ပရိသတ်ကြီးေရ ရန်ရန်ချမ်း ကတော့ တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ နာမည်ကေျာ် အက်ဆစ်အဖွဲ့ဝင်ပဲဖြစ်ပါတယ်။
ရန်ရန်ချမ်း ဟာနာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အဖြစ်နဲ့ပါဝင်ခဲ့ပါသေးတယ်။
ထို့နောက် မြန်မာပြည်ကို စစ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။
အဆိုတော် ရန်ရန်ချမ်း ကတော့ ပြည်သူတွေအချင်းအချင်း သွေးမကွဲကြပဲ အဓိကဘုံရန်သူကိုပဲ အာရုံစိုက်ထားဖို့ သတိပေးလိုက်ပါတယ်။
” ကျွန်တော်ဟိုနေ့က အနုပညာရှင်တွေပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့ post တစ်ခုကိုဝိုင်းဝေဖန်ကြတာ ကိုယ့်ဘက်ကလူတွေချီပဲအရမ်းထူးဆန်းတယ်။(ခင်ဗျားတို့လောင်နေကြတာသိပါတယ်)
ကျွန်တော်ဟာအနုပညာလောကသားတစ်ယောက်ဖြစ်တဲ့အတွက်ကိုယ့်လောကသားတွေအတွက်တောင်းဆိုတာမမှားဘူးထင်တယ်။
အဲ့လိုတောင်းဆိုတဲ့အတွက်ကျန်တဲ့လူတွေကိုမလွှတ်ပေးပါနဲ့ဆိုတဲ့အဓိပါယ်လုံးဝမဟုတ်ဘူးဆိုတာလည်းကျွန်တော်ရဲ့ရပ်တည်ချက်နဲ့ဖြတ်သန်းခဲ့တဲ့သမိုင်းကိုကြည့်ရင်အသိသာကြီး …..
ခုဝင်ရေးတဲ့သူတွေကိုကြည့်ကြည့်တော့လည်းကျွန်တော်တို့ဒုကပေါင်းများစွာနဲ့ဖြတ်သန်းနေရချိန်ကဘယ်ရောက်နေကြမှန်းမသိတဲ့လူတွေဖြစ်နေတယ် ဆယ်ယောက်လောက်ဒီတိုင်းဝင်ကြည့်တော့လည်းသူတို့ဘာသူတို့နေသာသလိုနေနေကြတဲ့သူတွေဖြစ်နေတယ်။
ခင်ဗျားတို့သိအောင်ပြောရရင်ကျွန်တော်ဒီတော်လှန်ရေးမှာဒီနေ့ထက်ထိနိုင်ရာတာဝန်ကိုထမ်းနေတယ်ဆိုတာပဲဘာတွေလုပ်နေပါတယ်ဆိုတာ social media ပေါ်မတင်တာပဲရှိတယ် အခုလိုခင်ဗျားတို့စိတ်အစာပြေဖို့အတွက်တက်ညီလက်ညီဝိုင်းပြောနေတဲ့တော်လှန်ရေးဘက်တော်သားတစ်ယောက်စိတ်ပျက်ပြီးလက်လျှော့သွားရင်လူလျှော့သွားရုံကလွှဲပြီးဘာမှအကျိုးမရှိဘူး (ဘယ်လောက်ပြောပြောကျွန်တော်ကလည်းလုပ်စရာရှိတာတော့ဆက်လုပ်နေမှာပဲ)
ခင်ဗျားတို့လည်းပြီးရင်နောက်ပြောစရာတစ်ခုနောက်ကိုလိုက်ရှာပြီးပွစိပွစိလုပ်ရုံကလွဲပြီးဘာမှထူးလာမှာမဟုတ်ဘူး…..ကျွန်တော့်ငယ်ပေါင်းသံုးယောက်ကိုပဲပြောမယ်မောင်ကျော်ကတော့အားလုံးအသိပဲ / နောက်တစ်ယောက်ကအိမ်ရှေ့တင်ပစ်သတ်ခံရပြီး /နောက်တစ်ယောက်ထောင်ထဲမှာ ဒါတောင်တစ်ခြားသူငယ်ချင်းတွေမပါသေးဘူး အဲ့ဒီတော့သူပဲခံရတယ်ငါပဲခံရတယ်
ပြိုင်ပြောမနေကြပါနဲ့တစ်တိုင်းပြည်လုံးခံနေရတာပါ အာရုံမလွဲပါနဲ့တော်လှန်ရမဲ့သူဘယ်သူဆိုတာသိတယ်မလား” လို့ ရန်ရန်ချမ်း ဟာ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
Zawgyi
ပရိသတ္ႀကီးေရ ရန္ရန္ခ်မ္း ကေတာ့ တစ္ေခတ္တစ္ခါတုန္းက နာမည္ႀကီး လူႀကိဳက္မ်ားခဲ့တဲ့ နာမည္ေက်ာ္ အက္ဆစ္အဖြဲ႕ဝင္ပဲျဖစ္ပါတယ္။
ရန္ရန္ခ်မ္း ဟာနာမည္ႀကီးအစီအစဥ္တစ္ခုျဖစ္တဲ့ The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲမွာလည္း ဒိုင္အျဖစ္နဲ႕ပါဝင္ခဲ့ပါေသးတယ္။
ထို႔ေနာက္ ျမန္မာျပည္ကို စစ္အာဏာသိမ္းတာကို လက္မခံနိုင္တာေၾကာင့္ ျပည္သူေတြနဲ႕အတူ ျပတ္ျပတ္သားသား ဒီမိုကေရစီရရွိေရးအတြက္ တိုက္ပြဲဝင္ခဲ့ပါတယ္။
အဆိုေတာ္ ရန္ရန္ခ်မ္း ကေတာ့ ျပည္သူေတြအခ်င္းအခ်င္း ေသြးမကြဲၾကပဲ အဓိကဘုံရန္သူကိုပဲ အာ႐ုံစိုက္ထားဖို႔ သတိေပးလိုက္ပါတယ္။
” ကြၽန္ေတာ္ဟိုေန႕က အႏုပညာရွင္ေတြျပန္လႊတ္ေပးဖို႔ေတာင္းဆိုတဲ့ post တစ္ခုကိုဝိုင္းေဝဖန္ၾကတာ ကိုယ့္ဘက္ကလူေတြခ်ီပဲအရမ္းထူးဆန္းတယ္။(ခင္ဗ်ားတို႔ေလာင္ေနၾကတာသိပါတယ္)
ကြၽန္ေတာ္ဟာအႏုပညာေလာကသားတစ္ေယာက္ျဖစ္တဲ့အတြက္ကိုယ့္ေလာကသားေတြအတြက္ေတာင္းဆိုတာမမွားဘူးထင္တယ္။
အဲ့လိုေတာင္းဆိုတဲ့အတြက္က်န္တဲ့လူေတြကိုမလႊတ္ေပးပါနဲ႕ဆိုတဲ့အဓိပါယ္လုံးဝမဟုတ္ဘူးဆိုတာလည္းကြၽန္ေတာ္ရဲ႕ရပ္တည္ခ်က္နဲ႕ျဖတ္သန္းခဲ့တဲ့သမိုင္းကိုၾကည့္ရင္အသိသာႀကီး …..
ခုဝင္ေရးတဲ့သူေတြကိုၾကည့္ၾကည့္ေတာ့လည္းကြၽန္ေတာ္တို႔ဒုကေပါင္းမ်ားစြာနဲ႕ျဖတ္သန္းေနရခ်ိန္ကဘယ္ေရာက္ေနၾကမွန္းမသိတဲ့လူေတြျဖစ္ေနတယ္ ဆယ္ေယာက္ေလာက္ဒီတိုင္းဝင္ၾကည့္ေတာ့လည္းသူတို႔ဘာသူတို႔ေနသာသလိုေနေနၾကတဲ့သူေတြျဖစ္ေနတယ္။
ခင္ဗ်ားတို႔သိေအာင္ေျပာရရင္ကြၽန္ေတာ္ဒီေတာ္လွန္ေရးမွာဒီေန႕ထက္ထိနိုင္ရာတာဝန္ကိုထမ္းေနတယ္ဆိုတာပဲဘာေတြလုပ္ေနပါတယ္ဆိုတာ social media ေပၚမတင္တာပဲရွိတယ္ အခုလိုခင္ဗ်ားတို႔စိတ္အစာေျပဖို႔အတြက္တက္ညီလက္ညီဝိုင္းေျပာေနတဲ့ေတာ္လွန္ေရးဘက္ေတာ္သားတစ္ေယာက္စိတ္ပ်က္ၿပီးလက္ေလွ်ာ့သြားရင္လူေလွ်ာ့သြား႐ုံကလႊဲၿပီးဘာမွအက်ိဳးမရွိဘူး (ဘယ္ေလာက္ေျပာေျပာကြၽန္ေတာ္ကလည္းလုပ္စရာရွိတာေတာ့ဆက္လုပ္ေနမွာပဲ)
ခင္ဗ်ားတို႔လည္းၿပီးရင္ေနာက္ေျပာစရာတစ္ခုေနာက္ကိုလိုက္ရွာၿပီးပြစိပြစိလုပ္႐ုံကလြဲၿပီးဘာမွထူးလာမွာမဟုတ္ဘူး…..ကြၽန္ေတာ့္ငယ္ေပါင္းသံုးေယာက္ကိုပဲေျပာမယ္ေမာင္ေက်ာ္ကေတာ့အားလုံးအသိပဲ / ေနာက္တစ္ေယာက္ကအိမ္ေရွ႕တင္ပစ္သတ္ခံရၿပီး /ေနာက္တစ္ေယာက္ေထာင္ထဲမွာ ဒါေတာင္တစ္ျခားသူငယ္ခ်င္းေတြမပါေသးဘူး အဲ့ဒီေတာ့သူပဲခံရတယ္ငါပဲခံရတယ္
ၿပိဳင္ေျပာမေနၾကပါနဲ႕တစ္တိုင္းျပည္လုံးခံေနရတာပါ အာ႐ုံမလြဲပါနဲ႕ေတာ္လွန္ရမဲ့သူဘယ္သူဆိုတာသိတယ္မလား” လို႔ ရန္ရန္ခ်မ္း ဟာ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။
credit



