတွေကို ရှင်းပစ်ဖို့ လွှတ်တော်မှာ အမတ်တွေနဲ့ တိုင်ပင်တော့တယ်။ ရဟန်းများရင် တိုင်းပြည်အတွက် အကျိုးယုတ်ပုံကို နည်းမျိုးစုံနဲ့

ပရိယာယ်ဆင်ပြီး ဘုန်းကြီးတွေကို လူထွက်ခိုင်းဖို့ အမိန့်ထုတ်ချင်နေတယ်။ တချို့ မှူးမတ်တွေကတော့ သာသနာကို မဖျက်သင့်ကြောင်း လျှောက်ကြတယ်။

အဲဒီလို လျှောက်တဲ့ မှူးမတ်တွေကို နရသူရက ဒီလို ဆင်ခြေပေးတယ်။ “ရဟန်းသံဃာက အင်အားတောင့်တယ်။ သူတို့ ပုန်ကန်ရင် ခုခံရ ခက်လိမ့်မယ်။

နောက်ပြီး ရဟန်းတွေဆိုတာ ငါတို့ သက်မှတ်တဲ့ ဓမ္မသတ်အတိုင်း မနေကြဘူး။ သူတို့ရဲ့ ဝိနည်းဆိုတာနဲ့ပဲ နေတယ်။ သူတို့ဖာသာသူတို့ သီးခြားအုပ်ချုပ်ပြီး နေကြတာ။ ငါတို့ရဲ့ ဥပဒေအောက်မှာ မရှိဘူး။

ငါတို့ရဲ့ ဥပဒေကိုလည်း မနာခံဘူး။ ဒီထက် ရဟန်းသံဃာဆိုတာ နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေကို ထိုင်စားနေတဲ့ သူတွေ။ သူတို့တွေများရင် နိုင်ငံတော်အတွက် ဝန်ပိလိမ့်မယ်” ဆိုပြီး ဘုန်းကြီးတွေကို ရှင်းပစ်ဖို့ပဲ အဓိကထား စည်းရုံးတော့တယ်။

သိဒ္ဓိကာဆိုတဲ့ မင်းတိုင်ပင် ပညာရှိအမတ်ကြီးက ဒီလို အကြံပေးသတဲ့။ “သာသနာကို တိုက်ရိုက်ဖျက်ရင် ရဟန်းတွေက မပုန်ကန်မီ ပြည်သူလူထုက

စပြီး ပုန်ကန်ပါလိမ့်မယ်ဘုရား။ ဒါကြောင့် ပြည်သူလူထုလည်း စိတ်မဆိုးရလေအောင်၊ အရှင်မင်းကြီးရဲ့ အကြံတော်လည်း အောင်ရလေအောင် ရဟန်းများကို တစတစ လူထွက်အောင် ကြံမှတော်ပါမည်ဘုရား။

ရဟန်းတွေဆိုတာလည်း အာသဝေါ ကုန်ခန်းသေးတာမှ မဟုတ်ကြသေးဘဲဘုရား။ ကိလေသာအညှီ ရှိနေသေးတာမို့ အာရုံခြောက်ပါးနဲ့ မြှားပြီး ဖျက်ဆီးရရင် ပျက်စီးမှာ အမှန် ဖြစ်ကြောင်းပါဘုရား။” လို့ သံတော်ဦးတင်တယ်။

ဒါဆို ဘယ်လိုလုပ်ရမလဲလို့ အမတ်မင်းကို မေးတော့ “တိုင်းပြည်မှာရှိတဲ့ မိန်းမတွေကို အရင်လို လုံလုံခြုံခြုံ မဝတ်စေဘဲ အင်္ကျီကိုလည်းရှေ့ ခွဲ၊

ထမီကိုလည်းရှေ့ ခွဲ မလုံမခြုံ ဝတ်စေပြီး ကျောင်းဝင်းတွေထဲမှာ ပျော်ပွဲရွှင်ပွဲ မပြတ်အောင် ကျင်းပပေးပါဘုရား။ ဒါမျိုးသာ နေ့ညမပြတ် ပွဲလမ်းလုပ်ပေးရင် ရဟန်းတွေ လူထွက်ကုန်မှာပါဘုရား။

ဒီလိုသာ လူထွက်ကုန်ရင် ရဟန်းအရေအတွက် နည်းသွားမှာမို့ အရှင်မင်းကြီးအား ဘယ်ရဟန်းကမှ ရန်မစောင်ဝံ့တော့ပါဘုရား” တဲ့။

အမတ်မင်းရဲ့ အကြံကောင်း ဉာဏ်ကောင်းအတိုင်း မင်းညစ်ပီပီ လုပ်လိုက်တာ ထွက်တော့ ထွက်ပါရဲ့ ။ သူထင်သလောက်

အများကြီး လူမထွက်တော့ ဘယ်သူနဲ့မှ တိုင်ပင်မနေတော့ဘဲ သူ့သဘောနဲ့သူ အမိန့်တစ်ခု ထုတ်ပြန်ပါတော့တယ်။

လူထွက်မလား၊ အသေခံမလားပေါ့။ ရဟန်းတွေ တွေ့ရင်ဖမ်း၊ ဖမ်းပြီးရင် အတင်းအဓမ္မ လူထွက်ခိုင်းတော့တယ်။ ဘယ်လိုမှ ပြောမရရင် လည်ပင်းကို ဓားမိုးပြီး လူထွက်ခိုင်းတယ်။ တချို့ ရဟန်းများကလည်း အသေသာခံသွားတယ်။ လူမထွက်ကြဘူး။

တချို့ကြတော့ အဖမ်းမခံရအောင် ထွက်ပြေးကြတော့တယ်။ တောထဲ၊ တောင်ထဲကို ပြေးပုန်းတဲ့သူက ပြေးပုန်း။ တချို့ဆိုလည်း သီဟိုဠ်ဘက်ကို ပြေးကြရတယ်။

ဒီလိုနဲ့ ပုဂံမှာ ရဟန်းသံဃာ ပျောက်ခြင်းမလှ ပျောက်သွားရတယ်။ နရသူရဟာ သူရဲ့ ထိုင်ခုံကို ရဟန်းသံဃာထုက လာလှုပ်နေတယ်လို့

အထင်ရောက်တာနဲ့ ရဟန်းသံဃာကို ခေါင်းဖြတ်သတ်ရဲတဲ့ မြန်မာ့ရာဇဝင်က ပထမဆုံး မင်းတစ်ပါးပဲ ပြောရမယ်။

ဒါတောင် သူဟာ ဗုဒ္ဓဘာသာ မိဘ၊ ဗုဒ္ဓဘာသာ အသိုင်းအဝန်းမှာ ကြီးပြင်းလာတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ပါပဲ။ ဗုဒ္ဓဘာသာ ဟုတ်မဟုတ် ဆိုတာထက် အာဏာရူးလာတော့လည်း ရန်သူမှန်သမျှ အကုန် ရှင်းတော့တာကိုး။

ရဟန်းသံဃာတွေကိုတောင် ဒီလောက် ရက်ရက်စက်စက် လုပ်ရဲရင် သာမာန် ပြည်သူတွေဆို ဘယ်လောက် ခါးစည်းခံရမလဲ။ နရသူရဟာ

ကိုယ့်အာဏာ တည်တံ့ရေးအတွက် ခြိမ်းခြောက်လာတဲ့သူ ဘယ်သူ့ကိုမဆို (ရဟန်းသံဃာတောင် မချန်) အပြတ်ရှင်းခဲ့ပါတယ်။

ဒီအတွက် ပြည်သူက ဘုရင်ကို အလွန်မုန်းကြတယ်။ နရသူကလည်း သူ့ကိုမုန်းမှန်း သိတဲ့အတွက် ပိုမိုရက်စက်စွာ အုပ်ချုပ်ပါတယ်။ အမြင်မကြည်သူ မှန်သမျှကိုလည်း သတ်ဖြတ်ပစ်ပါတယ်။

ဒီအတွက် ဒီမင်းလက်ထက်မှာ သာသနာ ဆုတ်ယုတ်တဲ့ အပြင် တိုင်းပြည်ကလည်း အလွန်ဆင်းရဲခဲ့တယ်လို့ သမိုင်းဆရာတွေက ဆိုပါတယ်။

အကုသိုလ် ဒုစရိုက်မှုတွေ မတရားကျူးလွန်ထားတဲ့ နရသူဟာ ဘိုးတော်၊ ဘေးတော်တို့ အစဉ်အဆက်အတိုင်း ကောင်းမှုတော် စေတီပုထိုး

တစ်ဆူတည်ဖို့ အကြံရတဲ့အတွက် မှူးမတ်များနဲ့ ပန်းရံဆရာများကို ခခေါ်ကာ ဓမ္မရံကြီးဘုရားကို တည်စေပါတယ်။

တည်ရာမှာ အခြားဘုရင်များထက် ပိုမိုသာအောင်၊ အကြီးမားဆုံးဖြစ်အောင် တည်လိုတဲ့အတွက် ကိုယ်တိုင် အစေ့စပ်ဆုံး စစ်ဆေးတော်မူပါတယ်။ ပန်းရံဆရာများ ဆောက်ပြီးသမျှကို အပ်တစ်ချောင်းနဲ့ အုတ်ကြားမှာထိုးပြီး အပ်ထိုးလို့ဝင်ရင် ထိုပန်းရံဆရာကို ထိုနေရာမှာတင် ကွပ်မျက်ပါတယ်။

ဒီအတွက် ပန်းရံဆရာများမှာ ပိုပြီး ပင်ပန်းကြတဲ့အပြင် လူအင်အားကလည်း တစ်စတစ်စ နည်းပါးလာတဲ့အတွက် ဘုရားကြီးမှာ မပြီးဆုံးခဲ့ပါ။

ထိုအခါ ပညာရှိ အမတ်တစ်ယောက်ဟာ မင်းကြီးကို ပညာပေးချင်တဲ့အတွက် ဆောက်ခွင့်တောင်းပါတယ်။ ထိုအမတ်က ဘုရင့်အလိုကျ

အပ်တစ်ချောင်းပင် ထိုးလို့မရအောင် ဆောက်လုပ်ပေးပါတယ်။ သို့သော်လည်း ဘုရင်မော့ကြည့်၍ မရသော၊ စစ်ဆေးလို့ မရသော နေရာမှန်သမျှအပ်တစ်ချောင်း ထိုးလို့ရအောင် တည်ဆောက်ခဲ့ပါတယ် … ။

တည်ဆောက်လို့ပြီးတဲ့အခါ ထိုအမတ်ဟာ နေပြည်တော်မှ ထွက်ပြေးသွားပါတယ်။ ဒီအကြောင်း မင်းကြီးသိတော့ ဒေါသအလွန်ထွက်ပြီး

ဘုရားကို ထီးတော်မတင်ပဲ ထိုအမတ်ကို လူလွှတ်ကာ ရှာခိုင်းခဲ့ပါတယ်။ ရှာလို့ မတွေ့တဲ့အတွက် ဒေါသ ပိုကြီးလာခဲ့ပါတယ်။

နရသူမှာ ကုလားပြည်က ဆက်သလာတဲ့ ကုလားမင်းသမီး တယောက် ရှိပါတယ်။ နရသူ ရေအိမ်ဝင်ရာမှာ သန့်ရှင်းဖို့ ရေမယူတာကို တွေ့လို့ ကုလားမင်းသမီးက ရွံပြီး ဘုရင့်ကို အနားကပ်မခံတော့ပါဘူး။

တကယ်တော့ ဘုရင်တိုင်းမှာ သူငယ်တော်ဆိုတာ ရှိပါတယ် ။ သူငယ်တော်တွေရဲ့တာဝန်က ဘုရင်ရေအိမ်က ထွက်ရင် သန့်စင်ပေးရတာပါ။ ဒါကို မင်းကြီးသိတော့ သူ့ကို ရွံရမလားဆိုပြီး သန်လျှက်နဲ့ နေရာမှာတင် ခုတ်သတ်လိုက်ပါတယ်။

ဒီအကြောင်းကို ကုလားမင်းသမီးရဲ့ ဖခမည်းတော် သိသွားတော့ ကုလားသူရဲကောင်း ရှစ်ယောက်ကို ရွေးပြီး “အမောင်တို့ နရသူမင်းထံသို့

သွားကာလုပ်ကြံစေ၊ သင်တို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို သတ်သေကြစေ ၊ သင်တို့သားမယားများ တစ်သက် စားမကုန်သော ရွှေ၊ ငွေ ကို ငါပေးတော်မူမည်” လို့ မိန့်တဲ့အခါ ကုလားသူရဲကောင်းများကလဲ သတ်မယ်လို့ ဝန်ခံပြီး ပုဂံနေပြည်တော်ကို ချဉ်းကပ်ပါတယ်။

နေပြည်တော် ဝန်ခံပြီး မင်းကြီးကို ဘိသိက်မြှောက်ပေးမယ်လို့ အယုံသွင်းပြီး၊ ယုံသည့်အတွက် မင်္ဂလာခံယူနေစဉ် အသင့်ပါလာတဲ့ ဓားငယ်တွေနဲ့ နရသူကို ထိုးသတ်ပြီး သူတို့ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကို ပြန်သတ်သေကြပါတယ်။

နရသူမင်း ဓားနဲ့ အထိုးခံရကြောင်း မှူးမတ်တို့သိသော်လဲ ရက်စက်ကြမ်းကြုတ်တဲ့မင်းကို ရွံရှာကြလို့ ဆေးမကုဘဲ ထားတဲ့အခါ နရသူမင်း နတ်ရွာစံပါတော့တယ်။ ကုလားများသတ်လို့ သေသည့်အတွက် ကုလားကျမင်းလို့ နာမည်တွင်ခဲ့ပါတယ်။

မြန်မာရာဇဝင်မှာ ဖခင်နဲ့ အကိုကိုသတ်ပြီး နန်းလုရုံတင်မက လူကိုယ်တိုင်ကလဲ တကိုယ်ရည် သန့်ရှင်းမှုမရှိ ညစ်ပတ်တော့ နောက်ဆုံး ဒါနဲ့ပဲ သေရတာပါ။ ဒီမင်းလောက် စိတ်ရောကိုယ်ပါ ညစ်ပတ်တဲ့ဘုရင် မရှိတော့ဘူးလို့ ထင်ပါတယ်ဗျာ။

(အောက်မှာ ဖော်ပြထားတဲ့ ပုံဟာ နရသူမင်း တည်ခဲ့တဲ့ ဓမ္မရံကြီးဘုရားပုံပါ။)

ကိုးကား – အားလုံးကို လေးစားစွာဖြင့်

Credit

Zawgyi

ျမန္မာ့ရာဇဝင္သမိုင္းထဲမွာ စိတ္ဓာတ္ေရာ၊ လူေရာ အညစ္ပတ္ဆုံးလို႔ သတ္မွတ္ႏိုင္တဲ့ ဘုရင္ဟာ ပုဂံေခတ္က နရသူမင္းပါ။ ကုလားေတြလက္ခ်က္နဲ႔ ေသခဲ့ရလို႔ ေသၿပီးတဲ့အခါ ကုလားက်မင္းလို႔လဲ ထင္ရွားပါတယ္။

နရသူမင္းဟာ အေလာင္းစည္သူဘုရင္ (က်န္စစ္သားမင္း၏ ေျမးေတာ္) ရဲ႕ သားေတာ္အငယ္ပါ။ အေလာင္းစည္သူ နန္းတက္ေနစဥ္မွာ

သားေတာ္အႀကီးျဖစ္တဲ့ မင္းရွင္ေစာဟာ ဖခမည္းေတာ္နဲ႔ မတည့္လို႔ မႏၲေလးနယ္ဘက္သြားၿပီး ေဒသတိုးတက္ ဖြံ႕ၿဖိဳးေရးေတြ လုပ္ေဆာင္ေနခဲ့ပါတယ္။

အဲဒီအခ်ိန္တုန္းက မႏၲေလးရယ္လို႔ မရွိေသးတဲ့အခ်ိန္ပါ။ ေအာင္ပင္လယ္ကန္၊ နႏၵာကန္၊ ကုလားမေတာင္ဆည္၊ ၾကဴဝန္းနဲ႔ ကြၽန္းလွဆည္ေတြဟာ သူ႔ရဲ႕အားထုတ္မႈေတြပါပဲ။

မင္းရွင္ေစာ နန္းေတာ္နဲ႔ ေဝးကြာေနခ်ိန္မွာ အေလာင္းစည္သူမင္းႀကီး နာမက်န္းျဖစ္ပါေတာ့တယ္။ အဲဒီမွာ သားေတာ္အငယ္ျဖစ္တဲ့နရသူက

အလိမၼာနဲ႔ ဖခင္ျဖစ္သူအေလာင္းစည္သူမင္းႀကီး ကိုယ္တိုင္တည္ထားတဲ့ ေ႐ႊဂူႀကီးဘုရားထဲကို ေျပာင္းေ႐ႊ႕စံေစပါတယ္။

အခါအခြင့္သင့္တဲ့အခါ နရသူက ဖခင္အေလာင္းစည္သူမင္းႀကီးကို ေခါင္းအုံးနဲ႔ဖိသတ္လို႔ နတ္႐ြာစံပါေတာ့တယ္။ (အေလာင္းစည္သူမင္းႀကီး ကြယ္လြန္ၿပီးတဲ့အခါ မင္းစည္သူနတ္ ျဖစ္လာပါတယ္။)

ဒီသတင္းကို ၾကားတဲ့အခါ မင္းရွင္ေစာဟာ ထီးနန္းသိမ္းရေအာင္ ၾကည္းေၾကာင္း၊ ေရေၾကာင္းနဲ႔ ပုဂံကို အျပင္းခ်ီလာပါတယ္။

ဒါကို နရသူၾကားေတာ့ သူက ေနာင္ေတာ္ကို ခံတိုက္ေလာက္ေအာင္ အရည္အခ်င္း မရွိမွန္း သူ႔ကိုယ္သူ သိထားပါတယ္။ ဒီေတာ့ အေကာက္ႀကံပါေတာ့တယ္။ သူက သာသနာပိုင္ျဖစ္တဲ့ ပံ့သကူမဟာေထရ္ကို ခ်ဥ္းကပ္ၿပီး အကူအညီ ေတာင္းတာပါ။

အေနာ္ရထာမင္းက ေထရဝါဒ ဗုဒၶသာသနာကို ပုဂံမွာ ျပန႔္ပြားဖို႔ ႀကိဳးစားတဲ့အခါ ရွင္အရဟံကို အဓိက အားထားခဲ့ရတာပါ။ ရွင္အရဟံကို သာသနာပိုင္အျဖစ္ အပ္ႏွင္းၿပီး ကိုးကြယ္လာတာ အေလာင္းစည္သူမင္း လက္ထက္အထိတိုင္ေအာင္ပါပဲ။

အေလာင္းစည္သူမင္းလက္ထက္မွာ ရွင္အရဟံဟာ သက္ေတာ္ ၈၁ ႏွစ္နဲ႔ ပရိနိဗၺာန္ စံေတာ္မူပါတယ္။ ဒီေတာ့ ပံ့သကူမဟာေထရ္ကို သာသနာပိုင္အျဖစ္ ခန႔္အပ္ေတာ္မူပါတယ္။

ပံ့သကူမဟာေထရ္ကို ရာဇဝင္က်မ္း၊ သာသနာဝင္က်မ္း အခ်ိဳ႕မွာ နာမည္အမ်ိဳးမ်ိဳး ေခၚတာ ေတြ႕ရပါတယ္။ ငစြယ္ရွင္မဟာေထရ္၊ စိမ့္ညက္မင္းသားေတာ္မဟာေထရ္ စသျဖင့္ ေခၚေဝၚၾကတယ္။

နရသူက လက္ရွိသာသနာပိုင္ျဖစ္တဲ့ ပံသကူမဟာေထရ္ဆီကို ခ်ဥ္းကပ္ၿပီး ဒီလိုေလွ်ာက္ထားပါတယ္။ “ဆရာေတာ္ဘုရား၊ ေနာင္ေတာ္ႀကီး

မင္းရွင္ေစာဟာ ဖခမည္းေတာ္ လြန္ၿပီဆိုတာသိလို႔ ၾကည္းေၾကာင္း၊ ေရေၾကာင္းနဲ႔ ပုဂံကို အျပင္းခ်ီလာပါတယ္ဘုရား။ တပည့္ေတာ္ နန္းလုမွာစိုးလို႔ ထင္ပါရဲ႕ဘုရား။

တိုင္းျပည္မွာ တစ္ရက္တစ္ေန႔ေတာင္ မင္းမရွိလို႔ မတင့္တယ္တဲ့အတြက္ေၾကာင့္ ေနာင္ေတာ္ႀကီးကို ျမင္းတစ္စီး၊ ဓားတစ္လက္နဲ႔ အလ်င္ဦးေအာင္ ႂကြလာၿပီး နန္းတက္ေတာ္မူမည့္အေၾကာင္း ေခၚေတာ္မူေပးပါရန္ ေလွ်ာက္ထားပါသည္ ဘုရား။ စစ္တပ္ႏွင့္ အတူဆိုလွ်င္ ၾကန႔္ၾကာေနပါမည္ ဘုရား။

” ဒီေတာ့ ပံ့သကူမဟာေထရ္ကလည္း စဥ္းစားတယ္။ သူသြားၿပီး အေၾကာင္းၾကားရင္ မင္းရွင္ေစာကလည္း ဂ႐ုဂါရဝနဲ႔ ဆရာေတာ္ရင္းမို႔ လိုက္လာေပမွာပဲ။ ဒီေရာက္မွ နရသူရက ကတိပ်က္ရင္ ခက္ေခ်ရဲ႕လို႔ ေတြးတယ္။

ဒီေတာ့ မင္းရွင္ေစာ ပုဂံကို ျပန္ေရာက္လာရင္ နန္းတင္ရမယ္လို႔ နရသူရကို သစၥာဆိုခိုင္းတယ္။ နရသူရကလည္း ေနာင္ေတာ္ႀကီးကို

ဓားထမ္းၿပီး နန္းတင္ပါ့မယ္လို႔ သစၥာဆိုလိုက္တယ္။ ဒီေတာ့မွ ပံ့သကူမဟာေထရ္ဟာ ေ႐ႊေလွာ္ကားတစ္စင္းနဲ႔ မင္းရွင္ေစာကို သြားႀကိဳပါေတာ့တယ္။

ပုဂံေရာက္ေတာ့ နရသူရကလည္း သူ႔ကတိအတိုင္း ေနာင္ေတာ္မင္းရွင္ေစာကို သူကိုယ္တိုင္ သန္လ်က္ထမ္းၿပီး နန္းတင္လိုက္တယ္။

ဒါေပမယ့္ အဲဒီညမွာပဲ အစာထဲ အဆိပ္ခတ္ၿပီး လုပ္ႀကံလိုက္တာ မင္းရွင္ေစာ နတ္႐ြာစံရတယ္။ မၾကာခင္မွာပဲ နရသူရ ထီးနန္းဆက္ခံတယ္။

မင္းရွင္ေစာ နတ္႐ြာစံတာ နရသူရဲ႕လက္ခ်က္ပဲဆိုတာ သိေတာ့ ပံ့သကူမဟာေထရ္ဟာ နရသူရဆီႂကြၿပီး ခပ္ျပင္းျပင္း ေဝဖန္လိုက္တယ္။

“ဟယ္ မင္းဆိုးမင္းညစ္၊ မင္းဟာ သံသရာမွာ ခံရဦးမယ့္ မေကာင္းမႈကိုမွ မေၾကာက္၊ ဒီစည္းစိမ္ေတြရရင္ေကာ မင္းခႏၶာႀကီးက မအို၊ မနာ၊ မေသေတာ့ဘူးမ်ား မွတ္ေနလား။ ေလာကမွာ မင္းေလာက္ပ်က္တဲ့မင္း မရွိေတာ့ဘူး။

” နရသူရကလည္း မ်က္ႏွာေျပာင္တယ္။ မဟာေထရ္ကို ဒီလို ျပန္ေလွ်ာက္တယ္။ “တပည့္ေတာ္ရဲ႕ ကတိအတိုင္း ေနာင္ေတာ္ရဲ႕ဓားကိုထမ္းၿပီး ကိုယ္တိုင္နန္းတင္ေပးခဲ့တာပဲေလ” တဲ့။

အဲဒီေနာက္ သာသနာပိုင္နဲ႔ မင္း အေစးမကပ္ေတာ့ဘူး။ ပံ့သကူမဟာေထရ္ဟာ မင္းရွင္ေစာ ေသရတာ သူ႔ပေယာဂ မကင္းဘူးလို႔ ခံစားရတာေရာ၊ ကတိမတည္တဲ့ မင္းဆိုးမင္းညစ္ဆီမွာ မေနခ်င္တာေရာေၾကာင့္ သီဟိုဠ္ကို ႂကြေတာ္မူတယ္။

သာသနာပိုင္ဟာ သီဟိုဠ္ကို ႂကြသြားေတာ့ ၿမိဳ႕႐ြာေတြမွာ သံဃာထုဟာ မၿငိမ္မသက္ျဖစ္လာတယ္။ ျပည္သူလူထုကလည္း

ရဟန္းေတြဘက္ကပါေတာ့ အင္အားက ေတာ္ေတာ္ႀကီးတယ္။ ဒီေတာ့ နရသူရဲ႕ ထီးေရးနန္းရာအတြက္က အႏၲရာယ္ႀကီးတခုလို ျဖစ္လာေတာ့ နနရသူက စဥ္းစားတယ္။

“မေတာ္တစ္ေန႔ ရဟန္းသံဃာေတြ ငါ့ကို ပုန္ကန္ရင္ ဘယ္လိုလုပ္မလဲ” တဲ့။ ေသခ်ာတာက လူထုကလည္း ရဟန္းေတြဘက္က ပါၾကမွာ။ ဒီေတာ့ နရသူရက လက္ဦးမႈရေအာင္ ႀကံရေတာ့တယ္။

ဒီေတာ့ ဘုန္းႀကီးေတြကို ရွင္းပစ္ဖို႔ လႊတ္ေတာ္မွာ အမတ္ေတြနဲ႔ တိုင္ပင္ေတာ့တယ္။ ရဟန္းမ်ားရင္ တိုင္းျပည္အတြက္ အက်ိဳးယုတ္ပုံကို နည္းမ်ိဳးစုံနဲ႔

ပရိယာယ္ဆင္ၿပီး ဘုန္းႀကီးေတြကို လူထြက္ခိုင္းဖို႔ အမိန႔္ထုတ္ခ်င္ေနတယ္။ တခ်ိဳ႕ မႉးမတ္ေတြကေတာ့ သာသနာကို မဖ်က္သင့္ေၾကာင္း ေလွ်ာက္ၾကတယ္။

အဲဒီလို ေလွ်ာက္တဲ့ မႉးမတ္ေတြကို နရသူရက ဒီလို ဆင္ေျခေပးတယ္။ “ရဟန္းသံဃာက အင္အားေတာင့္တယ္။ သူတို႔ ပုန္ကန္ရင္ ခုခံရ ခက္လိမ့္မယ္။

ေနာက္ၿပီး ရဟန္းေတြဆိုတာ ငါတို႔ သက္မွတ္တဲ့ ဓမၼသတ္အတိုင္း မေနၾကဘူး။ သူတို႔ရဲ႕ ဝိနည္းဆိုတာနဲ႔ပဲ ေနတယ္။ သူတို႔ဖာသာသူတို႔ သီးျခားအုပ္ခ်ဳပ္ၿပီး ေနၾကတာ။ ငါတို႔ရဲ႕ ဥပေဒေအာက္မွာ မရွိဘူး။

ငါတို႔ရဲ႕ ဥပေဒကိုလည္း မနာခံဘူး။ ဒီထက္ ရဟန္းသံဃာဆိုတာ ႏိုင္ငံေတာ္ရဲ႕ ဘ႑ာေတြကို ထိုင္စားေနတဲ့ သူေတြ။ သူတို႔ေတြမ်ားရင္ ႏိုင္ငံေတာ္အတြက္ ဝန္ပိလိမ့္မယ္” ဆိုၿပီး ဘုန္းႀကီးေတြကို ရွင္းပစ္ဖို႔ပဲ အဓိကထား စည္း႐ုံးေတာ့တယ္။

သိဒၶိကာဆိုတဲ့ မင္းတိုင္ပင္ ပညာရွိအမတ္ႀကီးက ဒီလို အႀကံေပးသတဲ့။ “သာသနာကို တိုက္႐ိုက္ဖ်က္ရင္ ရဟန္းေတြက မပုန္ကန္မီ ျပည္သူလူထုက

စၿပီး ပုန္ကန္ပါလိမ့္မယ္ဘုရား။ ဒါေၾကာင့္ ျပည္သူလူထုလည္း စိတ္မဆိုးရေလေအာင္၊ အရွင္မင္းႀကီးရဲ႕ အႀကံေတာ္လည္း ေအာင္ရေလေအာင္ ရဟန္းမ်ားကို တစတစ လူထြက္ေအာင္ ႀကံမွေတာ္ပါမည္ဘုရား။

ရဟန္းေတြဆိုတာလည္း အာသေဝါ ကုန္ခန္းေသးတာမွ မဟုတ္ၾကေသးဘဲဘုရား။ ကိေလသာအညႇီ ရွိေနေသးတာမို႔ အာ႐ုံေျခာက္ပါးနဲ႔ ျမႇားၿပီး ဖ်က္ဆီးရရင္ ပ်က္စီးမွာ အမွန္ ျဖစ္ေၾကာင္းပါဘုရား။” လို႔ သံေတာ္ဦးတင္တယ္။

ဒါဆို ဘယ္လိုလုပ္ရမလဲလို႔ အမတ္မင္းကို ေမးေတာ့ “တိုင္းျပည္မွာရွိတဲ့ မိန္းမေတြကို အရင္လို လုံလုံၿခဳံၿခဳံ မဝတ္ေစဘဲ အက်ႌကိုလည္းေရွ႕ ခြဲ၊

ထမီကိုလည္းေရွ႕ ခြဲ မလုံမၿခဳံ ဝတ္ေစၿပီး ေက်ာင္းဝင္းေတြထဲမွာ ေပ်ာ္ပြဲ႐ႊင္ပြဲ မျပတ္ေအာင္ က်င္းပေပးပါဘုရား။ ဒါမ်ိဳးသာ ေန႔ညမျပတ္ ပြဲလမ္းလုပ္ေပးရင္ ရဟန္းေတြ လူထြက္ကုန္မွာပါဘုရား။

ဒီလိုသာ လူထြက္ကုန္ရင္ ရဟန္းအေရအတြက္ နည္းသြားမွာမို႔ အရွင္မင္းႀကီးအား ဘယ္ရဟန္းကမွ ရန္မေစာင္ဝံ့ေတာ့ပါဘုရား” တဲ့။

အမတ္မင္းရဲ႕ အႀကံေကာင္း ဉာဏ္ေကာင္းအတိုင္း မင္းညစ္ပီပီ လုပ္လိုက္တာ ထြက္ေတာ့ ထြက္ပါရဲ႕ ။ သူထင္သေလာက္

အမ်ားႀကီး လူမထြက္ေတာ့ ဘယ္သူနဲ႔မွ တိုင္ပင္မေနေတာ့ဘဲ သူ႔သေဘာနဲ႔သူ အမိန႔္တစ္ခု ထုတ္ျပန္ပါေတာ့တယ္။

လူထြက္မလား၊ အေသခံမလားေပါ့။ ရဟန္းေတြ ေတြ႕ရင္ဖမ္း၊ ဖမ္းၿပီးရင္ အတင္းအဓမၼ လူထြက္ခိုင္းေတာ့တယ္။ ဘယ္လိုမွ ေျပာမရရင္ လည္ပင္းကို ဓားမိုးၿပီး လူထြက္ခိုင္းတယ္။ တခ်ိဳ႕ ရဟန္းမ်ားကလည္း အေသသာခံသြားတယ္။ လူမထြက္ၾကဘူး။

တခ်ိဳ႕ၾကေတာ့ အဖမ္းမခံရေအာင္ ထြက္ေျပးၾကေတာ့တယ္။ ေတာထဲ၊ ေတာင္ထဲကို ေျပးပုန္းတဲ့သူက ေျပးပုန္း။ တခ်ိဳ႕ဆိုလည္း သီဟိုဠ္ဘက္ကို ေျပးၾကရတယ္။

ဒီလိုနဲ႔ ပုဂံမွာ ရဟန္းသံဃာ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားရတယ္။ နရသူရဟာ သူရဲ႕ ထိုင္ခုံကို ရဟန္းသံဃာထုက လာလႈပ္ေနတယ္လို႔

အထင္ေရာက္တာနဲ႔ ရဟန္းသံဃာကို ေခါင္းျဖတ္သတ္ရဲတဲ့ ျမန္မာ့ရာဇဝင္က ပထမဆုံး မင္းတစ္ပါးပဲ ေျပာရမယ္။

ဒါေတာင္ သူဟာ ဗုဒၶဘာသာ မိဘ၊ ဗုဒၶဘာသာ အသိုင္းအဝန္းမွာ ႀကီးျပင္းလာတဲ့ ဗုဒၶဘာသာ တစ္ေယာက္ပါပဲ။ ဗုဒၶဘာသာ ဟုတ္မဟုတ္ ဆိုတာထက္ အာဏာ႐ူးလာေတာ့လည္း ရန္သူမွန္သမွ် အကုန္ ရွင္းေတာ့တာကိုး။

ရဟန္းသံဃာေတြကိုေတာင္ ဒီေလာက္ ရက္ရက္စက္စက္ လုပ္ရဲရင္ သာမာန္ ျပည္သူေတြဆို ဘယ္ေလာက္ ခါးစည္းခံရမလဲ။ နရသူရဟာ

ကိုယ့္အာဏာ တည္တံ့ေရးအတြက္ ၿခိမ္းေျခာက္လာတဲ့သူ ဘယ္သူ႔ကိုမဆို (ရဟန္းသံဃာေတာင္ မခ်န္) အျပတ္ရွင္းခဲ့ပါတယ္။

ဒီအတြက္ ျပည္သူက ဘုရင္ကို အလြန္မုန္းၾကတယ္။ နရသူကလည္း သူ႔ကိုမုန္းမွန္း သိတဲ့အတြက္ ပိုမိုရက္စက္စြာ အုပ္ခ်ဳပ္ပါတယ္။ အျမင္မၾကည္သူ မွန္သမွ်ကိုလည္း သတ္ျဖတ္ပစ္ပါတယ္။

ဒီအတြက္ ဒီမင္းလက္ထက္မွာ သာသနာ ဆုတ္ယုတ္တဲ့ အျပင္ တိုင္းျပည္ကလည္း အလြန္ဆင္းရဲခဲ့တယ္လို႔ သမိုင္းဆရာေတြက ဆိုပါတယ္။

အကုသိုလ္ ဒုစ႐ိုက္မႈေတြ မတရားက်ဴးလြန္ထားတဲ့ နရသူဟာ ဘိုးေတာ္၊ ေဘးေတာ္တို႔ အစဥ္အဆက္အတိုင္း ေကာင္းမႈေတာ္ ေစတီပုထိုး

တစ္ဆူတည္ဖို႔ အႀကံရတဲ့အတြက္ မႉးမတ္မ်ားနဲ႔ ပန္းရံဆရာမ်ားကို ခေခၚကာ ဓမၼရံႀကီးဘုရားကို တည္ေစပါတယ္။

တည္ရာမွာ အျခားဘုရင္မ်ားထက္ ပိုမိုသာေအာင္၊ အႀကီးမားဆုံးျဖစ္ေအာင္ တည္လိုတဲ့အတြက္ ကိုယ္တိုင္ အေစ့စပ္ဆုံး စစ္ေဆးေတာ္မူပါတယ္။ ပန္းရံဆရာမ်ား ေဆာက္ၿပီးသမွ်ကို အပ္တစ္ေခ်ာင္းနဲ႔ အုတ္ၾကားမွာထိုးၿပီး အပ္ထိုးလို႔ဝင္ရင္ ထိုပန္းရံဆရာကို ထိုေနရာမွာတင္ ကြပ္မ်က္ပါတယ္။

ဒီအတြက္ ပန္းရံဆရာမ်ားမွာ ပိုၿပီး ပင္ပန္းၾကတဲ့အျပင္ လူအင္အားကလည္း တစ္စတစ္စ နည္းပါးလာတဲ့အတြက္ ဘုရားႀကီးမွာ မၿပီးဆုံးခဲ့ပါ။

ထိုအခါ ပညာရွိ အမတ္တစ္ေယာက္ဟာ မင္းႀကီးကို ပညာေပးခ်င္တဲ့အတြက္ ေဆာက္ခြင့္ေတာင္းပါတယ္။ ထိုအမတ္က ဘုရင့္အလိုက်

အပ္တစ္ေခ်ာင္းပင္ ထိုးလို႔မရေအာင္ ေဆာက္လုပ္ေပးပါတယ္။ သို႔ေသာ္လည္း ဘုရင္ေမာ့ၾကည့္၍ မရေသာ၊ စစ္ေဆးလို႔ မရေသာ ေနရာမွန္သမွ်အပ္တစ္ေခ်ာင္း ထိုးလို႔ရေအာင္ တည္ေဆာက္ခဲ့ပါတယ္ … ။

တည္ေဆာက္လို႔ၿပီးတဲ့အခါ ထိုအမတ္ဟာ ေနျပည္ေတာ္မွ ထြက္ေျပးသြားပါတယ္။ ဒီအေၾကာင္း မင္းႀကီးသိေတာ့ ေဒါသအလြန္ထြက္ၿပီး

ဘုရားကို ထီးေတာ္မတင္ပဲ ထိုအမတ္ကို လူလႊတ္ကာ ရွာခိုင္းခဲ့ပါတယ္။ ရွာလို႔ မေတြ႕တဲ့အတြက္ ေဒါသ ပိုႀကီးလာခဲ့ပါတယ္။

နရသူမွာ ကုလားျပည္က ဆက္သလာတဲ့ ကုလားမင္းသမီး တေယာက္ ရွိပါတယ္။ နရသူ ေရအိမ္ဝင္ရာမွာ သန႔္ရွင္းဖို႔ ေရမယူတာကို ေတြ႕လို႔ ကုလားမင္းသမီးက ႐ြံၿပီး ဘုရင့္ကို အနားကပ္မခံေတာ့ပါဘူး။

တကယ္ေတာ့ ဘုရင္တိုင္းမွာ သူငယ္ေတာ္ဆိုတာ ရွိပါတယ္ ။ သူငယ္ေတာ္ေတြရဲ႕တာဝန္က ဘုရင္ေရအိမ္က ထြက္ရင္ သန႔္စင္ေပးရတာပါ။ ဒါကို မင္းႀကီးသိေတာ့ သူ႔ကို ႐ြံရမလားဆိုၿပီး သန္လွ်က္နဲ႔ ေနရာမွာတင္ ခုတ္သတ္လိုက္ပါတယ္။

ဒီအေၾကာင္းကို ကုလားမင္းသမီးရဲ႕ ဖခမည္းေတာ္ သိသြားေတာ့ ကုလားသူရဲေကာင္း ရွစ္ေယာက္ကို ေ႐ြးၿပီး “အေမာင္တို႔ နရသူမင္းထံသို႔

သြားကာလုပ္ႀကံေစ၊ သင္တို႔ကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကို သတ္ေသၾကေစ ၊ သင္တို႔သားမယားမ်ား တစ္သက္ စားမကုန္ေသာ ေ႐ႊ၊ ေငြ ကို ငါေပးေတာ္မူမည္” လို႔ မိန႔္တဲ့အခါ ကုလားသူရဲေကာင္းမ်ားကလဲ သတ္မယ္လို႔ ဝန္ခံၿပီး ပုဂံေနျပည္ေတာ္ကို ခ်ဥ္းကပ္ပါတယ္။

ေနျပည္ေတာ္ ဝန္ခံၿပီး မင္းႀကီးကို ဘိသိက္ေျမႇာက္ေပးမယ္လို႔ အယုံသြင္းၿပီး၊ ယုံသည့္အတြက္ မဂၤလာခံယူေနစဥ္ အသင့္ပါလာတဲ့ ဓားငယ္ေတြနဲ႔ နရသူကို ထိုးသတ္ၿပီး သူတို႔ကိုယ္တိုင္လဲ ကိုယ့္ကိုယ္ကို ျပန္သတ္ေသၾကပါတယ္။

နရသူမင္း ဓားနဲ႔ အထိုးခံရေၾကာင္း မႉးမတ္တို႔သိေသာ္လဲ ရက္စက္ၾကမ္းၾကဳတ္တဲ့မင္းကို ႐ြံရွာၾကလို႔ ေဆးမကုဘဲ ထားတဲ့အခါ နရသူမင္း နတ္႐ြာစံပါေတာ့တယ္။ ကုလားမ်ားသတ္လို႔ ေသသည့္အတြက္ ကုလားက်မင္းလို႔ နာမည္တြင္ခဲ့ပါတယ္။

ျမန္မာရာဇဝင္မွာ ဖခင္နဲ႔ အကိုကိုသတ္ၿပီး နန္းလု႐ုံတင္မက လူကိုယ္တိုင္ကလဲ တကိုယ္ရည္ သန႔္ရွင္းမႈမရွိ ညစ္ပတ္ေတာ့ ေနာက္ဆုံး ဒါနဲ႔ပဲ ေသရတာပါ။ ဒီမင္းေလာက္ စိတ္ေရာကိုယ္ပါ ညစ္ပတ္တဲ့ဘုရင္ မရွိေတာ့ဘူးလို႔ ထင္ပါတယ္ဗ်ာ။

(ေအာက္မွာ ေဖာ္ျပထားတဲ့ ပုံဟာ နရသူမင္း တည္ခဲ့တဲ့ ဓမၼရံႀကီးဘုရားပုံပါ။)

ကိုးကား – အားလုံးကို ေလးစားစြာျဖင့္

Credit